← Chapters

ဆေးလုံး သန့်စင်ခြင်း

Vol. 51 Ch. 706

ဆေးလုံး သန့်စင်ခြင်း

Vol. 51 Ch. 706

“ဒီထုတ်ကုန်က ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ် လို့ ခင်ဗျားတို့ ထင်ကြလဲ...”

အိုရီက မေးလိုက်၏။ သူ၏ အသံက အနည်းငယ် သုန်မှုန်နေသည်။ လောကအလင်း ဆေးရည် ပင်လျှင် သူတို့ကို သတ်လုနီးပါး အထိ ဖြစ်စေခဲ့သည်။ သို့တိုင်အောင် ၎င်းက အဆင့်ရှစ် ထုတ်ကုန် တစ်ခုသာ ဖြစ်ပေသည်။

“ကလန့်...”

ဘုရင်မှာ မည်သည့် အရာကိုမှ ကြောက်လန့်ခြင်း မရှိသော်လည်း ယခုတစ်ကြိမ်တွင်တော့ သူ့ထက်ရှမှုများက အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ မည်သို့ပင် ဆိုစေ... သူက ရှေ့ဆက်သွားမည် ဖြစ်သည်။ ဆေဘာတစ်စင်းမှာ အမြဲတမ်းလိုလို ကြောက်ရွံ့မှု မရှိပဲ ရှေ့သို့ တိုးဝင်ရသည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်၌ သူကိုယ်တိုင်က သေမင်း ဖြစ်နိုင်သလို ကိုယ့်ကိုယ်ကို စတေးလိုက်ရခြင်းမျိုးလည်း ရှိတတ်သည်။ ထိုအရာက သဘာဝပင် ဖြစ်ရာ သူ လက်ခံရန် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။

ခရာတို၏ နှလုံးခုန်သံများကတော့ အနည်းငယ် မြန်ဆန်နေသည်။ အားလုံးထဲ၌ ဧဒင် တစ်ယောက်တည်းသာလျှင် ငြိမ်သက်နေကာ မူလ တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထား၏။ အဂ္ဂိရတ် ဧဒင် ဝိညာဥ် တစ်ခု အနေဖြင့် ကိုယ်တိုင် ဖော်စပ်ထားသည့် ထုတ်ကုန် တစ်ခုကို သူက မည်ကဲ့သို့ ကြောက်ပါမည်နည်’။

ဝေ့ဝူယင်မှာ ဧဒင်ထံမှ ယုံကြည်ချက် တစ်စိတ်တစ်ပိုင်းကို ပြန်လည် ရရှိလာ၏။ မည်သို့ပင် ဆိုစေ... ကြယ်တာရာ လောကလွှမ်းမိုးခြင်း ဆေးလုံးမှာ သူ့ကြယ်တာရာ အမြုတေများကို ခုနစ်ဆယ့် သုံးမီတာ အရွယ်အစား အထိ ရောက်ရှိလာစေခဲ့သည့် ထုတ်ကုန်များထဲမှ တစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခု အတွင်းမှာပင် ထိုထုတ်ကုန် သုံးရာကျော်ကို သူ စားသုံးခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်လေရာ... သာလွန်ခြင်း အဆင့် အရည်အသွေးကလည်း သိပ်တော့ မဆိုးနိုင်လောက်ချေ။

ဝေ့ဝူယင် ခပ်မြန်မြန် ဆုံးဖြတ်လိုက်ရင်း ဆေးလုံးကို တိုက်ရိုက်ပင် ပါးစပ်ထဲ ပစ်ထည့်လိုက်၏။ သူ၏ လည်ချောင်းက အဇူရာရောင် အလင်းဖြင့် တောက်ပလာကာ စူးရှသော အလင်းတန်းများက ပါးစပ် နှာခေါင်းတို့မှ တိုးကာ ထွက်ပေါ်လာသည်။ ဆေးလုံးက သိသာ ထင်ရှားစွာပင် အောက်သို့ တဖြည်းဖြည်း ဆင်းသွားကာ ထျန်းတျန် တည်ရှိနေသည့် နေရာ အထိ ရောက်ရှိသွား၏။

“ငါ့အတွက်... ငါ့အတွက်....”

