ကလိမ်ကျခြင်း
Vol. 63 Ch. 873
ဖုန်မှုန့်များ ငြိမ်သွားသည့်အခါ ဝမ်ဝေ့က ယခင်တိုက်ကွက်၏ အလယ်တွင် ပေါ်ထွက်လာ၏။ သူ့ခန္ဓာကိုယ်က ဆိုးဆိုးရွားရွားအခြေအနေတွင် ရှိနေပြီး အပေါ်ပိုင်းခန္ဓာကိုယ်သာ ကျန်ရှိတော့ကာ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများမှ သွေးများ စီးကျနေ၏။
သူ့ဝိညာဉ်အထိ ထိခိုက်သွားသော်လည်း ဤတိုက်ကွက်တွင် အသက်ရှင်သန်ခဲ့သည့်အတွက် ဂရုမစိုက်ပေ။
သတင်းကောင်းက ငါ သူ့တာအိုဆန္ဒနဲ့ စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းကို ငါ့ခန္ဓာကိုယ်ထဲ မရောက်အောင် တားဆီးနိုင်လိုက်တာပဲ။ သတင်းဆိုးကတော့ အဲဒီကြောက်မက်ဖွယ် အရှိန်အဝါက ငါ့ဝိညာဉ်ထဲမှာ ချန်ထားခဲ့တဲ့ တူညီတဲ့ သက်ရောက်မှုမျိုး ရှိနေတယ်…
ဝမ်ဝေ့က ထိုဆိုးဆိုးရွားရွား တိုက်ကွက်၏ အနှစ်သာရကို သုံးသပ်ထားပြီးသားဖြစ်၏။
တိထျန်းက ကောင်းကင်တာအို၏ စွမ်းအားကို ငှားယူနိုင်သည့် ထိုထိတ်လန့်ဖွယ် အစီအရင်ကို ဖန်တီးခဲ့၏။
ဤအရာမျိုးက ကောင်းကင်ဘုံတာအိုဖြင့်ပင် အလွယ်တကူ မအောင်မြင်သင့်ပေ။ သို့သော်လည်း ကောင်းကင်တာအိုက လက်ရှိတိုက်ပွဲကွင်းပြင်ကို ဖန်တီးထားခဲ့သောကြောင့် ပတ်ဝန်းကျင်တွင် ထိုအရာ၏ အငွေ့အသက်တချို့ ကိန်းအောင်းနေသည်။
ထိုအငွေ့အသက်အနည်းငယ်က ဝမ်ဝေ့လို အာရုံခံကောင်းသည့်သူပင် အာရုံမခံမိလေရာ တိထျန်းပင် ပြောဖို့ မလိုတော့ပေ။ သို့သော်လည်း တိထျန်းက မိုးမြေကြားရှိ လျှို့ဝှက်ချက်များကို သိနေပြီး ထိုအရာ၏ တည်ရှိမှုကို သိရှိထားခဲ့သည်။
ထို့ကြောင့် သူက ကောင်းကင်တာအို၏ စွမ်းအားကို မြှင့်တင်ဖို့ လက်ကျန် အငွေ့အသက်ကို အသုံးပြုလိုက်ခြင်း ဖြစ်၏။
ဒီတိုက်ကွက်က တတိယတန်းစားဧကရာဇ်ထက် ကျော်လွန်နေတာပဲ။ ဒါက မဟာတာအိုအရင်းအမြစ်ရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်းအထိ ရှိလောက်တယ်…
သူက ခေတ္တမျှ ထိတ်လန့်သွားခဲ့မိ၏။ အကယ်၍ သူသာ အလျင်အမြန် တုံ့ပြန်ပြီး တာအိုအားလုံးကို အသုံးပြု၍ ထိုတိုက်ကွက်ကို မတားဆီးခဲ့ပါက သူသည် သေဆုံးသွားနိုင်၏။ ထို့အပြင် ကောင်းကင်တာအိုက ဝင်ရောက်စွက်ဖက်ကာ တိထျန်း အသုံးပြုနိုင်သည့် စွမ်းအားပမာဏကို လျှော့ချခဲ့ကြောင်း ခန့်မှန်းမိလိုက်သည်။
