← Chapters

ရုန်းကြွလာသော မိစ္ဆာသဘာဝ

Vol. 40 Ch. 550

ရုန်းကြွလာသော မိစ္ဆာသဘာဝ

Vol. 40 Ch. 550

ချင်မူ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး တိတ်တိတ်လေး နောက်နှစ်လှမ်း ဆုတ်လိုက်သော်လည်း မည်သည့်အရာမှ မဖြစ်ပျက်သေးပေ။ နှစ်လှမ်းထပ်ဆုတ်ကြည့်သော်လည်း ဒုံရင်းသာ။

“ဒီကျောက်စိမ်းလည်ဆွဲက... ရွှင်ပျော်ပျော်ကျေးရွာက ကျောက်စိမ်းလည်ဆွဲ ဟုတ်နေတာပဲ” ဖုရွေ့လော်က ကျောက်စိမ်းလည်ဆွဲအား လှန်လှောကြည့်ရှုနေသည်။ သူ့မျက်နှာများက လင်းလိုက်၊ မှောင်လိုက် ဖြစ်နေပြီး အချင်းချင်း ခပ်တိုးတိုး ပြောနေကြ၏။ “မဟုတ်သေးဘူး မဟုတ်သေးဘူး... သူ ငါတို့ကို လိမ်နေတာပဲ... ရွှင်ပျော်ပျော်ကျေးရွာက လူတစ်ယောက်က ဘယ်လိုလုပ် မိစ္ဆာနတ်ဆိုးတစ်ပိုင်း၊ လူသားတစ်ပိုင်း ဖြစ်နိုင်မှာလဲ... သေချာပေါက် ငါတို့ကို လိမ်နေတာပဲ”

“ဒီခွေးကောင်လေးက သိပ်ဉာဏ်များတယ်... ရိုးတဲ့ပုံပေါ်မယ့် တကယ်က မြေခွေးလေး... မင်း သူ့စကားကို ယုံမိလို့မဖြစ်ဘူး”

“ဒါပေမဲ့ ဒါက ရွှင်ပျော်ပျော်ကျေးရွာက ကျောက်စိမ်းလည်ဆွဲလေ... ငါတို့ ရွှင်ပျော်ပျော်ကျေးရွာသားတစ်ယောက်ကို ဖမ်းပြီး ရွှင်ပျော်ပျော်ကျေးရွာကို ရှာတွေ့သွားရင် ကောင်းကင်နတ်ဘုံက ငါတို့ကို ဆုအကြီးကြီး ချလိမ့်မယ်.... ကောင်းကင်နတ်ဆိုးတွေ အေးအေးချမ်းချမ်း နေနိုင်မယ့် နေရာတစ်နေရာတော့ သေချာပေါက် ပေးမှာပဲ”

“ငါတို့ ကောင်းကင်နတ်ဘုံကို ယုံလို့မရဘူးကွ... သူတို့ထက် ဝက်တွေကဖြင့် ပိုအားကိုးရဦးမယ်”

....

ဖုရွေ့လော်၏ မျက်နှာသုံးဖက် ရန်ဖြစ်နေစဉ် ချင်မူ တိတ်တိတ်လေး နောက်ဆုတ်သွားသည်။ ထို့နောက် လှည့်ပြေးလိုက်သော်လည်း နောက်တခဏတွင် ဖုရွေ့လော်ကို အရှေ့၌ မြင်လိုက်ရ၏။

ဖုရွေ့လော်က စောစောကနေရာတွင် တစ်လက်မလေးပင် မရွေ့ဘဲ ရပ်နေဆဲ ဖြစ်သည်။ မျက်နှာသုံးဖက်ကလည်း ရန်ဖြစ်နေဆဲဖြစ်၍ ချင်မူ အကြီးအကျယ် စိတ်ညစ်သွားတော့သည်။

