လူသေတို့ကို နှိုးခြင်း
Vol. 40 Ch. 553
ချင်မူက အရိုးစုဘေးတွင် ထိုင်ချ၍ လိမ်းဆေးများထုတ်ကာ ဒဏ်ရာများအပေါ် သုတ်လိမ်းလိုက်သည်။ “ကျွန်တော်က အစကတည်းက အပဘုံက လာတာပါ... ဘာကြောင့် သူတို့ကို ကြောက်နေရမှာလဲ” သူက ပြုံးလျက် ပြောလိုက်သည်။
အရိုးစုက ထထိုင်ကာ ပြောလာ၏။ “ဒီနေရာက ဘယ်သူမှ အသက်မရှင်နိုင်တဲ့ အပမြေပဲ... မင်း အခုချက်ချင်း လှည့်ထွက်မှ အသက်ရှင်မယ်”
ချင်မူ ဒဏ်ရာများမှ သွေးမည်းမည်းများကို ညှစ်ချပြီး မိစ္ဆာနတ်ဆိုးချီများ ထုတ်လိုက်သည်။ “လှည့်ထွက်လိုက်ရင်လည်း သေမင်းပါးစပ်ထဲ ရောက်မှာပဲ... ရှေ့ဆက်သွားတာကဖြင့် အသက်ရှင်နိုင်ဦးမယ်... ဘယ်လမ်းက အန္တရာယ်ပိုကင်းလဲ နောင်ကြီး သိလား”
အရိုးစုက ခေါင်းယမ်းပြသည်။
ချင်မူက ဆေးလိမ်းပြီးလျှင် ချီစွမ်းအင်ထုတ်လွှတ်လိုက်၏။ ချီစွမ်းအင်ကို တစ်ကြိမ်လှည့်ပတ်ကြည့်ပြီး ဒဏ်ရာများ ပွင့်မလာတော့မှ ထရပ်လိုက်သည်။ “အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘယ်မှာလဲရော သိလား”
“အဲဒါ အရှေ့ပဲ” အရိုးစုက လက်ညှိုးထိုးပြသည်။
“ကျေးဇူးပါဗျ”
ချင်မူလည်း အရိုးစု လက်ညှိုးထိုးပြသော အရပ်မျက်နှာသို့ လှည့်ထွက်လိုက်သည်။ ခြေနှစ်လှမ်း လှမ်းပြီးသောအခါ ရပ်ပြီး လှည့်ပြုံးပြလိုက်၏။ “နောင်ကြီး၊ ဘာလို့ ကျွန်တော့်နောက် လိုက်နေတာလဲ”
အရိုးက သူ့အနောက်တည့်တည့်တွင် ဖြစ်ချေသည်။ သူ ရပ်လိုက်သည်ကို မြင်လျှင် ကပျာကယာ လိုက်ရပ်လိုက်၏။ “ငါ ငေးကြောင်နေခဲ့တုန်းက သက်ရှိထင်ရှားဘဝမှာ ဘာဖြစ်ခဲ့မှန်း မမှတ်မိခဲ့ဘူး.. ဒါပေမဲ့ အခုတော့ မှုန်မှုန်ဝါးဝါး မှတ်မိလာသလို ရှိတယ်... မင်းက ငါ့ကို နှိုးခဲ့တဲ့ တစ်ယောက်ဆိုတော့ မင်းနောက်မလိုက်လို့ ဘယ်သူ့နောက် လိုက်ရမှာလဲ”
ချင်မူ တဟားဟား ရယ်လိုက်မိသည်။ “လူသားနဲ့ တစ္ဆေဆိုတာ မတူညီတဲ့ လမ်းသွားတွေပါ... နောင်ကြီး ကျွန်တော့်နောက် လိုက်နေလို့ မဖြစ်ဘူး... ပြန်သာ အိပ်လိုက်ပါတော့”
“ငေးကြောင်နေတုန်းက အိပ်လို့ရသေးတယ်... တိုက်ပွဲ၊ အကြောင်းရင်းတွေကိုလည်း ဂရုမစိုက်ခဲ့ဘူး... ဒါပေမဲ့ အခု မင်းက ငါ့ကို နှိုးလိုက်တော့ ငါ အိပ်မရတော့ဘူး... မင်းက ငါ အိပ်နေတာကို နှောင့်ယှက်ခဲ့တာလေ... အဲဒီအတွက် တာဝန်ယူပေးရမယ်”
