← Chapters

ထိပ်တန်းအရှင်သခင်များပြန်ရောက်လာပြီ

Vol. 72 Ch. 1013

ထိပ်တန်းအရှင်သခင်များပြန်ရောက်လာပြီ

Vol. 72 Ch. 1013

အခန်း (၁၀၁၃) ထိပ်တန်းအရှင်သခင်များပြန်ရောက်လာပြီ

ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကျင်းပမည်ဆိုသော သတင်းလက်ခံရရှိသည့်အခါ ကျင်းထင်တောင်မှ ကျင့်ကြံသူများ ခဏမျှ တိတ်ဆိတ်သွားကြပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

လူတစ်ယောက်က...

“ဝါဒတောင်တစ်ဂိုဏ်းလုံး စက်ဝန်းတောင်တန်းဒေသကို ပြောင်းရွှေ့ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား ၊ ကျူတောပင်လယ်ဒေသမှာဆိုရင် မြစ်ဝါကိုးကွေ့အစီအရင်တည်ဆောက်ဖို့ မဖြစ်နိုင်ဘူးလေ”

နောက်တစ်ယောက်က...

“မြစ်ဝါကိုးကွေ့အစီအရင်တည်ဆောက်နိုင်တယ်ဆိုရင်တောင် တောင်ပိုင်းထိပ်တန်း အရှင်သခင်နဲ့ ချင်းယွမ်ဧကရာဇ်ကို  ခုခံနိုင်မှာ မဟုတ်လောက်ဘူး”

အနားတွင်ရှိနေသူတစ်ယောက်က...

“ယိုးမင်ဧကရာဇ်ရဲ့ အမတမှော်ဝင်ပစ္စည်းက ဝါဒ‌တောင်လက်ထဲ ရောက်နေတာမဟုတ်လား ၊ သူတို့က အဲဒီပစ္စည်းကို အားကိုးတာများလား”

ဝါဒတောင်တွင် ယိုးမင်ဧကရာဇ်၏အမွေအနှစ်ဖြစ်‌သော အမတမှော်ဝင်ပစ္စည်းပိုင်းဆိုင်ထားကြောင်း ကောလာဟလများကို လူတိုင်းကြားဖူးကြသည်ပင်။

သို့သော် မည်သူမှထိုအရာကို မမြင်ဖူးကြ‌ပေ။

ဝါဒတောင်တိုက်ပွဲတွင် ရန်ကျောက်ကဲ ၊ ရန်တိနှင့် အခြားသူများပူးပေါင်းပြီး ကွမ်းလီတဲ့ ၊ ရှန်လင်ကျီ ၊ ဧကရာဇ်ရွှမ်ချန်နှင့် တာအိုဆရာ’ရှီ’ တို့ကို သတ်ဖြတ်ကာ တိုက်ပွဲအနိုင်ရခဲ့သည်။

ထိုစဉ်အချိန်က လူပေါင်းများစွာ တွေးထင်သည်မှာ အမတမှော်ဝင်ပစ္စည်းအားကိုးဖြင့် အနိုင်ရသည်ဟု တွေးထင်ကြသည်။

သို့သော် ရန်ကျာက်ကဲက တောင်ပိုင်းဒေသကို ဖြတ်ကျော်ပြီး အရှေ့တောင်သို့ အပြန်လမ်းတစ်လျှောက် ထိုးဖောက်တိုက်ခိုက်လာပြီး ဟောက်လင်တောင်နှင့် စက်ဝန်းတောင်တိုက်ပွဲ (၂)ခု ဆင်နွှဲခဲ့သည့်အခါ ကမ္ဘာတစ်ခုလုံးအား တုန်လှုပ်သွားစေသည်။

လူအများစုက ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားကြီးမားမှုကို စတင်လက်ခံလာကြသည်။

ထိုအချက်နှင့်အတူ ရန်တိနှင့် ဝါဒတောင်မှ အခြားသောသိုင်းကျင့်ကြံသူများကို ပိုမိုသတိထား လေ့လာအကဲခတ်လာကြသည်။

ရန်တိက အထက်ဘုံကမ္ဘာသို့ တက်လာလာချင်းမှာပင် သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ရှိသော ဧကရာဇ်ရွှမ်မုကို သတ်ဖြတ်ခဲ့သည့်သတင်းကို အသေးစိတ်ကျကျ သိရှိလာခဲ့ရသည်။

ထို့ကြောင့် ဝါဒတောင်တွင် ရန်ကျောက်ကဲတစ်ယောက်သာလျှင် အစွမ်းထက်သူမဟုတ်ကြောင်း သိရှိရပြီး လူတိုင်းကို အံ့အားသင့်သွားစေသည်။

