← Chapters

အနိုင်ရရှိသူ

Vol. 63 Ch. 881

အနိုင်ရရှိသူ

Vol. 63 Ch. 881

တိထျန်းက အသက်ပြင်းပြင်းရှူလိုက်၏။ သူက သံသရာမျှော်နန်းဆောင်နှင့် သံသရာစည်းတံဆိပ်ကို မပေါင်းစပ်ခင် ထာဝရဧကရာဇ်ဖြစ်ပြီးသည်အထိ စောင့်ဆိုင်းဖို့လိုကြောင်း သိထားသည်။

သို့သော်လည်း ယခုတွင် ထိုအရာကို ဂရုမစိုက်နိုင်တော့ပေ။ သူက ၉ကြိမ်မြောက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ရှုံးနိမ့်ပြီး ၁၀ကြိမ်မြောက်မှ အနိုင်မရလိုပေ။ သူက သူ့အတွက် ကံကြမ္မာဖန်သည့် လမ်းစဉ်အတိုင်း မလျှောက်လှမ်းလိုပေ။

သူ့အပြုအမူများက မျှော်စင်၏ အရည်အသွေးကို လျှော့ချလိုက်ပြီး ၁၀ဆင့်မြောက်အလွှာကို မရယူနိုင်လျှင်ပင် သူက ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ ဆန္ဒရှိသရွေ့ နည်းလမ်း ရှိပေသည်။ သူ တာအိုကို သက်သေပြပြီးသည့်နောက်တွင် ထိုဟာကွက်အတွက် နည်းလမ်းကို ရှာဖွေနိုင်လောက်၏။

ဝုန်း

မျှော်နန်းဆောင်၏ အငွေ့အသက်က ရုတ်ချည်းဆိုသလို တိုးမြင့်သွားပြီး ၉ဆင့်မြောက်အလွှာ ပွင့်လာသည်။ ရုတ်ချည်းဆိုသလို မျှော်နန်းဆောင်က တိုးပွားသွားပြီး တိထျန်း၏ စွမ်းအားက မဟာတာအိုအရင်းအမြစ် ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိသွားလေ၏။

သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် တစ်ဖက်လူအပေါ် မရဏလက်ဝါးချက်ကို ထုတ်လွှတ်လိုက်သည်။

ဝမ်ဝေ့က ထိုဧရာမလက်ဝါးချက်နှင့် ယှဉ်လိုက်လျှင် အတော်အတန် သေးငယ်နေ၏။ ထိုအရာက မျှော်နန်းဆောင်ထဲရှိ အမှတ်ရစရာမကောင်းသည့် မှတ်ဉာဏ်တချို့ကိုပင် ပြန်လည်အမှတ်ရသွားစေသည်။

သေခြင်းတရားက သူ့ကို ချဉ်းကပ်လာသည့်အခါတွင်ပင် သူက တည်ငြိမ်နေဆဲ ဖြစ်၏။

သူက မျက်လုံးများ ပိတ်လျက်သားဖြင့် လက်လျှော့ကာ ကံကြမ္မာကို လက်ခံလိုက်ဟန်ပေါ်သည်။ သို့သော်လည်း အားလုံးကို အံ့အားသင့်သွားစေသည်က ထိုလက်ဝါးသည် သူက မတည်ရှိနေသကဲ့သို့ ဖောက်ဝင်သွား၏။

သူ့ဒွါရမှ သွေးများ စီးကျလာသော်လည်း ထိုအရာသည် တိထျန်း၏ တိုက်ကွက်ကြောင့် မဟုတ်ဘဲ သူ အသုံးပြုခဲ့သည့် နည်းစနစ်မှ တန်ပြန်သက်ရောက်မှုသာ ဖြစ်ကြောင်း ပြောနိုင်ကြသည်။