ဖုရွေ့လော်သည် သန်မာအားကောင်းလွန်း၏။ ဟင်းလင်းပြင်ကိုပင် လိမ်ခေါက်ထားကာ သူ့ထက် အားနည်းသူများ ထွက်မပြေးနိုင်အောင် လုပ်ထားနိုင်သည်။ ချင်မူမှာ ကျောက်စိမ်းလည်ဆွဲနှင့် ဝေးရာသို့ မသွားနိုင် ဖြစ်နေ၏။

“ရွှင်ပျော်ပျော်ကျေးရွာက သိပ်လျှို့ဝှက်ဆန်းကြယ်တယ်... နိုင်ငံကြီးတစ်နိုင်ငံနဲ့ ခမ်းနားတဲ့ ကောင်းကင်နတ်ဘုံတစ်ဘုံကိုတောင် တည်ထောင်နိုင်ခဲ့တာလေ.... ရွှင်ပျော်ပျော်ကျေးရွာမှာ ဘယ်လိုလုပ်ပြီး မိစ္ဆာနတ်ဆိုးမျိုးဆက် ရှိနိုင်မှာလဲ.... သံသယဝင်စရာကောင်းတယ်”

“ဟုတ်တယ် သံသယဝင်စရာကောင်းတယ်... ငါတော့ ဒီကောင်လေးကို သတ်သင့်တယ်ထင်တာပဲ... အခုပဲ သတ်လိုက်ရအောင်”

“ခဏနေဦး.. ဒီကျောက်စိမ်းလည်ဆွဲက ထူးဆန်းနေတယ်... ချိတ်တံဆိပ်တစ်ခု အထဲမှာ ရှိနေတယ်ဟ... ဘာအတွက်များလဲ.... ရွှင်ပျော်ပျော်ကျေးရွာရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာများလား”

ချင်မူမှာ ဖုရွေ့လော်၏မျက်နှာသုံးဖက်ကို ငေးငေးကြောင်ကြောင် ကြည့်နေမိသည်။ ဖုရွေ့လော်၏ ခန္ဓာကိုယ်ထဲတွင် အသိစိတ်အလျဉ်သုံးမျိုး ရှိနေပြီး ဝိညာဉ်သုံးခုပမာ ဖွဲ့တည်နေ၏။ ဤအခိုက်အတန့်တွင် သူတို့က ကျောက်စိမ်းလည်ဆွဲကို တိုးဝှေ့လေ့လာနေကြပြီး ၎င်း၏လျှို့ဝှက်ချက်များကို မည်သူက အမြန်ဆုံး ထုတ်ဖော်နိုင်မည်လဲ ပြိုင်ဆိုင်နေကြသည်။

ချင်မူ ငြိမ်ငြိမ်လေး ရပ်နေပြီး ထွက်မပြေးတော့ပေ။ ထွက်ပြေး၍လည်း မရသည့်အတွက် တတ်နိုင်သမျှ လိမ်လိမ်မာမာ၊ ရိုးရိုးသားသားနေရန်သာ ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် တီးတိုးပြောနေသံများကို သူ ကြားလာရသည်။ အသံများက သူနှင့်မစိမ်းပေ။ ဖုန်းတုတွင် သူ၏ကျောက်စိမ်းလည်ဆွဲအား ယမမင်း လေ့လာခဲ့တုန်းက ထိုအသံများကို ကြားခဲ့ဖူး၏။

အသံများက အလွန်ဆူသည်။ အမှောင်ထုထဲ၌ တစ္ဆေသရဲများ ပုန်းအောင်း၍ ထူးဆန်း‌သောစကားသံများဖြင့် သူ့ကို မျှားခေါ်‌နေသည့်အလား ထင်ရသည်။

ချင်မူ ခေါင်းခါလိုက်သော်လည်း တီးတိုးပြောနေသံများက တစထက်တစ နီးကပ်လာ၏။ သူ့နားအနား ကပ်၍ ပြောနေသကဲ့သို့ ကျွက်ကျွက်ညံနေသည်။

