← Chapters

တာအိုထိပ်တိုက်တွေ့ဆုံမှု အပိုင်း(၇)

Vol. 63 Ch. 872

တာအိုထိပ်တိုက်တွေ့ဆုံမှု အပိုင်း(၇)

Vol. 63 Ch. 872

“မိုးမြေနဲ့ ရင်ဆိုင်တိုက်ခိုက်မှာလား။ သူတို့ရဲ့ ကံကြမ္မာကို ဆန့်ကျင်မှာလား” တိထျန်းက လှောင်ပြောင်ကာ ပြောလိုက်သည်။

“လူအများစုက မွေးဖွားလာကတည်းက တစ်ခါတည်း ဘဝကို ဆုံးဖြတ်ပေးပြီးသားပဲ။ သူတို့က ရုပ်သေးရုပ်အဖြစ် အဆုံးသတ်ဖို့ ကံကြမ္မာဖန်လာပြီးသားပဲ”

သူက ထိုးနှက်ချက်ပေးဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သူ့စကားဖြင့် ဝမ်ဝေ့ ဖန်တီးထားသည့် လူအားလုံး၏ ကံကြမ္မာနှင့် ကြမ္မာအပေါ် ထိန်းချုပ်နိုင်သည့် ကံကြမ္မာမြစ်ကြောင်းနှင့် တူသည့်အရာကို ဖန်ဆင်းခဲ့၏။

ရလဒ်အနေဖြင့် သူတို့၏ ကမ္ဘာပျက်သုဉ်းမှုကို ကာကွယ်ဖို့အတွက် တိုက်ခိုက်လိုကြသည့် လူ ၉၉ရာခိုင်နှုန်းက ရပ်တန့်သွားကြပြီး သူတို့၏ ရောက်ရှိလာသည့် ပျက်သုဉ်းမှုကို လက်ခံလိုက်ကြသည်။ ကျန်ရှိနေသည့် တစ်ရာခိုင်နှုန်းကမူ ဆုံးဖြတ်ချက် ပြတ်သားပြီး ထိုအဆုံးသတ်ကို လက်ခံဖို့ ငြင်းဆန်ကြလေ၏။

နှမြောစရာကောင်းလှသည်က ထိုသို့သော အပြောင်းအလဲသည် ကမ္ဘာ၏ အပျက်အစီးကို အရှိန်မြှင့်တင်ပေးခဲ့သည်။ ဝမ်ဝေ့က ထိုအရာအားလုံးကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ ကြည့်နေပြီး တိတ်တဆိတ် ခေါင်းခါလိုက်သည်။

အကယ်၍ သူသာ ပိုမိုအားကောင်းပါက ကျင့်ကြံသူများကို ဖန်တီးကာ ရောက်ရှိလာသည့် ကံကြမ္မာကို ရင်ဆိုင်ဖို့ လူများစွာကို ကူညီပေးနိုင်လိမ့်မည်။ ကံဆိုးစွာဖြင့် သူ့လက်ရှိ စွမ်းရည်က အသက်များကိုသာ ဖန်တီးနိုင်ပြီး ဝိညာဉ်စွမ်းအားနှင့် ကျင့်ကြံရေးကို ခွင့်ပြုပေးထားသည့် စည်းမျဉ်းများ ရှိနေသည့် ကမ္ဘာတစ်ခုကို မဖန်တီးနိုင်သေးပေ။

မည်သို့ပင်ဆိုစေကာမူ ထိုလူများက သူတို့၏ ကံကြမ္မာက လွတ်မြောက်ဖို့ ရုန်းကန်ကြိုးစားနေကြခြင်း၊ အများစုက ထိုလမ်းကြောင်းကို စွန့်ပယ်ကာ တချို့ကသာ ဆက်လက် လုပ်ဆောင်နေကြသည်ကို ကြည့်နေရင်း သူ့ကံကြမ္မာတာအိုအပေါ် နားလည်နိုင်စွမ်းက တိုးပွားလာခဲ့သည်။

ထို့အပြင် သူက သူ့အသက်ကို ကယ်တင်ဖို့ အချိန်လုံလုံလောက်လောက် ဆွဲထားပြီဖြစ်ကာ အောင်မြင်သွားခဲ့၏။ သူက လက်ကို ဝှေ့ကာ ယင်ယန်ထိုက်ချိသင်္ကေတကို ပုံဖော်လိုက်သည်။

ထိုသင်္ကေတပေါ်ထွက်လာသည့်အခါ ပိုမိုရှုပ်ထွေးသည့်အရာတစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့၏။

