← Chapters

အကူအညီဖွေရှာ

Vol. 72 Ch. 1015

အကူအညီဖွေရှာ

Vol. 72 Ch. 1015

အခန်း (၁၀၁၅) အကူအညီဖွေရှာ

အနောက်ပိုင်းထိပ်တန်းအရှင်သခင်က မောက်ယွမ်ရှန်းကဲ့သို့ပင် စာပေသမားတစ်ယောက်ပမာ ဝတ်ဆင်ထားသည်။ သို့သော် သူက တာအိုဝတ်ရုံကို ခြုံလွှမ်းထား၏။

သူ၏မုတ်ဆိတ်က ခပ်တိုတိုအနေအထားရှိပြီး သပ်ရပ်စွာ ဖြတ်ညှပ်ထားသည်။

လန်ချင်းက...

“ချောင်ကျယ်ဘက်မှာ ငါတို့အတွက် ဘုံရန်သူတစ်ယောက်ရှိနေတယ်”

သူက ဆက်ပြောသည်။

“အခုမှ အသစ်ထွက်ပေါ်လာတဲ့ ဝါဒတောင်က ငါတို့မျှော်လင့်မထားတဲ့ အပြောင်းအလဲတစ်ခုပဲ”

“အခု ဘယ်လိုပုံစံနဲ့မြင်နိုင်မလဲဆိုရင် အဲဒီ ဝါဒတောင်ဆိုတာက ချောင်ကျယ်လက်သပ်မွေးထားတဲ့ အိမ်စောင့်ခွေးတစ်ကောင်နဲ့ဆင်တူတယ် ၊ အဲဒီခွေးကိုအရင်ဆုံး မသုတ်သင်နိုင်သရွေ့ ကျင်းထင်တောင်လည်း ကျရှုံးမှာမဟုတ်ဘူး ၊ ထာဝရတည်မြဲနေမှာပဲ”

လန်ချင်းက ဖြည်းညင်းစွာခေါင်းညိတ်လိုက်ရင်း...

“ဒီခွေးကို သတ်ပစ်ရမှာ အရမ်းပျော်စရာကောင်းမယ့်ကိစ္စပဲ ၊ ဒါပေမဲ့ လောလောဆယ် မဖြစ်နိုင်သေးဘူး”

လန်ချင်းက လက်ရှောင်ရန်ကြိုးစားနေသည်ဟု ကျွမ်းရှန်မခံစားမိပေ။

ထို့ကြောင့် သူက တည်ငြိမ်စွာပင် မေးလိုက်သည်။

“သတင်းတစ်ခုခုများကြားထားလို့လား အစ်ကို’လန်’ “

လန်ချင်းက ခေါင်းညိတ်ရင်း...

“အမှန်ပဲ... ဒီအကြောင်း မင်းကိုအသိပေးဖို့လာခဲ့တာ”

သူက ဆက်ပြောသည်။

“ပိုးသားဧကရာဇ် အထက်ဘုံကမ္ဘာကို ပြန်ရောက်နေပြီ”

“ပြီးတော့ မြောက်ဖေးတောင်ထွတ်ကထွက်လာတဲ့ စကားလုံးတွေအရတော့ ပိုးသားဧကရာဇ်က ရန်ကျောက်ကဲနဲ့ ဝါဒ‌တောင်ကို ကာကွယ်ပေးဖို့ ရည်ရွယ်ထားတယ်တဲ့”

ထိုစကားကြားတော့ ဝူထုန်တောင်စောင်းမှ သိုင်းသမားများအားလုံး မျက်နှာမကောင်းဖြစ်သွားကြသည်။

ပိုးသားဧကရာဇ်က ဤကဲ့သို့ ရှင်းလင်းပြတ်သားသည့်ရပ်တည်ချက်ကို ဖော်ပြလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။

သို့သော် မည်သူမှ ပိုးသားဧကရာဇ်ကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။

အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်က ပိုးသားဧကရာဇ်နှင့် ရင်းနှီးခင်မင်သူဖြစ်သည်။ သို့တိုင် အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းက ‌ချောင်ကျယ်နှင့် အမြင်ကြည်လင်ခြင်းမရှိသည့်တိုင် သူသည်လည်း ပိုးသားဧကရာဇ်နှင့် မိတ်ဆွေအဖြစ် ခင်မင်သူဖြစ်၏။