သူ တွန်းထုတ်ရန် လက်ဝှေ့ယမ်းလိုက်သည့်အခါ ထိုအသံများကို မထိမိသလို၊ မခံစားရပေ။ နောက်တခဏ၌ အသံများ သူ့စိတ်ထဲ ဝင်‌ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ အသံများက အလွန်ဆူညံလှသဖြင့် သူ့စိတ် နှစ်ခြမ်းကွဲတော့မည့်အလား ဖြစ်နေ၏။

ချင်မူမှာ ခေါင်းကို ညာဘက်သို့ စောင်း၍ ဘယ်နားကို ရိုက်ရင်း စိတ်ထဲရှိ အသံများအား ခါထုတ်ရန် ကြိုးစားနေသည်။ သို့သော် အသံများက ဆူသထက် ဆူလာပြီး ရုတ်တရက် တစ်သံတည်း ထပ်သွားသည်။

ချင်မူ ခေါင်းငိုက်စိုက်ကျသွားပြီး စိတ်လွတ်သွားသည်။ သူ့ခန္ဓာကိုယ်က ရှေ့နောက် ယိမ်းထိုးသွားပြီး လက်မောင်းနှစ်ဖက်က အရိုးမရှိတော့သည့်အလား ပျော့တိပျော့ဖတ် တွဲကျနေသည်။

“ဟီးဟီးဟီး ချိတ်တံဆိပ်ကို ငါတို့ ဖိနှိပ်ပြီးတော့မယ်”

“သေချာပေါက် လျှို့ဝှက်ချက်တစ်ခုခုတော့ ရှိနေမှာပဲ”

“ရွှင်ပျော်ပျော်ကျေးရွာရဲ့ လျှို့ဝှက်ချက်တွေတောင် ရှာတွေ့လောက်တယ်”

ဖုရွေ့လော်၏မျက်နှာသုံးဖက် တတွတ်တွတ် ပြောနေကြစဉ် ဘေးဘက်မှ အသံတစ်သံ ထွက်လာ၏။ “ရိုက်ခွဲပစ်လိုက်”

ဖုရွေ့လော် ခေါင်းလှည့်၍ အသံလာရာဆီသို့ ကြည့်လိုက်သည်။ ခေါင်းငိုက်စိုက်လျက် ခန္ဓာကိုယ်က ‌ရှေ့နောက် ယိမ်းထိုးနေသော ချင်မူ့အား တွေ့လိုက်ရသည်။

ဖုရွေ့လော် ဇဝေဇဝါ ဖြစ်သွားပြီး ပြုံးလျက် မေးလိုက်သည်။ “မင်း ဘာပြောလိုက်တာ”

ချင်မူက တဟီးဟီး ရယ်လိုက်ပြီး ပြိုင်ဘက်ကင်းလောက်အောင် မိစ္ဆာနတ်ဆိုးဆန်သောအသံသည် သူ့ပါးစပ်မှ ထွက်လာ၏။ “ငါ မင်းကို ရိုက်ခွဲဖို့ ပြောနေတာပဲ.... ရိုက်ခွဲလိုက်ရင် စိတ်ဝင်စားစရာကောင်းတာ ဖြစ်လာလိမ့်မယ်... မြန်မြန် ရိုက်ခွဲလိုက်”

ဖုရွေ့လော်၏ မျက်နှာသုံးဖက် မျက်မှောင်ကြုတ်သွားသည်။ မိစ္ဆာနတ်ဆိုးအသံ၏ အရိုင်းဆန်မှုက သူ့အား တခိုက်ခိုက် တုန်သွားစေသည်။ သူသည် အလွန်ဆိုးသွမ်းသော နတ်ဆိုးဘုရင်တစ်ပါး ဖြစ်သည့်အတွက် သူ့ကို တုန်ရီစေနိုင်လောက်အောင် အရိုးဆန်ဆိုးသွမ်းသော မိစ္ဆာနတ်ဆိုးတစ်ယောက် ရှာတွေ့ရန် မဖြစ်နိုင်ပေ။

