← Chapters

တာအိုထိပ်တိုက်တွေ့ဆုံခြင်း အပိုင်း(၄)

Vol. 63 Ch. 869

တာအိုထိပ်တိုက်တွေ့ဆုံခြင်း အပိုင်း(၄)

Vol. 63 Ch. 869

တိထျန်းက မသေဆုံးခင် ကမ္ဘာ၏ သဘာဝကြောင့် ဉာဏ်အလင်းပွင့်လာခဲ့သည်။ ကမ္ဘာက သဲမှုန်များဖြင့် ပြုလုပ်ထားသည်ဟူသော ဆိုရိုးတစ်ခုရှိသည် မဟုတ်ပါလော။ ရှေးဟောင်းဝိဇ္ဇာများက လူများ၏ အပြုအမူများသည် လူအများအပေါ် သက်ရောက်မှုရှိပြီး တချို့အရာများက ကိုယ်တိုင်ပင် မမှန်းဆနိုင်ကြောင်း ဟောပြောပို့ချခဲ့ဖူးသည်။

သူ မသေဆုံးခင် တိထျန်းက အရာများစွာကို မြင်တွေ့ခဲ့ရ၏။ သူက နက်နဲလွန်းလှသည့် မြစ်တစ်စင်းကိုပါ မြင်တွေ့ခဲ့ရသည်။ သူ့လက်ရှိအင်အားဖြင့် ထိုအရာ၏ အရွယ်အစားနှင့် ထူးခြားဆန်းကြယ်မှုတို့ကို မဖော်ပြနိုင်ပေ။

မြစ်ကြောင်းက အမြစ်မြောက်များစွာနှင့် သစ်ပင်ကြီးကဲ့သို့ မြစ်လက်တက်များစွာကို စီးဆင်းနေလေ၏။

အချိန်မြစ်ကြောင်းပဲ…

တိထျန်းက ထိုအရာကို သတိထားမိကာ တွေးလိုက်မိသည်။ အထူးသဖြင့် တစ်ဖက်လူက ထိုအရာကို အသုံးပြု၍ သူ့ကို ရင်ဆိုင်ထားခြင်း ဖြစ်၏။

ဒီမြစ်လက်တက်တွေက မြစ်ကြောင်းရဲ့ ပင်မမြစ်ကနေ ဆင်းသက်လာတဲ့ ကမ္ဘာအသီးသီးပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဝမ်ဝေ့ရဲ့ နည်းစနစ်နဲ့ ဘာများ သက်ဆိုင်နေလို့လဲ…

သူက ထိုအတွေးများတွေးမိစဉ် ဒုတိယမြောက် ပင်မမြစ်ကြောင်းတစ်ခုကို မြင်လိုက်ရ၍ အံ့အားသင့်သွားမိသည်။ ကမ္ဘာကြီးအပေါ် နားလည်ထားမှုအရ ပင်မအချိန်မြစ်ကြောင်း တစ်ခုသာ ရှိ၏။

သို့သော်လည်း သူက ဒုတိယမြောက်တစ်ခုကို မြင်လိုက်ရသည်။ ပြောရလျှင် သူက သူတို့တစ်ခုချင်းစီ ကြားတွင် ပါးလွှာသည့် အကာအရံတစ်ခုရှိထားသည့် ပင်မမြစ်ကြောင်းများစွာကို မြင်တွေ့လိုက်ရခြင်း ဖြစ်၏။ ပင်မမြစ်ကြောင်းတစ်ခုချင်းစီတွင် မြစ်လက်တက်များစွာ ပါရှိနေသည်။

“အဆုံးမဲ့ အလွှာသန်းချီ”

တိထျန်း၏ စိတ်ထဲတွင် ထိုနာမည်တစ်ခုပေါ်ထွက်လာပြီး အပြိုင် ဒိုင်မေးရှင်း၊ အပြိုင် အချိန်စက်ဝန်း၊ အသင်္ချေမူလနယ်မြေအစရှိသည့် နာမည်များစွာ ပေါ်ထွက်လာလေ၏။

ငါတို့ရဲ့ အပြုအမူတွေအားလုံးက အချိန်စက်ဝန်းတစ်ခုလုံးပေါ်မှာ သက်ရောက်မှုဖြစ်စေပြီးတော့ စကြဝဠာတစ်ခုလုံးက ငါတို့ရဲ့ အဓိကအပြောင်းအလဲထဲက တစ်ခုဆီကနေ ကွဲပြားသွားတယ်…