ကိုယ်ထည်မဲ့လား။ မဟုတ်သေးပါဘူး ငါ အဲဒီနည်းစနစ်ကို ဖြေရှင်းပြီးသွားပြီလေ…

တိထျန်းက တွေးလိုက်မိပြီး ဒုတိယတိုက်ကွက်ကို ထပ်မံထုတ်လွှတ်လိုက်သည်။ ရလဒ်က အတူတူဖြစ်နေသော်လည်း သူ့မျက်ဝန်းအထက် နားလည်သည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။

ဒါက ရှောင်ရှားရေး နည်းစနစ်တစ်မျိုးပဲ။ နိယာမ အယူအဆ သဘောတရားတွေကိုတောင် ရှောင်ရှားနိုင်တယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်အပေါ်တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ပုံပဲ…

တိထျန်း၏ သုံးသပ်ချက်က မှန်ကန်နေခဲ့သည်။ ဝမ်ဝေ့က သူ့ဘိုးဘေးတိုက်ပွဲရူး၏ နာမည်ကျော် ရှောင်ရှားရေးနည်းစနစ်ကို အသုံးပြုခဲ့သည်။ ကံဆိုးစွာဖြင့် ထိုနည်းစနစ်ကို စံပြတစ်ယောက်က ဖန်တီးထားပြီး အရင်းအမြစ် ကျင့်စဉ်တစ်ခုအဖြစ် ပြောင်းလဲထားခဲ့သည်။

ဝမ်ဝေ့၏ လက်ရှိအခြေအနေဖြင့် တိထျန်း၏ စွမ်းအားက သူ့ထက် ပိုအားကောင်းနေသည့် အချက်ကိုပါ ထည့်တွက်လိုက်လျှင် ထိုနည်းစနစ်ကို အသုံးပြုသည့် တန်ပြန်သက်ရောက်မှုက သူ ထင်ထားသည်ထက် ပို၍ ကြီးမားနေခဲ့သည်။

သို့သော်လည်း ထိုအရာအားလုံးက ထိုက်တန်ပေ၏။

မဟာတာအိုအရင်းအမြစ် လေးရာခိုင်နှုန်း

သူက ထိုတိုက်ကွက်နှစ်ခုမှ ရှင်သန်ပြီးသည့်နောက်တွင် ထိုအနေအထားထိ အောင်အောင်မြင်မြင် ရောက်ရှိလာခဲ့သည်။

ငါ့လက်ရှိအင်အားက တိထျန်းထက် မြင့်မားပေမဲ့ သူ့မျှော်နန်းဆောင်နဲ့ဆိုရင်တော့ ငါ မယှဉ်နိုင်သေးဘူး…

ဝမ်ဝေ့က ထိုမျှော်နန်းဆောင်ကို တွေးမိသည့်အခါတိုင်း ကျိန်ဆဲပစ်ချင်သည်။ သူ့သုံးသပ်ချက်အရ ထိုလက်နက်သည် တိထျန်းသာ မှန်မှန်ကန်ကန် ပြုမူနိုင်ပါက မဟာတာအိုအရင်းအမြစ် ဆယ်ရာခိုင်နှုန်းအထိ တိုးမြင့်နိုင်ကြောင်း သိထား၏။

ကောင်းပြီ။ အာရုံစိုက်ထားရအောင်။ ဒါက အစပဲရှိသေးတယ်…

၄.၁ ရာခိုင်နှုန်း၊ ၄.၂ ရာခိုင်နှုန်း၊ ၄.၃ ရာခိုင်နှုန်း၊ ၄.၄ ရာခိုင်နှုန်း၊ ၄.၅ ရာခိုင်နှုန်း

ထိုဖြစ်စဉ်က ချောမွေ့နေလေသည်။ သို့သော်လည်း ဝမ်ဝေ့က တိထျန်းသည် တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည့်အတွက် သိပ်မပျော်တော့ပေ။ ထိုစဉ် သူ့မျှော်နန်းဆောင်မှ ထုတ်လွှတ်လာသည့်အရှိန်အဝါက သိသိသာသာ ပြင်းထန်လာပြီး သူ့အလိုလိုသိစိတ်က သူ့ကို သတိပေးလာသည်။

