← Chapters

ရုန်းကန်မှု

Vol. 63 Ch. 877

ရုန်းကန်မှု

Vol. 63 Ch. 877

ဝမ်ဝေ့က မေးလိုက်၍ နှလုံးခုန်တစ်ချက် မြန်သွားမိ၏။

ဘာတွေဖြစ်နေတာလဲ…

သူက တိထျန်း၏ အရှိန်အဝါနှင့် အင်အား ရုတ်တရက် အပြောင်းအလဲကြောင့် အံ့အားသင့်သွားမိသည်။ ထို့အပြင် သူ အသုံးပြုနိုင်သည့် အာရုံခံ နည်းလမ်းအားလုံးက အသုံးမဝင်ဘဲ ထိုသတင်းအချက်အလက် တစ်ခုကိုပင် ချောင်းမကြည့်နိုင်ခဲ့ပေ။

ဝုန်း

သူက အတွေးနက်ပြီး မတုံ့ပြန်နိုင်ခင် တိထျန်းက သူ့ရှေ့တွင် ပေါ်ထွက်လာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။ ဝမ်ဝေ့၏ ခန္ဓာကိုယ်က ယင်ဒိုင်မေးရှင်း၏ အာကာပြင်တွင် အပေါက်တစ်ခု ဖြစ်သွားစေပြီး အလင်းနှစ်များစွာ လွင့်ထွက်သွား၏။

သို့သော်လည်း သူက ထိုအရေးမပါလာသည့် ကိစ္စကို ဂရုမစိုက်ဘဲ သူ့လက်မောင်းကိုသာ အာရုံစိုက်ထားလိုက်သည်။ သူ့လက်မောင်း၏ တစ်သျှူးများက သေဆုံးသွားပြီး နှစ်ရာချီပျက်စီးနေသည့် အလောင်းတစ်လောင်းလိုမျိုး ဖြစ်နေလေ၏။

မရဏစွမ်းအားလား…

သူ့စိတ်ရှုပ်ထွေးမှုက သူ့ခန္ဓာကိုယ်မှ မရဏစွမ်းအားကို မဖယ်ရှားနိုင်သည့် အချက်ကြောင့် ဖြစ်၏။ ပြောရလျှင် သူက သေခြင်းရှင်ခြင်း တာအိုကိုပင် အသုံးပြုထားခဲ့သည်။ ထို့ကြောင့် သူ့လက်ကို ဖောက်ခွဲကာ ပြန်လည်ကောင်းမွန်စေခဲ့၏။

အရှိန်ပြင်းပြင်းဖြင့် လွင့်စင်သွားပြီးသည့်နောက်တွင် တိထျန်းက သူ့ရှေ့တွင် ဒုတိယအကြိမ်မြောက် ပေါ်ထွက်လာလေ၏။ ဝမ်ဝေ့က အာရုံစူးစိုက်ထားသည့်အတွက် ထိုလှုပ်ရှားမှုကို သတိထားမိခဲ့သည်။

သူက အစစ်အမှန်ဆန္ဒကို တာအိုနှင့်အတူ စုစည်းလိုက်ပြီး ထိုသူ၏ လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဝုန်း

ယင်ဒိုင်မေးရှင်းတစ်ခုလုံးကို တုန်ခါသွားစေသည့် ကြောက်မက်ဖွယ် တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ဆိုးဆိုးရွားရွား အက်ကွဲသံကြီးတစ်ခုက ဖုံးလွှမ်းသွားလေ၏။

ဝမ်ဝေ့က သူ့အရိုးများ အက်သွားသည်ကို တအံ့တဩဖြင့် ကြည့်လိုက်သည်။ သူ့အစစ်အမှန်ဆန္ဒ၏ အားဖြည့်မှုကြောင့်သာ မဟုတ်လျှင် ကျိုးကြေသွားနိုင်သည်။

ထို့အပြင် သူ့အရိုးသာလျှင် မကပေ။ သူ့အရေပြားကလည်း စုတ်ပြဲသွားပြီး ထိုကြွက်သားနှင့် အရွတ်များကလည်း လေးကြိုးသဖွယ် ပြတ်ထွက်သွားသည်။ ချီသွေးကြောများကလည်း ပေါက်ကွဲထွက်သွား၏။