“ဘာလို့ မရိုက်ခွဲသေးတာလဲ”

ချင်မူ့အနောက်ရှိ ဟင်းလင်းပြင်က ရုတ်တရက် အက်ကွဲလာသည်။ ဝှမ်ခနဲ မြည်သံနှင့်အတူ ဧရာမမိစ္ဆာနတ်ဆိုးမျက်လုံးကြီးတစ်လုံး ပွင့်လာပြီး မိစ္ဆာနတ်ဆိုးအလင်းရောင်က လိပ်ပြာ‌တောင်ပံနှစ်ဖက်သဖွယ် ပြန့်ကားလာသည်။

တုန်ခါလှိုင်းများကြောင့် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ အချိန်မရွေး အက်ကွဲကြေမွသွားတော့မည့်အလား ထင်ရ၏။ မိစ္ဆာနတ်ဆိုးအလင်းရောင် အက်ကွဲကြောင်းများမှ လျှံထွက်လာကာ မိစ္ဆာဆန်ဆန်လှပနေသော မြင်ကွင်းတစ်ခုအား ဖန်တီးနေသည်။

“မလောက်လေးစား နတ်ဆိုးလေး... ညစ်ညမ်းလိုက်တဲ့သွေး”

ချင်မူ့အသံက ပို၍ မိစ္ဆာနတ်ဆိုးဆန်လာပြီး မျောလွင့်နေသည်။ သူက တစ်နေရာတည်းတွင်သာ ရပ်နေသော်လည်း နေရာအနှံ့ ရှိနေသကဲ့သို့ ဖုရွေ့လော် ခံစားနေရ၏။

အန္တရာယ်အငွေ့အသက်လည်း ရစ်သိုင်းနေသဖြင့် ဖုရွေ့လော်၏ရင်ထဲတွင် အကြောက်တရားတို့ မွေးဖွားလာသည်။ သို့သော် စိတ်လှုပ်ရှားမှုက ပို၍ပင် အားကောင်းနေသေး၏။ “ဒါက မင့်ကျောက်စိမ်းလည်ဆွဲရဲ့ လျှို့ဝှက်ချက်လား... ရွှင်ပျော်ပျော်ကျေးရွာရဲ့ လျှို့ဝှက်ချက်လား”

ချင်မူ၏အနောက်တွင် ဟင်းလင်းပြင်အက်ကြောင်း နောက်တစ်ခုပေါ်လာပြီး ထူးဆန်းသော မိစ္ဆာနတ်ဆိုးမျက်လုံးနောက်တစ်လုံး ပွင့်လာ၏။ ဟင်းလင်းပြင်မှာ ပိုမိုကြေမွသွားသဖြင့် အရပ်လေးမျက်နှာမှ မိစ္ဆာနတ်ဆိုးအလင်း‌ရောင်များ စိမ့်ထွက်လာနေသည်။

“သနားစရာကောင်းလောက်အောင် အဆင့်နိမ့်တဲ့ သတ္တဝါလေး... ရာရာစစ ငါ့အမိန့်ကို မနာခံဘူးလား” ချင်မူက ခေါင်းငိုက်စိုက်လျက် ပြုံးနေသည်။ “ကျွတ်စ် ကျွတ်စ် ကျွတ်စ် မင်းက သေချင်နေတာကိုး.... မင်းကို စိတ်ဝင်စားစရာကောင်းအောင် ဘယ်လိုသတ်ရင် ကောင်းမလဲ...”