“ယင်ယန်(ထိုက်ချိ)က ဝူကျိအဖြစ် ဆင့်ကဲပြောင်းလဲသွားတာပဲ” တိထျန်းက ရေရွတ်လိုက်၏။

သူက ကျန်းယွီချန်းနှင့် ဘုန်းကြီးဝူကျစ်တို့၏ တိုက်ပွဲကိုကြည့်ရှုပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်၏ ဗလာနတ္ထိသဘောတရားအပေါ် ဝူကျိ နားလည်နိုင်စွမ်း၏ အကျိုးအမြတ်အကြောင်း သင်ယူခဲ့နိုင်သည့်အတွက် ယင်ယန်စည်းမျဉ်းကို လိုအပ်လာသည့်အခါ ဝူကျိအဖြစ် ပြောင်းလဲလုပ်ဆောင်နိုင်သည်။

ထို့ကြောင့် ဤတိုက်ပွဲအတွင်း သူက ဝူကျိကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို ကမ္ဘာဦးဟွင်သွမ်း၏ ဂုဏ်သတ္တိတစ်ခုဖြစ်သည့် အဆုံးမဲ့ဖြင့် ပေါင်းစည်းလိုက်၏။ သူ့ခန္ဓာကိုယ်က ထိုဂုဏ်သတ္တိကို ရရှိလာသည်နှင့် ထိုကမ္ဘာ၏ ပျက်သုဉ်းမှုကို ဂရုမစိုက်တော့ပေ။

ကမ္ဘာဦးဟွင်သွမ်း၏ စွမ်းအားက သူ့ကို မသုတ်သင်နိုင်တော့ပေ။

တိထျန်းကလည်း ထိုအရာကို သိထားလေ၏။ ထို့ကြောင့် သူက ကွဲပြားသည့် ချဉ်းကပ်မှုကို ရွေးချယ်ခဲ့သည်။ သူ ဖန်တီးထားသည့် ကမ္ဘာဦးဟွင်သွမ်းကို တခြားတစ်ခုအဖြစ် ပုံစံပြောင်းလိုက်၏။

ရေဒိုင်မေးရှင်း၏ ကောင်းကင်အထက်တွင် ရွှေရောင်မြစ်ကြောင်းတစ်ခုပေါ်ထွက်လာကာ အမည်မသိ ခက်ထန်သည့် အငွေ့အသက်တစ်ခု ထုတ်လွှတ်လာခဲ့သည်။

ဝမ်ဝေ့က ထိုမြစ်ကြောင်းကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်၏။

“လွတ်လပ်မှု မြစ်ကြောင်း” သူက တိထျန်း၏ အစီအစဉ်ကို သိထားသည့်အလား မှတ်ချက်ပေးလိုက်သည်။ သူက သူ့ကံကြမ္မာတာအို၏ သဘာဝရန်သူဖြစ်သည့် လွတ်လပ်မှုမြစ်ကြောင်းကို ဖန်တီးဖို့ရာ ကံကြမ္မာမြစ်ကြောင်း၏ ပုံစံကို အတုခိုးခဲ့လေသည်။

“နှမြောစရာကောင်းတာက မင်း မှားသွားပြီ”

ဝမ်ဝေ့က လက်ကို မြှောက်ကာ ကံကြမ္မာမြစ်ကြောင်းကို ထုတ်ဖော်လိုက်ပြီး ကြိုးမျှင်များစွာက ထိုရွှေရောင်မြစ်ကြောင်းအတွင်း ဝင်ရောက်သွားခဲ့သည်။

ဖူး

တိထျန်းက သွေးတစ်ပွက် အန်လိုက်ရ၏။

ဝမ်ဝေ့က သူ့လွတ်လပ်မှုမြစ်ကြောင်းကို ချက်ချင်းဆိုသလို ထိန်းချုပ်လိုက်၍ တန်ပြန်သက်ရောက်မှုကို ဖြစ်လာစေသည်။

ထို့နောက် ဝမ်ဝေ့က ပါးစပ်ဟကာ ထိုမြစ်ကြောင်းကို ဝါးမျိုပစ်လိုက်၏။ လျှို့ဝှက်ဆန်းကြယ်သည့် စည်းချက် သို့မဟုတ် တာအိုစည်းချက်များက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာကာ သူ့အတုအယောင် သို့မဟုတ် မပြီးပြည့်စုံသေးသည့် တာအိုခန္ဓာကိုယ်က ပိုမို ပြီးပြည့်စုံလာခဲ့သည်။ သူက ကောင်းကင်ဘုံဗိမာန်ကမ္ဘာမှ ကံကြမ္မာမြစ်ကြောင်းကို စုပ်ယူခဲ့ဖူး၏။ ယခု ထိုလွတ်လပ်မှုမြစ်ကြောင်းဖြင့် သူ့အခြေခံအုတ်မြစ်က ပိုမိုနက်ရှိုင်းလာခဲ့သည်။

