← Chapters

စည်းစိမ်ချမ်းသာ

Vol. 40 Ch. 554

စည်းစိမ်ချမ်းသာ

Vol. 40 Ch. 554

“ပိုထူးဆန်းတာက ဝိညာဉ်လမ်းညွှန်အစီအရင်ကို ထုတ်လွှတ်နေတုန်း တစ်ခါမှ မသင်ဖူးတဲ့ မိစ္ဆာဘာသာစကား ငါ့စိတ်ထဲမှာ ပေါ်လာတာပဲ..”

ချင်မူ မျက်မှောင်ကြုတ်မိသည်။ ရုတ်တရက် ပေါ်ပေါက်လာသော အသိအမြင်က သူ့ခေါင်းထဲတွင် ရှိနေဆဲ ဖြစ်ပြီး အတိုင်းထက်အလွန် ရှေးကျသည့် ဘာသာစကားတစ်ခု ဖြစ်နေ၏။

သူ့ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားပြီး စနေဂြိုဟ်အရှင်သခင်အသွင် ပြောင်းလိုက်သည်။ ကောင်းကင်အလိုတော်မုခ်ဝ သူ့အနောက်၌ ဖွဲ့တည်လာပြီး သူ့လက်ထဲတွင် ရှေးဟောင်းစာအုပ်တစ်အုပ် ပေါ်လွင်လာသည်။

ချင်မူ စိတ်ပြန်ထိန်း၍‌ ရှေးဟောင်းစာအုပ်ကို ဖွင့်ကြည့်လိုက်၏။ စာသားများကို မြင်သည်နှင့် သူ အလိုလို နားလည်နေသည်။ အလွတ်ကျက်ထားသကဲ့သို့ ထူးဆန်းသောစာလုံးတစ်လုံးစီ၏ အဓိပ္ပါယ်ကို သိနေသည်။

ချင်မူမှာ မှင်သက်သွားသည်။ ဤစာအုပ်မှာ ယိုတုဘာသာစကားဖြင့် ရေးသားခြင်းဖြစ်၍ သူ တစ်လုံးမှ နားမလည်ခဲ့ပေ။ တုထျန်းမိစ္ဆာဘုရင်က ကောင်းကင်အလိုတော်မုခ်ဝဆိုသည့် စကားစုတစ်စု သင်ပေးခဲ့ဖူးသည်။ သို့သော် သူ့ကြောင့် ချင်မူ ယိုတုတွင် သေလုဆဲဆဲ ဖြစ်ခဲ့ရ၏။

စာအုပ်ထဲက စာသားများကိုမူ တုထျန်းမိစ္ဆာဘုရင် တစ်ခါမှ မသင်ခဲ့ဖူးပေ။

ယခုတွင် မွေးကတည်းက သိနေသည့်အလား သင်စရာမလိုဘဲ နားလည်နေသည်။

‘ဒီအပမြေက တကယ် ထူးဆန်းတာပဲ... အရင်တုန်းက ဒီစာအုပ်ထဲက စာသားတွေကို မဖတ်တတ်ခဲ့ပေမယ့် အခုတော့ တကယ် ဖတ်တတ်နေပြီ... ပထမစာမျက်နှာ‌ပေါ်က စာသားတွေက ကျင့်စဉ်လို့ထင်ရပေမယ့် ကျင့်စဉ်လည်း ဟုတ်ပုံမရဘူး... ဝိညာဉ်အစီအရင်သယောင် ထင်ရပေမယ့် အဲဒီလိုလည်း မဟုတ်ပြန်ဘူး... ကောင်းကင်နတ်သိုင်းတစ်ခုများလား...’