တိထျန်း၏ နည်းလမ်းက ကောင်းကင်တာအို ဝင်စွက်ဖက်ထားသည့် အခြေအနေတွင် ဖြစ်၏။ တခြားအချိန်များတွင် ထိုအရာ၏ စွမ်းအားကို တခြားနည်းလမ်းများဖြင့် ငှားယူခြင်းက အဆင်ပြေပေသည်။ သို့သော်လည်း တချို့သော စည်းမျဉ်းများနှင့် ဥပဒေသများက ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအတွင်း လိုက်နာကျင့်သုံးဖို့ လိုအပ်နေ၏။
ဝုန်း
ဝမ်ဝေ့ အသိစိတ်ပင်လယ်အတွင်း အက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ အာကာပြင်ကိုပင် အနည်းငယ် တုန်ခါသွားစေသည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ အသင်္ချေဝါးမျိုသူအနေဖြင့် ရှိခဲ့သည့်အချိန်က စည်းတံဆိပ်ကို ဖွင့်လှစ်ခဲ့သည်။
သူ့အသိစိတ်ပင်လယ်အတွင်း ဝိညာဉ်စွမ်းအား အမြောက်အများ စီးဆင်းလာကာ သူက ထိုအရာများကို အသုံးပြု၍ ကောင်းကင်တာအို၏ အငွေ့အသက်ကို ဖယ်ရှားဖို့ တုံ့ဆိုင်းမနေသလို သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ကိုလည်း ပြုပြင်လိုက်၏။
နောက်ဆုံးတွင် သူက ကျန်ရှိနေသည့် ဝိညာဉ်စွမ်းအားကို အသက်ဓာတ်စွမ်းအားဖြင့် ပြောင်းလဲကာ ဆုံးရှုံးသွားရသည့် ခြေလက်များကို ကုစားလိုက်သည်။ ထို့နောက် ဝမ်ဝေ့က အသက်ပြင်းပြင်းရှူနေရသည့် တိထျန်းကို စိုက်ကြည့်လိုက်၏။
သူ့အခြေအနေနှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ ပြောရလျှင် ငှားယူထားသည့် စွမ်းအားကို အသုံးပြုခြင်းက မလွယ်ကူလှပေ။ သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်အပေါ် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည်။
ဝမ်ဝေ့က ထိုအစီအရင်ကို အသုံးပြုခြင်းအတွက် တန်ပြန်သက်ရောက်မှုတချို့ရှိမည် ဖြစ်ကြောင်း ယုံကြည်ထားသည်။ သို့သော်လည်း တိထျန်း၏ ဗဟုသုတဖြင့် သူသည် ထိုအရာ၏ သက်ရောက်မှုကို လျှော့ချဖို့ သို့မဟုတ် ဖယ်ရှားဖို့ သိလိမ့်မည်။
ဖန်ဆင်းခြင်းတာအို အကောင်းဆုံးထဲကတစ်ခုနဲ့ ထိုက်တန်ပါတယ်…
ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ တွေးလိုက်မိ၏။ သူက သူ့တာအိုကို အသက်သွင်းလိုက်သည်။
