← Chapters

ရွေးချယ်မှု

Vol. 63 Ch. 874

ရွေးချယ်မှု

Vol. 63 Ch. 874

ဝမ်ဝေ့က ချုပ်နှောင်ခံထားရသည့် လီကျွင်းကို ကြည့်ကာ သူ့မျက်ဝန်းအတွင်း တည်ငြိမ်မှု၊ ကူကယ်ရာမဲ့မှုနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုတို့ကို မြင်လိုက်ရသည်။ ဤအချိန်တိုလေးအတွင်း သူက အနာဂတ်ဗုဒ္ဓကိုယ်ကို အသုံးပြု၍ ဖြစ်နိုင်ချေ အနာဂတ်ထောင်ချီကို မြင်တွေ့ခဲ့သော်လည်း ရလဒ်က အတူတူသာ ဖြစ်၏။

ထို့အပြင် စက္ကန့်ပိုင်းနှင့်အမျှ သူ့တွင် ရှိနေသည့် အခွင့်အရေးက ပျောက်ကွယ်လာခဲ့သည်။ တိထျန်း၏ စွမ်းအားက သူနှင့် နီးကပ်နေပြီး ထိုသူက သတိကြီးကြီးထားထားလေသည်။

ပို၍အရေးကြီးသည်က သူက ဝမ်ဝေ့ကို ပို၍ ခံစားရအောင်လုပ်ပြီး ဤတိုက်ပွဲ၏ အဆုံးစွန်သို့ တွန်းပို့အောင် ဆုံးဖြတ်ထားပြီးသား ဖြစ်၏။

“ငါ စောင့်နေတယ်” တိထျန်းက ပြောလိုက်သည်။

“ငါက သိပ်စိတ်ရှည်တာ မဟုတ်ဘူး”

သူက တာအိုနယ်ရှင်တစ်ယောက်အား ဤသို့အန္တရာယ်များသည့် အခြေအနေတွင် လုံလုံလောက်လောက် အချိန်ပေးမည် မဟုတ်ပေ။ ထို့ကြောင့် သူ တစ်စုံတစ်ခု မှားယွင်းကြောင်း ခံစားမိသည်နှင့် လီကျွင်းက သေဆုံးရလိမ့်မည်။

တိထျန်းက သူ့စိတ်ထဲ မဖြစ်နိုင်ဖွယ် အခြေအနေအတွက် ပြင်ဆင်ထားလေသည်။ အကယ်၍ ထိုအရာသာ ဖြစ်ပျက်လာပါက လီကျွင်းအပေါ်တွင် ထားရှိထားသည့် သင်္ကေတများက အလိုလိုအသက်ဝင်လာမည် ဖြစ်ကာ သူ့ကို သတ်သွားလိမ့်မည်။

ဝမ်ဝေ့က သူ့ကို ပြန်မဖြေပေ။ ထိုအစား သူက မျက်လုံးမှိတ်ကာ မှတ်ဉာဏ်များထဲ နစ်မြောနေ၏။

“မင်းက အဖေ ဖြစ်တော့မှာပဲ” ဝမ်ဝေ့က ခေါင်မိုးပေါ်တွင် ထိုင်ရင်း သေရည်အိုးကို လီကျွင်းဆီပေးကာ ပြောလိုက်သည်။

“အခု ရက်ပိုင်း ဒီစကားကိုပြောနေတာ များနေပြီ”

“မင်းကို အဖေ ဖြစ်လာမယ်လို့ မထင်ထားမိဘူး။ လီလင်းက မင်းကို ငြီးငွေ့ပြီး သတ်တဲ့အထိ မင်း မိန်းမ လိုက်စားဦးမယ်လို့ ထင်နေတာ”