သူ့အင်အားက…

ဝမ်ဝေ့က သူ့တိုက်ကွက်သည် တိထျန်း၏ လက်သီးချက်နှင့် ထိတွေ့လိုက်သည်နှင့် ပြန်လည်ဝင်စားခြင်းကို တွေ့ကြုံခဲ့ရကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ထိုစဉ် တစ်ဖက်သူ၏ တိုက်ကွက်က သူ့ကို လွှမ်းမိုးသွားပြီး သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေ၏။ သို့သော် သူ့အစစ်အမှန်ဆန္ဒ၏ ကာကွယ်မှုဖြင့်ပင် သူ့ခန္ဓာကိုယ်က ထိုတိုက်ကွက်၌ မရှင်သန်နိုင်ခဲ့ပေ။

သူ့အင်အားက မဟာတာအိုအရင်းအမြစ်ရဲ့ ၇ရာခိုင်နှုန်းကို ရောက်နေပြီပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်၏။ ယခင်ထိပ်တိုက်တွေ့ဆုံမှုအတွင်း သူတို့နှစ်ဦး ပြသခဲ့သည့် အင်အားက ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ ရှိစဉ် တိထျန်းက ကောင်းကင်တာအို၏ စွမ်းအားကို အသုံးပြုသည့်အခါမှသာ ရောက်ရှိခဲ့ခြင်း ဖြစ်၏။

သို့သော် ယခုတွင် တိထျန်းက သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ထိုအဆင့်ကို ကျော်လွန်သွားခဲ့သည်။

ထို့အပြင် ဤသည်က အရေးအကြီးဆုံးအရာ မဟုတ်ပေ။

ထိုစကားများက ဝမ်ဝေ့သည် တိထျန်းက သူ့ကိုမသတ်ခင် နောက်ဆုံးအတွေးများ ဖြစ်သွားလေသည်။ ဝမ်ဝေ့က ဒဆီလီယွမ်ဖြင့်ပင် မဖော်ပြနိုင်သည့် အလေးချိန်မျိုးကို ခံစားလိုက်ရသည်။

ဝုန်း

သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပေါက်ကွဲထွက်သွားပြီး သွေးတစ်စက်ပင် မကျန်ရှိခဲ့ပေ။ ထိုသို့သော တိုက်ကွက်က သူ့တာအိုလမ်းစဉ်ကို အဆုံးသတ်သင့်သော်လည်း ကိစ္စများက ထိုမျှမရိုးရှင်းခဲ့ပေ။

တိထျန်းက အဝေးတစ်နေရာကို ကြည့်လိုက်၏။ သူက တစ်ဖက်လူသည် လွတ်မြောက်သွားကြောင်း သိလိုက်သည်။ သူ့ခန္ဓာကိုယ် ပေါက်ကွဲထွက်မသွားခင် သူ့ကျောဘက်တွင် အပေါက်တစ်ခု ပေါ်ထွက်လာပြီး သွေးတစ်စက်ကို အဝေးတစ်နေရာသို့ ပို့ဆောင်လိုက်ခဲ့သည်။ ထို့နောက်တွင် ထိုသွေးစက်မှ ပြန်လည်ရှင်သန်ဖို့ရာ လွယ်ကူလှသည်။

သံသရာ အလေးချိန်လား။ ကံ အလေးချိန်လား

ဝမ်ဝေ့က သူ့တွင်လည်း တူညီသည့် နည်းစနစ်မျိုးရှိထားသောကြောင့် တိထျန်း၏ နည်းစနစ်ကို အလျင်အမြန်သုံးသပ်ခဲ့သည်။ ထိုကန်ချက်က သံသရာရှိ ဝိညာဉ်အားလုံး၏ အလေးချိန်ကို သယ်ဆောင်ထားပြီး အပြစ်ကြွေးများနှင့် ရန်ကြွေးများနေသည့် ကံအလေးချိန်လည်း ပါဝင်နေသည်။