တတိယမျက်လုံးကို မြင်သည့်အခါ ဖုရွေ့လော် ကြက်သေသေသွားသည်။ တတိယမျက်လုံးသည် ပထမမျက်လုံးနှစ်လုံး၏ အပေါ်၊ အလည်တည့်တည့်၌ ရှိနေ၏။

ဤမျက်လုံးတွင် အနှိုင်းမဲ့သော မိစ္ဆာနတ်ဆိုးမီးလျှံတို့ ကိန်းဝပ်နေသယောင် ထင်ရသော်လည်း ပွင့်မလာပေ။ မျက်လုံးက ဖွင့်ချင်နေသော်လည်း သေးငယ်သော အဟလေးကိုသာ မြင်ရသည်။ သို့တိုင်‌အောင် ၎င်းအတွင်း၌ ကိန်းဝပ်နေသည့် မိစ္ဆာနတ်ဆိုးမီးလျှံစွမ်းအားက မည်သူ့ကိုမဆို ကြောက်လန့်တုန်ရီစေနိုင်သည်။

ဖုရွေ့လော် ဖြည်းဖြည်းချင်း ခေါင်းမော့ပြီး တရွေ့ရွေ့ မြောက်တက်သွားသော မိစ္ဆာနတ်ဆိုးမျက်လုံးသုံးလုံးကို ကြည့်လိုက်မိသည်။ အချိန်အနည်းငယ်ကြာသော် ယိုတု၏ မိစ္ဆာနတ်ဆိုးမီးလျှံတို့ဖြင့် အလျှံတညီးညီးတောက်လောင်နေသည့် မိစ္ဆာနတ်ဘုရားတစ်ပါးအား မြင်လိုက်ရ၏။ မိစ္ဆာနတ်ဘုရားက ဖုရွေ့လော်ကို အပေါ်စီးမှ ငုံ့ကြည့်နေသည်။

ဖုရွေ့လော်မှာ ခေါင်းကို မနည်းပြန်ငုံ့ပြီး ချင်မူ့အား လှမ်းကြည့်လိုက်သည်။ သူ၏မျက်နှာနှစ်ဖက်က မျက်လုံးများကို လှည့်ကာ ပတ်ဝန်းကျင်ကို စူးစမ်းအကဲခတ်နေကြ၏။

“မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး” ဖုရွေ့လော် အာခေါင်ခြောက်သွားသဖြင့် သူ့အသံက အက်ကွဲဩရှနေသည်။ “မင်းခန္ဓာကိုယ်အနေနဲ့ ဒီလောက်သန်မာအားကောင်းတဲ့ မူလနတ်ဆိုးတစ်ကောင်ရဲ့ မူလဝိညာဉ်ကို လက်မခံနိုင်သင့်ဘူး... ဒါ ယုတ္တိမရှိဘူး...”

“ငါ့အတွက် ကျောက်စိမ်းလည်ဆွဲကို ဖျက်စီးပေးစမ်း”

ချင်မူက ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးနှစ်လုံးစလုံး မည်းနက်နေသည်။ မျက်လုံးနှစ်လုံးမှ အနက်ရောင်မိစ္ဆာနတ်ဆိုးမီးလျှံတို့က အနက်ရောင်လိပ်ပြာတောင်ပံများသဖွယ် ဖြာထွက်လာ၏။

ဖုရွေ့လော်မှာ လေပြင်းများ သူ့မျက်နှာအား တိုးဝှေ့သွားသည်ကို ခံစားလိုက်ရပြီး သူ့အဝတ်များ နောက်သို့ တဖျပ်ဖျပ် လွင့်ခတ်သွား၏။ တုန်ခါလှိုင်းများကြောင့် သူ၏မျက်နှာအပေါ်တွင် အတွန့်အခေါက်များ ‌ပေါ်လာသည်။

အား‌ကောင်းပြင်းထန်သော မိစ္ဆာနတ်ဆိုးအသံက သူ၏ပတ်ပတ်လည်ရှိ သဲများ၊ ကျောက်ခဲများကို မြောက်တက်လာစေကာ အနက်ရောင်မုန်တိုင်းတစ်လုံး ဖွဲ့တည်လိုက်သည်။