“ဟား…ဟား…ဟား…ကျွန်တော်က အဲ့ထက် ဉာဏ်ကောင်းပါတယ်” သူက မတုံးအပေ။ သူ့ဇနီးက သူ ပွေရှုပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး မပျော်ရွှင်ကြောင်း သိထားသည်မှာ ကြာမြင့်လှပြီဖြစ်၏။ ထို့ကြောင့် သူက သူ့မောင်းမဆောင်အတွင်း အလှလေးများကို လက်ခံဖို့ ရပ်တန့်ခဲ့ပြီး တခြားသူများနှင့်လည်း ဝေးဝေးနေခဲ့သည်။

သူက သူတို့ကို အပြည့်အဝ လျစ်လျူရှုထားခြင်း မဟုတ်သော်လည်း ယခင်လောက် မနီးကပ်တော့သည်မှာ အမှန်ဖြစ်၏။

“အစ်ကိုကြီးရဲ့ အနာဂတ် ကလေးတွေအကြောင်းရော တွေးမိလား” လီကျွင်းက သေရည်ခရားကို ပေးကာ ပြောလိုက်သည်။

“ဒါပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ကလေး ဘယ်အချိန်ယူမယ်လို့ ဆုံးဖြတ်ထားလဲ”

“အချိန်အတော်ကြာတဲ့အထိတော့ ဖြစ်နိုင်ဦးမှာ မဟုတ်ဘူး” ဝမ်ဝေ့က ကြယ်တာရာများကို ငေးကြည့်ရင်းပြောလိုက်၏။

“ငါ့ရဲ့ အကြွင်းမဲ့လွတ်လပ်ခွင့်ကို ရယူလိုတဲ့ လမ်းစဉ်က ရှည်ကြာတယ်။ အရှင်းဆုံးပြောရရင် မိသားစုက အချုပ်အနှောင် ဖြစ်လာလိမ့်မယ်”

“အဲ့လိုကြည့်ရင်တော့ အလွန်ဆိုးရွားတာပဲ” လီကျွင်းက ခေါင်းခါကာ ပြောလိုက်၏။

“ဒါက တကယ့် လက်တွေ့ပဲလေ” ဝမ်ဝေ့က သေရည်တစ်ငုံသောက်ရင်း ပြောလိုက်သည်။ သို့သော်လည်း သူက လက်ရှိအခြေအနေအတွက် ထိုအရာက မသင့်တော်ကြောင်း ခံစားမိကာ သူ့သိုလှောင်လက်စွပ်ထဲမှ သေရည်တစ်အိုးကို ထုတ်လိုက်သည်။

သေရည်အသစ်က ပျော့သည့်အတွက် အနာဂတ်အကြောင်း စဉ်းစားနေသည့် လက်ရှိအခြေအနေအတွက် အသင့်တော်ဆုံး ဖြစ်၏။

“အဲဒီသတင်းကို ပထမဆုံးကြားကြားချင်းတုန်းက မှတ်မိသေးတယ်” လီကျွင်းက ဝမ်ဝေ့၏ သေရည်အသစ်ကို ငြင်းဆန်လိုက်၏။ သူက ထိုအရာကို မကြိုက်ပေ။ ထို့ကြောင့် သူ့ကိုယ်ပိုင်သေရည်ကို ထုတ်ကာ သောက်လိုက်သည်။ သူက ချိုမြိန်ကာ စူးရှသည့်အရာကို ရွေးချယ်ခဲ့၏။

“ကျွန်တော်က ဒီကလေးလေးကို လက်ထဲမှာ မပွေ့ရသေးဘူးဆိုပေမဲ့ သူတို့အတွက် မိုးမြေကို လှုပ်ရှားစေနိုင်တယ်ဆိုတာကို သိတယ်။ ဒီကလေးကို ကျေနပ်စေဖို့ လနဲ့ကြယ်တာရာတွေတောင် ဆွတ်ခူးပေးနိုင်တယ်။ ကျွန်တော် ဒီကျင့်ကြံရေးခရီးလမ်းကို ဘယ်လောက်ပဲကြာကြာ လျှောက်လျှောက် သူတို့ကို အချုပ်အနှောင် ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုးလို့ မြင်မှာမဟုတ်ဘူး။ သူက ကျွန်တော့်စွမ်းအားရဲ့ အရင်းအမြစ်၊ ကျွန်တော် ရှေ့ဆက်လျှောက်ရမဲ့ အကြောင်းအရင်း ဖြစ်လာလိမ့်မယ်”