ချက်ချင်းပင် အိုရီက လှုပ်ရှားလာကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ရင်း ဆေးလုံးကို သူ့ကိုယ်ပိုင် ကြယ်တာရာဝိညာဥ်ထဲသို့ စုပ်ယူလိုက်သည်။

“...”

ဝေ့ဝူယင်၊ ဘုရင်၊ ဧဒင်နှင့် ခရာတိုတို့ လေးယောက်မှာ ဆွံ့အသွားကြ၏။ သူတို့က ဆေးလုံးကို လေးပိုင်း ပိုင်းကာ အညီအမျှ ခွဲဝေဖို့ စီစဥ် ထားကြခြင်း ဖြစ်သည်။ အိုရီက မည်ကဲ့သို့ တွေးနေသနည်း။ သို့သော်လည်း... မည်သူမှ စကား တစ်ခွန်း မဆိုပါချေ။ သူတို့က ငြိမ်သက်စွာပင် အိုရီ၏ အခြေအနေကို လေ့လာလိုက်ကြ၏။

ရုတ်တရက် ဝေ့တူယင်မှာ စတင် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ စက္ကန့်နှင့် အမျှ ထိုဝေဒနာက ပိုမို၍ ပြင်းထန်လာကာ ခန္ဓာကိုယ် တစ်ခုလုံးမှာ စတင် နာကျင်လာသည်။ မကြာခင်မှာပင် သူ့သွေးကြောများနှင့် ကိုယ်တွင်း ကလီစာများမှာ ဓားနှင့် မွှမ်းသလို ပြင်းထန်သည့် ဝေဒနာကို ခံစားလာခဲ့ရတော့၏။

“အား...”

ဝေ့ဝူယင်မှာ မည်ကဲ့သို့မှ ဆက်လက် ထိန်းသိမ်းနိုင်စွမ်း မရှိတော့ချေ။ သူ၏ ခန္ဓာကိုယ်က တုန်ရီကာ ကြမ်းပြင်ပေါ် လဲကျသွားတော့၏။ ဆေးလုံး သန့်စင်မှုက နာရီ အနည်းငယ်တိုင်အောင် ကြာမြင့်ခဲ့ကာ ထိုအတွင်း၌ နာကျင်မှုက မခံ မရပ်နိုင်လောက်အောင် ပြင်းထန်လွန်းလှ၏။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထဲရှိ သွေးများမှာ ကစဥ့်ကလျား ဖြစ်နေကာ တစ်ခါတစ်ရံ ပြောင်းပြန်ပင် စီးဆင်းနေ၏။ တစ်ချိန်တည်း၌ ဦးနှောက်ထဲရှိ အာရုံကြောများမှာလည်း အချိန်မရွေး ပေါက်ထွက်တော့ မယောင်ပင်။ အကယ်၍ အိုရီ၏ စိတ်နေသဘောထားကိုသာ နားလည် မထားပါက သူ့ကို နာကျစေရန် တမင်သက်သက် ရည်ရွယ်၍ ပြုလုပ်နေသည်ဟုပင် ထင်မှတ်မိလိမ့်မည် ဖြစ်သည်။

ခံနိုင်ရည် အကန့်အသတ် အထိ ရောက်လုနီပါး ကြာမြင့်ပြီး နောက်မှ အိုရီ၏ သန့်စင်မှုက ပြီးမြောက် သွား၏။

“ကောင်းလိုက်တာ... ကောင်းလိုက်တာ...”