၄.၉ ရာခိုင်နှုန်း

ထိုအရာက ဝမ်ဝေ့အတွက် ပျော်ရွှင်သင့်သော်လည်း သူက မျက်လုံးများ ဖွင့်လိုက်သည်။ တိထျန်းက အသုံးအဆောင်ပစ္စည်းနှစ်ခုကို ပေါင်းစည်းကာ ၉ဆင့်မြောက်အလွှာကို သူ့အရင် ဖွင့်လှစ်နိုင်ခဲ့၏။

သူက အနက်ရောင်လက်ဝါး သူ့ဆီ ဆင်းသက်လာသည်ကို ကြည့်နေရင်း သူ့လက်ရှိအင်အားဖြင့် ထိုတိုက်ကွက်ကို မယှဉ်နိုင်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက ဝှက်ဖဲတစ်ခုကို အသုံးပြုလိုက်၏။

သူ့လက်ထဲတွင် ကြေးမုံတစ်ခု ပေါ်ထွက်လာသည်။ သူက တုံ့ဆိုင်းမနေဘဲ နိမိတ်ကြေးမုံကို အသက်သွင်းကာ အခြေခံစွမ်းဆောင်ရည်တစ်ခု ဖြစ်သည့် ကူးယူခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။ ကျန့်ချောင်းက သူ့စွမ်းအား၊ ခွန်အားနှင့် စွမ်းဆောင်ရည်ကို ထိုအရာကို အသုံးပြု၍ ကူးယူခဲ့သည်။

ထို့ကြောင့် သူကလည်း တိထျန်းလို အတူတူလုပ်ဆောင်နိုင်၏။ သူတို့ကြားရှိ ကံကြမ္မာက ထိုသူက လီကျွင်းကို သတ်ပြီးသည့်နောက်တွင် ပိုမိုမြင့်သွားသည့်အတွက် ထိုသူ၏ စွမ်းအားအမြောက်အများကို သုံးစွဲနိုင်လိမ့်မည်။

နှမြောစရာကောင်းလှသည်က ကျန့်ချောင်း အသုံးပြုစဉ်အခါကလိုမျိုး တူညီသည့် ကန့်သတ်ချက်မျိုး ရှိနေလေသည်။ ထိုအရာက ထူးကဲသည့် ကဏ္ဍများကို မကူးယူနိုင်ပေ။ တိထျန်းတွင် ထူးကဲသည့် အရာတချို့ရှိနေလေ၏။

ပထမတစ်ခုက ဒဿမသာလွန်အုတ်မြစ် ဖြစ်သည်။ ဟွင်သွမ်းစကြဝဠာတစ်ခုလုံးတွင် ထိုအုတ်မြစ်ရှိထားသည့်သူ နှစ်ယောက်ထဲသာ ရှိပြီး ထိုသူက ပထမဦးဆုံးရယူနိုင်ခဲ့သူ ဖြစ်၏။ ဒုတိယအနေဖြင့် သူ့သံသရာကိုးပါး မဟုတ်သေးဘူး … သံသရာဆယ်ပါးဆေးကြောမှု ဖြစ်သည်။

တတိယတစ်ခုကမူ မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက် ဖြစ်၏။ ထိုအရာက အားပျော့နေသည့် သွေးမျိုးဆက်ဖြစ်သော်လည်း ကြေးမုံက ထိုအရာ၏ စွမ်းဆောင်ရည်နှင့် စွမ်းအားကို မကူးယူနိုင်ခဲ့ပေ။ နောက်ဆုံးတွင် နောက်ဆုံးသော ထူးခြားနေသည့် အချက်ကမူ သူ့သံသရာမျှော်နန်းဆောင် ဖြစ်၏။

ဝမ်ဝေ့က ထိုရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သည့်အတွက် အဆိုးဆုံးအခြေအနေကို ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် သူက သူ ရှုံးနိမ့်ပြီးသည့်နောက်တွင် တိထျန်းအတွက် ဖန်တီးထားသည့် ဝှက်ဖဲတစ်ခုကို အသုံးပြုခဲ့၏။ ထိုနည်းစနစ်မှာ …