“ငါကလည်း ငါ့ကလေးအတွက် အဲ့လိုမလုပ်ဘူးများ ထင်နေလား” ဝမ်ဝေ့က ပြောလိုက်၏။

“ငါ စောင့်ဆိုင်းချင်တဲ့ အကြောင်းအရင်းတစ်ခုက ဒီကလေးက ငါ့ရဲ့ ပါရမီနဲ့ စွမ်းအားတွေ အကုန်လုံးကို အမွေဆက်ခံပြီးတော့ သူတို့ရဲ့ ကျင့်ကြံရေးခရီးလမ်းမှာ ငါ့လောက် ဒုက္ခမခံရအောင် ဖြစ်စေချင်တာ။ သူတို့ဘာပဲလုပ်လုပ် ငါက မိုးမြေကို တားဆီးပေးနိုင်စေချင်တယ်။

သူတို့ကို ဘယ်လိုပြဿနာပဲတက်တက် သူ့အဖေက သူတို့ကို ကူညီပေးနိုင်တယ်ဆိုတာကို သိစေချင်တယ်။ ငါ့ရဲ့ ကျင့်ကြံရေးခရီးလမ်းက ရုန်းကန်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ လှည့်စားမှုတွေ၊ အမှောင်ထု၊ နာကျင်မှု၊ အတက်အကျနဲ့ အန္တရာယ်တွေ ပြည့်နှက်နေခဲ့တာ။ ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံရေးခရီးလမ်းကိုတော့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေပြီး နောင်တတရား မရှိစေချင်ဘူး”

လီကျွင်းကလည်း ထိုစကားများကို သဘောတူလေသည်။ ကျင့်ကြံရေးမြင့်မားသည့် မိဘအများစုက သူတို့၏ ကလေးငယ်များအတွက် ထိုသို့အရာမျိုးကို အလိုရှိကြ၏။ ကံဆိုးစွာဖြင့် တချို့ကသာ သူတို့အမှန်တကယ် လုပ်ဆောင်နိုင်သည့်အနေအထားသို့ ရောက်ရှိနိုင်ကြသည်။

ထို့ကြောင့် မည်သူမှ မအောင်မြင်ဖူးသည့် အရာတစ်ခုအပေါ် အငြင်းပွားမှု ရှိနေကြ၏။ ပြောရလျှင် စံပြများပင် သူတို့၏ မျိုးဆက်များ ဘာမှမဖြစ်ပျက်သွားဘူးဟု အာမမခံနိုင်ပေ။

“ဒါပေမဲ့ ဆိုတဲ့စကား ဆက်လာနေမှာမလား” လီကျွင်းက မေးလိုက်၏။

“ငါ့ရဲ့ ရန်သူက ငါ့ရဲ့ မိသားစုကို ပြန်ပေးဆွဲပြီးတော့ ငါ့ကို ခြိမ်းခြောက်ခဲ့ရင်ရော” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ငါ ဝူဟုန်ကို လက်တွဲဖော်အဖြစ် ရွေးချယ်တာက ဒီလိုဖြစ်နိုင်ချေက နည်းပါးလို့ပဲ။ အခု လက်ရှိအခြေအနေမှာတော့ ငါကပဲ ပြန်ပေးဆွဲခံရနိုင်ချေရှိတာ”

လီကျွင်းက ထိုစကားကို ကြားသည့်အခါ ရယ်မောလိုက်၏။

သူက သက်ပြင်းချလိုက်ပြီး “အဲ့လိုအခြေအနေမျိုးဆိုရင် ဘာလုပ်မှာလဲ”

“ငါ့ကလေးကို ကယ်ဖို့ အားလုံးကို ကြိုးစားမှာပေါ့”