ဖုရွေ့လော်က မျက်လုံးများကို မှေးကျဉ်းလျက် သေချာအကဲခတ်နေသည်။ ချင်မူ့မျက်ခုံးနှစ်ဖက်ကြားတွင်လည်း ပွင့်မလာသေးသော မျက်လုံးတစ်လုံး ရှိနေ၏။ မျက်လုံးက အနည်းငယ်သာ ဟ,နေသည်။

“ဒါက... မင်းက ယိုတုမှာ မွေးဖွားခဲ့တာပဲ” ဖုရွေ့လော် တမုဟုတ်ချင်း သဘောပေါက်သွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ “မင်း...”

ဝုန်း

ဧရာမလက်သီးကြီးက သူ့ခန္ဓာကိုယ်ကို ထိုးနှက်လိုက်သဖြင့် ဖုရွေ့လော် သွေးအန်လိုက်ရသည်။ ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး ကြေမွသွားပြီး တခဏအတွင်း သူ တောင်တန်းများကို ဖြတ်ကျော်သွားသည်။ နောက်တခဏ၌ သူ့ခန္ဓာကိုယ်မှာ‌ ကမ်းပါးအောက်သို့ ပြုတ်ကျသွားပြီး တည်ဆောက်နေဆဲ ပလ္လင်တစ်ခုအပေါ် ကျသွား၏။

ပလ္လင်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားကာ ကျောက်တုံးကျောက်ခဲများ လွင့်ထွက်ကုန်သည်။ ဖုရွေ့လော် ဒေါသတချောင်းချောင်း ထွက်သွားပြီး သူ့ပါးစပ်သုံးပေါက်မှ အော်ဟစ်သံသုံးသံ ထွက်လာ၏။ သူ၏ခန္ဓာကိုယ်က တရှိန်ထိုး ကြီးထွားလာသည်။ ကြွက်သားများ ဖောင်းကြွလာပြီး သူ့လက်ဆန့်တန်းလိုက်သည့်အခါ လှံတစ်လက် ပေါ်လာသည်။ သူ ကောင်းကင်ယံသို့ တက်ရန် ပြင်လိုက်သည့်အချိန် တစ်ကမ္ဘာလုံး မည်းမှောင်သွား၏။

ဖုရွေ့လော်မှာ စည်းစားနေရန် အချိန်မရှိ၍ လှံကို အပေါ်သို့ ထိုးစိုက်လိုက်ရသည်။ သူသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အစစ်အမှန်မိစ္ဆာနတ်ဆိုး ဖြစ်သည်သာမက နတ်ဆိုးဘုရင်အဖြစ် မိစ္ဆာနတ်ဘုရားအားလုံး၏ ရိုသေလေးစားခြင်း ခံရ၏။ သူ့အစွမ်းအစများက ပြိုင်ဘက်ကင်းသည်ဟု မဆိုနိုင်သော်လည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် ထိပ်တန်းသိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။

သို့တိုင်အောင် တုနှိုင်းမဲ့လောက်အောင် တုတ်ခိုင်သော လှံကြီးမှာ လက်သီးကြီးနှင့် တိုက်မိသွားသည့်အခါ ဖိအားကြောင့် ကွေးညွတ်သွား၏။

ဖုရွေ့လော် ညည်းတွားလိုက်ရပြီး လှံရိုးက သူ့အရေပြားအား ထိုးခွဲရင်း ကန်ထွက်လာကာ လှံတစ်လက်လုံး သွေးချင်းနီသွားတော့သည်။ မကြာမီ သူ့မှာ ဖိအားကို မခံနိုင်တော့သဖြင့် နတ်ဆိုးလှံမှာ သူ့လက်ထဲမှ လွတ်ထွက်သွားချေပြီ။

“ကျောက်စိမ်းလည်ဆွဲကို ဖျက်စီးလိုက်စမ်း”

