← Chapters

ကျူတောပင်လယ်ဒေသမှ မကြုံစဖူးအဖြစ်အပျက်

Vol. 72 Ch. 1016

ကျူတောပင်လယ်ဒေသမှ မကြုံစဖူးအဖြစ်အပျက်

Vol. 72 Ch. 1016

အခန်း (၁၀၁၆) ကျူတောပင်လယ်ဒေသမှ မကြုံစဖူးအဖြစ်အပျက်

ရန်ကျောက်ကဲ၏ မိခင်ဖြစ်သူ ရွှယ်ချူးချင်က အထက်ဘုံကမ္ဘာအပြင်ဘက်ရှိ နေရာအချို့တွင် လျှို့ဝှက်စွာ ထွက်ပြေးပုန်းရှောင်လျှက် ရှိသည်။

သူမသည် ထွက်ပြေးလိုသူမဟုတ်သည်မှာ သေချာသော်လည်း သူမကို ရှာဖွေလိုသူ အများအပြားရှိနေသည်။

အဓိကအားဖြင့် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် ၊ အနောက်မြောက် ယိုးထျန်းကောင်းကင်ပြည်နယ်နှင့် အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ်တို့ ဖြစ်သည်။

ယခု ရန်ကျောက်ကဲနှင့် ရန်တိတို့သည် ရွှယ်ချူးချင်နှင့် ပတ်သက်နေကြောင်း သိရှိသွားကြသည့်အခါ သူတို့ရှာဖွေနေသည့် ရွှယ်ချူးချင်အတွက် ကြီးမားသော သဲလွန်စတစ်ခု ရရှိသွားခြင်း ဖြစ်သည်။

ထို့ကြောင့် ကျွမ်းရှန်က အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာ တောင်းထျန်းနှင့်  အနောက်မြောက်ထိပ်တန်းအရှင်သခင် လျန်ကျူးလင်တို့၏အကူအညီရယူကာ ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

သို့တိုင် ကျွမ်းရှန်က အနောက်မြောက်ထိပ်တန်းအရှင်သခင်ဟူသောအမည်ကိုပြောလိုက်စဉ် လန်ချင်းကို တစ်ချက်အကဲခတ်လိုက်သည်။

ယေဘူယျအားဖြင့် ဆိုရလျှင် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်မှလွဲပြီး အထက်ဘုံကမ္ဘာ ပြည်နယ် (၈)ခုတွင် အိမ်နီးချင်းပြည်နယ်အများစုက သဟဇာတ မဖြစ်ကြပေ။

ကြီးကြီးမားမားနှင့် အသွေးအဖွဲပဋိပက္ခအားလုံးပေါင်းစည်းပြီး ညှိနှိုင်းမရနိုင်သော ရန်ငြိုးဖွဲ့မှုအဖြစ်သို့ပြောင်းလဲကာ ၎င်းတို့အကြား အခြေအနေက အလွန်တင်းမာသည်။

အချို့ပြဿနာများက ဖိနှိပ်ထားနိုင်သော်လည်း အချို့ကတော့ မျက်နှာပြင်ထက်သို့ တစ်ဖြည်းဖြည်းတက်လာကြသည်။

အ‌ရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်တို့ကြားဆက်ဆံရေးက ယင်းကို ထင်ရှားစေသည် အမှန်ပင်။

ထို့အတူ အိမ်နီးချင်းပြည်နယ်များဖြစ်ကြသော အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် ၊ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်နှင့် အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ် ၊ အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ်နှင့် မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ် တို့ကြားဆက်ဆံရေးများက ကောင်းကြသည်မဟုတ်ပေ။

အလားတူပင် အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ်နှင့် အနောက်မြောက် ယိုးထျန်းကောင်းကင်ပြည်နယ်တို့ကြားတွင်လည်း ပဋိပက္ခများစွာ ရှိခဲ့သည်။

အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းက တည်ငြိမ်သည့်အမူအရာဖြင့်...