သူက နားလည်လိုက်၏။

အဲဒါဆိုတော့ ငါ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခဲ့တဲ့ အချိန်စက်ဝန်းရော ရှိလား။ ငါ စစ်ဆေးမှု အောင်မြင်ခဲ့တဲ့နေရာရော…

ပြီးပြည့်စုံတဲ့ လမ်းစဉ်ကို လျှောက်လှမ်းတဲ့ ငါ့ရဲ့ အိပ်မက်ကရော ဘယ်မှာ ပြည့်ဝခဲ့တာလဲ…

တိထျန်း၏ စိတ်ထဲ ထိုအတွေးများစွာ ဖြတ်ပြေးသွားပြီး စိတ်လှုပ်ရှားလာမိသည်။ အဆုံးမဲ့ တံခါးအသစ်တစ်ချပ်က သူ့အတွက် ပွင့်လာသလိုမျိုး ဖြစ်ကာ သူ့ဇနီးကို အသက်ပြန်သွင်းဖို့ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသည်။

ဝုန်း

အရာအားလုံးက အမှောင်ဖုံးလွှမ်းသွားပြီး သေဆုံးသွားခဲ့သည်။ သူ့ကိုယ်သူ ပြန်လည်အသက်ရှင်လာပြီးသည့်နောက်တွင် ဝမ်ဝေ့ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်လိုက်၏။ သူက တစ်ဖက်လူ၏ နည်းစနစ်ကို နားလည်သွားခဲ့သည်။

ဝမ်ဝေ့က အပြိုင်စကြဝဠာမှ သူ့ပုံစံကို ရယူခဲ့ပြီး ထိုဒိုင်မေးရှင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ ထိုတိုက်ကွက်က တခြားကာလံဒေသံမှ ဖြစ်နေသောကြောင့် သူက မမြင်နိုင်သလို အာရုံခံ၍လည်း မရပေ။

တစ်ခုခုတော့ မဟုတ်သေးဘူး…

တိထျန်းက သုံးသပ်လိုက်သည်။

ငါ ဉာဏ်အလင်းပွင့်ထားမှုအရဆိုရင် ဧကရာဇ်တွေက အဆုံးမဲ့အလွှာသန်းချီကို ကျော်ဖြတ်ပြီးတော့ မသွားလာနိုင်ဘူး။ အဲဒါဆိုတော့ သူက ဘယ်လိုလုပ်နိုင်ခဲ့တာလဲ။ အချိန်တာအိုအပေါ် ကျွမ်းကျင်မှုနဲ့ဆိုရင်တောင် မဖြစ်နိုင်သေးဘူး…

အခြေအနေကို သုံးသပ်နေရင်း နောက်ထပ် တိုက်ကွက်တစ်ခုက ရောက်ရှိလာခဲ့သည်။ သို့သော်လည်း တိထျန်းက သူ့အလိုလိုသိစိတ် သို့မဟုတ် အန္တရာယ်ခံစားနှုန်းအပေါ် မှီခို၍ မရကြောင်း သိထားလေ၏။

သူက ကာလံဒေသံအတက်အကျကို ခံစားမိလိုက်ပြီး တုံ့ပြန်ဖို့ ကြိုးစားလိုက်သည်။ နှမြောစရာကောင်းလှသည်က ထိုအပြုအမူသည် သူ့အား မိုက်ခရိုစက္ကန့်ပိုင်းမျှသာ အချိန်ဆွဲထားနိုင်ခဲ့၏။

ဝုန်း

တိထျန်းက ဒဏ်ရာအပြင်းအထန်ဖြင့် လွင့်စင်ထွက်သွားသည်။

ငါ သိပြီ။ သူက အချိန်တာအိုနဲ့ ကံကောင်းမှုတာအိုတို့နဲ့ အပြိုင်စကြဝဠာကို ဖန်တီးခဲ့တာပဲ…