ချင်မူ အံ့ဩမဆုံးဖြစ်နေသည်။ စာအုပ်ထဲရှိ ယိုတုဘာသာစကားမှာ အမှန်တကယ် ထူးဆန်းလွန်း၏။ ကျင့်စဉ်နှင့်တူသော်လည်း ကျင့်စဉ်မဟုတ်သော၊ အစီအရင်နှင့်တူသော်လည်း အစီအရင်မဟုတ်သော၊ ကောင်းကင်နတ်သိုင်းနှင့်တူသော်လည်း ကောင်းကင်နတ်သိုင်းမဟုတ်သော ထိုမျှထူးဆန်းသည့် အရေးအသားများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

သူ တခဏ ချီတုံချတုံ ဖြစ်နေ‌‌သော်လည်း မချုပ်တည်းနိုင်တော့ဘဲ ပထမစာရွက်ပေါ်၌ ရေးထားသော စာသားများကို ကျယ်လောင်စွာ ရွတ်ဖတ်လိုက်မိ၏။ သူ့အသံက ထူးဆန်းလေးနက်နေပြီး ဌာန်ကရိုဏ်းကျနေသည်။

စာသားများအား လူသားဘာသာစကားဖြင့် ရွတ်မရပေ။ အဓိပ္ပါယ်လည်း ဖွင့်မရသောကြောင့် ယိုတုစကားကိုသာ သုံးနိုင်၏။

ပထမဆုံးစာကြောင်းကို ဖတ်လိုက်သည့်အခါ သူ့ဝိညာဉ် လှုပ်ရွလာသည်ကို ချင်မူ ခံစားလိုက်ရသည်။ သူ့ကိုယ်ထဲရှိ ချီစွမ်းအင်က မိစ္ဆာနတ်ဆိုးချီ ဖြစ်သွား၏။ ရုတ်တရက် လေပြင်းများ တဝေါဝေါ တိုက်ခတ်လာပြီး သူ့ခေါင်းပေါ်၌ တိမ်မည်းမည်းများ ဖွဲ့တည်လာသည်။ သူ့ပတ်ဝန်းကျင်ရှိ နွံအိုင်ကြီးလည်း တဝုန်းဝုန်း အုံထကြွစပြုလာသည်။

ချင်မူ အလျင်အမြန် ရပ်၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့်အခါ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။

သူ ဆက်ဖတ်လိုက်သည်နှင့် လေပြင်းများ ပြန်လည်တိုက်ခတ်လာသည်။ နွံအိုင်ထဲရှိ ရေများသည်လည်း ရေနွေးအိုးပမာ ပွက်ပွက်ဆူလာ၏။ အမည်းရောင်တိမ်တိုက်များ သူ့ခေါင်းပေါ်၌ စုဝေးလာပြီး လေဆင်နှာမောင်းကြီးအသွင် ဖွဲ့တည်ကာ အရပ်မျက်နှာတစ်ခွင်ရှိ မိစ္ဆာနတ်ဆိုးချီများကို ဆွဲငင်တော့သည်။ မိစ္ဆာနတ်ဆိုးချီတစ်စုက လေဆင်နှာမောင်း၏အလယ်တွင် အမြီးအောက်စိုက်ချထားသည့် ရေနဂါးတစ်ကောင်နှင့် တူလာ၏။

ချင်မူမှာ တုပ်လှုပ်သွားသည်။ မိစ္ဆာနတ်ဆိုးချီက မျက်ခုံးနှစ်ဖက်ကြားမှတစ်ဆင့် သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲသို့ ဝင်လာပြီး ဝိညာဉ်သန္ဓေသားနှင့် ပေါင်းစည်းလိုက်သည်။ ထိုအခါ ဝိညာဉ်သန္ဓေသားက မိစ္ဆာနတ်ဆိုးချီကို သူ၏ ဓာတ်ကြီးငါးပါးနှင့် အရပ်ခြောက်မျက်နှာကောင်းကင်ရတနာများဆီသို့ ဖြန့်ကျက်လိုက်၏။ နေ၊ လနှင့် ကြယ်တာရာများပင် မိစ္ဆာနတ်ဆိုးချီ၏ လွှမ်းမိုးမှုကြောင့် မှေးမှိန်လာကြသည်။

ချင်မူ ရှေးဟောင်းစာအုပ်ကို ဆက်ဖတ်နေစဉ် နွံအိုင်ထဲမှ အရိုးစုများ ထလာသည်။ ရေအောက်မြုပ်နေသည့် အလောင်းများလည်း ထွက်လာကြ၏။

သူ အလန့်တကြား ရပ်လိုက်သည်။ ရှေးဟောင်းစာအုပ်ကို ပိတ်၍ စနေဂြိုဟ်အရှင်သခင်အသွင်ကို ရုပ်သိမ်းကာ ပတ်ဝန်းကျင်အား ဂရုတစိုက် ကြည့်ရှုလိုက်သည်။

သူ့အသံ ရပ်သွားလျှင်ချင်း အလောင်းများ၊ အရိုးစုများလည်း အရုပ်ကြိုးပြတ် ပြန်လဲကျသွားကြ၏။

“ထူးဆန်းတယ်... ဒီအပမြေက ထူးဆန်းလွန်းတယ်....”