“နောင်ကြီးက တော်တော်အားကိုးမရတဲ့ သရဲတစ္ဆေပဲ” ချင်မူ မည်သို့မျှမတတ်နိုင်တော့ဘဲ ရှေ့ပြန်လှည့်ကာ အလေးအနက် ရှင်းပြလိုက်သည်။ “နောင်ကြီးမှာ ဝိညာဉ်တချို့ ရှိနေသေးတာတွေ့လို့ အရပ်မျက်နှာမေးဖို့ ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်နဲ့ နှိုးလိုက်တာပါ... ဒါပေမဲ့ နောင်ကြီးက ဘာမှမသိခဲ့ဘူး.. အန္တရာယ်ကင်းတဲ့ လမ်းကိုလည်း မပြနိုင်ခဲ့ဘူး... ဒါ့အပြင် နောင်ကြီးက လူသေလေ... ကျွန်တော် ဒီအပမြေကနေ အသက်ရှင်ရက် ထွက်သွားနိုင်ရင်တောင်မှ နောင်ကြီးအနေနဲ့ သက်ရှိကမ္ဘာကို လိုက်လို့မရဘူးဗျ... နောင်ကြီး၊ နောင်ကြီးက သေနေပြီ... ပြန်သာအိပ်လိုက်ပါတော့”
အရိုးစုက ခေါင်းယမ်းလိုက်၏။ “အရင်တုန်းက ဘာမှ မပူပန်ခဲ့ဘူး... အခု မင်းက ငါ့ကို နှိုးလိုက်တော့ ငါ ပူပန်နေရပြီ... မင်း ငါ့ကို တာဝန်ယူရမယ်”
ချင်မူ ခေါင်းကိုက်လာသော်လည်း အပြုံးမပျက်သေးပေ။ “အဲဒါဆို ကျွန်တော် ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်နဲ့ နောင်ကြီးရဲ့ တစ်ပိုင်းတစဝိညာဉ်ကို ပြန်ထုတ်ပေးမယ်... ဒါဆို ပြန်အိပ်နိုင်သွားမယ်လေ... ဘယ်လိုလဲ”
“မရဘူး” အရိုးစုက ခေါင်းယမ်းပြန်သည်။ “ငါက ပြန်နိုးနေပြီလေ.. ငါ့ဝိညာဉ်ကို ထုတ်မယ်ဆိုရင် ငါ့ကို သတ်တာနဲ့ အတူတူပဲပေါ့... အဲဒီလိုနာကျင်မှုမျိုး ငါ မခံစားနိုင်ဘူး”
ချင်မူမှာ အမှန်တကယ်ပင် ခေါင်းကိုက်လာ၏။ သူက လှည့်၍ အရှေ့အရပ်ဆီသို့ ဦးတည်လိုက်သည်။ အရိုးစုက သူ့အနောက်မှ ဆက်လိုက်လာနေသည်။
ချင်မူ အရိုးစုကို ထပ်မံဖျောင်းဖျရန် ကြိုးစားလိုက်သော်လည်း နွံ့အိုင်မှ ရေများ တဝုန်းဝုန်း ထကြွလာသည်။ ရေစိုရွဲနေသော အလောင်းတစ်လောင်းက ထလာပြီး သူ့ကို စိုက်ကြည့်၏။
ချင်မူ ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။ နွံအိုင်ထဲရှိ အလောင်းများမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သေဆုံးခဲ့ကြသော်လည်း ယခုထက်ထိ မဆွေးမြေ့သေးပေ။ ၎င်းတို့၏ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများက ပျက်စီးစုတ်ပြတ်နေသော်လည်း မျက်လုံးများက သွေးရောင်တောက်နေဆဲ ဖြစ်သည်။