“ငါနဲ့ လျန်ကျူးလင်က မတည့်ဘူးဆိုပေမယ့် ဟူယွဲ့ရှင်းရဲ့တပည့်ကိစ္စနဲ့ပတ်သက်ရင်တော့ အမြင်တူတယ် ၊ ဒီတော့ မင်း သူ့ကိုဖိတ်ကြားမယ်ဆိုရင် သူလည်း ငြင်းမှာ မဟုတ်ပါဘူး”

ကျွမ်းရှန်က ခေါင်းညိတ်ရင်း...

“ဒါဖြင့် ကောင်းပြီ”

ကျွမ်းရှန်က ရွှယ်ချူးချင်ကိစ္စအပေါ် ယခင်က ကြားနေရပ်တည်ခဲ့သူ ဖြစ်သည်။

ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးက တိကျသောအမိန့်မပေးသရွေ့ သူမနှင့်ပတ်သက်သည့်အရာများကို လျစ်လျူရှုထားခဲ့သည်။

ယခုတော့ ကျွမ်းရှန်က ရန်ကျောက်ကဲနှင့် ရွှယ်ချူးချင်တို့၏ ဆက်ဆံရေးကို ယောင်ဝါးဝါး အာရုံခံမိသည့်အခါ သူ၏ရပ်တည်ချက်က သဘာဝအတိုင်း ပြောင်းလဲသွားသည်။

ကျွမ်းရှန်က...

“ငါတို့မှာ သက်သေမရှိပေမယ့် ရန်ကျောက်ကဲဟာ ဟူယွဲ့ရှင်းရဲ့တပည့်နဲ့ ပတ်သက်နေတာ သေချာတယ် ၊ ဒီလိုဆိုရင် အကြီးအကဲ’ဝမ်’ ကိုရော ဖိတ်ကြားလိုက်ရမလား”

လန်ချင်းက ခေါင်းခါယမ်ရင်း...

“သူက ငါတို့အတွက် အပိုလမ်းစတစ်ခု ပေးနိုင်ပေမယ့် ကိုယ်တိုင်ကိုယ်ကျတော့ ဝင်ပါမှာ မဟုတ်ဘူး”

ကျွမ်းရှန်က ခေါင်းကိုအသာမော့ကာ ပင့်သက်တစ်ချက်ရှိုက်ရင်း...

“ဟုတ်တယ်... ယိုးမင်ဧကရာဇ်ဂူဗိမာန်ထဲက အမတမှော်ဝင်ပစ္စည်း ရန်ကျောက်ကဲလက်ထဲရောက်သွားတဲ့အကြောင်း သတင်းတွေပျံ့နှံ့သွားတုန်းက သူ ဘာမှမလှုပ်ရှားခဲ့ဘူး ၊ အခုလည်း တကယ်တမ်း လှုပ်ရှားမလားဆိုတာ ပြောရခက်တယ်”

ထိုစကားကြားတော့ ဝူထုန်တောင်စောင်းမှ သိုင်းသမားတို့၏မျက်နှာများတွင် စိတ်မကောင်းဖွယ်အမူအရာများ ထင်ဟပ်သွားကြသည်။

ကျွမ်းရှန်နှင့် လန်ချင်းပြောနေကြသ့် အကြီးအကဲ’ဝမ်’ ဆိုသည်မှာ မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ မှလွဲပြီး အခြးသူမဟုတ်ပေ။

သူက အထက်ဘုံကမ္ဘာရှိ သိုင်းသူတော်စင်များအားလုံး၏ အထွတ်ထိပ်နေရာတွင်ရပ်တည်နေသလို အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်၏ အရှင်သခင်လည်း ဖြစ်၏။

ပိုပြီးအရေးကြီးသည်မှာ ဝမ်ကျန်းချန်က မြေကမ္ဘာဧကရာဇ်၏ အမိန့်အတိုင်းသာ ကိစ္စအတော်များများကို လုပ်ဆောင်သူ ဖြစ်သည်။

ကျွမ်းရှန်၏ အကြည့်များက နက်ရှိုင်းသွားပြီး...

“ကိစ္စတော့မရှိပါဘူး ၊ တာအိုဆရာ ထျန်းတောင်းနဲ့ လျန်ကျူးလင်ကိုပဲ ဆက်သွယ်လိုက်တော့မယ်”

လန်ချင်းက...