အစီအစဉ်ကျမှု အမိန့်မှာတမ်း - စစ်ဆေးမှုကို အောင်မြင်ထားတဲ့သူတွေကပဲ တားမြစ်ခံ ဒါမှမဟုတ် အထွတ်အထိပ်တားမြစ်ခံ တာအိုကို ထိန်းချုပ်နိုင်တယ်။
အစီအစဉ်မကျမှု အမိန့်မှာတမ်း - ငါက မိုးမြေရဲ့ အခြေခံစည်းမျဉ်းကို အားဖြည့်ပေးရုံဆိုတော့ ဘာတန်ကြေးမှ မလိုဘူး။
ဝမ်ဝေ့ စကား ပြီးမြောက်သွားသည်နှင့် မိုးမြေကြားရှိ စည်းမျဉ်းများက ပြောင်းလဲသွားခဲ့သည်။ ယခုမှစ၍ စစ်ဆေးမှုကို မအောင်မြင်ထားသူများက တာအိုကို အသုံးပြုနိုင်မည် မဟုတ်ပေ။
ထင်ထားသည့်အတိုင်း ဒုက္ခအတွေ့ဆုံးသူက တိထျန်း ဖြစ်နေလေ၏။ သူက ဖန်ဆင်းခြင်းတာအို၏ စွမ်းအား ရယူမှု ဆုံးရှုံးသွားသည့်အတွက် အရှိန်အဝါက ပြောင်းလဲသွားခဲ့သည်။ သူ့ကောင်းကင်တာအိုမျက်လုံးကလည်း ပျောက်ကွယ်သွားပြီး သူ့စည်းမျဉ်းပလ္လင်ရှိ ဖန်ဆင်းခြင်းစည်းမျဉ်းကလည်း ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ သူ့သံသရာတာအိုကလည်း တားမြစ်ခံတာအိုတစ်ခု ဖြစ်နေသော်လည်း သူက ဧကရာဇ်များ၏ ဖခင်ဟူသော အဆင့်အတန်းကြောင့်သာ အသုံးပြုနိုင်ခြင်း ဖြစ်၏။
ထို့ကြောင့် ဝမ်ဝေ့၏ အစီအစဉ်ကျမှု နည်းစနစ်အောက်တွင် ထိုအရာ၏ စွမ်းအားက သိသိသာသာ လျော့ကျသွားကြောင်း တွေ့လိုက်ရသည်။ အကြောင်းအရင်းတချို့ကြောင့် ထိုအရာသည် အပြီးတိုင် ပျောက်ကွယ်မသွားသော်လည်း လက်ရှိအနေအထားက ယခင်စွမ်းအား၏ တစ်ထောင်ပုံ တစ်ပုံထက်ပင် ပို၍ နည်းပါးသွားခဲ့သည်။
ဒီလိုအခြေအနေဆိုရင် ငါ တိုက်ပွဲမှာ ရှုံးနိမ့်ရလိမ့်မယ်…
တိထျန်းက ထူးထူးဆန်းဆန်း တည်တည်ငြိမ်ငြိမ် ရှိနေလေသည်။
အခု အဲဒီဝှက်ဖဲကို ထုတ်ဖော်ရမဲ့အချိန်လား…
သူက စဉ်းစားလိုက်၏။
မဟုတ်သေးဘူး။ ငါ့အလိုလိုသိစိတ်က ဒါကို စောစောစီးစီး သုံးလိုက်ရင် မထင်မှတ်ထားတာ ဖြစ်လာနိုင်တယ်လို့ ပြောနေတယ်။ ပြီးတော့ ငါသာ သုံးလိုက်ရင် သူ့ကို တတ်နိုင်သမျှ မြန်မြန်သတ်ပစ်သင့်တယ်…
အားကောင်းသည့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့အလိုလိုသိစိတ်ကို ယုံကြည်ထားလေသည်။ ထိုအရာက သူ့ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း၏ သဏ္ဌာန်ပြမှုတစ်ခု ဖြစ်၏။
ဒီလိုဆိုရင် ငါ့ရဲ့ အရန်အစီအစဉ်ကိုပဲ သုံးရတော့မယ်…