ချင်မူမှာ စိတ်ပြန်ထိန်း၍ မြန်မြန်ထွက်သွားရန် စိတ်ပိုင်းဖြတ်လိုက်၏။

‘ဒီအပမြေက ထွက်သွားရင် ငါ့ခေါင်းထဲက ယိုတုစကားတွေ ပျောက်သွားလောက်တယ်... စာအုပ်ထဲက စာတွေကိုလည်း ဖတ်တတ်မှာ မဟုတ်လောက်ဘူး... အမ် ငါ့ကျင့်စဉ်စွမ်းအင်က နည်းနည်း မြင့်တက်လာသလိုပါလား”

သူ ကျင့်စဉ်စွမ်းအင်ကို စစ်ဆေးကြည့်ပြီး မအံ့ဩမိဘဲ မနေနိုင်တော့ပေ။ တခဏလေးအတွင်း အတော်လေး တိုးပွားလာခဲ့၏။

ချင်မူသည် အရပ်ခြောက်မျက်နှာအဆင့်နှင့် ခုနစ်စဉ်ကြယ်အဆင့်အား ပေါင်းစည်းထားသည့်အတွက် သူ၏ကျင့်စဉ်စွမ်းအင်မှာ လွန်စွာသိပ်သည်းပြီး ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်အောက် မနိမ့်ကျပေ။ သို့သော် ကျင့်စဉ်စွမ်းအင်သိပ်သည်းမှုကလည်း အဆင့်တက်ရာတွင် အနည်းငယ် နှေးကွေးစေသည်။

သို့တိုင်အောင် ယခုတခဏလေးအတွင်း ကျင့်စဉ်စွမ်းအင်များစွာ တိုးတက်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။ ဤသို့တိုးတက်မှုအား ကြောက်စရာကောင်းသည်ဟုသာ ပြောနိုင်လိမ့်မည်။

“တစ်ခုခုတော့ မူမမှန်ဘူး... တစ်ခုခုတော့ မူမမှန်ဘူး... ဒီနေရာနဲ့ ပတ်သက်ပြီး မူမမှန်တာ ရှိကို ရှိနေတယ်.... ရှေးဟောင်းစာအုပ်မှာလည်း ထူးဆန်းတာ တစ်ခုခု ရှိကို ရှိနေတယ်..”

ချင်မူ သူ့ကိုယ်သူ အသေးစိတ် စစ်ဆေးကြည့်လိုက်သည့်အခါ မူမမှန်သည့်အရာကို တွေ့သွား၏။

သူ့ခန္ဓာကိုယ်ထဲတွင် ပိတ်နေသည့် တံခါးတစ်ချပ် ရှိနေသည်။

တံခါးက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ ဆန့်ကျင်ဘက်၌ ထောင်မတ်နေသည်။

၎င်းတံခါးကား ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ နောက်တစ်ခုပင် ဖြစ်၏။

“မဟုတ်သေးဘူး... အားလုံးမှာ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ တစ်ခုပဲ ရှိတာ မဟုတ်ဘူးလား... ငါ့မှာ ဘာလို့ဒုတိယတစ်ခု ရှိနေတာတုန်း... ငါက လူနှစ်ယောက်မှ မဟုတ်တာ... ဒါမဲ့ လူသားတွေ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနှစ်ခု မရှိနိုင်ဘူးလို့ ပြောတာလည်း မကြားဖူးဘူး.... ဟုတ်သား ဒါက လောကသခင်ခန္ဓာကြောင့်ပဲ ဖြစ်ရမယ်”