ကျေနပ် ကြည်နူးမှုတို့နှင့် ပြည့်နှက်နေသည့် အသံ တစ်ခု ထွက်ပေါ်လာသည်။ ဝေ့ဝူယင်၏ ဘယ်ဘက် မျက်ခွံက အနည်းငယ် တွန့်ကွေးသွားကာ အိုရီကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ဒေါသမထွက်နိုင်ခင်မှာပင် သူ့ မျက်လုံးများမှာ တွေ့မြင်လိုက်ရသည့် အရာကြောင့် လုံးဝ ပြူးကျယ်သွားခဲ့တော့၏။

“ဘာလဲ...”

လောကပင်လယ် အတွင်းတွင် လျှို့ဝှက် သင်္ကေတ အချို့ ဖြည်းညင်းစွာဖြင့် ကူးခပ် နေခဲ့ပေသည်။ သူ ထိုသင်္ကေတများကို လုံးဝ ရှင်းလင်းစွာပင် မြင်နေရသည်။ ၎င်တို့က သူ၏ ကြယ်တာရာ အမြုတေများထဲတွင် ရည်ရွယ်ချက် မရှိပဲ လွတ်လပ်စွာပင် ငါးများလို မြောလွင့်နေကြသည်။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် လျှို့ဝှက် သင်္ကေတများကို အဂ္ဂိရတ် ကြယ်တာရာ မျက်လုံး၏ အကူအညီ မပါပဲ တွေ့မြင်ရခြင်း ဖြစ်သည်။

သို့သော်လည်း... ၎င်းတို့က အဖြူရောင် စာမျက်နှာထက်တွင် မင်ဖြင့် ရေးသားထား သကဲ့သို့ ရှင်းလင်း လှပေသည်။ ၎င်းတို့မှာ အရေအတွက်အားဖြင့် အနည်းဆုံး သုံးခု ရှိကာ တစ်ခုနှင့် တစ်ခုမှာ ပုံပန်း သဏ္ဌာန်ချင်း၊ တည်ဆောက်ပုံချင်း ကွာခြားလှပေသည်။

သို့သော်လည်း... ဝေ့ဝူယင်ကို ပိုမို၍ အံ့အားသင့်စေသည့် အရာက အိုရီ၏ ကြယ်တာရာ အမြုတေပင် ဖြစ်သည်။ ၎င်းတို့မှာ ခုနစ်ဆယ့်သုံး စင်တီမီတာမှ ခုနစ်ဆယ့်ခြောက် စင်တီမီတာ အထိ တိုက်ရိုက် ခုန်ပေါက် ကြီးမားလာခဲ့သည်။ ဆေးတစ်လုံးတည်းကပင် သုံးစင်တီမီတာ အထိ သက်ရောက်စေခဲ့သည်။ မည်ကဲ့သို့နည်း။

ဝှစ်...

ဝှစ်...

ဝှစ်...

တစ်စုံတစ်ရာ သတိပေးချက် မရှိပါပဲ အိုရီ၊ ဧဒင်၊ ဘုရင်နှင့် ခရာတိုတို့မှာ သူ့ခန္ဓာကိုယ်ထဲမှ ခုန်ထွက် လာခဲ့၏။ ကြယ်တာရာ ဝိညာဥ် လေးခုစလုံး ခန္ဓာကိုယ် ပြင်ပသို့ တစ်ပြိုင်နက်တည်း မထွက်ခွာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်လေရာ သူ၏ ချိန်ညှိမှုက သိသိသာသာပင် လွဲချော်သွား၏။

ရုတ်ချည်းပင် စိတ်၊ နှလုံးသားနှင့် သွေးကြောများမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားသလို ခံစားလိုက်ရကာ ဝေ့ဝူယင်၏ စိတ်မှာ လျှင်မြန်စွာပင် အမှောင်ကျ လာခဲ့သည်။ ထို့နောက်... လုံဝ သတိလစ် မသွားခင် သူ နောက်ဆုံး မြင်တွေ့လိုက်ရသည်က အရာက လေထဲ၌ ရှိသည့် ဆေးလုံး ရှစ်လုံးထံ ခုန်ဝင်သွားသည့် ရောင်စုံ ဝိညာဥ် သုံးခုနှင့် ၎င်းတို့ နောက်မှ စိတ်လှုပ်ရှားသည့် အော်ဟစ်သံများနှင့် အတူ လိုက်ပါလာသည့် ပိုမို ကြီးမားသော စတုတ္ထမြောက် ဝိညာဥ်တို့ပင် ဖြစ်လေသည်။

...