“မင်းအတွက် လက်ဆောင် ရှိတယ်” တိထျန်းက ရုတ်တရက် ထပြောလိုက်၍ ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ရုတ်တရက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိလိုက်သော်လည်း အန္တရာယ်ကိုမူ မခံစားမိပေ။ သို့သော်လည်း ရောက်ရှိလာမည့် အခြေအနေအတွက် မည်သည့်အရာမှ ကောင်းတာ မဖြစ်နိုင်ပေ။
တိထျန်းက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ထူးဆန်းကာ ရှုပ်ထွေးသည့် သင်္ကေတတစ်ခုကို ထုတ်ဖော်လိုက်၏။
ဝှစ်
သူ့ရှေ့တွင် အလင်းရောင်တစ်ခု ပေါ်ထွက်လာကာ တစ်စုံတစ်ခုကို ဆင့်ခေါ်လိုက်ဟန်ပေါ်သည်။ ထို့နောက် ဝမ်ဝေ့က ယင်ဒိုင်မေးရှင်းတစ်ခုလုံးကို အဆရာချီ အေးလာစေသည့် သတ်ဖြတ်ငွေ့မျိုးကို ထုတ်လွှတ်လာခဲ့၏။
“မင်း အဲဒါကို မလုပ်ချင်ပါဘူး”
“ဒါပေမဲ့ ငါ လုပ်မှာ” သံသရာသခင်ကြီးက နှာခေါင်းရှုံ့ကာ ပြန်ဖြေလိုက်၏။
ထိုစဉ် ဝမ်ဝေ့၏ အကြည့်များက စက္ကန့်နှင့်အမျှ ပို၍ အေးစက်လာသည်။
“သူ့ကို လွှတ်လိုက်။ ငါ့ ဒေါသကို မင်းခံစားနေစရာ မလိုဘူး”
“အဟား ကြောက်စရာကောင်းသား” တိထျန်းက နှလုံးခုန်တစ်ချက် မြန်သွားမိသည်ကိုတော့ ဝန်ခံဖို့ ငြင်းဆန်လိမ့်မည်။ ထို့နောက် သူက ဖမ်းဆီးထားသည့် လီကျွင်းကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။
“ငါ သူ့ကို ဘယ်လိုဖမ်းနိုင်လဲဆိုတာကို မင်း သိချင်နေမယ်လို့ထင်တယ်”
“သူ စစ်ပွဲအဆောင်ကို သွားယူတုန်းကပဲ ဖြစ်မှာပေါ့” ဝမ်ဝေ့က သူ့ကို ကြွားလုံးထုတ်မည့် အခွင့်အရေးမပေးပေ။ သူက ကိစ္စများစွာကို အချိန်တိုအတွင်း စုစည်းကာ အဖြေထုတ်နိုင်ခဲ့သည်။
တစ်ခါက သူ့ဘိုးဘေးတချို့၏ အပြုအမူများသည် ထူးဆန်းသည်ဟု ထင်ခဲ့မိ၏။ သူက မေးခဲ့သော်လည်း လူအားလုံးက ငြင်းဆန်ကာ ကိစ္စတချို့သာရှိကြောင်း ပြောခဲ့ကြသည်။
ဝမ်ဝေ့က သူတို့ကို များများစားစား အာရုံမစိုက်ခဲ့ပေ။ ထိုလူများက ကြာမြင့်စွာ နေထိုင်လာသူများဖြစ်ကာ လျှို့ဝှက်ချက်များစွာ ရှိနေကြ၏။
ထို့ကြောင့် ကောင်းကင်သာ သူတို့ အဘယ်ကြောင့် ဤသို့ပြုမူနေမှန်း သိလိမ့်မည်။