ချင်မူသည် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ နောက်တစ်ခု ရှိနေသည့်အကြောင်းရင်းအား သူ၏လောကသခင်ခန္ဓာအပေါ်သာ ပုံချလိုက်ပြီး စိတ်ပူမနေတော့ပေ။

ချီစွမ်းအင်ကို လှုံ့ဆော်၍ ထိုတံခါးအား တွန်းဖွင့်လိုက်သည့်အခါ အနည်းငယ် ဟ,သွားသည်။ သန့်စင်သော မိစ္ဆာနတ်ဆိုးချီက စီးမျောထွက်လာကာ သူ၏ချီစွမ်းအင်နှင့် ပေါင်းစည်းသွား၏။ အချိန်အနည်းငယ်ကြာသော် ထူးဆန်းသောမိစ္ဆာသံများ တံခါးထဲမှ ထွက်လာပြီး သူ့အား တွန်းထုတ်သည်။

ချင်မူ ချက်ချင်း ရပ်လိုက်သည်။

“ဒီဝိညာဉ်သန္ဓေသားက မိစ္ဆာနတ်ဆိုးလမ်းစဉ် ကောင်းကင်ရတနာပဲ... နတ်ဘုရားလမ်းစဉ်မဟုတ်ဘူး... အရင်တုန်းက နတ်ဘုရားသံကို ကြားခဲ့ရတာ.... အခုက မိစ္ဆာသံတွေက ငါ့ကို တံခါးမဖွင့်နိုင်အောင် တွန်းထုတ်နေတယ်... ရွာလူကြီးက လောကသခင်ခန္ဓာအကြောင်း နားအလည်ဆုံးဆိုတော့ သူ့ပဲ မေးရမယ်... သူကတော့ ငါ့သံသယတွေကို သေချာပေါက် ဖယ်ရှားနိုင်မှာပဲ”

ချင်မူ ဤကိစ္စကို ဘေးချိတ်ကာ ပတ်ဝန်းကျင်သို့ ကြည့်ရှုလိုက်သည်။ သူ့ကို အရပ်မျက်နှာညွှန်ပြပေးခဲ့သော ဘုရင်ခံက အရှေ့စူးစူးကို သွားလျှင် ဤအပမြေထဲမှ ထွက်နိုင်မည်ဟု ပြောခဲ့၏။ ပြဿနာမှာ နွံအိုင်ကား ချင်မူ ထင်ထားသည်ထက် ကြီးမားကျယ်ဝန်းနေချေသည်။

သူ အရှေ့အရပ်သို့ ဆက်လျှောက်လာ၏။ မိုင်တစ်ထောင်ကျော် ရောက်လာသည့်တိုင် နွံအိုင်ကြီးထဲမှ မထွက်နိုင်သေးပေ။

သူ၏ပတ်ဝန်းကျင်တွင် ရေကန်အရွယ်အစားမျိုးစုံ လှမ်းမြင်လိုက်ရသည်။ ၎င်းတို့၏ ရှေးတုန်းက တိုက်ပွဲများမှ အချိုင့်အခွက်များ ဖြစ်ချေသည်။

ချင်မူ ရေကန်တစ်ကန်ဆီသို့ သွားလိုက်သည့်အခါ ကြောက်မက်ဖွယ်ရာတုန်ခါလှိုင်းများ ခံစားလိုက်ရ၏။

“ဒီကန်တွေက နတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးတွေရဲ့ တိုက်ပွဲကြောင့် ဖြစ်လာတာတွေပဲ”

ချင်မူက သတိထားပြီး အနားမကပ်တော့ပေ။ ရှေးနတ်ဘုရားတို့နှင့် မိစ္ဆာနတ်ဆိုးတို့၏ ကောင်းကင်နတ်သိုင်းအကြွင်းအကျန်များက ကန်ခြေ၌ ကိန်းဝပ်နေသေးသည်။ မငြိမ်သက်ဖြစ်နေသည့်အတွက် သူ ကန်‌ပေါ် နင်းလိုက်လျှင် တုန်လှုပ်ချောက်ချားဖွယ်အရာများ ဖြစ်ပျက်လာလိမ့်မည်။