တစ်နေ့ကြာမြင့်ပြီးနောက်

“အား... ကျွတ်... ကျွတ်...”

ငြီးငြူသံ တစ်ခုနှင့် အတူ ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ဖြည်းညင်းစွာ လှုပ်ရှားလာခဲ့၏။ မကြာခင်မှာပင် သူ အပြည့်အဝ ပြန်လည် နိုးထလာကာ ပင်ကိုယ် အသိစိတ်ကို ပြန်လည် ရရှိလာခဲ့သည်။ စိတ်နှင့် ကိုယ် ကပ်လျှင် ကပ်ချင်းပင် အသိစိတ် ပင်လယ် အတွင်းမှ သက်တောင့်သက်သာ ရှိသည့်လှိုင်း တစ်ခုကို သူ ခံစားလိုက်ရသည်။

ဝေ့ဝူယင် ခေါင်းကို အနည်းငယ် ထောင်လိုက်ရင်း သစ်သား ကြမ်းပြင်ထက်၌ လှဲလျောင်းနေဆဲ ဖြစ်သည့် သူ့ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သတိမလစ်ခင် အဖြစ်အပျက်များကို ပြန်လည် အမှတ်ရလိုက်သော အခိုက်၌ သူ ဖြူရော်စွာသာ ပြုံးလိုက်မိ၏၊။

အိုရီ၊ ဧဒင်၊ ဘုရင်နှင့် ခရာတိုတို့မှာ အဘယ်ကြောင့် လက်ကျန် ထုတ်ကုန်များ အပေါ် ပြိုင်ဆိုင် နေကြကြောင်း ဝေ့ဝူယင် သိပေသည်။ ခွန်အားနှင့် ရှားပါးမှုတို့ ကြောင့်ပင်။ အနာဂတ်၌ ဝေ့ဝူယင် အဂ္ဂိရတ် ထုတ်ကုန်များစွာကို ဖော်စပ်လိမ့်ဦးမှာ ဖြစ်သော်လည်း ထိုအရာက အနာဂတ်တွင်သာ ဖြစ်သည်။

လက်ရှိ သူ့တွင် ပါလာခဲ့သည့် တာရာ လျှို့ဝှက် သတ္တုရိုင်းများမှာ အကန့်အသတ်ဖြင့်သာ တည်ရှိကာ အကြမ်းဖျဥ်း ရှစ်ဆယ် ရာခိုင်နှုန်း ခန့်ကို စမ်းသပ်မှုများတွင် အသုံးပြုပြီး ဖြစ်သည်။ ထိုအထဲမှ အများစုက ကျရှုံးခဲ့ကာ သာလွန်ခြင်း အဆင့် အရည်အသွေး အစား အထွတ်အထိပ် အဆင့်တွင်သာ အဆုံးသတ် သွားခဲ့သည်။ သို့ဖြစ်လေရာ... ဝူယုဆီသို့ မပြန်နိုင်မချင်း သူ သာလွန်ခြင်း အဆင့် ထုတ်ကုန်များ ထပ်မံ ဖော်စပ်ဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။