အခု ဒါက အရေးမကြီးသေးဘူး…

ဝမ်ဝေ့က သုံးသပ်လိုက်၏။

ငါ့တာအိုက သူ့ဆီမှာ ချုပ်နှောင်ခံထားရသလိုပဲ။ သူတို့ကို အသုံးပြုဖို့ အင်မတန် ခက်ခဲတယ်။ ငါ့ရဲ့ သံသရာတာအိုတောင် အသုံးမဝင်တော့တဲ့ပုံပဲ…

သူ့စိတ်ထဲ အလျင်အမြန် တွက်ချက်ကာ အဖြစ်အပျက်ကို အဖြေထုတ်နေလေ၏။ သူက တိထျန်း ချဉ်းကပ်လာသည်ကို ခံစားမိလိုက်ပြီး ရုတ်ချည်း ပျောက်ကွယ်သွားသည်။

ဝုန်း…ဝုန်း…ဝုန်း…

ဝမ်ဝေ့ ရှိနေသည့် ပတ်ဝန်းကျင်တစ်ခုလုံးက ပြောင်းလဲသွားပြီး သူက တည်နေရာတစ်ခုကို လှမ်းကြည့်လိုက်သည်။

အဆုံးမဲ့အလွှာကမ္ဘာ

ဝမ်ဝေ့က သူ့ကာလံဒေသံတာအိုကို အသုံးပြုကာ လက်ရှိ ယင်ဒိုင်မေးရှင်းထက် မကြီးမားလျှင်ပင် ထိုမျှလောက်ကြီးမားသည့် ဒိုင်မေးရှင်းတစ်ခုကို ဖန်တီးပြီး သူ့ခန္ဓာကိုယ်ကို ဝှက်ထားလိုက်သည်။

တိထျန်းက ထိုဒိုင်မေးရှင်းအားလုံးကို ဖျက်ဆီးပစ်ပြီး အဆုံးသတ်ကို ယူဆောင်လာခဲ့၏။ သို့သော်လည်း ဝမ်ဝေ့က သူနှင့် တစ်ဖက်လူကြားတွင် ကမ္ဘာအလွှာများစွာ ဖန်တီးထားခဲ့သည်။

သူက အခြေအနေကို သုံးသပ်ပြီး တန်ပြန်နည်းလမ်းကို စဉ်းစားဖို့ အချိန်ဆွဲထားဖို့ လိုအပ်၏။ သို့သော် တိထျန်းက ထိုစကြဝဠာများကို သူဖန်တီးသည်ထက် မြန်ဆန်အောင် ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ဤသည်က သူ့လက်ရှိအားနည်းနေသည့် တာအို၏ အကျိုးဆက်တစ်ခုသာ ဖြစ်၏။

ကြည့်ရတာ ငါက သူ့ဆီကနေ အလှမ်းဝေးလေလေ သက်ရောက်မှုက အားပျော့လာလေလေပဲ

ဝမ်ဝေ့က သူ့တာအိုသက်သေပြ ပစ္စည်းကို ချပ်ဝတ်အဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်အထက် ဖုံးအုပ်လိုက်သည်။

ဝုန်း

စွမ်းအားကြီးလက်သီးချက်က သူ့ခေါင်းအထက် ကျရောက်လာပြီး ယင်ဒိုင်မေးရှင်းမှ ယန်ဒိုင်မေးရှင်းဆီ လွင့်စင်သွားစေသည်။

သူက သူ့ချပ်ဝတ်ရှိ ချိုင့်ရာကို ကြည့်လိုက်ပြီး သံချေးတက်အောင် ကြိုးစားနေသည့် သံသရာစွမ်းအားကိုပါ ခံစားမိလိုက်သည်။ ကံကောင်းစွာဖြင့် သူက အသုံးအဆောင်ပစ္စည်းကို ဟွင်သွမ်းရတနာအမြောက်အများဖြင့် သန့်စင်ထားသည့်အတွက် ခုခံနှုန်းက သူ့ခန္ဓာကိုယ်ထက် ပို၍ သာနေသည်။