“ကျွန်တော် ဆိုလိုချင်တာ အဲ့ဟာမဟုတ်မှန်း သိပါတယ်” လီကျွင်းက ကြယ်တာရာများကို ကြည့်ရင်း ပြောလိုက်သည်။

“တကယ်လို့ အစ်ကိုကြီးရဲ့ ရန်သူက မိသားစုနဲ့အစ်ကိုကြီးရဲ့ တာအိုကြားမှာ ရွေးချယ်မှု လုပ်ခိုင်းခဲ့ရင် ဘယ်အရာကို ရွေးချယ်မှာလဲ”

ဝမ်ဝေ့က ချက်ချင်း ပြန်မဖြေပေ။ သူက ကြယ်တာရာများကို ဆက်ကြည့်နေ၏။ သူ့မျက်ဝန်းက တည်ငြိမ်ကာ အေးချမ်းနေပြီး စိတ်ရှုပ်ထွေးမှု၊ တုံ့ဆိုင်းမှုအရိပ်အယောင်တို့ မရှိပေ။

“ငါ လွတ်လပ်မှာကို ဘယ်အရာကမှ မတားဆီးနိုင်ဘူး” သူက ပြန်ဖြေလိုက်၏။

“ဒါက ပြင်းထန်သားပဲ” လီကျွင်းက ပြောလိုက်သည်။

“ငါ မြင်သလောက် ငါသာ အကြွင်းမဲ့ လွတ်လပ်ခွင့်ကို ရတဲ့အခါ လက်တွေ့က ငါ့စိတ်တိုင်းကျ ဖြစ်လာလိမ့်မယ်။ အဲဒါဆိုရင် ငါ့မိသားစုတွေကို ပြန်တွေ့ပြီးတော့ သူတို့ကို ဆုံးရှုံးခဲ့ရတဲ့ နောင်တတွေနဲ့ နာကျင်မှုတွေကို ပြန်ပြီးတော့ ဖြည့်စည်းနိုင်လိမ့်မယ်” ဝမ်ဝေ့က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“တကယ်လို့ ငါ ကျရှုံးသွားရင်လည်း နောက်ဘဝမှာ သူတို့နဲ့ ပြန်ဆုံစည်းမှာပေါ့။ အဲဒီအခါကျမှ သူတို့ရဲ့ ခွင့်လွှတ်မှုကို တောင့်ခံတော့မယ်။ ငါသူတို့ရဲ့ ခွင့်လွှတ်မှုကို ရရ၊ မရရ အဆင်ပြေပါတယ်။ ပြောရရင် အပြုအမူတိုင်းမှာ အကျိုးဆက်ဆိုတာ ရှိတာပဲလေ။ ငါ့ရဲ့ ရွေးချယ်မှုအတွက် တန်ကြေးပေးဖို့ ပြင်ဆင်ထားပြီးသားပါ”

“အဲဒါဆို မရီးကရော ဒီအခြေအနေကို ဘယ်လိုခံစားရမယ်ထင်လဲ။ သူရော ဒီအကြောင်းကို သိထားလား”

“သူမက ငါနဲ့ အတူတူပဲလို့ ထင်တယ်။ ငါ့စစ်ဆေးမှုတုန်းက မင်းကို လုပ်ခဲ့တာသာကြည့်တော့”

လီကျွင်းက ခေါင်းအသာယမ်းပြီး ထိုခေါင်းစဉ်ကို မပြောဖို့ရာသာ ဆုံးဖြတ်လိုက်သည်။ သူက သက်ပြင်းချကာ ဆက်ပြောလိုက်၏။

“အစ်ကိုကြီးရဲ့ တာအိုလမ်းစဉ်နောက်လိုက်မှာကိုတော့ လေးစားပါတယ်။ ဒါပေမဲ့ ကျွန်တော်က အဲဒီရွေးချယ်မှုကို သဘောမကျဘူး။ ကျွန်တော်ကတော့ ကျွန်တော့်မိသားစုနဲ့ ချစ်ရသူတွေထက် ဘယ်အရာကိုမှ ကျော်လွန်ပြီး မရွေးချယ်နိုင်ဘူး”