သူ့အင်အားက သိသိသာသာ တိုးပွားသွားခြင်း မဟုတ်သော်လည်း သူ့အနာဂတ်အလားအလာက သိသိသာသာ တိုးမြင့်သွားခဲ့သည်။

တိထျန်းက ပါးစပ်ထောင့်မှ သွေးကို သုတ်ကာ ဒေါသကို ထိန်းချုပ်ထားလိုက်ရသည်။ တစ်ဖက်ရန်သူက ကိုယ့်စွမ်းရည်ဖြင့် သူတို့၏ အင်အားကို တိုးပွားအောင် လုပ်သည်လောက် ဒေါသထွက်စရာ မရှိပေ။ သို့သော်လည်း သူက ဉာဏ်ကောင်းသူ ဖြစ်ပေသည်။ ထို့ကြောင့် ထိုအတွေ့အကြုံပြီးသည့်နောက်တွင် သူက အတွေးတစ်ခု ရှိလာခဲ့၏။

ဝမ်ဝေ့က သူ့တာအိုခန္ဓာကိုယ်နှင့် အခြေခံအုတ်မြစ်ကို ပြီးပြည့်စုံအောင် ထိုနည်းလမ်းကို အသုံးပြုနိုင်သည့်အတွက် သူကလည်း ထိုသူ၏ ခြေလှမ်းအတိုင်း လိုက်လုပ်နိုင်သည်။

ဤတိုက်ပွဲအပြီးတွင် သူက သံသရာမြစ်လက်တက် တစ်ခုအတွင်းသို့ ဝင်ရောက်ကာ သူ့တာအိုခန္ဓာကိုယ်ကို အားဖြည့်နိုင်သည်။

ကောင်းကင်တာအို မျက်လုံး

တိထျန်းက နဖူးအထက်တွင် တတိယမျက်လုံးတစ်ခု ပေါ်ထွက်လာလေ၏။ ထို့နောက် ချက်ချင်းဆိုသလို သူ့သဘောထားက ပြောင်းလဲသွားကာ အေးစက်ကာ မထူးမခြားနားဖြင့် စွမ်းအားကြီးလာလေသည်။

သူ့မျက်ဝန်းက မိုးမြေကြားရှိ အမှန်တရားနှင့် လျှို့ဝှက်ဆန်းကြယ်မှုအားလုံးကို ထိုးဖောက်မြင်နိုင်ဟန်ပေါ်၏။ တိထျန်းက ဗဟုသုတသည် စွမ်းအားဖြစ်သည်ဟူသော ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။

ဝမ်ဝေ့က အလေးအနက် ဖြစ်လာခဲ့၏။ သူက သတင်းအချက်အလက် သို့မဟုတ် ဗဟုသုတ၏ အရေးပါပုံကို သိထားလေသည်။ ကောင်းကင်ဘုံတာအိုက အထွတ်အထိပ် တားမြစ်ခံတာအိုငါးခုအနက် အသုံးမဝင်ဆုံးနှင့် အားအနည်းဆုံးဟု ထင်ရသော်လည်း အမှန်တရားနှင့် ဝေးကွာနေကြောင်း သိလေသည်။

“ဗဟုသုတက စွမ်းအားပဲ” ထိုအရာက ဆိုရိုးတစ်ခုမျှသာ မဟုတ်ပေ။ အကယ်၍ သေမျိုးတစ်ယောက်က စကြဝဠာ၏ ဗဟုသုတအားလုံးကို ရှိထားပါက သူတို့သည် စံပြတစ်ယောက်၏ သေဆုံးမှုကိုပင် အလွယ်တကူ ကြံစည်နိုင်လိမ့်မည်။

အထွတ်အထိပ် တားမြစ်ခံတာအိုက တာအိုအားလုံးအထက် ရပ်တည်နေနိုင်သည်မှာ တခြားတာအိုများအပေါ် သက်ရောက်မှုရှိဖို့ လွယ်ကူနေ၍ ဖြစ်သည်။