သို့သော် ပို၍ပင် ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။

ရောင်စုံအလင်းတန်းများက တဖျတ်ဖျတ် ကွန့်မြူးလျက် ကန်ပေါ်သို့ ဖြာထွက်လာသည်။

ချင်မူက ရပ်၍ ကြည့်လိုက်သည့်အခါ ရောင်စုံအလင်းတန်းများ ပိုမိုကွန့်မြူး‌တောက်ပလာသည်ကို တွေ့ရလေသည်။ မျောလွင့်နေသော ကြာပွင့်များကို သူ မြင်လိုက်ရပြီး ကြာပလ္လင်ကြီးတစ်ဆူ ကန်ထဲမှ မြောက်တက်လာ၏။ ကြာပလ္လင်မှာ အတန်ငယ် ပျက်စီးနေသော်လည်း  ထူးဆန်းစွာ ဆွဲဆောင်မှုရှိနေသည်။

ထိုစဉ် အလင်းတန်းများ၏ အလယ်၌ ရေနဂါးများသဖွယ် တစ်ခုကိုတစ်ခု ဝင်တိုက်နေသော လက်နက်များ ပေါ်လာသည်။

ချင်မူ ပြန်လှည့်ပြီး ကန်ဘေးသို့ လျှောက်သွားလိုက်သည်။

ထိုအခိုက်အတန့်တွင် ခပ်လွင်လွင် ရယ်သံလေးများ ကန်ဆီမှ ပျံ့လွင့်လာ၍ ချင်မူ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ဇာပါးပါးလေးများသာ ခြုံထားသော မိန်းကလေးများအား မြင်လိုက်ရသည်။ သူတို့က ကန်အနားတွင် ကစားနေကြပြီး တချို့က ရေထဲ ဆင်းသွားသည်။ တချို့က ကန်စပ်၌ ထိုင်ကာ တစ်ယောက်ကိုတစ်ယောက် စနောက်ကျီစယ်နေကြ၏။

ချင်မူ့မျက်လုံးများ တောက်ပသွားပြီး စုတ်တံ၊ မင်၊ စက္ကူနှင့် မင်သွေးကျောက်ကို ထုတ်ကာ အလျင်အမြန် ရေးဆွဲတော့သည်။ တခဏကြာသော် ကန်တစ်ကန်၊ ရေကစားနေသော မိန်းကလေးများနှင့် ကြာပလ္လင်အား ရေးဆွဲပြီးသွား၏။

ထို့နောက် သူက ပန်းချီကားထဲ ခုန်ဝင်၍ မိန်းကလေးများနှင့် အားရပါးရ ကစားတော့သည်။ ပန်းချီကားသည် ကန်ဘေး၌ ထောင်နေ၏။ အထဲတွင် လူငယ်လေးကား ဘုရင်တစ်ပါးပမာ ကြာပလ္လင်ထက်၌ ထိုင်ပြီး မိန်းကလေးများကို ဘယ်တစ်ဖက်၊ ညာတစ်ဖက် ဖက်ထားသည်။ ထူးခြားကောင်းမွန်သည့် ဝိညာဉ်လက်နက်များကိုလည်း ထောင်ကျယ်အိတ်ထဲ ဆွဲထည့်တတ်၏။ သူကား စည်းစိမ်ချမ်းသာကို အပြည့်အဝ ခံစားနေ‌တော့သည်။

အပြင်ရှိ ကန်ပေါ်တွင်မူ အလင်းတန်းများ မှေးမှိန်ပြီး အရာအားလုံး ပျောက်ကွယ်သွားသည်။ အလွန်ကြီးမားသည့် မကောင်းဆိုးဝါးကြီးတစ်ကောင်က ရေအောက်၌ ရွေ့လျားနေ၏။ ၎င်းက ကျွန်းအသေးလေးတစ်ကျွန်းသဖွယ် ရွေ့လျားရင်း ပန်းချီကားဆီသို့ ချဉ်းကပ်လာသည်။