“ဘာမှလေးစားစရာ မရှိပါဘူးကွာ။ ငါက တစ်ကိုယ်ကောင်းဆန်ရုံပါ” ဝမ်ဝေ့က ပြောလိုက်သည်။

“အစ်ကိုကြီးလိုလူမျိုးကပဲ မဟာတာအိုရဲ့ အဆုံးသတ်ကို လိုက်နိုင်ကြတာလေ” လီကျွင်းက ခေါင်းစဉ်ပြောင်းဖို့ ဆုံးဖြတ်လိုက်၏။

ဝမ်ဝေ့က လှိုင်းတွန့် မရှိသည့် ရေပြင်အလား တည်ငြိမ်နေလေ၏။

သို့သော်လည်း သူ့မျက်နှာအထက် ဆုံးဖြတ်ချက် ပြတ်သားမှုတို့က အလွယ်တကူ သတိထားမိနိုင်၍ တိထျန်းက လှောင်ပြောင်လိုက်သည်။

“ငါ အဲဒါကို သိနေတယ်” တိထျန်း၏ လှောင်ပြောင်မှုက ပိုမို ထင်ရှားလာ၏။ သို့သော်လည်း သူက တစ်စုံတစ်ခုကို သတိပြုမိသည့်အခါ ပြုံးနေသည့် လီကျွင်းကို ကြည့်လိုက်သည်။ သူ့အနီရောင် မျက်ဝန်းများက သူ့အစ်ကိုကြီးကို ကြည့်နေသော်လည်း အဆိုးမြင် စိတ်ခံစားချက်များ မရှိပေ။ ထိုအစား သူတို့က စိတ်သက်သာရာရသွားကာ အားပေးနေဟန်ပေါ်၏။

ထို့နောက် သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့တစ်ခု ထွက်ပေါ်လာကာ သူ့မျက်ဝန်းတို့က ပိတ်ကျသွားပြီး သူ့ခန္ဓာကိုယ်၏ အသက်ဓာတ်က အလျင်အမြန် ပျောက်ကွယ်သွားသည်။

“သူ ရွေးချယ်စရာ မလိုအောင် မင်းကိုယ်မင်း သတ်သေတာလား။ မင်းက တကယ်ကို အမှိုက်ပဲ။ သူက မင်းကို စွန့်ပစ်ခဲ့တာတောင် မင်းက ဒီလောက်အထိ လုပ်ပေးချင်တယ်လား” တိထျန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

ထို့နောက် သူက သင်္ကေတကို အသက်သွင်းကာ လီကျွင်း၏ ဝိညာဉ်သည် အပြီးတိုင် သုတ်သင်သွားပြီး သံသရာသို့ မဝင်ရောက်သွားအောင် လုပ်ဆောင်လိုက်သည်။ ထိုအရာက သူ့ကို အသက်ပြန်သွင်းဖို့ အဆထောင်ချီ ပိုမိုခက်ခဲသွားစေလိမ့်မည်။

ဝမ်ဝေ့က ဖြစ်ပျက်သမျှ အရာအားလုံးကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေပြီး သူ့မျက်ဝန်း သို့မဟုတ် အရှိန်အဝါ၊ စိတ်အခြေအနေက အနည်းငယ်ပင် အပြောင်းအလဲ မရှိပေ။ ကြည့်ရသည်မှာ သူက အေးစက်ကာ စိတ်ခံစားချက်မဲ့နေသည့် စက်ယန္တရားတစ်ခုလို ဖြစ်နေပြီး ယခုလေးတွင် သေဆုံးသွားသည့်သူက ကလေးဘဝတုန်းက ဘောင်းဘီအတူတူ ဝတ်ခဲ့သည့် သူ့ညီအစ်ကိုအစား သူစိမ်းတစ်ယောက် ဖြစ်နေသည့်အလား ဖြစ်၏။