အလောင်းတို့သည် အသက်ရှင်စဉ်အခါက အလွန်သန်မာအားကောင်းခဲ့ကြသည့်အတွက် သေဆုံးပြီးနောက် သူတို့၏အလောင်းများတွင်လည်း သိပ်သည်းထူထဲသော အရှိန်အဝါများ ရှိနေကြ၏။ လွန်စွာ ကြောက်မက်ဖွယ်ရာကောင်းပေသည်။
ရုတ်တရက် ချင်မူ့အနောက်ရှိ အရိုးစုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ရေထဲရှိ အလောင်းများမှာ အမိန့်ရလိုက်သကဲ့သို့ ရေထဲ ပြန်ငုပ်သွားကြသည်။
ချင်မူ အံ့အားသင့်သွား၏။ “သူတို့ဘာလို့ နောင်ကြီးစကား နားထောင်ကြတာလဲ”
အရိုးစုလည်း ကြောင်တောင်တောင် ဖြစ်နေသည်။ သူက တခဏတွေးပြီးသောအခါ ပြောလာ၏။ “သူတို့က ငါနဲ့အတူ တိုက်ပွဲကျသွားတဲ့ ငါ့လက်အောက်ငယ်သားတွေလို့ ခံစားနေရတယ်.... သူတို့ မင်းကို အန္တရာယ်ပြုချင်နေတာ မြင်တော့ လှမ်းဆူလိုက်တာပါ... ငါ့စကားကို အခုထိ နားထောင်ကြသေးလို့ တော်သေးတယ်”
ချင်မူ စိတ်ဝင်စားလာသဖြင့် ပြုံးရယ်ကာ မေးလိုက်သည်။ “နောင်ကြီးက မသေခင်တုန်းက ဘယ်သူလဲ ... မှတ်မိသေးလား”
အရိုးစုက စဉ်းစားကြည့်ပြီးနောက် ခေါင်းယမ်း၏။ “မမှတ်မိဘူး”
ချင်မူမှာ ပို၍ပင် စိတ်ဝင်စားလာ၍ ခြေလှမ်းများကို ရပ်လိုက်သည်။ “ကျွန်တော့်မှာ ယိုတုနဲ့ ဆက်သွယ်ပြီး တစ်ပိုင်းတစဝိညာဉ်တွေကို စုစည်းပေးနိုင်တဲ့ ကောင်းကင်နတ်သိုင်းတစ်ခု ရှိတယ်... နောင်ကြီး ပြန်မှတ်မိအောင် အဲဒါသိုင်း ထုတ်လွှတ်ကြည့်လိုက်မယ် ... အကယ်လို့ ပြန်မှတ်မိသွားရင် ကျွန်တော့်နောက် မလိုက်တော့နဲ့နော်”
အရိုးစုကလည်း ဝမ်းမြောက်ဝမ်းသာစွာ ပြုံးလိုက်၏။ “မှတ်မိသွားလို့ကတော့ ဒီကျေးဇူးကြီးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်”
ချင်မူက ခေါင်းစည်းကြိုးကို ဖြေချလိုက်ရာ သူ့ဆံပင်များ ပခုံးကိုကျော်၍ ပြေကျသွားသည်။ ထို့နောက် သူက စနေဂြိုဟ်အရှင်သခင်အသွင် ပြောင်းကာ ကောင်းကင်အအလိုတော်မုခ်ဝကို ဖွဲ့တည်လိုက်၏။ ထို့နောက် ထူးဆန်းသော မိစ္ဆာစကားဖြင့် တစ္ဆေကိုးကောင်ဂိုဏ်း၏ ဝိညာဉ်လမ်းညွှန်အစီအရင်အား ရွတ်ဖတ်လိုက်သည်။
ရွတ်ဖတ်နေရင်းတန်းလန်း ချင်မူ ရင်ထဲတွင် လှုပ်ခါသွား၏။ သူ့စိတ်ထဲတွင် မရင်းနှီးသော အသိအမြင်တချို့ ကိန်းဝပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့ကို အသုံးပြုလိုက်သောအခါ မိစ္ဆာစကားက ပို၍ရှေးဆန်လာ၏။