ဝမ်ဝေ့က အချိန်မဖြုန်းဘဲ လက်ညှိုးကို ထောင်လိုက်သည်။

ထို့နောက် ကောင်းကင်အထက် ဧရာမအစီအရင်တစ်ခု ပေါ်ထွက်လာပြီး ယန်ဒိုင်မေးရှင်းနှင့် တိုက်ရိုက် ဆက်နွယ်သွားသည်။

လီလင်းက ကောင်းကောင်းလုပ်ခဲ့တာပဲ…

ဝမ်ဝေ့က တွေးလိုက်မိ၏။ အစီအရင်က ကျွမ်းကျွမ်းကျင်ကျင် ဖန်တီးထားခြင်းဖြစ်ကာ သူ့အနေနှင့် ထိုအရာကို ထိန်းချုပ်ပြီး သူ့စွမ်းအားကို အားဖြည့်နိုင်လေသည်။ ထို့အပြင် ယခုအခါ ယန် ဒိုင်မေးရှင်းနှင့် ဆက်နွယ်သွားပြီဖြစ်သည့်အတွက် ယင်ယန် အစီအရင်ကို ဖန်တီးနိုင်သည်။ ထိုသတင်းအချက်အလက်ဖြင့် သူတို့တိုက်ပွဲက ယင်ဒိုင်မေးရှင်းကို မဖျက်ဆီးခင် သူ့ကိုယ်သူ ယန်ဒိုင်မေးရှင်းအတွင်း ကျရောက်အောင် တမင်ထိန်းချုပ်ခဲ့ခြင်း ဖြစ်၏။

ဧရာမ ယင်ယန် ငါးသင်္ကေတက ဝမ်ဝေ့ကို ဝန်းရံထားလေ၏။ သူက ယခင်နည်းလမ်းအတိုင်း အချိန်ဆက်ဆွဲလိုက်သည်။

ဘန်း

တိထျန်းက တိုက်ခိုက်လာသည့်အတွက် အစီအရင်က တုန်ခါသွားလေ၏။ ထိုစဉ် ဝမ်ဝေ့က ထိုအခွင့်အရေးကို အသုံးချကာ သူ့စည်းမျဉ်း ပလ္လင်ကို စစ်ဆေးကြည့်လိုက်ပြီး သူ့တာအိုသည် အဘယ်ကြောင့် နှောင့်နှေးနေကြောင်း အဖြေထုတ်လိုက်သည်။ သူက သူ့သံသရာတာအိုကို အလေးအနက် အာရုံစိုက်လိုက်၏။

ဒါက ပိုင်နက်ရဲ့ စွမ်းရည်လား…

သူတော်စင်တစ်ယောက်က လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူ သန်းချီကို အလွယ်တကူ သတ်နိုင်သည်မှာ သူတို့၏ ပိုင်နက်ကြောင့်ဖြစ်၏။ သူတို့က ထိုအရာကို ထုတ်လွှတ်လိုက်သည်နှင့် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူများ၏ စည်းမျဉ်းက အသုံးမဝင်ဖြစ်သွားလိမ့်မည်။ အကယ်၍ သူတော်စင်ကျင့်ကြံသူများက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူများနှင့် တူညီသည့် စည်းမျဉ်းကို ကျင့်ကြံထားပါက ဖိနှိပ်နှုန်းသည် အဆရာချီ ပိုမိုပြင်းထန်လိမ့်မည်။

မဟုတ်သေးဘူး။ ဒါက ပိုင်နက်တစ်ခုနဲ့ တူတယ်ဆိုပေမဲ့ နည်းနည်းတော့ ကွဲပြားနေတုန်းပဲ…

ကွဲပြားချက်က သေးငယ်လွန်းလှသော်လည်း သူက အာရုံခံမိခဲ့သည်။ သို့သော် ဝမ်ဝေ့က များများစားစား စဉ်းစားဖို့ အချိန်မရဘဲ တိထျန်းက အစီအရင်ကို အတင်းအကြပ် ဖျက်ဆီးပစ်လိုက်သည်။