ကံကြမ္မာက မမျှတဘူး

လူတချို့က တခြားလူတစ်ယောက် တစ်ဘဝလုံး ကုန်ဆုံးကာ ရယူရမည့် အောင်မြင်မှုမျိုးဖြင့် မွေးဖွားလာကြသည်။ လူတချို့က ပါရမီကောင်းမွန်ကာ မွေးဖွားလာကြပြီး လူအများ နှစ်များစွာ အားထုတ်ကြိုးပမ်းရသည့်အရာကို ချက်ချင်းသင်ယူနိုင်ကြသည်။

ပါရမီ၊ ကံကောင်းမှုနှင့် နောက်ခံတို့က ကံကောင်းမှုသည် လူများစွာအား ထိန်းချုပ်ထားသည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်ကာ သူတို့၏ ကံကြမ္မာနှင့် အောင်မြင်မှုကို ဆုံးဖြတ်ပေးနိုင်သည်။

ဝမ်ဝေ့က စိတ်ဝိညာဉ်ခရီးလမ်းအတွင်း ပထမဦးဆုံးတိုက်ပွဲတွင် ထိုအမှန်တရားကို သင်ယူခဲ့ရသည်။ သူက သေခြင်းရှင်ခြင်းကြားတွင် ဖြတ်ကျော်ခဲ့ရသည့် ကြေးစားတစ်ယောက်ဆီမှ ရှောင်ရှားရေးနည်းလမ်းကို သင်ယူခဲ့သည်။ သို့သော် သူ့ပါရမီဖြင့် သူသည် မိနစ်ပိုင်းခန့်မျှဖြင့် သင်ယူနိုင်ခဲ့သည်။

ထိုနည်းစနစ်က ထိုအချက်အပေါ် မူတည်ထားခြင်း ဖြစ်၏။ ကြေးမုံကို အားဖြည့်ပေးသည့်နောက်တွင် ထိုအရာက ဝမ်ဝေ့အတွက် တိထျန်း၏ စွမ်းအားအားလုံးကို ရယူဖို့ ပိုမိုလွယ်ကူလာသည့် အကြောင်းမှာ သူက ကံကြမ္မာဖြင့် ကောင်းချီးပေးခံထားရသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဖြစ်နေ၍ ဖြစ်သည်။

ဝုန်း

သူက တိထျန်း စွမ်းအား၏ ၉၅ရာခိုင်နှုန်းကို ရယူပြီးသည့်နောက်တွင် သိသိသာသာ တိုးမြင့်လာသည်။ သို့သော်လည်း သူက မရဏလက်ဝါးကို မပိတ်ဆို့ဘဲ ဆက်လက်ရှောင်ရှားလိုက်သည်။ ကံကောင်းသည်ကား လက်ရှိစွမ်းရည်ဖြင့် ကိစ္စများက ပိုမိုလွယ်ကူခဲ့သည်။

ထို့နောက် သူတို့နှစ်ယောက်က အချင်းချင်းကြည့်ကာ အတွေးနက်နေကြသည်။

ကြည့်ရတာ ငါ အဲဒီနည်းစနစ်ကို အသုံးပြုရတော့မဲ့ပုံပဲ…

သံသရာ၉ပါး လက်သီး - သံသရာအုပ်ချုပ်သူ

တိထျန်းက ထိုသို့မလုပ်ချင်သည်မှာ တစ်စုံတစ်ခု ဆိုးဆိုးရွားရွား ဖြစ်ပျက်လာတော့မည်ဟု အမြဲတမ်းခံစားခဲ့ရ၍ ဖြစ်သည်။ ပြင်းထန်သည့် အကျိုးဆက် ရှိလာနိုင်၏။ သို့သော် ယခု သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။

သူက သူ့ထက် အားနည်းနေဆဲဖြစ်သည့် ဝမ်ဝေ့ကို ကြည့်ကာ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသော်လည်း အရင်းအမြစ်ကို နားမလည်နိုင်ပေ။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဖို့ ဆုံးဖြတ်လိုက်၏။