အဆင့်မြင့်ဟွင်သွမ်းက တာအိုအားလုံး၏ ပြယုဂ်တစ်ခုဖြစ်ပြီး ကံကြမ္မာက တာအိုအားလုံးကို ထိန်းချုပ်နိုင်သလို ဖန်ဆင်းခြင်းတာအိုက တာအိုအားလုံးကို ဖန်ဆင်းနိုင်ပြီး ဖျက်ဆီးခြင်းတာအိုက တာအိုအားလုံးကို ဖျက်ဆီးပစ်နိုင်ကာ ကောင်းကင်ဘုံတာအိုက တာအိုအားလုံးနှင့် ပတ်သက်ပြီး တစ်စုံတစ်ယောက်ကို သိခွင့်ပြုထားသည်။

နမူနာအနေဖြင့် တစ်စုံတစ်ယောက်က ကောင်းကင်ဘုံတာအိုကို ကျင့်ကြံပြီး လူတစ်ယောက်အကြောင်း အသေးစိတ်သိနေပါက ထိုသူ၏ ကံကြမ္မာကို သိနေသည်နှင့် အတူတူသာ ဖြစ်၏။

ဝမ်ဝေ့ ကမ္ဘာမြေတွင် ဖတ်ဖူးသည့် တချို့သော ဝတ္ထုများထဲတွင် တချို့ဇာတ်လိုက်များက စကြဝဠာ၏ အပြောင်းအလဲအားလုံးကို တွက်ချက်နိုင်သည့် ကွမ်တန်ကွန်ပျူတာတစ်လုံးကို အသုံးပြု၍ ကံကြမ္မာတာအိုကို ထိန်းချုပ်ခဲ့ပြီး တည်ရှိမှုရှိ အရာအားလုံး၏ ကံကြမ္မာကို သိခဲ့ကြသည်။

ထို့ကြောင့် သူက ကောင်းကင်ဘုံတာအို၏ ထိတ်လန့်စရာ ကောင်းမှုကို သိနေလေ၏။

ဝမ်ဝေ့က တိထျန်း ဘာလုပ်ချင်မှန်း သိပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို တုံ့ပြန်လိုက်သည်။

အစီအစဉ်ကျမှု အမိန့်မှာတမ်း - ငါ့သတင်းအချက်တွေအကုန်လုံးကို ဝှက်ထားရမယ်။

အစီအစဉ်မကျမှု အမိန့်မှာတမ်း - တန်ကြေးအနေနဲ့ ငါကသက်ဆိုင်တဲ့ ဝိညာဉ်စွမ်းအားကို ဆုံးရှုံးသွားလိမ့်မယ်။

ဝမ်ဝေ့က အစီအစဉ်ကျမှု - မကျမှုတာအိုကို အသုံးပြုလိုက်သည်နှင့် တိထျန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ကောင်းကင်ဘုံတာအို အသုံးပြုသည့် ရည်ရွယ်ချက်က တစ်ဖက်လူကို ဗဟုသုတမှတဆင့် မည်သို့ အနိုင်ပိုင်းနိုင်ကြောင်း သိလို၍ ဖြစ်သည်။ သို့သော်လည်း ကိစ္စများက မစခင်ကတည်းက ကျရှုံးသွားဟန်ပေါ်၏။

သူ့ကောင်းကင်တာအိုမျက်လုံးဖြင့် ဝမ်ဝေ့ အသုံးပြုသည့် အစီအစဉ်ကျမှု - မကျမှု စည်းမျဉ်းများကို မြင်လိုက်ရသည်။ သူက ထိုအတားအဆီးများကို ဖယ်ရှားဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။ အကြောင်းမှာ တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအားက အဆုံးမဲ့ဟု ခေါ်ရလောက်အောင် ကျယ်ပြန့်လွန်းလှ၏။

သူက ထိုအဆုံးမဲ့ဝိညာဉ်စွမ်းအား၏ အရင်းအမြစ်နှင့် ဆက်နွယ်နေဟန်ပေါ်သည်။ ထိုအရင်းအမြစ်တွင် စည်းတံဆိပ်တစ်ခု ရှိနေသော်လည်း ဝမ်ဝေ့က မဖယ်ရှားလို၍သာ ဖြစ်၏။

တိထျန်းက ထိုကိစ္စကို အာရုံမစိုက်တော့ဘဲ ဘေးပတ်လည်ကို ကြည့်ကာ သူ သိထားသည့် သတင်းအချက်အလက်များကို တွက်ဆလိုက်သည်။