ဝှစ်

ကန်နှစ်ခြမ်း ကွဲသွားပြီး ဧရာမမျက်လုံးကြီးတစ်လုံး ခုန်ထွက်လာ၏။ ၎င်းတစ်ကိုယ်လုံး မီးတောက်မီးလျှံများ ဟုန်းဟုန်းတောက်နေရာ မိစ္ဆာနတ်ဘုရားတစ်ပါး၏ မျက်လုံးတစ်လုံး ဖြစ်‌လောက်ပေသည်။

မျက်လုံးကား အချိန်ကြာလာသည်နှင့်အမျှ အသိစိတ်နိုးထလာခဲ့ခြင်း သို့မဟုတ် တစ်ပိုင်းတစဝိညာဉ်တစ်ကောင် ပူးကပ်နေခြင်း ဖြစ်တန်ရာသည်။ သို့သော် ပို၍ပင် ထူးဆန်းသည်က ၎င်းတွင် ခြေလက်များ ပေါက်နေခြင်းဖြစ်၏။ ခြေလေးချောင်း၊ လက်လေးချောင်း ရှိနေရုံမကဘဲ မျက်လုံး၏အနောက်၌ တောင်ပံအသေးလေးနှစ်ဖက်ပင် ပေါက်နေ၏။ မျက်လုံးမိစ္ဆာကြီးက ပန်းချီကားဆီ ချဉ်းကပ်လာကာ အထဲ၌ ဇိမ်ခံနေသော ချင်မူ့အား မနာလိုစွာ စိုက်ကြည့်နေသည်။

“ဂီး ဂီး” မျက်လုံးမိစ္ဆာက စိတ်လှုပ်ရှားလာသည်။

ရုတ်တရက် ၎င်းက ကိုယ်ကို ကျုံ့၍ တောင်ပံနှစ်ဖက်အား ခတ်ရင်း ပန်းချီကားထဲ ဝင်လိုက်၏။

မိစ္ဆာမျက်လုံးက ပန်းချီကားထဲ ရောက်သည်နှင့် မျက်လုံးဖွင့်လိုက်သည့်အခါ ဧရာမပါးစပ်ကြီးတစ်ခု ပေါ်လာသည်။ ပါးစပ်ကြီးတွင် သွားချွန်ချွန်များ ပြည့်နေ၏။ “ဂီး ဂီး”

ချင်မူက ပလ္လင်ပေါ်မှ ကြောက်လန့်တကြား ခုန်ဆင်းပြီး ထွက်ပြေးသည်။

ထိုအခါ မိစ္ဆာမျက်လုံးက စိတ်ကျေနပ်စွာဖြင့် ကြာပလ္လင်ပေါ် တင်လိုက်ပြီး မိန်းကလေးများကို ဘယ်တစ်ဖက်၊ ညာတစ်ဖက် ဖက်ကာ စည်းစိမ်ချမ်းသာ ခံစားနေရ၏။

ထိုအချိန်တွင် ချင်မူသည် ပန်းချီကားထဲမှ ခုန်ထွက်ကာ စုတ်ချက်တစ်ချက် ဖျက်လိုက်၏။ မျက်လုံးမိစ္ဆာနှင့် မိန်းကလေးများအားလုံး ကျောက်ရုပ်သဖွယ် ငြိမ်သက်သွားသည်။

“တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ မကောင်းဆိုးဝါးပဲ... သူ့အစွမ်းအစတွေက ငါ့ထက်သာပေမယ့် ဦးနှောက်မရှိတာ ဆိုးတယ်... လူ့စိတ်က ဘယ်လောက်ကြောက်စရာကောင်းမှန်း မသိဘူး... သူက ရတနာ‌တွေ၊ မိန်းမတွေနဲ့ ငါ့ကို ဆွဲဆောင်ခဲ့ပေမယ့် နောက်ဆုံးတော့ ငါ ဆွဲဆောင်တာခံလိုက်ရပြီး ထောင်ချောက်ထဲကိုမှ တည့်တည့်ဝင်တိုးတော့တာပဲ”

ချင်မူက တံဆိပ်တုံးထုတ်ပြီး ပန်းချီကား၏ ညာဘက်ထောင့်နားပေါ် ထုချလိုက်သည်။ ထို့နောက် စာရွက်ကို လိပ်ကာ ထောင်ကျယ်အိတ်ထဲ ထည့်လိုက်၏။