တိထျန်း၏ အနောက်ဖက်တွင် သံသရာလမ်းစဉ် ၆ပါး ပေါ်ထွက်လာပြီး ငရဲ၊ သေခြင်းရှင်ခြင်းစာအုပ်၊ အကဲဖြတ်ခြင်းစုတ်တံ၊ နိုက်ဟယ်တံတားနှင့် သံသရာစက်ဝန်းပုံရိပ်များလည်း ပေါ်ထွက်လာလေ၏။ သူတို့အားလုံးက သူ့မျှော်နန်းဆောင်ဝန်းကျင်တွင် လှည့်ပတ်နေပြီး တိထျန်းရှေ့တွင် ထူးဆန်းသည့် မှော်စက်ဝန်းတစ်ခု ပေါ်ထွက်လာသည်။

ဝမ်ဝေ့က နှလုံးခုန်တစ်ချက် မြန်သွားပြီး အလျင်အမြန် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်လိုက်သည်။

ကြည့်ရှုနေသည့် လူများစွာက ထိုနှစ်ယောက် ဘာတွေလုပ်နေလဲဟု စဉ်းစားနေကြ၏။

စလိုက်ကြရအောင်။ ဒီကမ္ဘာက ငါနဲ့ အတော်လေးကို လိုက်လျောညီထွေဖြစ်နေပြီ။ ငါ ဒီဟာကို တစ်ခါမှ ထည့်မစဉ်းစားခဲ့ဖူးဘူး။ ဒါပေမဲ့ ဖြစ်စဉ်တစ်ခုလုံးက သိသာလွန်းတယ်။ ငါက တာအိုကို သက်သေပြဖို့ ကောင်းကင်အလိုဆန္ဒကို ဘာလို့များလိုတာလဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ငါ ကမ္ဘာမြေမှာ ဖတ်ဖူးတဲ့ ဝတ္ထုတွေထဲမှာ ငါ့ရဲ့ ပြန်လည်ဝင်စားသူ ရောင်းရင်းတွေက ဧကရာဇ်ဖြစ်လာဖို့ သူတို့ကိုယ်သူတို့ မှီခိုခဲတယ်။ အဲဒါဆိုတော့ ငါက ဘာလို့အတူတူ မကြိုးစားကြည့်ရမှာလဲ…

သူက စည်းမျဉ်းပလ္လင်မှ တစ်နေရာဆီ ဦးတည်သွားသည့် လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။

ဒီကမ္ဘာရဲ့ အုပ်ချုပ်သူက တင်းကြပ်ပြီးတော့ ကန့်သတ်ချက်တွေ အများကြီး ရှိတယ်။ အဲဒါဆိုတော ငါ့ရဲ့ စိတ်သဘောထားက ဒီအရာကို မဖြစ်နိုင်ဘူးလို့ပဲ အမြဲတမ်း တွေးထင်နေခဲ့တာ။ ဒါပေမဲ့ အမြဲတမ်း ဒဿမသာလွန်အုတ်မြစ်ကို ရယူနိုင်ခဲ့တာက စည်းမျဉ်းတွေက အကြွင်းမဲ့ မဟုတ်ဘူးဆိုတာကို သက်သေပြနိုင်လိုက်ပြီ။

ပြီးတော့ ဒါက မဖြစ်နိုင်ဘူးဆိုရင်တောင် ငါ ကြိုးစားကြည့်သင့်တယ်။ ကံကောင်းတာက အရမ်းကြီး နောက်ကျမသွားသေးဘူး…

ဝမ်ဝေ့က အောင်မြင်ဖို့ရာအတွက် နည်းလမ်းတစ်ခု ရှိထားလေသည်။ ကျိလန်ဖန်း၏ ကမ္ဘာတွင် သူက တာအိုလျှောက်လှမ်း ကျင့်ကြံရေးနည်းစနစ်ကို ရယူခဲ့သည်။ ထိုနည်းစနစ်၏ ဖန်တီးသူသည် လူများအား ပြင်ပအကူအညီ မလိုဘဲ တာအိုကို သက်သေပြမည့် နည်းလမ်း သို့မဟုတ် တာအိုဘိုးဘေး ဖြစ်လာနိုင်မည့် နည်းလမ်းကို ဖန်တီးလိုခဲ့သည်။ သူက ကျရှုံးသွားခဲ့၏။