ဟိန်းဟောက်သံကြီးနှင့်အတူ လက်သီးနောက်တစ်လုံးက ဖုရွေ့လော်၏ကိုယ်အပေါ်သို့ ရက်ရက်စက်စက် ထိုးချလိုက်ရာ သူ့အရိုးများ ကျိုးကြေသွား၏။ မိစ္ဆာနတ်ဆိုးသွေးများ သူ့မျက်လုံးများ၊ နားရွက်များ၊ နှာခေါင်းနှင့်  ပါးစပ်တို့မှ ပန်းထွက်သွားပြီး သူ လွင့်ထွက်သွားတော့သည်။

ဘုန်း ဘုန်း ဘုန်း

သူ့ခန္ဓာကိုယ်ကြီးက ယဇ်ပလ္လင်များအား တိုက်ချသွားသော်လည်း အရှိန်မသေသေးပေ။ ထိုအခိုက်အတန့်တွင် ချင်မူ့မျက်လုံးများ တောက်ပလာသည်ကို မြင်လိုက်ရ၏။ မိစ္ဆာနတ်ဆိုးအလင်းတန်းနှစ်တန်း ထွက်လာသည်။

ထွမ်

အလင်းတန်းနှစ်တန်းက မီးတန်ကြီးနှစ်တန်းပမာ တရှိန်ထိုး ထွက်လာပြီး ဖုရွေ့လော်၏ ရင်ဘတ်အား ထိမှန်သည်။ ရင်ဘတ်တစ်ခုလုံး စုတ်ပြဲပေါက်ကွဲသွားသဖြင့် အတွင်းကလီစာများပင် ပေါ်လာ၏။

ဖုရွေ့လော်သည် အစစ်အမှန်မိစ္ဆာနတ်ဆိုးတစ်ယောက် ဖြစ်သည့်အတွက် သန်မာအားကောင်းသော ကျင့်စဉ်စွမ်းအင်နှင့် အသက်ဓာတ်ကို ပိုင်ဆိုင်ထား၏။ သူက ဒဏ်ရာများကို အလျင်အမြန် ချုပ်လိုက်သော်လည်း ယဇ်ပလ္လင်များအား ဖောက်ထွက်သွားသေးသည်။

ကျောက်တုံးများ လွင့်စင်ပြန့်ကြဲနေစဉ် ချင်မူက ထူးဆန်းသည့် ကိုယ်ဟန်အနေအထားဖြင့် ခုန်ပျံ‌ကျော်လွှားလျက် သူ့နောက်သို့ လျင်မြန်စွာ လိုက်လာနေသည်ကို သူ လှမ်းမြင်လိုက်ရသည်။

ဖုရွေ့လော် တဖြည်းဖြည်း အရှိန်သေသွားပြီး နောက်ဆုံးပလ္လင်ဆီ ရောက်သည့်အခါ ရပ်သွား၏။ သူ့တစ်ကိုယ်လုံး ပလ္လင်ထဲ ‌ရောက်နေသည်။ သူ ခေါင်းကို ခက်ခက်ခဲခဲ မော့လိုက်သည့်အချိန်တွင် ချင်မူက ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် သူ့အရှေ့သို့ ရောက်နေပြီး သူ့ကို စိတ်ဝင်တစား ကြည့်နေသည်။

ဖုရွေ့လော် ခဲရာခဲဆစ် ပြုံးလိုက်ကာ အက်ကွဲကွဲအသံဖြင့် ပြောလိုက်၏။ “လျှို့ဝှက်ချက်လေးတစ်ခု ပြောပြမယ်...”