“ငါတို့တွေ အရှေ့တောင်ပိုင်းကိုသွားတဲ့အခါ တခြားသူတွေက ငါတို့ပြည်နယ်တွေကို ပြဿနာမရှာနိုင်အောင် သင့်တော်တဲ့ အစီအစဉ်တွေ ပြုလုပ်ထားဖို့လည်း လိုအပ်တယ်”

ကျွမ်းရှန်က ခေါင်းညိတ်လိုက်ပြီး ဖြည်းညင်းစွာဖြင့်

“အဲဒီတော့ ချင်းယွမ်ဧကရာဇ် အထက်ဘုံကမ္ဘာကို ပြန်လာတဲ့အထိ စောင့်ကြတာပေါ့”

သူက ဆက်ပြောသည်။

“ငါတို့ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်က ပြန်လာတဲ့အချိန် ချင်းယွမ်ဧကရာဇ်နဲ့ ပိုးသားဧကရာဇ်တို့လည်း ပြင်ပဗလာနယ်ထဲက ပြန်လာကြမှာပဲ ၊ ချင်းယွမ်ဧကရာဇ်လည်း ချင်ရှုကျီနဲ့ တာအိုဆရာ ချန်းလန်တို့ သေဆုံးတဲ့သတင်းကို ကြားပြီးလောက်ပြီ ၊ ပိုးသားဧကရာဇ် အလျှင်အမြန်ရောက်လာပေမယ့် ချင်းယွမ်ဧကရာဇ်လည်း သူ့ထက်နှေးကွေးမယ်မထင်ဘူ”

ကျွမ်းရှန်က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ရှိရာနေရာသို့ လှမ်းကြည့်လိုက်ရင်း...

“ဘာတဲ့... တောင်တံခါးဖွင့်ပွဲအခမ်းအနားဟုတ်လား ၊ အဲဒီဖွင့်ပွဲကို အချိန်မီသွားကြတာပေါ့ ၊ အဲဒီနေ့မှာ သူတို့ကို ဂုဏ်ပြုလွှာ ပို့ပေးလိုက်ကြတာပေါ့”

***

တောင်ပိုင်းထိပ်တန်းအရှင်သခင် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာသည့်သတင်းကို ဝါဒတောင်သည်လည်း လျှင်မြန်စွာပင် သိရှိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အရှေ့တောင် ထိပ်တန်းအရှင်သခင် ချောင်ကျယ်သည်လည်း အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာသောကြောင့် ဖြစ်သည်။

ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို လေ့လာပြီးနောက် အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်က သူမျှော်လင့်ထားသည်ထက် အခြေအနေများက ကျော်လွန်ကြောင်း ခံစားသိရှိမိသည်။

ထို့ကြောင့် သူက သက်ဆိုင်ရာ အစီအစဉ်များကို အမြန်ပြုလုပ်ခဲ့သည်။

ချောင်ကျယ်က ဝါဒတောင်ဖွင့်ပွဲအခမ်းအနားနှင့်ပတ်သက်ပြီး “သူကိုယ်တိုင်တက်ရောက်မည်” ဟု အကြောင်းပြန်ကာ တိကျသောရပ်တည်ချက်ကို ဖော်ပြခဲ့သည်။

ထို့ကြောင့် ကျင်းထင်တောင်နှင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်က ရန်ကျောက်ကဲနှင့် ဝါဒတောင်အား အပြည့်အဝ ထောက်ခံမည်ဖြစ်ကြောင်း နားလည်ခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ပိုးသားဧကရာဇ် ဖုယွင်ချီသည်လည်း မကြာသေးမီရက်ပိုင်းက ပြင်ပဗလာနယ်မှ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းကြားရသည်။

ခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ်ရှိ ကြာပန်းနီကမ်းပါးမှ ထိုသတင်းအမှန်ဖြစ်ကြောင်း အတည်ပြုပေးသည်။

ယခင်က အကြောင်းကြားထားသည့်တိုင်း ပိုးသားဧကရာဇ်က ချင်းယွမ်ဧကရာဇ်ထက်အရင် စောပြီးပြန်လာခြင်းကြောင့် လူအများစုမှာ စိတ်သက်သာရာရသွားကြသည်။