သို့သော် ဝမ်ဝေ့က သူ့တွင် အောင်မြင်နိုင်မည့် အခွင့်အရေးရှိကြောင်း သိလေသည်။ သူက ထိုကျင့်စဉ်၏ နောက်ဆုံးအဆင့်မှ အတွေးအခေါ်ကို အသုံးပြုကာ မဟာတာအိုအရင်းအမြစ်ဆီ ဦးတည်နေသည့် ကောင်းကင်လမ်းကြောင်းကို ဖန်တီးခဲ့သည်။

သူက သူ့မဟာတာအိုအရင်းအမြစ် နားလည်နိုင်စွမ်းကို အသုံးပြုကာ မဟာတာအိုအရင်းအမြစ်နှင့် ဆက်နွယ်နေသည့် ကောင်းကင်လမ်းကြောင်းကို တိုက်ရိုက် ဖန်တီးခဲ့၏။ နောက်ဆုံးတွင် ဝမ်ဝေ့က သူ့ကို ရှေ့တိုးလို့မရအောင် တားဆီးနေသည့် အတားအဆီးတစ်ခုကို တွေ့လိုက်ရသည်။

သူက အတားအဆီးကို ရှေ့တိုးရင်း သူ့နားလည်နိုင်စွမ်းက ၄.၉၁ ရာခိုင်နှုန်းအထိ ရောက်ရှိလာကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူက သူ့နားလည်နိုင်စွမ်း၊ တာအိုခန္ဓာ၊ ဝိညာဉ်၊ တာအိုနှလုံးသားနှင့် ခန္ဓာကိုယ်ကိုပင် အသုံးပြုကာ ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ ဆက်လက်တွန်းနေသည်။

မဆုတ်မနစ် အားထုတ်မှုဖြင့် သူ့နားလည်နိုင်စွမ်းက ၄.၉၉ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့သော်လည်း သူက နောက်ဆုံးသော အကာအရံကို မချိုးဖောက်နိုင်သေးပေ။

နောက်ဆုံးအဆင့်ပဲ…

သူက စိတ်လှုပ်ရှားစွာ တွေးလိုက်မိပြီး ပြင်ပမှ အန္တရာယ်ကို လျစ်လျူရှုထားလေသည်။ သူက အတုအယောင်တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းတို့၏ စွမ်းအားများကို စုစည်းကာ သူ့အစစ်အမှန်ဆန္ဒအဖြစ် ပေါင်းစည်းလိုက်သည်။

သူက တုံ့ဆိုင်းခြင်း မရှိဘဲ ထိုအတားအဆီးများကို တိုက်ခိုက်လိုက်သည်။

ဝုန်း

သူက သူ့စိတ်ထဲ တစ်စုံတစ်ခု လှုပ်ခတ်သွားသလို ခံစားမိလိုက်၏။ အသေအချာအနီးကပ်လေ့လာကြည့်ပါက သူ့ကြိုးစားမှုသည် အသုံးမဝင်သကဲ့သို့ ထင်ရပေသည်။ သို့သော်လည်း သူ့အာရုံက မှန်ကန်သည့် ဦးတည်ချက် ဖြစ်ကြောင်း ပြောပြနေ၏။ ထို့ကြောင့် သူက စိတ်စွမ်းအားအများစုကို အသက်သွင်းလိုက်ပြီး ခန္ဓာကိုယ်ကိုပင် ထိခိုက်နစ်နာစေခဲ့သည်။

ဝုန်း

ဝမ်ဝေ့က ထိုအတားအဆီးပေါ်တွင် အက်ရာအသေးလေးကို ခံစားမိလိုက်သည်။

ငါ့လမ်းကြောင်းက မှန်တယ်။ စိတ်စွမ်းအား မဟုတ်သေးဘူး … အစစ်အမှန်ဆန္ဒက ဆန်းကြယ်မှုတွေကို ဖန်တီးနိုင်တဲ့ စွမ်းအားပဲ…