ချောင်ကျယ်နှင့် လန်ချင်းကြားမှ ပဋိပက္ခနှင့်ပတ်သက်ပြီး ပိုးသားဧကရာဇ်က စေ့စပ်ညှိနှိုင်းမှုပြုလုပ်ပေးခဲ့ဖူးပြီး အောင်မြင်ခြင်း မရှိခဲ့ပေ။ ထိုစဉ်ကတည်းက မည်သူ့ဘက်မှမကူညီဘဲ ကြားနေသဘောထားကို လက်ကိုင်ထားခဲ့သည်။

သို့တိုင် ပိုးသားဧကရာဇ်ဆိုသည်က ဝူထုန်တောင်စောင်းအတွက်တော့ ကျော်ဖြတ်ရခက်မည့် တောင်တစ်တောင် ဖြစ်နေသည်ပင်။

ကျွမ်းရှန်က ဖြည်းညင်းစွာဖြင့်...

“သူ ဘယ်တုန်းကပြန်ရောက်တာလဲ”

လန်ချင်းက...

“ငါတို့ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်က ပြန်လာတဲ့အချိန်နဲ့ အတူတူပဲ”

သူက ဆက်ပြောသည်။

“သူက ဒီကိစ္စအတွက် ဟိုးအရင်ကတည်းက ရှင်းရှင်းလင်းလင်း စီစဉ်ထားခဲ့တာ...”

“ချင်းယွမ်ဧကရာဇ် ပြင်ပဗလာနယ်ထဲက ပြန်မလာသေးဘူး ၊ ဒီတော့ အခုချိန် အရှေ့တောင်ပိုင်းကို တိုက်ခိုက်မယ်ဆိုရင် ငါတို့တွေအနေနဲ့ နံရံနဲ့ခေါင်းနဲ့ဆောင့်သလို အဓိပ္ပါယ်မဲ့ဖြစ်သွားမှာပဲ”

လန်ချင်းက ယဉ်ကျေးသိမ်မွေ့စွာပင် စကားဆိုခြင်း ဖြစ်၏။

ပိုးသားဧကရာဇ်နှင့် ဆက်ဆံရေးကောင်းမွန်သော လန်ချင်းအတွက်ပင် တံတိုင်းတစ်ခုပမာဖြစ်နိုင်သည်ဆိုလျှင် ဝူထုန်တောင်စောင်းအတွက်တော့ တံတိုင်းတစ်ခုထက်မက ဖြစ်နိုင်သည်။

ထိုအချိန် ဝူထုန်တောင်စောင်းမှ သိုင်းသမားတစ်ယောက်က...

“ငါတို့က ဝါဒတောင်ကိုပဲတိုက်ခိုက်မှာလေ ၊ ကျင်းထင်တောင်ကို လက်ဖျားနဲ့တောင်မထိတာကို ပိုးသားဧကရာဇ်က ဝင်ပြီးစွက်ဖက်ဦးမှာလား”

လန်ချင်းက ဖြည်းညင်းစွာခေါင်းညိတ်ပြလိုက်တော့ ဝူထုန်တောင်စောင်းမှာ သိုင်းသမား အနည်းငယ် မျက်နှာပျက်သွားသည်။

ထိုသူက...

“ဒါဆို အဲဒီကောလဟလတွေက တကယ်များဖြစ်နေမလား ၊ ပိုးသားဧကရာဇ်က ကြာပန်းနီဒေဝီဖုထင်အတွက် အဲဒီ ‘ရန်’ မျိုးနွယ်ကောင်ကို သားမက်အဖြစ် ရွေးချယ်ထားတာလား”

ထိုစကားကြားတော့ ကျွမ်းရှန်ကလည်း စူးစမ်းသည့်အကြည့်ဖြင့် လန်ချင်းကို ကြည့်လိုက်သည်။

ဝူထုန်တောင်စောင်းက ရန်ကျောက်ကဲကို အလွန်အမင်း မုန်းတီးနေကြသော်လည်း မကြာသေးမီနှစ်များအတွင်းမှာပင် ဤလူငယ်သည် ကောင်းကင်ဘုံမှရွေးချယ်ခံသားတော်တစ်ပါးဖြစ်ပြီး အထက်ဘုံကမ္ဘာ လူငယ်မျိုးဆက်များထဲတွင် အတော်ဆုံးဖြစ်ကြောင်း ဝန်ခံရသည်ပင်။

“ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရား” ဆိုသောအမည်မျာ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ထိတိုင် ပျံ့နှံ့ခဲ့ပေသည်။

လန်ချင်းက ခေါင်းခါရမ်းရင်း...