မြောက်ဖေးတောင်ထွတ်မှ ဧည့်သည်တော်ကို ကျေးဇူးတင်ကြောင်းပြောကြားပြီးနောက် ရန်ကျောက်ကဲက သူ၏ပြင်ဆင်မှုများကို အလျင်စလိုမလုပ်ဘဲ ဖြည်းညင်းစွာပင် ဆက်လက်လုပ်ဆောင်ခဲ့သည်။

“ကြည့်ရတာ အမတခုံရုံးနဲ့ ဗုဒ္ဓဘာသာကြားကတိုက်ပွဲက အထွတ်ထိပ်အဆင့်ကိုရောက်ပြီးတဲ့နောက် တဖြည်းဖြည်း ပြန်တည်ငြိမ်သွားပြီထင်တယ်”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“နောက်ထပ်တိုက်ပွဲအပြင်းအထန်မဖြစ်ခင် နှစ်ပေါင်းတစ်ရာလောက် စောင့်ရဦးမှာပေါ့”

ထိုသို့တွေးမိတော့ ရန်ကျောက်ကဲမျက်ဝန်းများ အုံ့မှိုင်းနက်မှောင်သွား၏။

အမတခုံရုံးနှင့် သုခဘုံကြား တိုက်ပွဲများပြီးဆုံးသွားပါက နှစ်ဘက်ကြားပဋိပက္ခသည် သာမန်တင်းမာမှုတစ်ခုအဖြစ် ပြောင်းလဲသွားပေမည်။

ထိုအခါ အမတခုံရုံးအနေဖြင့် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကို အာရုံစိုက်လာနိုင်သည်။

ယိုးမင်ဂမ္ဘီရစက်ဝန်းကို ရရှိပြီးနောက် သူ့ထံမှ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများ တဖြည်းဖြည်း စတင်ပြသလာမည် ဖြစ်သည်။

အလွန်ဝေးကွာသောနေရာတွင်ရှိနေသည့် အမတခုံရုံးကို မစဉ်းစားသေးဘဲ အထက်ဘုံကမ္ဘာအနီးအပါးတွင်ရှိနေသည့် ရပ်တည်ချက်များသည်ပင် ယခုအခါ အတိအကျ ဆုပ်ကိုင်ရန် ခက်ခဲနေပြီ ဖြစ်သည်။

ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင် အသင်္ချေနဂါးနန်းတော်ပေါ်လာပြီး နန်းတော်တံခါးပွင့်သွားသည်။ အတွင်းထဲမှလေထုက မှုန်ဝါးရောထွေးလျှက် ရှိသည်။

သို့သော် တဖြည်းဖြည်း ပုံသဏ္ဌန်တစ်ခုပေါ်လာပြီး အဆုံးသတ်မှာတော့ အနက်ရောင်သတ္တုစက်ဝန်းကြီးတစ်ခု ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

စက်ဝန်းထက်ရှိ အမြောင်းပေါက် (၁၂)ခုအနက် (၉)ခုက တောက်ပသောအလင်းရောင် သို့မဟုတ် မှိန်ဖျော့ဖျော့အလင်းရောင် ထွက်ပေါ်နေပြီး စက်ဝန်းက ဖြည်းဖြည်းချင်း လည်ပတ်နေသည်။

သာမန်ကြည့်မည်ဆိုလျှင် အတွင်း၌ပါရှိသော သိုင်းပညာအယူအဆများက ပြင်းထန်ပြီး အစွန်းရောက်သည်အထိ ရက်စက်ကြမ်းကြုတ်သည်ဟု ထင်မှတ်ရသည်။

အပြည့်အဝ သန့်စင်ရခြင်း မရှိသေးသဖြင့် ၎င်း၏စွမ်းအားကို ဆွဲထုတ်ရန်မှာ မလွယ်ကူသေးပေ။

သို့တိုင် တွေ့မြင်ရရုံဖြင့် တန်ခိုးစွမ်းအားများကို ခံစားနိုင်စွမ်း ရှိနေသည်။

ရန်ကျာက်ကဲက ဤရတနာပစ္စည်းအား ကြီးကျယ်ခမ်းနားစွာ ပြီးပြည့်စုံရန် အဆက်မပြတ် လုပ်ဆောင်နေသဖြင့် ယခင်ကထက် ပိုမိုသန့်စင်လာခဲ့သည် အမှန်ပင်။