ဝမ်ဝေ့အနေဖြင့် အသင်္ချေအင်ပါယာကမ္ဘာအတွင်း မသေမျိုးများစွာ ရှိနေသည့် အပြိုင်စကြဝဠာတစ်ခုကို ဖန်တီးဖို့ရာအတွက် ဝန်ထုပ်ဝန်ပိုး များပြားလွန်းလိမ့်မည်။ ထို့ကြောင့် သူက လက်ရှိကောင်းကင်အလိုဆန္ဒ တိုက်ပွဲသာပါဝင်သည့် စကြဝဠာတစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ ထိုစကြဝဠာမှ သူ့အပြိုင်ခန္ဓာကိုယ်သည် သူနှင့် အနည်းငယ်မျှသာ ကွဲပြားလိမ့်မည်။ နမူနာအားဖြင့် သူက တစ်ခါတစ်ရံမှ ပြုံးသော်လည်း ထိုသူက မပြုံးခြင်း သို့မဟုတ် သူက ဤစကြဝဠာအတွင်း ညာဖက်အစား ဘယ်ဖက်သို့ ကြည့်ရင်း အစရှိသဖြင့် ဖြစ်သည်။

စကြဝဠာတစ်ခုတွင် အဆုံးမဲ့ဖြစ်နိုင်ချေနှင့် အပြောင်းအလဲများစွာ ပါဝင်နေလေ၏။ ထို့ကြောင့် စကြဝဠာတစ်ခုကို ဖန်တီးဖို့ရာအတွက် သူက ထိုအပြောင်းအလဲများကို ထိန်းချုပ်ရမည်။

ဝမ်ဝေ့က သူ့ကံကောင်းမှုတာအိုမှ “ဖြစ်နိုင်ချေ လှုံ့ဆော်မှု” ကို အသုံးပြု၍ ထိုအပြိုင်စကြဝဠာမှ အပြောင်းအလဲများကို ထိန်းထားခဲ့သည်။

ထို့နောက် သူက တခြားခန္ဓာကိုယ်ကို ထိုဒိုင်မေးရှင်းမှ တိုက်ခိုက်စေလိုက်ခြင်း ဖြစ်၏။

သူ့ရဲ့ နားလည်နိုင်စွမ်းက ရုတ်တရက်တိုးမြင့်လာတာပဲ။ ဒီအရှိန်အဝါက ဗုဒ္ဓသဘာဝပဲ…

ဝမ်ဝေ့က ထပ်မံတိုက်ခိုက်လိုက်ပြီး တွေးလိုက်မိသည်။ ဤတစ်ကြိမ် သူက နှစ်ဖက်လှည့်ဖြင့် တိုက်ခိုက်လာခဲ့သည်။

ဘန်း

ဤနေရာတစ်ခုလုံးတွင် ပြည့်နှက်နေသည့် မြေဓာတ်စွမ်းအားက တိုက်ကွက်၏ နောက်ကွယ်မှ စွမ်းအားကြောင့် ဖရိုဖရဲ ဖြစ်သွားခဲ့၏။ သို့သော်လည်း ဝမ်ဝေ့က ဒိုင်းကာတစ်ခုအသွင်ရှိသည့် ဧကရာဇ်အသုံးအဆောင်သည် သူ့အား တားဆီးထားသည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။

သူက သူ့တိုက်ကွက် ကျရှုံးသွားသည်ကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်က အပြိုင်စကြဝဠာမှ တိုက်ကွက်သည်လည်း ကျရှုံးသွားခြင်း ဖြစ်၏။ တိထျန်း၏ ခေါင်းအထက် မြောလွင့်နေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့ပြီးသည့်နောက်တွင် အကြောင်းအရင်းကို နားလည်သွားခဲ့၏။

ပစ္စုပ္ပန် ဗုဒ္ဓကိုယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက လက်ရှိကိုယ် စည်းပိတ်ဖို့ စတေးခဲ့တာပဲ။ သူက အချိန်မြစ်ကြောင်းကို ဗုဒ္ဓကိုယ် သုံးခုဖြင့် စည်းပိတ်ခဲ့ပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်မှ တိုက်ကွက်များကို တားဆီးခဲ့သည်။

ဝမ်ဝေ့က သူ့အား တည်တည်ငြိမ်ငြိမ်ကြည့်ကာ လက်သီးဆုပ်လိုက်၏။ အချိန်မြစ်ကြောင်းက ခေတ္တမျှ လှုပ်ခတ်သွားလေသည်။ မြေကမ္ဘာ ဒိုင်မေးရှင်းကလည်း တုန်ခါသွားပြီး အက်ကြောင်းများစွာ ပေါ်ထွက်လာလေ၏။