သူ့ပတ်ပတ်လည်ရှိ မိစ္ဆာနတ်ဆိုးချီများက သိပ်သည်းသထက် သိပ်သည်းလာပြီး သန့်စင်သထက် သန့်စင်လာသည်။ မိစ္ဆာနတ်ဆိုးချီများက နွံအိုင်တစ်လျှောက် အလိပ်လိပ် ထကြွနေသဖြင့် အနက်ရောင်ပင်လယ်တစ်စင်းပမာ ရှိနေ၏။ ကောင်းကင်အလိုတော်မုခ်ဝလည်း မိစ္ဆာနတ်ဆိုးချီပင်လယ်၏ အလယ်တွင် ထူမတ်လျက် ပို၍တင့်တယ်ခမ်းနားလာသည်။
တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် လေးလံသော တံခါးကြီးက ဖြည်းဖြည်းချင်း ပွင့်သွား၏။
အမှောင်ထုထဲမှ ခပ်စူးစူးအော်သံများ ကြားလိုက်ရသည်။ တစ္ဆေသရဲများနှင့် ဝံပုလွေအူသံကဲ့သို့အသံများက ကောင်းကင်အလိုတော်မုခ်ဝအပြင်သို့ တရှိန်ထိုး ထွက်လာကြ၏။
ချင်မူ အလန့်တကြား ထခုန်လိုက်မိသည်။ “ဝိညာဉ်တွေ များလိုက်တာ”
ဝိညာဉ်များက ယိုတုထဲမှ အစုလိုက်အပြုံလိုက် ထွက်လာပြီး နွံ့အိုင်ထဲ စုဝေးနေကြသည်။ တခဏအတွင်း စုန်းမီးများပမာ တောက်ပလာလာပြီး မိစ္ဆာနတ်ဆိုးချီ၏ အမှောင်ထဲတွင် ပျံဝဲသွားလာကာ အလောင်းများ၏အထဲသို့ ဝင်သွားကြသည်။
မရေမတွက်နိုင်သော အလောင်းများ ထလာပြီး ငေးငေးကြောင်ကြောင် ကြည့်နေကြ၏။
တိတ်ဆိတ်ခြောက်ကပ်နေသော နွံအိုင်ထဲ၌ လူသေများ နိုးလာကြသည်။ တချို့က ရေပေါ်တွင် ရပ်နေကြ၏။ တချို့က ကောင်းကင်ယံ၌ ပျံဝဲနေကြသည်။ တချို့က မြေပြင်ပေါ်တွင် ငူငူငိုင်ငိုင် ထိုင်နေကြသည်။
“ဘယ်သူ ယိုတုကို နှောင့်ယှက်နေတာလဲ”
ချင်မူ ရွတ်ဖတ်နေစဉ် သူ့စိတ်ထဲ၌ အသံအကျယ်ကြီး ဟိန်းထွက်လာ၏။ အသံက သူ့စိတ်ကို တွန်းတိုက်သွားသဖြင့် သူ မူးမိုက်သွားသည်။ မှော်စွမ်းအင်လည်း တမုဟုတ်ချင်း ပြတ်တောက်သွားပြီး သူ့အနောက်ရှိ ကောင်းကင်အလိုတော်မုခ်ဝက မိုးနှင့်မြေကို ဝါးမြိုနေသော ဝေလငါးကြီးသဖွယ် မိစ္ဆာနတ်ဆိုးချီများအား စုပ်ယူနေသည်။
ချင်မူမှာ စနေဂြိုဟ်အရှင်သခင်အသွင်ကို ကပျာကယာ ရုပ်သိမ်းလိုက်ရ၏။ သို့ရာတွင် ကောင်းကင်အလိုတော်မုခ်ဝက ပြန်မပိတ်သွားဘဲ ပွင့်နေပြီး ယိုတု၏ အမှောင်ထဲမှ မီးလုံးများ ထွက်လာသည်။
၎င်းတို့က မီးအိမ်များနှင့် လှေများ ဖြစ်သည်။
ချင်မူ ခေါင်းကျိန်းသွားပြီး အစီအရင်ကိုလည်း ကပျာကယာ ရုတ်သိမ်းလိုက်သည့်တိုင် ကောင်းကင်အလိုတော်မုခ်ဝမှာ မပိတ်သေးပေ။
လှေများက အမှောင်ထုထဲမှ လှော်ခတ်လာပြီး ကောင်းကင်အလိုတော်မုခ်ဝမှ ဖြတ်သန်းလာကြသည်။