ယခင်ကကဲ့သို့ ထိုရတနာပစ္စည်းနှင့် ရန်ကျောက်ကဲကြား တုံ့ပြန်မရှိဘဲ အစိမ်းသက်သက် မဖြစ်တော့ပေ။ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကဲ့သို့ ပြင်းထန်စွာ မတုံ့ပြန်နိုင််သော်လည်း ရန်ကျောက်ကဲနှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းကြား ခိုင်မာသောစိတ်ပိုင်းဆိုင်ရာဆက်သွယ်မှု တဖြည်းဖြည်း ရရှိနေပေပြီ။

ယိုးမင်ဂမ္ဘီရစက်ဝန်း၏ အမြောင်းပေါက် (၉)ခုမှ အလင်းရောင်ထွက်ပေါ်နေပြီး ‌လောလောဆယ်တွင် ရန်ကျောက်ကဲက ကျန် အမြောင်းပေါက် (၃)ခုကို ဘေးဖယ်ထားသည်။

ယခုအချိန်တွင် သူ၏ကျင့်ကြံခြင်းအဆင့်က နည်းပါးနေသေးသည်ဖြစ်ရာ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ပြုလုပ်နိုင်သည့်တိုင် အမတမှော်ဝင်ပစ္စည်းတစ်ခု သန့်စင်ရန် အချိန်မကျသေးပေ။

သို့တိုင် ယခုအခြေအနေအထိ သန့်စင်ထားနိုင်ခြင်းက သူ့အစီအစဉ်အတွက် လုံလောက်နေပေပြီ။

အမတမှော်ဝင်ပစ္စည်းတစ်ခုကို ပြီးပြည့်စုံစွာသန့်စင်ရန် မအောင်မြင်သေးသရွေ့ အမြောင်းပေါက် (၉)ပေါက်မှ အလင်းရောင်ထွက်ခြင်းနှင့် အမြောင်းပေါက် (၁၂)ပေါက်မှ အလင်းရောင်ထွက်ခြင်းကြား ကွာဟချက်များစွာ မရှိနိုင်ပေ။

ထို့ကြောင့် ရန်ကျောက်ကဲက ဆက်လက်သန့်စင်ခြင်း မပြုလုပ်တော့ဘဲ သူ၏ဂိုဏ်း တိုက်ခိုက်ရေးစွမ်းအား မြှင့်တင်နိုင်ရန် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ဖြုန်းတီးမပစ်ဘဲ ချန်ထားခဲ့လိုက်သည်။

ဝါဒတောင်ဖွင့်ပွဲအခမ်းအနားမစတင်မီတွင် ပိုးသားဧကရာဇ်က ပြင်ပဗလာနယ်မှ ပြန်ရောက်လာပြီး ထိပ်တန်းအဓိပတိ (၁၀)ပါးက ခွန်လွန်တောင်မှ ပြန်လာခဲ့ကြပြီ ဖြစ်သည်။

ပိုးသားဧကရာဇ်က အချိန်အနည်းငယ်စောပြီး ပြန်လာခဲ့သော်လည်း ချင်းယွမ်ဧကရာဇ်သည်လည်း များစွာနောက်ကျမည် မဟုတ်ဘဲ ဝါဒတောင်ဖွင့်ပွဲအခမ်းအနားမတိုင်မီ ပြန်လာနိုင်ဖွယ် ရှိသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ပြန်ရောက်လာကတည်းက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်သော်လည်း ဤအတိုင်းငြိမ်သက်နေမည်မဟုတ်ကြောင်း ရန်ကျောက်ကဲ သဘောပေါက်သည်။

လူတိုင်းက ဝါဒတောင်ဖွင့်ပွဲအခမ်းအနား ရောက်ရှိလာမည်ကို အတူတကွ စောင့်မျှော်နေကြပေလိမ့်မည်။

ထိုနေ့တွင်...

ကျူတောပင်လယ်ဒေသ၌ မကြုံစဖူးအဖြစ်အပျက်တစ်ခု ဖြစ်လာမည် အမှန်ပင်။

All Chapters