“ဒါလုပ်လို့ ဘာအကျိုးရှိမှာလဲ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် မေးလိုက်၍ ယင်ဒိုင်မေးရှင်းတစ်ခုလုံးက ကြက်သီးထဖွယ် တိတ်ဆိတ်သွားလေသည်။

“မင်းက ငါ့စိတ်အခြေအနေကို သက်ရောက်မှု ရှိသွားစေချင်တာလား။ ဒါမှမဟုတ် မင်းနဲ့ နီးကပ်တဲ့သူ တစ်ယောက်ယောက်က သစ္စာဖောက်လို့ ငါတို့ရဲ့ သံယောဇဉ်ကိုပါ ဖျက်ဆီးဖို့ ကြိုးစားတာလား။ ဒါမှမဟုတ်ဘူးဆိုရင် ကမ္ဘာကြီးကို ငါက မင်းလိုမျိုးပဲ အနိုင်ရရှိဖို့ ဘာမဆိုလုပ်မယ်ဆိုတာကို ပြချင်တာလား။ ဒီအချက်က ရင်ဖွင့်ချစရာလို့များ ထင်နေတာလား။ ပြောစမ်းပါဦး”

တိထျန်းက သူ့ကို အေးစက်စက်သာ ကြည့်ပြီး ပြန်မဖြေပေ။ သူ့အပြုအမူနောက်ကွယ်မှ အမှန်တရားက ကိစ္စမရှိပေ။ တကယ်တမ်း အရေးကြီးသည်က သူ့အစီအစဉ်သည် အောင်မြင်ခဲ့၏။ အဓိကအရေးကြီးသည်က သူသည် သူ့အိပ်စက်သူများအတွက် လက်စားချေပေးခဲ့ပြီး ဝမ်ဝေ့က သူ တန်ဖိုးထားသည့်အရာကို ဆုံးရှုံးရသည့် နာကျင်မှုကို ခံစားရအောင် လုပ်နိုင်ခဲ့သည်။

“ကောင်းပြီ ကောင်းပြီ” ဝမ်ဝေ့က ထပ်ခါထပ်ခါ ပြောလိုက်၏။ ထိုစကားလုံးတစ်ခုချင်းစီတွင် သူက ပိုမိုအေးစက်လာကာ သူ့သတ်ဖြတ်ငွေ့တို့က မထိန်းနိုင်မသိမ်းနိုင် ဖြစ်လာလေ၏။

“ငါ ပြောတာကို မှတ်မိတယ်မလား” သူက ဆက်ပြောလိုက်သည်။

“ဒီနေ့ မင်း ငါ့ဒေါသကို တွေ့ရစေမယ်။ ငါက ငါ့ကိုယ်ငါ ချုပ်ထိန်းထားတဲ့ ကျင့်ဝတ်တွေ မရှိတော့ဘူးဆိုရင် ဘယ်လောက်ထိ ရူးသွပ်နိုင်မလဲဆိုတာကို မင်း သိလာလိမ့်မယ်။ ဒီနေ့က မင်းရဲ့တည်ရှိမှုထဲ အမှတ်ရဆုံး နေ့ရက်တစ်ရက်ဖြစ်လာစေဖို့ အာမခံတယ်”

ဝုန်း

ယင်ဒိုင်မေးရှင်းတွင် တစ်စုံတစ်ခု ကျိုးပျက်သွားသည့်အသံက ပဲ့တင်ထွက်လာ၏။ ဝမ်ဝေ့က ယန်းလီလင်း၊ ထျဲ့ကန်နှင့် ဝမ်ကျူတို့အား ယန်ဒိုင်မေးရှင်းမှ ထွက်ခွာကာ တိုက်ပွဲမှ နှုတ်ထွက်ဖို့ သတင်းစကားပါးလိုက်သည်။

ယခု ထောက်ထားစရာ သံယောဇဉ်အချုပ်အနှောင် မရှိတော့သည့်အတွက် သူက ကမ္ဘာကြီးထံ သူ မည်မျှရူးသွပ်နိုင်ကြောင်း ပြသတော့မည် ဖြစ်သည်။

All Chapters