ထိုအက်ကြောင်းတချို့မှတဆင့် အချိန်စွမ်းအား လှုပ်ခတ်လာကာ သူတို့သာ သတိမထားဘဲ ထိုအထဲ ဝင်ရောက်သွားပါက သက်တမ်းကြီးရင့်သွားခြင်း ကိစ္စရပ်မျိုးကို ကြုံတွေ့ရနိုင်သည်။

ဝမ်ဝေ့၏ အပြုအမူက မြေကမ္ဘာဒိုင်မေးရှင်းရှိ ကာလံဒေသံ၏ အက်ကြောင်းများကို ဖန်တီးလိုက်ခြင်း ဖြစ်ဟန်ပေါ်၏။

ဝုန်း

တိထျန်းက သွေးတစ်ပွက် အန်လိုက်ရသည်။

ဝမ်ဝေ့၏ အပြုအမူက သူ့အပြိုင်စကြဝဠာကို ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်၏။ ရလဒ်အနေဖြင့် သူ့ပစ္စုပ္ပန်ဗုဒ္ဓကိုယ်သည် အချိန်မြစ်ကြောင်းနှင့် တိုက်ကွက်တို့မှ တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရသည်။

အပျက်အစီးက ဒီလောက်တောင် နည်းပါးတယ်လား…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက တိထျန်းသည် ထိုဖရိုဖရဲ ကာလံဒေသံစွမ်းအားကို ဖြေရှင်းသည့်အခါ အဘယ်ကြောင့် နေသားကျနေမှန်း အလျင်အမြန် သုံးသပ်လိုက်၏။ ထို့ကြောင့် ပေါက်ကွဲမှုအပြီးတွင် သူတို့က ပစ္စုပ္ပန်ဗုဒ္ဓကိုယ်ကို ကုစားဖို့ပင် အသုံးပြုခဲ့သည်။

ဝမ်ဝေ့က စိန်နှင့်တူသည့် ပုတီးစေ့တစ်ခုကို ထုတ်လာလိုက်သည်။ မျက်စိဖြင့် မမြင်နိုင်သည်က ထိုပုတီးစေ့သည် သာမန်ဖန်တီးမှုတစ်ခုသာ ဖြစ်၏။

သို့သော်လည်း အားကောင်းသည့် ကျင့်ကြံသူများက ထိုအရာကို မည်သို့ဖန်ဆင်းထားကြောင်း မြင်တွေ့လိုက်ရသည်။ ဝမ်ဝေ့က မီးတောက်ဒိုင်မေးရှင်း တစ်ခုလုံးကို ထိုပုတီးစေ့အတွင်း ခေါက်ထည့်ထားခြင်း ဖြစ်၏။ ထို့အပြင် သူက ထိုပမာဏကို မကျေနပ်သည့်အလား ကာလံဒေသတာအိုကို အသုံးပြုကာ အရွယ်အစားကို ချဲ့ထွင်ခဲ့သေးသည်။

ထိုပုတီးစေ့က ဝမ်ဝေ့၏ လက်ထဲမှ ပျံသန်းထွက်လာပြီး တစ်ဖက်လူဆီ ပြေးဝင်သွားလေ၏။

တိထျန်းက ထိုအရာ သူဆီ ချဉ်းကပ်လာသည်ကို မြင်သည့်အခါ ကျိန်ဆဲလုမတတ်ဖြစ်သွားခဲ့သည်။ သူက ထိုအရာကို မည်သို့ ဖန်ဆင်းထားကြောင်း မြင်တွေ့ထားပြီး အထဲတွင် ပါရှိနေသည့် စွမ်းအားအကြောင်းလည်း သိထားလေသည်။

ထိုပုတီးစေ့အတွင်းရှိ လက်ရှိအရွယ်အစားက အသင်္ချေအင်ပါယာကမ္ဘာနှင့်ပင် ယှဉ်နိုင်လေ၏။ ထိုအရာက အသက်ဓာတ် မရှိ၊ စွမ်းအင်နှင့် စည်းမျဉ်းများ မရှိသည့် ဗလာကျင်းနေသည့် လေဟာနယ်တစ်ခု ဖြစ်သော်လည်း အရွယ်အစား ကြီးမားမှုကြောင့် သူ့ကို ထိခိုက်မှုများစွာ ဖြစ်သွားစေနိုင်သည်။