“ငါ ဘယ်သူလဲ မှတ်မိပြီ”
သူ့ဘေးရှိ အရိုးစုက ဝမ်းသာအားရ ထအော်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ငါ အခု မှတ်မိပြီ... ငါက ကောင်းကင်နတ်ဘုံရဲ့ တောင်ကောင်းကင်ဘုံ၊ တောင်ပိုင်းကြယ်တပ်ဖွဲ့ ၊ ချိရှာကြယ်အရှင်သခင်.... ခိုင်ဧကရာဇ်ရဲ့ အမိန့်တော်ကြောင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို စောင့်ရှောက်နေတဲ့ ဘုရင်ခံဝေ့လျောင်ပဲ... ငါ့ချပ်ဝတ်ဘယ်မှာလဲ.. ငါ့စစ်ပုဆိန် ဘယ်မှာလဲ”
ဗွမ်း
ချင်မူ့ခြေထောက်အောက်ရှိ နွံအိုင်ကြီးက ရုတ်တရက် မြောက်တက်လာကာ ကောင်းကင်အလင်းတန်းများ ဖြာထွက်သွား၏။ နွံများအောက်မှ ပျက်စီးနေသော ချပ်ဝတ်အပိုင်းအစများ ထွက်လာကြသည်။
ချွင် ချွင် ချွင်
သတ္ထုချင်း ထိတိုက်သံများ ထွက်ပေါ်လာပြီး ချပ်ဝတ်အပိုင်းအစများက ချင်မူ့ဘေးရှိ အရိုးစု၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။ ပဲ့ရွဲ့နေသော ခေါင်းစွပ်ခမောက်တစ်လုံးပင် သူ့ဦးခေါင်းခွံအပေါ် ပျံသန်းလာ၏။
ချင်မူ ကြက်သေသေသွားသည်။ ရုတ်တရက် တောင်ကြီးတစ်လုံးက နွံများကို ထိုးခွဲလျက် ထွက်ပေါ်လာပြီး နတ်လက်နက်အပိုင်းအစများ တရှိန်ထိုး ပျံထွက်လာ၏။ ၎င်းတို့က လေအလယ်တွင် ဆက်သွားပြီး ပုဆိန်ကြီးအသွင် ဖွဲ့တည်ကာ အရိုးစုဆီသို့ တဝှီးဝှီးလည်လျက် ပျံသန်းလာသည်။ အရိုးစုက လက်ဆန့်တန်းကာ ဖမ်းဆုပ်လိုက်၏။
စစ်ပုဆိန်သည် ကောင်းကင်ဧကရာဇ်၏ လုပ်ပိုင်ခွင့်အာဏာကို ကိုယ်စားပြု၏။ ဘယ်ဘက်က ပုဆိန်သွား၊ ညာဘက်က ဓားအသွားဖြစ်ကာ ထိပ်၌မူ နဂါးတစ်ကောင် ရစ်ခွေနေသကဲ့သို့ အမှတ်အသားဖြင့် လှံထိပ်ဖျား ရှိနေသည်။
အရိုးစု စစ်ပုဆိန်ကို ဖမ်းဆုပ်လိုက်သည်နှင့် သူ၏ ပြင်းထန်အားကောင်းသော အရှိန်အဝါ ပေါ်ထွက်လာသည်။ သူက ပုဆိန်ကို မြှောက်၍ ဝင့်ယမ်းလိုက်ကာ ချင်မူ့အနောက်ရှိ ကောင်းကင်အလိုတော်မုခ်ဝကို အားမာန်အပြည့်ဖြင့် ခုတ်ချပြီး ယိုတုတမန်တော်များ၏ လမ်းအား ဖျက်စီးလိုက်လေသည်။
သူက ဒေါသများဖြင့် ဟိန်းဟောက်လိုက်၏။ “ငါ့စစ်သည်တော်တွေ ဘယ်မှာလဲ”