မကြာသေးမီနှစ်များအတွင်း ရွှီဖေး ၊ ရှကွမ်း ၊ ယင်လုန်ထူနှင့် စစ်ခုန်ချင်းတို့ကဲ့သို့သော ဝါဒတောင်မှ လူငယ် သိုင်းကျင့်ကြံသူများသည် ပြင်ပလောကတွင် လျှောက်လှမ်းရာတွင် အလားတူပင် ခမ်းနားသော တိုက်ပွဲရလဒ်များကို ရရှိခဲ့သည်။

လူတိုင်းက တဖြည်းဖြည်း ဝါဒတောင်မှ ကျင့်ကြံသူများ တန်ခိုးစွမ်းအားမြင့်မားခြင်းအပေါ် အသားကျလာကြည်။

ယခုအချိန် ဝါဒတောင်တိုက်ပွဲကို ပြန်လည်သုံးသပ်သည့်အခါ ထိုတိုက်ပွဲတွင် အမတမှော်ဝင်ပစ္စည်းပါဝင်ပတ်သက်ခြင်းမရှိဟု အများစုက ခန့်မှန်းနေကြပေပြီ။

တောင်ပိုင်းမှ အရှေ့တောင်သို့ လမ်းကြောင်းတစ်လျှောက် ရန်ကျောက်ကဲဆင်နွှဲခဲ့သော တိုက်ပွဲများတွင် အမတမှော်ဝင်ပစ္စည်း၏ အရိပအယောင်ကိုပင် တွေ့မြင်ရခြင်း မရှိပေ။

သို့ဆိုလျှင် အရင်က ကွမ်းမင်ဂိုဏ်း သတင်းဖြန့်ခဲ့ခြင်းက အတုအယောင်ဖြစ်နိုင်ပါသလား။

ကွမ်းမင်ဂိုဏ်းက ယိုးမင်ဂမ္ဘီရဂိုဏ်း၏ တိုက်ရိုက်အဆက်အနွယ် ဖြစ်သည်။

သို့သော် သူတို့နှင့် ဝါဒတောင်၏ဆက်ဆံရေးက အလွန်ဆိုးရွားခဲ့လေရာ ဝါဒတောင်ကို တမင်သက်သက် အန္တရယ်ပြုရန် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့ခြင်း ဖြစ်နိုင်သည်။

သို့ရာတွင် “သူတို့လက်ထဲတွင် အမတမှော်ဝင်ပစ္စည်းမရှိပါ” ဟု ဝါဒတောင်က ဘယ်တုန်းကမှ ငြင်းချက်မထုတ်ခဲ့ပေ။ ထို့ကြောင့် သူတို့လက်ထဲတွင် ယိုးမင်ဧကရာဇ်ချန်ထားခဲ့သော အမတမှော်ဝင်ပစ္စည်းကို ပိုင်ဆိုင်ထားမည်ဆိုပါက လျှို့ဝှက်ဆန်းကျယ်မှု အလွန်များပြားပေလိမ့်မည်။

သို့ပေသိ ကျင်းထင်တောင်မှလူများကတော့ ရန်ကျောက်ကဲထံတွင် ယိုးမင်ဧကရာဇ်၏ရုပ်ကြွင်းဖြစ်သည့် အမတမှော်ဝင်ပစ္စည်း အမှန်တကယ်ရှိနေကြောင်း သိရှိထားကြသည်။

ထို့ကြောင့် သူတို့အားလုံး ထိုရတနာပစ္စည်းအကြောင်း တွေးတောမိကြ၏။

အရှေ့တောင်ဓားနတ်မယ်က ခေါင်းခါယမ်းရင်း...

“အဲဒါက အမတမှော်ဝင်ပစ္စည်းမဟုတ်ဘူး ၊ ပြောကြတာ‌တော့ သန္ဓေတည်စ အမတမှော်ဝင်ပစ္စည်းတဲ့”

ထိုစကားကြားတော့ အခြားသူများက မျက်မှောင်ကြုံသွားပြီး...

“အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်လာဖို့အတွက် ရှည်လျားတဲ့လမ်းကြောင်းတစ်ခုကို ဖြတ်သန်းရမှာ အမှန်ပဲ ၊ နတ်ဘုရားအဆင့် မရောက်သေးဘူးဆိုရင် ဒီလိုပစ္စည်းမျိုးကို ပြုလုပ်နိုင်မှာမဟုတ်ဘူး ၊ သာမန်ကျင့်ကြံသူဆိုလို့ကတော့ အမတမှော်ဝင်ပစ္စည်းလက်ထဲကိုင်ထားလည်း အဲဒါကို အပြည့်အဝ သန့်စင်နိုင်မှာ မဟုတ်ဘူး”

အရှေ့တောင်ဓားနတ်မယ်က ဖြည်းညင်းသည့်လေသံဖြင့်...

“သာမန်အားဖြင့်ဆိုရင်တော့ မှန်ပါတယ်”

သူမက ဝါဒတောင်တည်ရှိရာ မိုးကုတ်စက်ဝိုင်းဆီသို့ စူးစိုက်ကြည့်ရင်း...

“ဝါဒတောင် တရားဝင်တောင်တံခါးဖွင့်တဲ့အခမ်းအနားအပြင်... ‘ရန်’ သားအဖနှစ်ယောက်လုံးကလည်း အမတကူးပြောင်းခြင်းအဆင့်ကို ရောက်နေပြီလို့ သတင်းရထားတယ်”

ထိုစကားကိုကြားတော့ အနားတွင်ရှိနေသူများအားလုံးက လေးစားမှုနှင့်ရော စိတ်ရှုတ်ထွေးစွာပါ ခေါင်းညိတ်လိုက်ကြသည်။

ဟိုစဉ်တစ်ချိန် ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာ ၊ ကျူတောပင်လယ်ဒေသသို့ ပထမဆုံးရောက်ရှိလာသည့်အချိန်မှစပြီး ယခုအချိန်ထိ တိုးတက်မှုများကို သူတို့အားလုံး ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ကြသည်။

အနှစ် (၂၀)မပြည့်ခင်မှာပင် သူက လူအများစု ၎င်းတို့၏ဘဝတစ်လျှောက်လုံး မပြီးမြောက်နိုင်သောလမ်းကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။

သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်သို့ တက်လှမ်းလာနိုင်ခြင်းသည်ပင် အချိန်အလွန်တိုတောင်းသည်ဟု ဆိုနိုင်သည်။

လူတစ်ယောက်က...

“ရန်ကျောက်ကဲက နတ်ဘုရားသိမြင်ခြင်းနှောင်းပိုင်းအင့်တုန်းက စက်ဝန်းတောင်တန်းမှာ မြစ်ဝါကိုးကွေ့အစီအရင်ကို တည်ဆောက်ခဲ့တယ် ၊ အခု အမတကူးပြောင်းခြင်းအဆင့် ရောက်ပြီဆိုတော့ မြစ်ဝါကိုးကွေ့အစီအရင်နဲ့ဆိုရင် တောင်ပိုင်းထိပ်တန်းအရှင်သခင်ကို ထိန်းထားနိုင်မယ်ဆိုရင်တော့ ချင်းယွမ်ဧကရာဇ်ကိုတော့ တိုက်ခိုက်နိုင်မယ်မထင်ဘူး”

အရှေ့တောင်ဓားနတ်မယ်က ဖြည်းညင်းသည့် လေသံဖြင့်...

“ငါတို့ကိုပေးထားတဲ့ဖိတ်စာမှာတော့ ဝါဒတောင်တည်နေရာက ဝိညာဉ်နယ်မြေ ၊ ကျူတောပင်လယ်ဒေသလို့ ရေးသားထားတယ်”

အရှေ့တောင်ပိုင်းမှ သိုင်းကျင့်ကြံသူများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး...

“မြစ်ဝါကိုးကွေ့အစီအရင်လည်းမရှိဘူး ၊ အမတမှော်ဝင်ပစ္စည်းကလည်းသန္ဓေတည်စပဲရှိသေးတယ်ဆိုရင် သူတို့က ဘယ်လိုလုပ်မှာလဲ”

သူတို့ထဲမှတစ်ယောက်က မချိပြုံးပြုံးလိုက်ရင်း...