ဤအချိန်တိုလေးအတွင်း သူက ဤတိုက်ပွဲအတွင်း သူ့ကို ကူညီပေးနိုင်သည့် နောက်ထပ် နည်းဗျူဟာတစ်ခုကို ဖန်တီးခဲ့၏။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အလွန်ရှုပ်ထွေးသည့် အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

ထို့နောက် ထိုအစီအရင်မှ ဝမ်ဝေ့ဆီ ဧရာမလက်ဝါးကြီးတစ်ခု ကျရောက်လာလေသည်။

ဤတိုက်ပွဲစတင်ကတည်းက ပထမဦးဆုံးအကြိမ်အနေဖြင့် သေခြင်းတရား ချဉ်းကပ်လာသလို ခံစားလိုက်ရ၏။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ သူ့ကိုယ်သူ ကာကွယ်ဖို့ နည်းလမ်းအားလုံးကို အသုံးပြုလိုက်သည်။

သူက တာအိုသက်သေပြပစ္စည်းကို ဆင့်ခေါ်လိုက်ပြီး ထုံရို့ပင်း၏ အသုံးအဆောင်ပစ္စည်းကို ပုံတူပွားကာ ထိုအရာကို ကျောက်မျက်အဖြစ် ပြောင်းလဲပြီး သူ့စွမ်းဆောင်ရည်အားလုံးကို မြှင့်တင်လိုက်သည်။

ယင်ယန်ဒိုင်းကာ - တိုက်ကွက်ရဲ့ စွမ်းအားအများစုကို လမ်းကြောင်းလွှဲပေးပြီးတော့ အဖျက်စွမ်းအားကနေ ကုသရေးစွမ်းအားအဖြစ်ပြောင်းလဲဖို့

ဓာတ်ငါးပါးဒိုင်းကာ - ယင်ယန်က ဓာတ်ငါးပါးအဖြစ် ပြောင်းလဲနိုင်ပြီးတော့ သူ့ခန္ဓာကိုယ်က ဓာတ်ငါးပါးနဲ့ မျှခြေညီတယ်။ အဲဒါဆိုတော့ သူက ဒီဒိုင်းကာ အလွှာနဲ့ ဒီတိုက်ကွက်ကို တားဆီးနိုင်ရမယ်

ဝူကျိဒိုင်းကာ

အဆုံးမဲ့သဘောတရားကို အသုံးပြုပြီး ထိုတိုက်ကွက်ကို ဝါးမျိုဖို့၊ တိုက်ကွက်က သူ့ဆီ ရောက်မလာခင် အဆုံးမဲ့ကို ဖြတ်ကျော်ရမည်။

သို့သော်လည်း ဝမ်ဝေ့က မပြီးဆုံးသေးပေ။

အဆုံးမဲ့လေဟာနယ်

သူက အချိန်မြှင့်တင်ရေး ဒိုင်းကာတစ်ခုကို အသုံးပြု၍ နောက်ထပ် အဆုံးမဲ့အလွှာတစ်ခုကို ထည့်သွင်းခဲ့၏။ ထိုတိုက်ကွက်က အချိန်မြှင့်တင်ရေးထဲ ပိုင်နက်တစ်ခုကို ဖြတ်ကျော်လာရမည်ဖြစ်ကာ သူနှင့် ထိုတိုက်ကွက်ကြားတွင် နှစ်သန်းချီကြာ ကျော်ဖြတ်လာရမည်။

ဝမ်ဝေ့က သူသည် အတိတ်ဘဝမှ ထိုနည်းစနစ်အပေါ် ကူးယူခဲ့ရခြင်းအပေါ် မျက်နှာပူခြင်း မရှိပေ။

အချိန်မြှင့်တင်ရေးဒိုင်းကာ

ထိုတိုက်ကွက်က အချိန်မြှင့်တင်ရေးပိုင်နက်ကို ဖြတ်ကျော်လာရမည်ဖြစ်ပြီး သူ့ဆီ မရောက်ရှိခင် နှစ်သန်းချီကြာ ကြာမြင့်လိမ့်မည်။ ထိုကြာမြင့်ပြီးသည့်နောက်တွင် တိုက်ကွက်၏ စွမ်းအားအများစုက အချိန်ကြာလာသည်နှင့်အမျှ ပျက်သုဉ်းသွားလိမ့်မည်။