သို့သော် ယခုတွင် သူက အကြောင်းအရင်းကို သိသွားခဲ့၏။ သူတို့က တိထျန်းသည် လီကျွင်း၏ ခန္ဓာကိုယ်အပေါ် ထားရှိခဲ့သည့်အရာကို သိထားသော်လည်း သူ့ကို ပြောမပြခဲ့ပေ။ သူတို့က ပြောသင့်လား၊ မပြောသင့်လား အငြင်းအခုန် ဖြစ်ခဲ့လောက်သည်။ သို့သော်လည်း ချီယွမ်နှင့် ဓားဧကရီတို့၏ လမ်းညွှန်အရ ကျင့်ကြံသူတစ်ယောက်ကို အရက်စက်ဆုံး နည်းလမ်းဖြင့် ပြုစုပျိုးထောင်ဖို့ နည်းလမ်းကြောင့် သူတို့တိတ်ဆိတ်နေသည်ကို မအံ့ဩမိပေ။
ထို့အပြင် သူတို့က သူ့ကို ပြောပြလျှင်ပင် ကောင်းကင်တာအိုက သူတို့၏ အပြုအမူသည် ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်သည်ဟု ယူဆကာ အကျိုးဆက် ပြင်းထန်သွားနိုင်သည်။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်ပြီး ဖြေရှင်းနည်းကို စဉ်းစားလိုက်သည်။
“ဟုတ်တာပေါ့။ မင်းလိုလူမျိုးက သတင်းအချက်အလက် ကန့်သတ်ချက်ရှိရင်တောင် အမှန်တရားကို ကောက်ချက်ချနိုင်မှာပဲ” တိထျန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“ဒါပေမဲ့ သံသယဝင်စရာ ဘာမှမလုပ်တာ ကောင်းလိမ့်မယ်။ ငါတို့တွေ ဘာမှမဖြစ်ချင်ဘူးမလား”
ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်၏။
“ငါတို့ တိုက်ပွဲက တာအိုတိုက်ပွဲအထိပဲ ရှိသေးတာ။ မင်းက ဒါလုပ်ချင်တယ်ဆိုရင် အရာအားလုံးက ကိုယ်ပိုင်ကိစ္စ ဖြစ်သွားလိမ့်မယ်။”
“အရင်က ငါ ပြောခဲ့တဲ့အတိုင်း ကိစ္စတွေက မင်း ငါ့ရဲ့ အိပ်စက်သူတွေကို ဖျက်ဆီးလိုက်ကတည်းက ဒါက ကိုယ်ပိုင်ကိစ္စ ဖြစ်သွားခဲ့ပြီးပြီ။” တိထျန်းက အေးစက်စက်ဖြင့် ပြန်ပြောလိုက်သည်။
“သူတို့က ငါ့ရဲ့ ကျန်ရှိတော့တဲ့ တစ်ခုတည်းသော မိသားစုအစစ်အမှန်ပဲ။ သူတို့က ငါ့အတိတ်ရဲ့ ပြယုဂ်ဖြစ်ပြီးတော့ ပြန်လည်ဝင်စားခြင်း တစ်လျှောက်လုံးမှာ ငါ ခံစားခဲ့ရတာရဲ့ ကိုယ်စားပြုမှုတစ်ခုပဲ။ ဒါပေမဲ့ မင်းက သူတို့ရဲ့ ၉၅ရာခိုင်နှုန်းကို သတ်ပစ်လိုက်တယ်။ အဲဒါကြောင့် ဒီတိုက်ပွဲက ကိုယ်ပိုင်ကိစ္စ ဖြစ်နေပြီ”
“ငါ မင်းရဲ့ဇနီးနဲ့ တွေ့ဖူးတယ်” ဝမ်ဝေ့က ရေရွတ်လိုက်၏။
“ဒါပေမဲ့ သူမက ငါသာ နောက်ဆုံးအနိုင်ရရှိတဲ့ သူဖြစ်ခဲ့မယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးဖို့ အပေးအယူ လုပ်ခဲ့တယ်။ ငါက သူမကို ကံကြွေးတင်နေတာဆိုတော့ ငါ့စကားကို စောင့်ထိန်းဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ မင်း ဒီကိစ္စကို လုပ်မယ်ဆိုရင် နောက်ပြန်လှည့်မဲ့လမ်း မရှိဘူး”