‘ဒီမကောင်းဆိုးဝါးရဲ့ အစွမ်းအစတွေက နယ်နယ်ရရ မဟုတ်ဘူး.... ငါ မတိုက်ခိုက်နိုင်တဲ့ ရန်သူနဲ့ တွေ့ရင် ဒီကောင်ကြီးကို လွှတ်ပေးရမယ်’

ချင်မူ မျှော်လင့်ချက်အပြည့်ဖြင့် ရှေ့ဆက်လျှောက်သွားသည်။ “ဒီမြေထဲမှာ အခုလိုအကောင်ကြီးတွေ ထပ်တွေ့လို့ကတော့ တော်တော်အသုံးဝင်မှာပဲ... အဖိုးတန်တယ်... ရှင်းအန်းသာဆို ဒီနေရာကို သိပ်သဘောကျမှာ... စဉ်းစားကြည့်မှ... သူနဲ့မတွေ့ရတာ ကြာပြီပဲ”

ချင်မူသည် နွံ့အိုင်ထဲမှ ထွက်ကာ မြို့ပျက်တစ်ခုဆီသို့ ရောက်လာ၏။ နေရာတိုင်းတွင် အဆောက်အဦးများ ပြိုကျပျက်စီးနေပြီး မည်သူမျှ ဤနေရာသို့ မရောက်လာခဲ့ဖူးဟန် ရှိသည်။ အရိုးအစအနများက ယိုယွင်းနေသော လမ်းတစ်လျှောက် ပြန့်ကြဲနေသည်။ လေအေးတစ်ချက် စွေ့တိုက်သွားသည့်အခါ အရိုးခေါင်းများမှာ ဂေါက်ဂေါက်ဂတ်ဂတ် မြည်ကာ လိမ့်ထွက်သွားကြသည်။

ရုတ်တရက် လမ်းမကြီး အက်ကွဲသွားပြီး ကျောရိုးအရှည်ကြီးတစ်ခုက နဂါးတစ်ကောင်သဖွယ် မြောက်တက်လာသည်။ ၎င်း၏ နံရိုးများက ခြေထောက်များသဖွယ် ပြုမူကာ ချင်မူ့ကို တိုက်ခိုက်ကြ၏။

‌ကျောရိုး၏ ထိပ်ဆုံးအဆစ်တွင် မိစ္ဆာနတ်ဘုရားတစ်ပါး၏ ခေါင်းဖြစ်ခဲ့ဖူးသော အရုပ်ဆိုးဆိုးဦးခေါင်းခွံတစ်ခု တွဲဆက်နေသည်။ ဦးခေါင်းခွံအပေါ်၌ ဆံပင်များမရှိဘဲ အရိုးဆူးချွန်များ ထောင်၏။ မိစ္ဆာကြီးကား အလွန်အရုပ်ဆိုးနေပြီး ပါးစပ်ကြီးဖြဲ၍ ချင်မူ့အား လှမ်းဟပ်သည်။

ချင်မူ ပြေးရန်သာ ရွေးချယ်လိုက်သည်။ ထိုအချိန်တွင် သူ့အရှေ့တွင် အရိုးစုများ တိုက်ခိုက်နေသည့် စစ်မြေပြင်တစ်ခုအား မြင်လိုက်ရသည်။ စုတ်ပြတ်နေသော ဝိညာဉ်လက်နက်မျိုးစုံ ပျံဝဲလျက်ရှိကာ ဖုန်သဲများ တထောင်းထောင်း ထနေ၏။

ချင်မူမှာ ပတ်သွားချင်သော်လည်း ကျောရိုးကြီးက မိစ္ဆာမီးလျှံများကို နင်း၍ ကောင်းကင်ယံသို့ တက်လာသဖြင့် အံတင်းတင်းကြိတ်ကာ စစ်မြေပြင်ထဲ ပြေးဝင်လိုက်ရသည်။