“လာ လျှို့ဝှက်ချက်လဲ” ချင်မူက ခေါင်းစောင်းလိုက်သည်။ “မသေခင် လျှို့ဝှက်ချက်တွေ နားထောင်ရ ငါ ကြိုက်တယ်... မြန်မြန် ပြော”

“ငါ မင်းကို ကျောက်စိမ်းလည်ဆွဲ...” ဖုရွေ့လော်က လက်ဝါးမြှောက်ကာ ကောင်လေး၏ခေါင်းအား ရိုက်ချလိုက်၏။ “ပြန်ပေးမယ်”

ချင်မူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ “ငါ့ကို လှည့်စားချင်တယ်ပေါ့... ငါ မင်းကို သတ်မယ်... အောက်တန်း....”

ရုတ်တရက် အားကောင်းပြင်းထန်သော နတ်ဆိုးအရှိန်အဝါ ပျောက်ကွယ်သွားပြီး ချင်မူ့မျက်လုံးများ ကြည်လင်လာသည်။ မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးကလည်း ခံပြင်းစွာ ပိတ်သွားပြီး သူ့နောက်ရှိ မူလနတ်ဆိုး၏ မူလဝိညာဉ်လည်း တွန့်လိမ်ပုံပျက်ကာ ပျောက်ကွယ်သွား၏။

ဖုရွေ့လော် ဟင်းခနဲ သက်ပြင်းချလိုက်မိသည်။ ဤအခိုက်အတန့်တွင် ချင်မူ့နဖူး၌ ကပ်နေသော ကျောက်စိမ်းလည်ဆွဲက မြေကြီးပေါ် ဘုတ်ခနဲ ကျသွား၏။

ဖုရွေ့လော်မှာ အေးစက်တောင့်တင်းသွားသော်လည်း ပြန်လည်စိတ်အေးသွားသည်။ “တော်သေးတာပေါ့ မကွဲသွားလို့...”

သူကား ပြုံးပြုံးကြီး သတိလစ်သွားတော့၏။

တခဏကြာသော် ချင်မူ ထလာပြီး ပတ်ဝန်းကျင်အား အူတူတူ ကြည့်လိုက်သည်။ ယဇ်ပလ္လင်ထဲ နစ်ဝင်နေသော ဖုရွေ့လော်ကို မြင်လျှင် သူ အလန့်တကြား ထခုန်မိလိုက်သည်။

ပျက်စီးပြိုကျနေသော ယဇ်ပလ္လင်များအား မြင်လျှင် သူ ကြောက်လန့်တုန်လှုပ်သွားသည်။

“ ကျောက်စိမ်းလည်ဆွဲ ငါနဲ့ ကွာသွားတာနဲ့ ကျိန်စာကြီး ထွက်လာလိမ့်မယ်လို့ တန်ခိုးရှင်သစ်ခုတ်သမား ပြောခဲ့တာမှန်တယ်... ဒီအစစ်အမှန်မိစ္ဆာန်နတ်ဆိုးဖုရွေ့လော်တောင် ဒီအခြေအနေအထိ ရိုက်ခံခဲ့ရတယ်... ကြည့်ရတာ ဒီကျိန်စာက ကောင်းကင်ဘုံမိုးကြိုးတို့၊ ကောင်းကင်ဘုံမီးလျှံတို့တင် မဟုတ်ပုံပဲ...”

ကောင်လေး၏အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး ကပျာကယာ လှည့်ပြေးလိုက်သည်။ ‘သူ သတိလစ်နေတုန်း ထွက်ပြေးရမယ်’

နှစ်လှမ်း လှမ်းပြီးနောက် သူက ပြန်လှည့်ပြီး ကျောက်စိမ်းလည်ဆွဲအား သွားရှာသည်။ ၎င်းကို ပြန်ဆွဲပြီးမှ ထွက်ပြေးသွား၏။

‘တော်သေးတယ် မပျောက်သွားလို့... ဒီကျောက်စိမ်းလည်ဆွဲထဲက ကျိန်စာက သိပ်အသုံးဝင်တယ်.... ပျောက်သွားရင် နှမြောစရာကြီး’

၎

င

၎

၎

All Chapters