“မင်းရဲ့ စိတ်ကြီးဝင်မှုက စိတ်ပျက်စရာပဲ။ ငါ့ကို မင်း အသက်ရှင်ခွင့်ပေးတာများ လိုလို့လား” တိထျန်းက ပြောလိုက်၏။
ဝမ်ဝေ့က လက်သီးကို ဖြေလျှော့လိုက်သည်။ သူ့ကို နားလည်ထားသည့်သူများက သူ ပိုမိုတည်ငြိမ်လာလေလေ ပိုမိုဒေါသထွက်လေလေ ဖြစ်ကြောင်း သိလိမ့်မည်။ သူက ပိုမိုကြောက်ဖို့ ကောင်းလာလိမ့်မည်။
ယခင် အစီအစဉ်အရ သူက တိုက်ပွဲကို အနိုင်ရရှိလျှင်ပင် တိထျန်း၏ ဝိညာဉ်ကို သုတ်သင်မပစ်ဘဲ ပြန်လည်ဝင်စားဖို့ ခွင့်ပြုပေးမည်ဖြစ်၏။ သူက ဝိညာဉ်အရည်အသွေးကို တိုးမြင့်ထားပြီဖြစ်ကာ နောက်ထပ် သံသရာ ၉ကြိမ်လောက် ရှင်သန်နိုင်သေး၏။
ထို့အပြင် သူ့မ၏ ပြီးပြည့်စုံသည့် အုတ်မြစ်က သူနှင့် ဝူဟုန်တို့၏ ပြီးပြည့်စုံမှု နားလည်နိုင်စွမ်းကို ကူညီပေးထားသည့်အတွက် ကျေးဇူးဆပ်ဖို့ ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း ယခုတွင် သူ့စိတ်ထဲ ဒေါသများဖြင့်သာ ပြည့်နှက်နေလေ၏။ သူက ထိန်းချုပ်မှုကင်းလွတ်သွားသည့် ထိုပုံစံမျိုးကို သဘောမကျပေ။ ပြောရလျှင် ထိန်းချုပ်မှု ကင်းလွတ်ဖို့ရာ ပို၍ လွယ်ကူလေ၏။
သို့သော် ယခုတွင် သူက ထိုအရာမျိုးကို ဂရုမစိုက်နိုင်တော့ပေ။
“မင်းက ဘာလိုချင်တာလဲ” သူက မေးလိုက်စဉ် သူ့အရှိန်အဝါနှင့် သဘောထားတို့က ယခင်ထက်ပင် ပိုမိုတည်ငြိမ်နေလေ၏။ သူ့အပြောင်းအလဲက တိထျန်းကို မျက်မှောင်ကြုတ်သွားစေပြီး ကြောက်မက်ဖွယ် မီးတောင်က ပေါက်ကွဲထွက်ဖို့ရာအတွက် ဖြည်းဖြည်းချင်း အရှိန်ယူနေသလို ခံစားရစေသည်။
သို့သော်လည်း နောက်ပြန်လှည့်ဖို့ နောက်ကျလွန်းသွားခဲ့ပြီဖြစ်ကာ သူကလည်း နောက်မဆုတ်ချင်ပေ။ သူက ဤတိုက်ပွဲကို မည်သို့ပင်ဖြစ်စေကာမူ အနိုင်ရရှိရမည်။
“မေးခွန်းကောင်းပဲ” သူက ပြောလိုက်သည်။
“မင်းဆီမှာ ရွေးချယ်စရာနှစ်ခု ရှိတယ်။ ပထမတစ်ခုက ဒီတိုက်ပွဲကနေ နှုတ်ထွက်လိုက်ရင် ငါ သူ့ကို လွှတ်ပေးမယ်။ ဒုတိယတစ်ခုက မင်းတို့ရဲ့ ညီအစ်ကို ဆက်ဆံရေးကို စွန့်ပစ်ပြီးတော့ သူ သေတာကို ကြည့်နေလိုက်ပေါ့။
မင်းရဲ့ တာအိုလမ်းစဉ်နောက်လိုက်တာက မင်းတို့ ခေါ်တဲ့ သံယောဇဉ်ထက် အရေးကြီးတယ်ဆိုတာကို ပြလိုက်ပေါ့။ ကဲ အခု ရွေးချယ်လို့ရပြီ”