“ချန်းဧကရာဇ် ပြန်ရောက်လာရင် ပိုးသားဧကရာဇ်လည်း ပြန်ရောက်လာမှာပဲလေ ၊ ပိုးသားဧကရာဇ်က သူတို့ကိုကူညီပေးမလားလို့ တွေးမိတယ်”

နယ်ခြားဒေသတွင် စခန်းချနေသည့် အရှေ့တောင်ဓားနတ်မယ်အပြင် ဝါဒတောင်က ကျင်းထင်တောင်သို့လည်း ဖိတ်ကြားစာတစ်စောင် ပေးပို့ခဲ့သည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင်က ကျင်းထင်တောင်သို့ မည်သည့်အချိန်တွင် ပြန်ရောက်လာမည်ကို မသိရှိသော်လည်း ထုံးတမ်းအစဉ်အလာအတိုင်း ဖိတ်စာတစ်စောင် ပေးပို့ရသည်ပင်။

ခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ်ရှိ ကြာပန်းနီကမ်းပါးသို့လည်း အလားတူပင် ဖိတ်ကြားစာပေးပို့ခဲ့သည်။

ပိုးသားဧကရာဇ်က ပြန်လည်ရောက်ရှိလာခြင်းမရှိသေးသလို ဖုထင်သည်လည်း တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်သည်။

သို့သော် ပိုးသားဧကရာဇ်၏ ညွှန်ကြားချက်ကို လက်ခံရရှိထားပြီးဖြစ်ရာ မြောက်ဖေးတောင်ထွတ်မှ ကျင့်ကြံသူများက ဖိတ်ကြားစာလက်ခံရရှိသည်နှင့် ဖွင့်ပွဲအခမ်းအနားတွင် ကိုယ်စားလှယ်တစ်ယောက် စေလွှတ်မည်ဟု ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။

ရန်ကျောက်ကဲနှင့် ဝါဒတောင်က သူတို့၏ဖိတ်ကြားချက်များကို အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်တစ်ခုတွင်သာ ကန့်သတ်ထားခြင်း မရှိပေ။

ဥပမာအားဖြင့် အလယ်ပိုင်း ကျွင်းထျန်း‌ကောင်းကင်ပြည်နယ် ၊ ကောင်းကင်တဲနန်းတော်မှ ကျောက်စိမ်းတောင်ဂိုဏ်းချုပ် လျိုရှန်းထုန်ကိုလည်း ဖိတ်ကြားထားသည်။

ထို့ပြင် ရန်ကျောက်ကဲနှင့် ရန်တိတို့က မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ် ၊ မြောက်ပိုင်းထိပ်တန်းအဆက်အနွယ် ၊ ယွင်ကဲတောင် ရွှမ်လျိုကျောင်းတော်သို့လည်း ဖိတ်ကြားစာပေးပို့ရန် စဉ်းစားထားသည်။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏မြေးမလေး ကွမ်းယွိလော်က ဝါဒတောင်တပည့် ဖန်းယွင်ရှန်းနှင့် ပုဂ္ဂိုလ်ရေးအရ ခင်မင်သဖြင့် ဤသို့ ဖိတ်ကြားစာပေးပို့ခြင်း ဖြစ်၏။

သူမက မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏ မြေးမလေးဖြစ်လေရာ သူမ မည်သူမည်ဝါဆိုသောအချက်က ထူးခြားသည် အမှန်ပင်။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့် ချန်းဧကရာဇ် ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင်များကြား မည်သည့်ပဋိပက္ခမှ မရှိခဲ့ပေ။

ဖန်းယွင်ရှန်းက ကွမ်းယွိလော်၏အသက်ကို ကယ်တင်ခဲ့ခြင်းဖြစ်သဖြင့် သူတို့အနေဖြင့် ဖန်းယွင်ရှန်းကို ပြန်လည်ကာကွယ်ပေးခြင်း ပြုလုပ်နိုင်သည်။

သို့သော် ထိုအချက်ကိုအသုံးချပြီး ဝါဒတောင်ကိုကူညီကာ ချင်းယွမ်ဧကရာဇ်ကို ဆန့်ကျင်ပေးပါရန် အကူအညီတောင်းသည့်သဘောမျိုး သက်ရောက်သွားမည်က စိုးရိမ်စရာဖြစ်သည်။

ရွှမ်လျိုကျောင်းတော်သို့ ဖိတ်စာတစ်စောင်ပေးပို့ရာတွင် ကွမ်းယွိလော်တစ်ယောက်တည်းကို ဖိတ်ကြားလိုသည့်တိုင် အခြားသောအခက်အခဲများ ရှိနိုင်သည်ကို နားလည်ပေးရမည် ဖြစ်၏။

နောက်ဆုံးမှာတော့ ဝါဒတောင်တွင် ဖန်းယွင်ရှန်းလည်း မရှိသည်ဖြစ်ရာ ရွှမ်လျိုကျောင်းတော်သို့ ဖိတ်စာမပို့တော့ရန် ဆုံးဖြတ်လိုက်သည်။