“သေချာပေါက် မရည်ရွယ်ဘူးလို့တော့ မပြောနိုင်ဘူး ၊ ဒါပေမဲ့ မဟုတ်ဘူးထင်တာပဲ”

သူက ဆက်ပြောသည်။

“မြောက်ဖေးတောင်ထွတ်က သတင်းအရတော့ ဖုထင်ကို ရန်ကျောက်ကဲက ကယ်တင်ခဲ့ဖူးတဲ့ ၊ ဒါကြောင့် ပိုးသားဧကရာဇ်က ဒီအကြွေးကို ပြန်ပေးချင်တာ ဖြစ်နိုင်တယ်”

ကျွမ်းရှန်က ခဏမျှ စဉ်းစားနေပြီးမှ...

“ပိုးသားဧကရာဇ် လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး”

ထိုစကားကြားတော့ လန်ချင်း အတော်လေး အံ့အားသင့်သွားသည်။

“အိုး ဟုတ်လား...”

ဘေးနားတွင်ရှိနေသည့် မောက်ယွမ်ရှန်းက ချောင်းတစ်ချက်ဟန့်ရင်း...

“ထိပ်တန်းအရှင်သခင်’လန်’ ရဲ့သတင်းက မမှားပါဘူး ၊ ဒါပေမဲ့ ငါတို့ထိပ်တန်းအရှင်သခင် ဆိုလိုတာက ပိုးသားဧကရာဇ်က ကူညီချင်ပေမယ့် အချိန်ကျလာရင် သူ အဲဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး”

လန်ချင်းက မျက်မှောင်ကြုံ့ရင်း...

"ဘာလို့ ဒီလိုပြောရတာလဲ"

ကျွမ်းရှန်က လေသံကိုနှိမ့်ပြီး စကားအနည်းငယ်ပြောလိုက်ရာ လန်ချင်းမျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ကျွမ်းရှန်က...

"အသေးစိတ်အတွက် အစ်ကို’လန်’ ကိုပဲ အကူအညီတောင်းရတော့မယ်... ဒါနဲ့ ငါ့နည်းလမ်းက ဖြစ်နိုင်ပါ့မလား"

လန်ချင်းက ခဏမျှစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ရင်း...

"ဒါက တကယ်အလုပ်ဖြစ်နိုင်တယ်... အောင်မြင်နိုင်ခြေလည်းများတယ်..."

သူက ကျွမ်းရှန်ကိုတစ်ချက်ကြည့်ရင်း...

"ကြည့်ရတာ ညီလေးကျွမ်းရှန်က ဒီလိုလုပ်ဖို့စီစဉ်ထားတာ ကြာပြီထင်တယ်"

ကျွမ်းရှန်က အေးဆေးစွာဖြင့်...

“အစကတော့ ကျင်းထင်တောင်အတွက် စီစဉ်ထားခဲ့တာ ၊ ချင်းယွမ်ဧကရာဇ်ကို ပိုးသားဧကရာဇ်က တားဆီးလိုက်ကတည်းက ငါလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့တာပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ အခုတော့ ရန်ကျောက်ကဲနဲ့ ဝါဒတောင်အတွက် ဖြစ်သွားတာပေါ့”

“အစ်ကို’လန်’ စိတ်ပျက်စရာတော့မ ရှိပါဘူး ၊ ငါ့ခန့်မှန်းချက်အရဆိုရင် ချောင်ကျယ်က ဝါဒတောင်နဲ့ ရန်ကျောက်ကဲကို သေချာပေါက် ကူညီပေးမှာပဲ ၊ ဒီတော့ ငါတို့ရန်သူက အရင်အတိုင်းပဲ”

လန်ချင်းက...

“ညီလေး’ကျွမ်း’ ပြောတာမှန်ပါတယ် ၊ ဒါပေမဲ့ ဒီလှည့်ကွက်အသုံးချဖို့ အချိန်နည်းနည်းလောက် ထပ်စောင့်စေချင်တယ်”

ကျွမ်းရှန်က ခေါင်းညိတ်ရင်း...

“ချန်းဧကရာဇ် ပြန်လာတဲ့အချိန်ထိ စောင့်ခိုင်းတာလား”

လန်ချင်းက...