ပြေးဝင်လိုက်သည်နှင့် အမှားကြီး မှားသွားကြောင်း သူ သိလိုက်၏။ အရိုးစုများက ကြောက်စရာကောင်းလောက်အောင် သန်မာအားကောင်းသည်။ အားအနည်းဆုံးကပင် သူနှင့် သိပ်မကွာပေ။

ဗုံ ဗုံ ဗုံ

‌ဗုံသံများ စစ်မြေပြင်တစ်လျှောက် မြည်ဟည်းပျံ့နှံ့လာသည်။ ကိုက်သုံးရာကျော် မြင့်မားသော အရိုးစုကြီးနှစ်စုက ပေါင်ရိုးများကို ဆွဲဖြုတ်ပြီး စိတ်လှုပ်ရှားစွာ လွှဲယမ်းနေကြ၏။ သူတို့က သူတို့၏အရိုးဖြင့် ဗုံများတီးနေကြ၏။ ဗုံတစ်ချက် တီးလိုက်တိုင်း အသံကြီးက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်လာကာ တိုက်ခိုက်နေသည့် အရိုးစုများမှာ ပို၍ပင် ကြမ်းတမ်းပြင်းထန်လာတော့သည်။

ချင်မူမှာ တိုက်ခိုက်နေသူများအကြား ပြေးလွှားရင်း ကျောရိုးမိစ္ဆာအရိုးခေါင်းကြီးအား လှည့်လှည့်ကြည့်နေသည်။ ကျောရိုးမိစ္ဆာအရိုးခေါင်းကြီးက အားလုံးကို တွန်းတိုက်ပြီး သူ့နောက် လိုက်နေ၏။

“ဝေ့လျောင် လာပြီ... မိစ္ဆာတွေ ၊ သရဲတစ္ဆေတွေ ထကြွရဲ ထကြွကြည့်စမ်း”

အသံလာရာဆီသို့ ချင်မူ လှမ်းကြည့်လိုက်ရာတွင် ချိရှကြယ်အရှင်သခင်က စစ်ပုဆိန်ကြီးကို ဝင့်လျက် မရေမတွက်နိုင်သော အလောင်းများနှင့် အရိုးစုများအား ဦးဆောင်၍ ရောက်ချလာသည်ကို မြင်လိုက်ရ၏။ စစ်တပ်ကြီးက ကျယ်လောင်စွာ ဟစ်ကြွေးရင်း စစ်မြေပြင်ဆီသို့ ချီတက်လာကြသည်။ ၎င်းတို့ ဖြတ်သွားသည့်နေရာတိုင်းတွင် အရိုးခေါင်းများ ပျံထွက်ကုန်သည်။

ဝေ့လျောင်က စစ်ပုဆိန်ကို လွှဲ၍ ချင်မူ့နောက်လိုက်နေသော ကျောရိုးမိစ္ဆာအရိုးခေါင်းအား ရိုက်ခွဲလိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “သူရဲကောင်းလို ရှင်မယ်... ရဲရင့်စွာ သေမယ်... ဒီမိစ္ဆာနတ်ဆိုးတွေကို သတ်ပြီး ဒီအပမြေကို သိမ်းပိုက်ကြစို့... ငါတို့က ဒီမှာ အုပ်ချုပ်သူ အသစ်ပဲ”

ဝေ့လျောင် စစ်မြေပြင်တစ်လျှောက် တိုက်ခိုက်သွားသည်ကို ချင်မူမှာ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ အချိန်တိုအတွင်း အရိုးများ ပြန့်ကြဲလွင့်စင်ကုန်ပြီး အနိုင်ရသွားသည့် စစ်တပ်ကြီးက ကြွေးကြော်နေကြသည်။ သူတို့က မြေပြင်ပေါ်ရှိ အရိုးအကောင်းများကို ကောက်ကာ ကျိုးသွားသည့်အရိုးများနေရာ၌ အစားထိုးနေကြချေသည်။

ဝေ့လျောင်က ခြေလှမ်းကြဲကြဲများဖြင့် လျှောက်လာကာ ပြောသည်။ “အပမြေက သိပ်အန္တရာယ်များတယ် မိတ်ဆွေလေး.. ကျုပ်တို့ လိုက်ပို့ပေးပါ့မယ်”

၎

င

၎

၎

All Chapters