သေဆုံးမှုဒိုင်းကာ

ထိုတိုက်ကွက်က ပစ်မှတ်သို့ မရောက်ခင် သေဆုံးသွားလိမ့်မည်။

ရှင်သန်မှုဒိုင်းကာ

ထိုတိုက်ကွက်က ထိုဒိုင်းကာကို ကျော်ဖြတ်လာသည်နှင့် သူ့ကို ကုသပေးမည့် ရှင်သန်မှုစွမ်းအားအဖြစ် ပြောင်းလဲသွားလိမ့်မည်။

ကံဆက်နွယ်မှု ဒိုင်းကာ

သူက သူနှင့် ကံအရ ဆက်နွယ်နေသည့် လူတစ်ယောက်ကို သူ့အတွက် တိုက်ကွက်ကို အစားခံပေးအောင် ရွေးချယ်နိုင်သည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့ဘိုးဘေး ဓားအရှင်ကို ရွေးချယ်ခဲ့၏။ သူမက စိတ်ထဲ မထားမည်ကို သိနေသည်။

ကံကောင်းမှု ဒိုင်းကာ

ထိုတိုက်ကွက်က မအောင်မြင်ခဲ့သည် သို့မဟုတ် လိုချင်သလောက် အားမနည်းခဲ့လျှင် အခြေအနေအတွက် ဤဒိုင်းကာကို ဖြတ်လာပြီးသည့်နောက်တွင် လိုအပ်သည့်အရာဖြစ်လာစေဖို့ ဖြစ်သည်။

ကံကြမ္မာနှင့် ကြမ္မာဒိုင်းကာ

ဤဒိုင်းကာက ဝမ်ဝေ့ကိုယ်တိုင်အပေါ် သက်ရောက်မှုရှိပြီး ထိုအရာက သူ့အား ဤထိပ်တိုက်တွေ့ဆုံမှုတွင် အသက်ရှင်အောင် ကံကြမ္မာနှင့် ကြမ္မာတို့ဖြင့် ကောင်းချီးပေးထားခြင်း ဖြစ်၏။

လွတ်လပ်မှု ဒိုင်းကာ

နောက်ထပ် ဒိုင်းကာတစ်ခုကလည်း သူ့ကိုယ်သူ ကောင်းချီးပေးလိုက်သည်။ သူက သေဆုံးမှု၊ ဒဏ်ရာနှင့် တိုက်ကွက်တို့မှ လွတ်မြောက်အောင် ကောင်းချီးပေးလိုက်ခြင်း ဖြစ်၏။

နောက်ဆုံးသော ကာကွယ်ရေးအလွှာအနေဖြင့် သူက ဝိညာဉ်ဒိုင်းကာ၊ အစီအရင်ဒိုင်းကာ၊ အဆောင်ဒိုင်းကာနှင့် ခုခံမှုကို အားဖြည့်ပေးသည့် ဆေးလုံး၊ ပြန်လည်ကောင်းမွန်နိုင်စွမ်းကို အားဖြည့်ပေးနိုင်သည့် ဆေးလုံးနှင့် အသက်ကယ်ရေး နည်းလမ်းအမျိုးမျိုးကို ထည့်သွင်းခဲ့သည်။

ဝုန်း

ဧရာမလက်ဝါးကြီးက ဝမ်ဝေ့က မျိုးစုံ ကာကွယ်ထားခဲ့သော်လည်း ထိုဧရာမလက်ဝါးကြီးက သူ့အပေါ် ကျရောက်လာဆဲ ဖြစ်၏။ ထိုအရာမှ ထုတ်လွှတ်နေသည့် စွမ်းအားက ကြီးမားလွန်းပြီး ရေနှင့် သစ်သားဒိုင်မေးရှင်းကို ပျက်သုဉ်းသွားစေကာ တိထျန်းက ယင်ဒိုင်မေးရှင်းတွင် ရပ်နေလျက်ရှိသည်။

ဤသို့သော စွမ်းအားမျိုးက သူ့ကိုယ်ပိုင်စွမ်းအား ရောက်ရှိနေသည်ထက် ကျော်လွန်နေပြီး တိုက်ပွဲကို ကြည့်ရှုနေသည့် ကြည့်ရှုသူအားလုံးကိုပင် အံ့အားသင့်သွားစေသည်။ အားလုံးက ဤကောင်းကင်အလိုဆန္ဒတိုက်ပွဲသည် ဒဏ္ဍာရီလာ ဖြစ်မည်မှန်း သိထားသော်လည်း ဤမျှအဆင့်အထိ ရောက်လိမ့်မည်ဟု ထင်မထားမိခဲ့ပေ။

All Chapters