“အမှန်ပဲ ၊ သိက္ခာရှိတဲ့ လူကြီးလူကောင်းတစ်ယောက်အတွက် လက်စားချေဖို့ဆိုတာ အချိန်မနှောင်းပါဘူး ၊ (၁၀)နှစ်ဆိုရင်တောင် အရမ်းနောက်မကျသေးပါဘူး ၊ အခုက (၁၀)နှစ်တောင် မရှိသေးဘူးလေ”

သူက ဆက်ပြောသည်။

“အဲဒီအချိန်ကျ ပိုးသားဧကရာဇ် လှုပ်ရှားမယ်ဆိုရင် ချန်းဧကရာဇ်က သူ့ကိုတားထားနိုင်မယ် ၊ ပိုးသားဧကရာဇ် မလှုပ်ရှားဘူးဆိုရင်တော့ ငါတို့ဘက်က ချွင်းချက်မရှိ အနိုင်ယူနိုင်လိမ့်မယ်”

“ညီလေး’ကျွမ်း’ ... မင်းရဲ့နည်းလမ်းက အတော်သေချာပါတယ် ၊ ဒါပေမဲ့ အခုချိန်ထိ ပိုးသားဧကရာဇ် ဝင်စွက်လာနိုင်တဲ့ ဖြစ်နိုင်ခြေကိုလည်း ငါတို့တွေ စဉ်းစားထားဖို့လိုတယ်”

ကျွမ်းရှန်၏ မျက်နှာအမူအရာ တည်ကြည်လေးနက်သွားပြီး...

“အစ်ကို’လန်’ ပြောတာမှန်ပါတယ် ၊ တကယ်တော့ ပိုးသားဧကရာဇ် မလှုပ်ရှားနိုင်ဘူးဆိုရင်တောင် ငါတို့နှစ်ယောက်ပူးပေါင်းလှုပ်ရှားတဲ့အခါ အောင်မြင်ဖို့က ရာနှုန်းပြည့် မသေချာဘူး ၊ ဒါကြောင့် တခြားသူတွေဆီက အကူအညီတောင်းခံဖို့ စဉ်းစားထားတယ်”

လန်ချင်းက...

“ဘယ်သူတွေကို အကူအညီတောင်းမှာလဲ”

ကျွမ်းရှန်က အဖြေမပေးဘဲ မေးခွန်းပြန်ထုတ်လိုက်သည်။

“အစ်ကို’လန်’ ... ရန်ကျောက်ကဲရဲ့ အသွင်အပြင်ကို မင်းသိမယ်ထင်တယ် ၊ ဘယ်သူနဲ့ရုပ်ချင်းဆင်တယ်လို့ ထင်မိသလဲ”

လန်ချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူတွေ့မြင်ဖူးသည့် ရန်ကျောက်ကဲ၏အလင်းပုံရိပ်ကို စိတ်ထဲတွင် ပြန်လည်ပုံဖော်ကာ မှတ်ဉာဏ်ထဲမှ အခြားသူများနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။

ကျွမ်းရှန်က မပြောသည့်တိုင် လန်ချင်းစိတ်ထဲ ချက်ချင်း သံသယဝင်သွားသည်။

သူက မျက်မှောင်ကြုံ့ရင်း...

“ဟူယွဲ့ရှင်းရဲ့တပည့် ရွှယ်ချူးချင်...”

သူက ဆက်ပြောသည်။

“သူတို့က သွေးသားတော်စပ်တာလား ၊ အမေနဲ့သားလား ၊  သူတို့မျက်ခုံးမျက်လုံးတွေကတော့ အတော်တူတာပဲ ၊ ဒါပေမဲ့ သွေးမတော်သားမစပ်နဲ့ ရုပ်ချင်းဆင်တဲ့သူတွေလည်း အများကြီးရှိတာပဲ မဟုတ်လား”

ပြောပြီးသည်နှင့် အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်း၏မျက်ဝန်းများက ရုတ်တရက် လင်းလက်သွားသည်။

ကျွမ်းရှန်က...