သူ့ ပထမဆုံး အလိုလိုသိစိတ်က ရှောင်ရှားဖို့ ဖြစ်၏။ သို့သော်လည်း ထိုပုတီးစေ့က သူ့ကိုယ်ပိုင်မြေဆွဲအားနှင့် ပတ်ဝန်းကျင် ကာလံဒေသံကို တားဆီးဖို့ စွမ်းရည်ရှိဟန်ပေါ်သည်။

သတ္တမလက်သီး - အရာအားလုံးက ပြန်လည်ဝင်စားရမယ်

စကြဝဠာတွင် မည်သည့်အရာကမှ ပြန်လည်ဝင်စားခြင်းကို မတားဆီးနိုင်ပေ။ အသင်္ချေအင်ပါယာကမ္ဘာကပင် တစ်ရက်ကျ ပြန်လည်ဝင်စားခြင်းကို ကျော်ဖြတ်ရမည် ဖြစ်၏။ သေခြင်းနှင့် ရှင်ခြင်းကို ကျော်လွန်ထားသည့် မဟာဧကရာဇ်များကသာ ပြန်လည်ဝင်စားခြင်းအကြောင်း စိုးရိမ်စရာ မလိုသင့်ပေ။

သို့သော်လည်း အမှန်တရားနှင့် ကွဲပြားနေလေ၏။ စံပြများအပါအဝင် ဧကရာဇ်များသည်လည်း မသေမျိုးများ ဖြစ်သော်လည်း ထာဝရတည်ရှိကြခြင်း မဟုတ်ပေ။ သေခြင်းတရားက သူတို့အတွက် နောက်ထပ်ကွဲပြားသည့် ကဏ္ဍတစ်ခုသာ ဖြစ်နေ၏။ ထို့အပြင် ပြန်လည်ဝင်စားခြင်းက ရိုးရှင်းသည့် သေခြင်းရှင်ခြင်း သဘောတရားမျှသာ မဟုတ်ပေ။

ပြန်လည်ဝင်စားခြင်း သဘောတရား၏ ဗဟိုအနှစ်သာရက ကမ္ဘာ၏ အတက်အကျ၊ မြင့်ခြင်းမှ နိမ့်ခြင်း အပြောင်းအလဲများနှင့် ထပ်ခါထပ်ခါဖြစ်နေသည့် သံသရာစက်ဝန်းတို့ ပါဝင်သည်။ ကောင်းကင်ရွေးချယ်ခံတစ်ယောက်က အင်မတန် ကံကောင်းကာ ကံအပြောင်းအလဲ အခွင့်အရေးများကို တွေ့ကြုံနိုင်သည်။ သို့သော်လည်း နောက်တစ်ရက်တွင် သူတို့က ကပ်ဘေးကို ကြုံတွေ့ကာ သေဆုံးသွားနိုင်၏။

ဤသို့သော အပြုအမူမျိုးက သူတို့၏ ကံဆိုးခြင်း တန်ပြန်သက်ရောက်မှု၏ ပြယုဂ်သာ ဖြစ်၏။ သို့သော်လည်း ထိုအရာက သူတို့၏ ကံကြမ္မာ အမြင့်ဆုံးအနေအထားမှ အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိသွားပြီး ပြန်လည်ဝင်စားသည့် ဖြစ်စဉ်တစ်မျိုးလည်း ဖြစ်ပေသည်။ အကယ်၍ ကောင်းကင်ရွေးချယ်ခံက ထိုကပ်ဘေးတွင် ရှင်သန်ခဲ့ပါက သူတို့သည် ပြန်လည်ဝင်စားခြင်း တစ်ကြိမ် အသက်ရှင်သန်ခဲ့သည်ဟု ဆိုရမည်ဖြစ်ကာ သူတို့၏ ကံကောင်းမှုက သာမန်အခြေအနေသို့ ပြန်ရောက်ရှိသွားလိမ့်မည်။