ကြယ်တာရာ ဝိညာဥ်များမှာ တစ်ယောက်နှင့် တစ်ယောက် မကြာခဏ ဆိုသလို ယှဥ်ပြိုင်လေ့ ရှိကြသည်။ သူတို့က မိသားစု သဖွယ် ဖြစ်သည့်တိုင် သူတို့ အတွေးများက အပြစ် ကင်းစင်ကာ ရိုးရှင်းပေသည်။ ဧဒင်မှာ ပိုမို ကြီးကျယ်သော ထုတ်ကုန်များ ဖော်စပ်ရန် အတွက် ယခုထက် သာလွန်သည့် ခွန်အားကို ရရှိလိုသည်။ ခရာတိုကလည်း ယခင်ကလို ညီနောင်များထက် အားနည်းသည့် အဖြစ်မျိုးနှင့် ရင်မဆိုင်လိုချေ။ ဘုရင်ကတော့ ဘုရင် ဖြစ်နေဆဲ ဖြစ်သည်။ သူ၏ ဆေဘာက တစ်လောကလုံးနှင့် ယှဥ်ပြိုင်သည်။ အိုရီကတော့ ပျော်ဖို့ ကောင်းသဖြင့် လုယက်တမ်း ကစားခြင်း မျှသာ ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင်ကတော့ အာခေါင်များ ခြောက်ကပ်သည် အထိ ကြယ်တာရာ ဝိညာဥ်များကို ဆူလိုက်၏။ ဤသည်က သူတို့ သဘောနှင့် လုပ်ချင်တိုင်း လုပ်နေခဲ့သည့် ပထမဆုံး အကြိမ် မဟုတ်ချေ။ ထိုလုပ်ရပ်များက ဘေးမဖြစ်စေခဲ့သည့်တိုင်အောင် အလွန် အန္တရာယ်များလွန်းလှသည်။

အိုရီမှ အစ ဧဒင် အဆုံး အားလုံးမှာ ငြိမ်ကုပ် နေကြသည်။ မာန ကြီးပါသည် ဆိုသည့် ဘုရင် ပင်လျှင် ယခုတစ်ကြိမ်တွင်တော့ အမြီးကုပ် နေခဲ့သည်။

မိနစ်ပေါင်း များစွာ ကြာပြီးနောက်မှ ဝေ့ဝူယင်က စိတ်ကို လျှော့ချလိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် လောကရေလွှမ်းခြင်း ဆေးလုံးများကတော့ တက်တက်စင်အောင် ပြောင်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာနှင့် ထိုက်တန်၊ မတန် သိရအောင် သူ စိတ်မျက်လုံးကို ဖြန့်ကျက်လိုက်ရင်း သူတို့၏ တိုးတက်မှုများကို လေ့လာ လိုက်သည်။

အိုရီ၊ ဘုရင်၊ ဧဒင်နှင့် ခရာတိုတို့ လေးယောက်စလုံး၏ ကြယ်တာရာ အမြုတေများမှာ အညီအမျှပင် ခြောက်စင်တီမီတာ တိုးကြီးလာသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်က ဘုရင်၊ ဧဒင်နှင့် ခရာတိုတို့က နှစ်ခုကျစီ ယူကြချိန်တွင် ဧဒင်က တစ်ခုသာ ယူကာ ကျန်တစ်ခုကို အညီအမျှ လေးစိတ်ပိုင်းခဲ့ဟန် ရသည်။

ယခု၌ သူ၏ ကြယ်တာရာ အမြုတေများမှာ ခုနစ်ဆယ့်ကိုး စင်တီမီတာ အထိ ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုအရာက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်၏ အကန့်အသတ်ကို မရောက်သေးသည့်တိုင် အလွန် နီးစပ်နေပြီဟု ဝေ့ဝူယင် ခံစားရသည်။

သို့သော်လည်း... သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် လောကရေလွှမ်းခြင်း ဆေး၏ အကျိုးသက်ရောက်မှုက အရွယ်အစားနှင့် အရည်အသွေး တိုးမြှင့်ခြင်း တစ်ခုတည်းဟု ဝေ့ဝူယင် မထင်ချေ။ လျှို့ဝှက် စွမ်းအင်လော၊ ရည်ရွယ်ချက်လော၊ သို့မဟုတ် အမတေလော။ သူ ဖြည်းညင်းစွာပင် လောကပင်လယ်များ အတွင်းရှိ သင်္ကေတလေးများကို ကြည့်လိုက်၏။

“အဲဒီ သင်္ကေတလေးတွေက ဘာတွေလဲ မင်းတို့ သိကြလား...”

All Chapters