အမှောင်ထုထဲရှိ မိစ္ဆာနတ်ဆိုးချီများ လွင့်စင်ပြိုကွဲသွားပြီး မရေမတွက်နိုင်သော အရိုးစုများက နွံအိုင်ထက်၌ ရပ်ကာ သူ့ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ရုတ်တရက် အလောင်းများဆီမှ ကမ္ဘာမြေတုန်ဟည်းသွားစေသော အော်ဟစ်သံများ ထွက်လာကြ၏။ “စစ်သူကြီး၊ ကျွန်တော်တို့ ဒီမှာပါ”
အရိုးစုက ကျယ်လောင်စွာ ရယ်မောလျက် ကောင်းကင်သို့ မော့ကြည့်ကာ မေးလိုက်သည်။ “အရှင်မင်းကြီး ဘယ်မှာလဲ”
သူ အတန်ကြာစောင့်နေသော်လည်း မည်သူမှ ပြန်မဖြေပေ။
တခဏကြာသော် ချင်မူက ပြောလိုက်သည်။ “နောင်ကြီး၊ အခုအချိန်က ခိုင်ဧကရာဇ်ခေတ်နောက်ပိုင်း နှစ်နှစ်သောင်း ကြာခဲ့ပါပြီ”
အရိုးစုက သူ့ကို ခေါင်းငုံ့ကြည့်၏။ “နှစ်နှစ်သောင်းကြာပြီတဲ့လား”
ချင်မူ့အမူအရာက စိတ်မကောင်းဖြစ်သွားသည်။ “နှစ်နှစ်သောင်းကြာပြီ... နောင်ကြီးတို့ သေသွားတာ နှစ်နှစ်သောင်းကြာပါပြီ”
ဘုန်း
အရိုးစုက ထိုင်ချပြီး တစ်ယောက်တည်း ရေရွတ်နေသည်။ “နှစ်နှစ်သောင်းတဲ့လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.... ရန်သူကို တားဖို့ ငါတို့ သွေးတွေ၊ အသက်တွေ စတေးခဲ့ရတာတောင် ငါတို့ခေတ်ကို မကာကွယ်နိုင်ခဲ့ဘူးလား...”
ချင်မူ သက်ပြင်းချလိုက်မိသည်။ “နောင်ကြီးရဲ့ တစ်ပိုင်းတစ ဝိညာဉ်က မသေသေးပါဘူး ... နောင်ကြီးရဲ့ တိုက်ခိုက်လိုတဲ့ စိတ်ဝိညာဉ်ကလည်း ထာဝရရှင်သန်နေမှာပါ... ကျွန်တော်က နောင်ကြီးရဲ့ တစ်ပိုင်းတစဝိညာဉ်တွေကို နှိုးပြီး နောင်ကြီးအိပ်နေတာကို နှောင့်ယှက်မိလိုက်ပါတယ်... အခု နောင်ကြီးက သက်ရှိကမ္ဘာကို ပြန်ရောက်လာပြီဆိုပေမယ့် ကျွန်တော့်အနေနဲ့ ဘာလုပ်ပေးနိုင်မှန်း မသိပါဘူး... နောင်ကြီးက ခိုင်ဧကရာဇ်ခေတ်တုန်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ စစ်သူကြီးဆိုတော့ လူသားတွေကို အန္တရာယ်မပြုမှာ ကျွန်တော် ယုံပါတယ်... ကျွန်တော် အသက်ရှင်လျက် ပြန်ရောက်သွားရင် နောင်ကြီးတို့ကို ယိုတုမှာ နေခွင့်ပေးနိုင်မလား ယမမင်းဆီ မေးပေးပါ့မယ်... နောင်ကြီးအနေနဲ့ စစ်သည်တွေကို ဒီအပမြေမှာပဲ ထိန်းပေးထားလို့ရလား... ကျွန်တော် ရှေ့ဆက်သွားစရာ လိုလို့ပါ”
သူက နှုတ်ဆက်ကာ လှည့်ထွက်လာသည်။