ပြန်လည်ဝင်စားခြင်း၏ ထိုအတွေးအခေါ်ကို အသုံးပြုကာ တိထျန်း၏ နည်းစနစ်က ထိုပုတီးစေ့ကို တိုက်ခိုက်လိုက်၏။ သူ့အဓိကရည်ရွယ်ချက်က ပုတီးစေ့အတွင်းမှ ဒိုင်မေးရှင်းကို သူ့ဆီ မရောက်ခင် သေဆုံးသွားပြီး ပြန်လည်ဝင်စားခြင်းဆီ ကျရောက်သွားစေဖို့ ဖြစ်သည်။

နှမြောစရာကောင်းလှသည်က သူက မှားယွင်းစွာ တွက်ချက်ခဲ့မိ၏။

ဝမ်ဝေ့က သူ့လှုပ်ရှားမှုကို မှန်းဆထားပြီးသားဖြစ်ကာ သူ အသုံးပြုသည့် ပြန်လည်ဝင်စားခြင်း စွမ်းအားကို စုပ်ယူပစ်ခဲ့သည်။ ထိုအစား သူက မီးတောက်ဒိုင်မေးရှင်းအထဲတွင် ငရဲကမ္ဘာကို ဖန်တီးကာ ပိုမိုရှုပ်ထွေးအောင် ပြုလုပ်ထားခဲ့၏။

ကျစ်…

တိထျန်းက ကျိန်ဆဲလိုက်ပြီး ထိုပုတီးစေ့နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။ သူက သူ့ခန္ဓာကိုယ်မှ ခွန်အား အားလုံးကို အသက်သွင်းကာ ကောင်းကင်လမ်းစဉ်မှ အားအကောင်းဆုံး သက်ရှိဖြင့် သူ့ကိုယ်သူ ကောင်းချီးပေးလိုက်သည်။

ဘန်း

ထိုထိပ်တိုက်တွေ့ဆုံမှုမှ တုန်ခါလှိုင်းများသည် လက်ရှိနေရာကို မဖော်ပြနိုင်လောက်အောင် အပျက်အစီး ဖြစ်စေခဲ့သည်။ ယခုအခါ ပြိုလဲလုနီးပါး ဖြစ်နေလေ၏။ သို့သော်လည်း မည်သူကမှ ထိုအရေးမပါသည့် ကိစ္စကို အရေးမစိုက်ကြပေ။

တိထျန်းက သူ့လက်မောင်းသည် ထိုထိပ်တိုက်တွေ့ဆုံမှုမှ ကျိုးသွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူက အာရုံစူးစိုက်နေဆဲဖြစ်ကာ သူ့အစီအစဉ်ကို ဖော်ဆောင်လိုက်၏။ သူက တိုက်ကွက်ကို အသုံးပြုကာ ပုတီးစေ့အတွင်း အာကာပြင်လမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့သည်။

ထိုအတွင်းသို့ ဝင်ရောက်ပြီးသည့်နောက် အထဲမှ ဖြိုခွဲပစ်ဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။

တိထျန်းက မြန်ဆန်ကာ ရက်စက်လှပြီး သူ့ကြွက်သားများကို အသုံးပြုကာ ဒိုင်မေးရှင်းကို တတ်နိုင်သမျှ မြန်မြန်ဖျက်ဆီးပစ်ခဲ့သည်။

ထို့ကြောင့် ဝမ်ဝေ့၏ စွမ်းရည်ဖြင့်ပင် သူက တိထျန်း ပြုလုပ်ထားသည့် အပျက်အစီးများကို မမွမ်းမံနိုင်ခဲ့ပေ။ ထို့ကြောင့် သူ ပုံမှန် လုပ်ခဲ့သလိုမျိုး ဖောက်ခွဲပစ်လိုက်၏။ သူ့အတွက် ကံဆိုးသွားသည်က တိထျန်းက ထိုအရာကို မှန်းဆထားပြီးသား ဖြစ်နေသည်။

ထို့ကြောင့် သူသည် ကြိုတင်ကာကွယ်ထားခဲ့ပြီး ပေါက်ကွဲမှုအပြီးတွင် အကောင်းအတိုင်း ကျန်ရှိနေဆဲ ဖြစ်၏။

ဝမ်ဝေ့က သူ့ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်လိုက်၏။

ထို့နောက် သူ၏ ချောမောလှသည့် မျက်နှာအထက်တွင် ကြက်သီးထဖွယ် အပြုံးမျိုး ပေါ်ထွက်လာ၍ တိထျန်းက နှလုံးခုန်တစ်ချက် မြန်သွားမိသည်။

All Chapters