ဝမ်ဝေ့က သူ့စွမ်းအားအများစုကို ဆက်လက် တွန်းပို့လိုက်သည်။

ဝုန်း

သူက ကန့်သတ်ချက် အတားအဆီးကို အတင်းအကြပ် ချိုးဖောက်လိုက်ပြီး သူ့ နားလည်နိုင်စွမ်းက ၅ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလို မဟာတာအိုအရင်းအမြစ်ဆီမှ ထူးကဲသည့် သံကြိုးတစ်ခု ပေါ်ထွက်လာပြီး ဝမ်ဝေ့၏ ကံကြမ္မာလွှမ်းမိုးရေးတာအို သို့မဟုတ် အကြွင်းမဲ့လွတ်လပ်မှု ကံကြမ္မာတာအိုကို စကြဝဠာက လက်ခံလိုက်သလိုမျိုး ဖြစ်၏။

သူက သူ့သံကြိုးသည် ပိုမိုအားကောင်းသည့် သံကြိုးဖြင့် ဆက်နွယ်သွားသလိုမျိုး ခံစားလိုက်ရသည်။ ထိုအရာက ဟွင်သွမ်းစကြဝဠာ၏ မူလတာအိုသုံးထောင်တွင် ရှိသည့် မူလကံကြမ္မာတာအို ဖြစ်နေနိုင်သည်။

ထို့နောက် သူနှင့် ဆက်နွယ်နေသည့် ထူးထူးဆန်းဆန်းသင်္ကေတတစ်ခု ပေါ်ထွက်လာကာ သံကြိုးပေါ်တွင် စွဲထင်လာသည်။

ဒါက ငါ့ရဲ့တာအိုအမှတ်အသားလား…

ဝမ်ဝေ့က လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်မလာခင် တွေးလိုက်မိသည်။ ထိုစဉ် သူက အပြောင်းအလဲကြီးကို ခံစားမိလိုက်၏။ သူ့တာအိုခန္ဓာကိုယ်က သန္ဓေသားလောင်း မဟုတ်တော့ဘဲ အသက်ဝင်နိုးထလာနိုင်သည်။

သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်က ဆေးကြောခြင်းကို ဖြတ်ကျော်ခဲ့ရပြီး မသေမျိုးအနှစ်သာရကို ရယူနိုင်ခဲ့သည်။ ယခုမှစ၍ သူသည် မသေမျိုးတစ်ယောက် ဖြစ်လာပြီဖြစ်သည့်အတွက် သက်တမ်းနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့ပေ။

ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်သည့်အချိန် တိထျန်းက လက်ဝါးတစ်ခုကို ဆင့်ခေါ်ထားသည်ကို မြင်လိုက်ရသည်။ ယခင် အနက်ရောင်လက်ဝါးနှင့် မတူဘဲ ဤတစ်ခုက လူသားလက်ဖြစ်ကာ နှင်းလိုမျိုး ဖြူစွတ်နေသည်။

ထို့အပြင် ရှည်လျားသည့် လက်သည်းများနှင့် ကြော့ရှင်းသည့် သွင်ပြင်ကြောင့် အမျိုးသမီးလက် ဖြစ်ဟန်ပေါ်၏။

ဒီအငွေ့အသက်က အဲဒီကံကြမ္မာစီရင်သူဟာပဲ။ အဲဒီလူက ကာဒီနယ် ၆ယောက်ထဲက တစ်ယောက်ကို ဆင့်ခေါ်ခဲ့တာလား…

ဝမ်ဝေ့က ခေတ္တမျှ ကြောင်အမ်းသွားလေ၏။ နောက်ပိုင်းမှသာ တိထျန်းက တကယ့်ပိုင်ရှင်ဆီမှ စွမ်းအား ဒက်ဆီလီယွန်ပုံတစ်ပုံသာ ရှိသည့် ပုံရိပ်ယောင်တစ်ခုကို ဆင့်ခေါ်ထားကြောင်း သဘောပေါက်သွားခဲ့သည်။