သို့တိုင် ရန်ကျောက်ကဲက မြောက်ပိုင်းဒေသတွင်ရှိနေသည့် ဖန်းယွင်ရှန်းအခြေအနေကို စုံစမ်းပေးပါရန် ကွမ်းယွိလော်ထံ ပုဂ္ဂိုလ်ရေးအကူအညီတောင်းစာရေးရင်း ဝါဒတောင်သို့ လာရောက်နိုင်ပါရန် ဖိတ်ကြားခဲ့သည်။

ဤနည်းအားဖြင့် တစ်ဖက်သားသည် ဝါဒတောင်သို့ လာရောက်သည်ဖြစ်စေ မလာရောက်သည်ဖြစ်စေ အားနာနေစရာ အကြောင်းရှိတော့မည် မဟုတ်ပေ။

အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ် ၊ ချင်းရှောင်းတောင် ၊ ကွေလေနန်းတော်မှ  အရှေ့‌မြောက်ထိပ်တန်းအရှင်သခင်ကိုတော့ ဝါဒတောင်က ပွင့်လင်းစွာပင် ဖိတ်ကြားစာ ပို့ဆောင်ခဲ့သည်။

အရှေ့မြောက်ထိပ်တန်းအရှင်သခင် ‘လျိုကျန်းကူ’ က ဖိတ်ကြားချက်ကို လက်ခံမည်လားဆိုသည်ကတော့ သူကိုယ်တိုင် အပေါ်တွင်သာ မူတည်သည်။

ဝါဒတောင်မှ ဖိတ်ကြားထားသည့်ဧည့်သည်တော်များအပြင် သတင်းကြားသည်နှင့် စိတ်ဓာတ်တက်ကြွနေကြသူများလည်း ရှိနေသည်ဟု သတင်းရရှိထားသည်။

မရေမတွက်နိုင်သော လူငယ်များနှင့် နာမည်ကျော်ကြားသည့် တစ်ကိုယ်တော်ကျင့်ကြံသူများက ဝါဒတောင် တရားဝင်ဖွင့်လှစ်မည့်နေ့ကို စောင့်မျှော်လျှက် ရှိကြသည်။

လွန်ခဲ့သောနှစ်ပိုင်းက ရန်ကျောက်ကဲ ဟောက်လင်တောင်တန်းနှင့် စက်ဝန်းတောင်တန်းများတွင် ဆင်နွှဲခဲ့သော တုန်လှုပ်ခြောက်ခြားဖွယ်ရာတိုက်ပွဲများကြောင့် မရေမတွက်နိုင်သောလူများက တောင်တံခါးဖွင့်လှစ် တပည့်ခေါ်ယူမည်ကို စိတ်ဝင်စားစွာ စောင့်မျှော်နေကြခြင်းပင်။

အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် ပုံရိပ်ယောင်တောင်ထွတ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ ဝူထုန်တောင်စောင်းတို့သည်လည်း ဝါဒတောင်၏သတင်းကိုကြားသိကြလေသည်။

ထို့ပြင် အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ်မှ နုန်လီတောင် ၊ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ သုံးပေတောင်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ သိုင်းဂိုဏ်းများဆီသို့လည်း ဤသတင်းက ပျံ့နှံ့သွားသည်ပင်။

အတော်များများက ဒေါသတကြီး အံတကြိတ်ကြိတ်ဖြစ်ရုံမှလွဲပြီး ဘာမှမတတ်နိုင်ခဲ့ကြပေ။

ယခင်နှစ်များအတွင်း ရန်ကျောက်ကဲလက်ချက်ဖြင့် ကြေကွဲဖွယ်အကောင်းဆုံး ခံစားခဲ့ရသော ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ လူများကတော့ မကျေမနပ်ဖြင့် ရေရွတ်အော်ဟစ်လျက် ရှိကြသည်။

သူတို့အားလုံး၏ ဒေါသစိတ်များ တဟုန်းဟုန်းတောက်လောင်နေစဉ်မှာပင် ဇာမဏီရိုးရာတောင်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားကြောင်း ခံစားလိုက်ရသည်။

မြောက်ဘက်ကောင်းကင်ပြင်တွင် ဇာမဏီငှက်တစ်ကောင်ပျံသန်းလာပြီး မီးတောက်မီးလျှံပင်လယ်ကြီးက နေမင်းကိုပင် ဖုံးလွှမ်းသွားလေသည်။

ဒါကိုမြင်တော့ ဝူထုန်တောင်စောင်းမှသိုင်းသမားများ စိတ်ဓာတ်များ တက်ကြွသွားကြသည်။

အဆုံးသတ်မှာတော့ တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။

All Chapters