အရိုးစုမှာ စိတ်ပျက်အားလျော့စွာ ထိုင်လျက်ဆဲ ရှိပြီး သူ့မျက်လုံးများမှာ အငွေ့များ ထွက်လာနေသည်။ “နှစ်နှစ်သောင်းတဲ့လား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အပမြေ၏အစပ်နားတွင် ချင်မူ့အား လိုက်ဖမ်းနေသည့် မိစ္ဆာနတ်ဆိုးများစွာ ရောက်လာကြသည်။ မကြာမီ အရေအတွက်တစ်ထောင်နီးပါး ရှိလာကြ၏။ သို့သော် မည်သူမျှ အပမြေထဲ ခြေတစ်လှမ်းပင် မချရဲပေ။။
တခဏကြာသော် လေပြင်းတစ်ချက် ဝေါခနဲ တိုက်ခတ်ကာ ရပ်သွားသည်။ နတ်ဆိုးများ၏အရှေ့တွင် စစ်သူကြီးတစ်ဦး ပေါ်လာပြီး အပမြေကို လေ့လာနေ၏။
“စစ်သူကြီးရှို့လော်”
မိစ္ဆာနတ်ဆိုးများက အံ့ဩဝမ်းသာစွာဖြင့် ကပျာကယာ နှုတ်ဆက်လိုက်သည်။ စစ်သူကြီးက လက်ခါကာ ပြောလိုက်သည်။ “ငါ့ဆရာ ဖုရွေ့လော်က မင်းတို့ကို ဦးစီးပြီး ချင်မူ့နောက် လိုက်ဖမ်းခိုင်းထားတယ် ... အခု ချင်မူ ဘယ်မှာလဲ”
“အပမြေထဲ ဝင်သွားတယ်”
ရှို့လော် အနည်းငယ် မှုန်ကုပ်သွားသည်။ သူ အထဲဝင်ရန် အမိန့်ပေးတော့မည့်အချိန် အပမြေအတွင်းထဲမှ မိစ္ဆာနတ်ဆိုးချီများ ဖြာထွက်လာကာ မိစ္ဆာပင်လယ်တစ်စင်းပမာ ဖြစ်လာ၏။ အလွန်ထူးဆန်းသော တံခါးကြီးက အလယ်၌ မတ်မတ်ထောင်နေသည်။
ရှို့လော်မှာ အံ့အားသင့်သွားပြီး အလျင်အမြန် ရပ်လိုက်၏။ တခဏကြာသော် ပင်လယ်ကြီး ပျောက်ကွယ်သွားပြီး တံခါးကြီးကိုလည်း မမြင်ရတော့ပေ။
“အပမြေက ထူးဆန်းသလို ခန့်မှန်းရခက်တယ်” ရှို့လော်က ခပ်တိုးတိုး ရေရွတ်နေသည်။ အချိန်အနည်းငယ်ကြာသည့်အခါ သူက ခပ်တိုးတိုး ပြောလိုက်၏။ “အဲဒီကောင်လေး ဒီနေရာထဲ ဝင်သွားမှတော့ သေမှာပဲ... ဒါပေမဲ့ ဆရာက သူ သေသေရှင်ရှင် ခေါ်လာခဲ့ဖို့ အမိန့်ပေးထားတယ်.. ငါတို့ သူ့ကို ဖမ်းမှဖြစ်မယ်... စစ်သည်တော်တို့၊ ငါနဲ့အတူ အပမြေထဲ ဝင်စို့”
နတ်ဆိုးမျိုးနွယ် ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး အမိန့်နာခံကာ သူ့နောက်မှ အပမြေထဲ လိုက်ဝင်လာကြသည်။
ချင်မူက နွံ့အိုင်ထဲ လျှောက်နေပြီး ရုတ်တရက် သူ့အနောက်မှ တိုက်ခိုက်သံများ ကြားလိုက်ရသည်။ အော်ဟစ်သံများက နားကွဲလုမတတ် ကျယ်လောင်သော်လည်း သိပ်မကြာလိုက်ပေ။ တခဏအတွင်း ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွား၍ မည်သည့်အရာဖြစ်သွားမှန်း မသိချေ။
“ဒီနေရာက တကယ်ထူးဆန်းတယ်..” နွားကျောင်းသားလေးမှာ နွံအိုင်မြေတစ်ခွင်လုံးတွင် အထူးဆန်းဆုံးက သူဖြစ်နေသည်ကို မသိဘဲ ခေါင်းခါယမ်းလိုက်၏။
၎
င
၎
၎