“ဟုတ်တယ်... သူတို့ ရုပ်ချင်းတူတာက ပြဿနာမရှိပေမယ့် သတိထားမိတာတစ်ချက်ရှိတယ်”

သူက ဆက်ပြောသည်။

“ချောင်ကျယ်က ယိုးမင်ဂမ္ဘီရဂိုဏ်းရဲ့အဆက်အနွယ်တွေကို ကာကွယ်ပေးလေ့ရှိတယ် ၊ ဒါကို မင်းနဲ့ငါ နှစ်ယောက်လုံး သိထားတာပဲ ၊ ဒါပေမဲ့... အဲဒီ ‘ရန်’ မျိုးနွယ်ကောင်စုလေးက ယိုးမင်ဧကရာဇ်ဂူဗိမာန်ထဲကိုဝင်သွားတယ် ၊ အမတမှော်ဝင်ပစ္စည်းကို မရဘူးဆိုရင်‌တောင်မှ ယင်ထျန်းရှရဲ့အမွေတွေကို သေချာပေါက် ရရှိမှာပဲ ၊ ဒါပေမဲ့ သူက ယိုးမင်ဧကရာဇ်ရဲ့အဆက်အနွယ်မဟုတ်ဘူးလေ ၊ ဒီကိစ္စကို ချောင်ကျယ်က ဒေါသမထွက်တဲ့အပြင် သူ့ကိုတောင် ကာကွယ်ပေးနေသေးတယ် ၊ ဒါက ပုံမှန်မဟုတ်တာသေချာတယ်”

ကျွမ်းရှန်စကားကိုကြားတော့ လန်ချင်းက သူ့မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း...

“ဟူယွဲ့ရှင်းရဲ့တပည့်က အရင်တုန်းက ယင်ထျန်းရှထားခဲ့တဲ့ သဲလွန်စကို အမှတ်မထင်ရရှိသွားတယ် ၊ ဒါကြောင့် ရန်ကျောက်ကဲက ဟူယွဲ့ရှင်းရဲ့တပည့်နဲ့ဆက်စက်နေတဲ့အတွက် ချောင်ကျယ်က သူ့အပေါ် အမြင်တစ်မျိုးနဲ့ကြည့်တာဖြစ်လိမ့်မယ်”

ထို့နောက် လန်ချင်းက မျက်လုံးများကို မှေးမှိတ်ကာ ခေါင်းခါယမ်းရင်း...

“မဟုတ်သေးဘူး”

သူက ဆက်ပြောသည်။

“မတော်တဆ မဟုတ်ဘူး ၊ အခုကြည့်ရတာတော့... ဟူယွဲ့ရှင်းနဲ့ ယင်ထျန်းရှက အစကတည်းက မိတ်ဆွေရင်းတွေပဲ ၊ ဘာလို့လဲဆိုတော့ ယင်ထျန်းရှ ပြန်ယူလာတဲ့အရာတွေက ဟူယွဲ့ရှင်းလက်ထဲကိုရောက်သွားတယ် ၊ အခု သူ့တပည့်လက်ထဲ အကုန်ရောက်သွားလောက်ပြီ”

သူက မျက်လုံးများပြန်ဖွင့်လိုက်ရင်း...

“ယိုးမင်ဧကရာဇ်က အားလုံးမသိအောင် အမှန်တရားကို ဖုံးကွယ်တဲ့နေရာမှာ သိပ်တော်တယ် ၊ ယိုးမင်ဂမ္ဘီရဂိုဏ်းအဆက်အနွယ်ထဲက ဘယ်သူမှ သူ့ရဲ့ဆက်ခံသူမဟုတ်ခဲ့ဘူး ၊ သူ့ရဲ့ဆက်ခံဿူက ဟူယွဲ့ရှင်းရဲ့တပည့်ပဲ”

ကျွမ်းရှန်က ခေါင်းညိတ်ရင်း...

“ချောင်ကျယ်က ဒီအကြောင်းကို သိထားပုံရတယ်”

လန်ချင်းက သူ့ကိုကြည့်ရင်း...

“ဒါဖြင့် မင်း အကူအညီတောင်းမယ်ဆိုတာက...”

ကျွမ်းရှန်က...

“အရှေ့ပိုင်းက တာအိုဆရာထျန်းတောင်းနဲ့ အနောက်မြောက်က လျန်ကျူးလင်”

တာအိုဆရာထျန်းတောင်းဆိုသည်က အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်၏အရှင်သခင်ဖြစ်ပြီး အထီးကျန်တိမ်တိုက်တောင် ၊ ချင်းဟွာကျောင်းတော်တွင်နေထိုင်သည့် အရှေ့ပိုင်းထိပ်တန်းအရှင်သခင် ဖြစ်သည်။

လျန်ကျူးလင်ကတော့ အနောက်မြောက် ယိုးထျန်းကောင်းကင်ပြည်နယ်၏အရှင်သခင် ၊ ပင်လယ်နီကိုအုပ်စိုးသော အနောက်မြောက်ထိပ်တန်းအရှင်သခင် ဖြစ်သည်။

All Chapters