သူက သံသရာမှ ကောင်းကင်လမ်းစဉ်ကို ဆင့်ခေါ်ပြီး ပင်ကိုသက်ရှိဖြစ်သည့် လေဟာနယ်ကူးခတ်ရေးမြွေဟု ခေါ်သည့် ပင်ကိုသက်ရှိကို ဖန်ဆင်းခဲ့သည်။

ထိုမြွေက အာကာပြင်နှင့် အစီအရင်ကို ချိုးဖောက်နိုင်သည့် ပင်ကိုစွမ်းရည် ရှိထားသောကြောင့် ဝမ်ဝေ့၏ ယင်ယန်အစီအရင်က ကြာရှည်မခံခဲ့ပေ။

ဝမ်ဝေ့၏ အန္တရာယ်ခံစားနှုန်းက ပို၍ ပြင်းထန်လာခဲ့၏။ သူက တိထျန်းဝန်းကျင်တွင် ခွေနေသည့် ဧရာမသက်ရှိကြီးကို မြင်လိုက်ရသည်။ ထိုအရာက လူသားမျက်နှာနှင့် အနီရောင်နဂါးတစ်ကောင် ဖြစ်၏။

ထိုသက်ရှိက ကောင်းကင်လမ်းစဉ်ရှေ့တွင် ရပ်နေပြီး သံသရာထက်ပင် မြင့်မြတ်မှု မလျော့ကျသည့် အငွေ့အသက်မျိုး ထုတ်လွှတ်နေသည်။ ထိုအရာတွင် လူများ ပထမဆုံး သတိထားမိစေသည့် တောက်ပသည့် မျက်ဝန်းများ ရှိနေလေသည်။

မီးရှူးနဂါး…

ဝမ်ဝေ့က ထိုသက်ရှိနာမည်ကို မှတ်မိသွားလေသည်။ ထိုအရာက ကျူးလုံဟု ခေါ်သည့် ဟွင်သွမ်းသက်ရှိ ဖြစ်၏။ ထိုအရာတွင် နာမည်များစွာရှိသော်လည်း ပင်မအချက်ကမူ ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်းနဂါး ဖြစ်ပေသည်။

ဒဏ္ဍာရီလာများအရ ကျူးလုံသည် ကမ္ဘာ မဖန်တီးခင် မျက်စိမှိတ်လျက် ပေါ်ထွက်လာလိမ့်မည်။ ထို့နောက် ဘဝတွင် ပထမဆုံးအကြိမ်အနေဖြင့် မျက်လုံးဖွင့်လာလိမ့်မည်။

မျက်လုံးဖွင့်လာခြင်း ဖြစ်စဉ်က ကမ္ဘာ၏ မွေးဖွားမှုနောက်ဆုံးဖြစ်စဉ်ကို ပြီးမြောက်သွားစေမည်ဖြစ်ကာ ကောင်းကင်တာအို၏ မွေးဖွားမှုကို အားဖြည့်ပေးခြင်းနှင့် စည်းမျဉ်းများကို ဖြစ်ပေါ်စေခြင်းပင် အပါအဝင် ဖြစ်သည်။

ကမ္ဘာက အဆုံးသတ်သို့ ရောက်ရှိလာပြီး ပျက်သုဉ်းသွားတော့မည့်အချိန်တွင် ကျူးလုံက မျက်လုံးမှိတ်သွားပြီး နောက်ဆုံးသော ကံကြမ္မာကို ဆောင်ကြဉ်းလာလိမ့်မည်။

တိထျန်း၏ ကျူးလုံက ဝမ်ဝေ့ကို သေချာစိုက်ကြည့်လာပြီးသည့်နောက်တွင် မျက်လုံးပိတ်သွားလေ၏။

ဝုန်း

ကြောက်မက်ဖွယ် အဖျက်စွမ်းအားက မိုးမြေကြား ကျရောက်လာကာ ယင်ယန်ဒိုင်မေးရှင်း အပါအဝင် အရာအားလုံးကို ဖျက်ဆီးပစ်နေသည်။