ဒက်ဆီလီယွန် - တစ်နောက်မှာ သုည ၃၃ လုံး

ထိုအရာက လျှော့တွက်တာမျိုး ဖြစ်နေနိုင်သည်။

တကယ်ကို နည်းစနစ်ကောင်းပဲ…

သူက မှတ်ချက် ပေးလိုက်၏။

ဤသို့သော နည်းစနစ်မျိုးက သူ ဖန်တီးထားသည်ထက်ပင် ကျော်လွန်နေသည်။ သူက တိထျန်း၏ မြောက်များစွာသော ပြန်လည်ဝင်စားမှုနှင့် သံသရာကို ရှာဖွေခဲ့သည့် အချိန်များကြောင့် ဖြစ်နိုင်မှန်း ပြောနိုင်လေ၏။

ကံဆိုးတာက မင်း နောက်ကျသွားခဲ့ပြီ…

သူက ဝူကျိတာအိုကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို ကောင်းချီးပေးခဲ့ပြီး ဗလာနတ္ထိ၏ ဒုတိယအဆင့်ဖြစ်သည့် ဗလာအနေအထားသို့ ဝင်ရောက်သွားခဲ့သည်။

ဝုန်း

လက်က သူ့ကို ထိုးဖောက်သွားလေသည်။

ဒဏ်ရာရသွားတုန်းလား…

ဝမ်ဝေ့က သူ့ဘယ်ဖက်လက်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ နိယာမသဘောတရားသာ ရှိနေသည့် သူ့လက်ရှိခန္ဓာကိုယ်ဖြင့်ပင် ထိုအစိတ်အပိုင်းက သေဆုံးသွားသည့်အတွက် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။

ဒါက တားမြစ်ချက်ထဲကတစ်ခုရဲ့ စွမ်းအားလား။ မေတ္တယျနဲ့ အဲဒီလူတောင် ဒီအဆင့်ကို ရောက်မယ်မထင်ဘူး။ အဲဒီလူတွေက သာလွန်မှုကို ရောက်ရှိသွားတာလား၊ ဒါမှမဟုတ် သူတို့က မရောက်သေးဘဲနဲ့ အဲဒီလမ်းစဉ်ကို လျှောက်လှမ်းနေတုန်းလား…

ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။ ယခုအတွက် ထိုအရာကို သိဖို့ရာအချိန် မဟုတ်သေးကြောင်း သိလိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ ပျက်စီးသွားသည့် အစိတ်အပိုင်းကို ပြန်လည်ဖယ်ရှားကာ ကုစားလိုက်သည်။

သူက တိထျန်းကို တည်တည်ငြိမ်ငြိမ်သာ ကြည့်လိုက်၏။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ထိုသူက ခုခံမှုမရှိဘဲ မေ့လဲသွားသည်။

တိထျန်းက ထိုနည်းစနစ်ကို အသုံးပြုပြီးသည့်နောက်တွင် ပြိုလဲလုနီးပါးအခြေအနေ ရောက်ရှိနေပြီဖြစ်သည့်အတွက် အင်အားကင်းမဲ့နေခဲ့သည်။

ဝမ်ဝေ့က ခေါင်းလှည့်ကြည့်လိုက်သည့်အချိန် ထင်ထားသည့်အတိုင်း ခရမ်းရွှေရောင် သတ္တုလုံးတစ်ခုက သူ့ရှေ့မြောလွင့်နေသည်။

“ကောင်းကင်အလိုဆန္ဒ” သူကအပြုံးဖြင့် ရေရွတ်လိုက်၏။ ထို့နောက် သူက တုံ့ဆိုင်းခြင်း မရှိဘဲ စုပ်ယူလိုက်သည်။

ထာဝရဧကရာဇ်လမ်းစဉ်က သူ့အတွက် ပွင့်လာလေပြီ။

All Chapters