ဝမ်ဝေ့က ဖြစ်စဉ်တစ်ခုလုံးကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ ကြည့်နေပြီး သူ့အနေဖြင့် ထိုတိုက်ကွက်ကို မခုခံနိုင်ကြောင်း သိထားလေ၏။

အကယ်၍ သူ ခုခံနိုင်လျှင်ပင် ကြိုးစား၍ အသုံးမဝင်ပေ။

သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် တာအိုတို့က မိုးမြေကြားတွင် ပျက်သုဉ်းသွားရသည်။

ဒါက သူ့ခရီးလမ်း ဆုံးပြီလား…

မဟုတ်သေးဘူး …

သူ သေဆုံးသွားပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ပင်ကိုစွမ်းရည်ဖြစ်သည့် သေခြင်းရှင်ခြင်းစက်ဝန်းက အသက်ဝင်လာကာ သူ့ကို ပြန်လည်အသက်သွင်းပေးခဲ့သည်။ အသက်ရှည် အရင်းအမြစ်များအကြောင်း သင်ယူပြီးသည့်နောက်တွင် သူက ထိုစွမ်းရည်အား တာအိုကို သက်သေပြပြီးသည့်နောက်တွင် အသက်ပို တချို့ရလာအောင် လေ့ကျင့်ပေးထားခဲ့၏။

ထို့ကြောင့် သူက ကုသဖို့အရာအတွက် အသုံးပြုသည့် စွမ်းရည်များ မလိုအပ်ဘဲ ၉ကြိမ်တိုင်တိုင် အသက်ရှင်ဖို့ အနေအထားတစ်ခုသို့ တိုးမြှင့်နိုင်ခဲ့သည်။

ငါ့ဆီမှာ အသက်၂သက်ပဲ ကျန်တော့တယ်…

ဝမ်ဝေ့က တိထျန်း၏ တိုက်ကွက်နောက်မှ အကျိုးဆက်ကို သဘောပေါက်ကာ တွေးလိုက်မိသည်။ သူ့တွင် သူ ရှိသင့်သည့် အသက်၉သက် မရှိထားဘဲ ၃သက်သာ ရှိထားလေ၏။

ငါ သူ့နည်းစနစ်ရဲ့ အမှန်တရားကို ရှာဖွေဖို့လိုအပ်တာ ဘာမဆို လုပ်ရမယ်။ ကဲ နှစ်ခုနဲ့တော့ လုံလောက်ဖို့ မျှော်လင့်ပါရဲ့…

ဝမ်ဝေ့က သူ့ကိုယ်သူ အသက်ပြန်သွင်းဖို့ တခြားနည်းလမ်းများ ရှိလေသည်။ သူ့အဆင့်တွင် သေခြင်းတရားက စတင်၍ အဓိပ္ပာယ်မဲ့လာခဲ့၏။ သို့သော်လည်း ထိုနည်းလမ်းများက ကန့်သတ်ချက်များ ရှိထားပြီး သူက သူ့တစ်စိတ်တစ်ပိုင်း အသက်ရှင်ဖို့ လိုအပ်သည်မျိုး သို့မဟုတ် သူက ပြင်ပအကူအညီ သို့မဟုတ် ပြင်ဆင်မှုမျိုးကို လိုအပ်သည်မျိုး ဖြစ်တတ်သည်။

သေခြင်းရှင်ခြင်း စက်ဝန်းကသာ မရဏအစားထိုးအဆောင်နှင့် တူညီပြီး သူ့အား ပြင်ဆင်မှု သို့မဟုတ် အကျိုးဆက် မရှိဘဲ အပြည့်အဝ အသက်ပြန်သွင်းနိုင်သည်။

ဝမ်ဝေ့က ကျူးလုံ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ထိုတိုက်ပွဲက အရေးကြီးသည့် အနေအထားသို့ ရောက်ရှိလာကြောင်း သိလိုက်၏။ အကယ်၍ သူသာ ဂရုမစိုက်ပါက သေခြင်းတရားထက် ဆိုးရွားသည့် သူ့တာအိုခရီးလမ်း အဆုံးသတ်မှုကို ကြုံတွေ့ရလိမ့်မည်။

All Chapters