အဆိပ်နည်းနည်းလေး သုံးလိုက်ခြင်း
Vol. 41 Ch. 557
နှင်းကဲ့သို့ ဖြူဆွတ်နေသော ဓားရောင်က နေငယ်တစ်စင်းသဖွယ် တောက်ပသွားပြီး လျင်မြန်စွာ ဖြာထွက်လာသည်။
ဆယ်မိုင်ကျော်ပတ်ပတ်လည်အား လွှမ်းခြုံပြီးလျှင်ချင်း တမုဟုတ်ချင်း ပြန်ကျုံ့သွား၏။ နောက်တခဏတွင် ဓားရောင်က ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြား အရှေ့၌ ဓားစက်လုံးတစ်လုံးအသွင် ဖြစ်တည်လာ၏။
ဝှစ်
ဓားရောင်က ကိုက်သုံးရာပတ်ပတ်လည်အား လွှမ်းခြုံလိုက်သည့်အခါ ကောင်းကင်နတ်ဆိုးများဆီမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာ၏။ သူတို့က ကြောက်မက်ဖွယ်ရာ ဓားရောင်ကို ဟန့်တားရန် သိုင်းကွက်မျိုးစုံ ထုတ်လွှတ်လိုက်ကြသည်။ ထိတိုက်သံများ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာသည်။
“သူ့ကို ကြောက်စရာမလိုဘူး” ချင်မူ့အတွေးများကို နှောင့်ယှက်ခဲ့သော ကောင်းကင်နတ်ဆိုးက အော်ဟစ်လိုက်သည်။ “အဲဒီလိုတာအိုအတွေးယဉ်ကြောထဲ ရောက်သွားတာမျိုး ငါ ကြုံဖူးတယ်... အဲဒီအချိန်အတွင်းမှာ ခန္ဓာကိုယ်က တာအိုနဲ့ တစ်သားတည်း ဖြစ်သွားတယ်... ဒါကြောင့် ဘယ်သိုင်းကွက်မဆို တာအိုအတွေးယဉ်ကြောထဲ နစ်မြုပ်သွားပြီး လူကို အန္တရာယ်မပြုနိုင်တော့ဘူး... ဒါပေမဲ့ သူ အခု တာအိုအတွေးထဲကနေ ထွက်လာပြီ.... သာမန်သေမျိုးထက် မပိုတော့ဘူး... ငါတို့ သူ့ကို အလွယ်တကူ ရှင်းပစ်နိုင်တယ်”
ဓားပျံများ ပျံထွက်လာပြီး အခြေခံဓားချက်မျိုးစုံ ထုတ်လွှတ်လိုက်ကြသည်။ ဓားချက်များက အလွန်ရိုးရှင်းပါသော်လည်း သိုင်းကွက်ပေါင်းထောင်ချီဖြင့် တိုက်ခိုက်နေ၏။ မတူညီသော ဓားချက်များက မတူညီသောပေါင်းစပ်မှုများအား ဖန်တီးနေ၍ တစ်ယောက်နှင့်တစ်ယောက် လက်ခံလိုက်ရသည့် ဓားချက်များ မတူညီကြပေ။
ထိုအခိုက်အတန့်တွင် ချင်မူ၏ခန္ဓာကိုယ်က ဓားအလက်ရှစ်ထောင်ကြား၌ တစ္ဆေတစ်ကောင်လို ရွေ့လျားသွားပြီး အချိန်မှာ နှေးကွေးသွားသယောင် ထင်ရ၏။ သူ့မျက်လုံးထဲတွင် ဓားပျံများက ပွင့်ချပ်များ ဖြည်းဖြည်းချင်း မျောလွင့်နေသကဲ့သို့ ပျံဝဲသည်။ ကောင်းကင်နတ်ဆိုးတစ်ယောက်စီတိုင်း၏ လှုပ်ရှားမှုနှင့် သိုင်းကွက်များက သူ့မျက်လုံးထဲတွင် အလွန်နှေးကွေးလာသည်။
ချင်မူသည် ကျင့်စဉ်ကို သုံးသပ်ဆင်ခြင်နေခြင်းဖြစ်၏။
ကျင့်စဉ်ဖြင့် လမ်းစဉ်အဆင့်သို့ ဝင်ရောက်နေခြင်းဖြစ်သည်။
လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်မှာ အစကတည်းက ဆန်းကြယ်နက်နဲခဲ့ပြီး ချင်မူ့မှော်စွမ်းအင်ကို တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သိပ်သည်းစေခဲ့သည်။ သူ၏မူလဝိညာဉ်ကိုလည်း အဆင့်တူများထက် သန်မာအားကောင်းစေခဲ့၏။ မဟုတ်လျှင် ချင်မူသည် အားနည်းသော ရုပ်ခန္ဓာဖြင့် အစစ်အမှန်မိစ္ဆာငယ်လေးယောက်ကို သတ်ဖြတ်နိုင်မည်မဟုတ်ပေ။
ယခုတွင် သူက ကျင့်စဉ်ကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် အားနည်းချက်များအား ဖာထေးရင်း လမ်းစဉ်အဆင့်သို့ မြှင့်တင်နိုင်ခဲ့ချေပြီ။
သူ၏ရုပ်ခန္ဓာသည် ပြီးပြည့်စုံလာ၏။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက သီးသန့်တည်ရှိနိုင်သလို၊ ပေါင်းစည်းလာနိုင်သည်။ အစိတ်အပိုင်းတစ်ခုချင်းစီ၏ စွမ်းအင်ကိုသော်လည်းကောင်း၊ အင်အားကိုသော်လည်းကောင်း ခွဲသုံးနိုင်၏။ ပေါင်းစည်းနိုင်၏။
သူ၏ပြေးနှုန်းကလည်း အဆုံးစွန်အထိ ရောက်သွားပြီး မူလနှုန်းထက် မြင့်တက်သွားသည်။ ဓားချက်များကို ခုခံနေသော ကောင်းကင်နတ်ဆိုးများမှာ တရှိန်ထိုး ပြေးနေသော ချင်မူ၏ လမ်းကြောင်းကိုသာ မြင်ရတော့သည်။
ရွှပ်
ချင်မူက ဓားပျံတစ်လက်ကို ပင့်မြှောက်ကာ ရှေ့သို့ စိုက်ချလိုက်သည်။ ကောင်းကင်နတ်ဆိုးတစ်ယောက်၏ လည်မျိုမှ သွေးများ ပန်းထွက်သွားသည်။
နောက်တခဏတွင် ချင်မူက ဓားပျံကို လွှတ်လိုက်ပြီး ဒုတိယတစ်ယောက်၏ ကျောနောက်သို့ ရောက်နေပြီဖြစ်သည်။ သူက နောက်တစ်လက်ဆုပ်ကိုင်ကာ ကောင်းကင်နတ်ဆိုး၏နှလုံးသားနေရာသို့ ထိုးထည့်လိုက်သည်။ ဓားက ရင်ဘတ်မှ ဖောက်ထွက်သွား၏။
ဘုန်း
ဓားပျံများကြားမှ ပြေးထွက်လာသည့် ကောင်းကင်နတ်ဆိုးတစ်ယောက်နှင့် ချင်မူ ပက်ပင်းတိုးသည့်အခါ သူတို့၏လက်သီးများ ဝင်တိုက်သွားကြသည်။ နဂါးကိုးကောင်မုန်တိုင်းသည် လက်သီးနှစ်ချက်မတိုက်ခင်တွင် ထွက်လာခဲ့သော်လည်း ကောင်းကင်နတ်ဆိုး၏ လက်မောင်းတစ်ခုလုံး အသားလန်၍ အရိုးအားလုံး ကျိုးကြေသွားပြီး အစအနများ လွင့်ထွက်သွားသည့်တိုင်အောင် မရပ်တန့်သေးပေ။
ချင်မူက တစ္ဆေတစ်ကောင်လို ထွက်ခွာသွားပြီး ဓားတစ်လက်ဖြင့် နောက်တစ်ယောက်၏ မျက်ခုံးနှစ်ဖက်ကြားသို့ စိုက်လိုက်သည့်အချိန်မှ စောစောက မုန်တိုင်းအရှိန်ကြောင့် ကောင်းကင်နတ်ဆိုး၏ ရင်ဘတ်တစ်ခုလုံး မွစာကြဲသွားသည်။ နဂါးလေးဆယ့်ငါးကောင်က သူ့နှလုံးသားမှ ဖောက်ထွက်ကာ သူ၏ချီနှင့်သွေးအားလုံးကို တိုက်စားသွား၏။
ချင်မူအတွက် အချိန်နှေးကွေးစွာ စီးဆင်းနေသော ကမ္ဘာတစ်ခုထဲ ရောက်သွားသကဲ့သို့ ထင်ရသည်။ သူကား နေရာလပ်မကျန် တိုးတက်ခဲ့ပြီဖြစ်သည်။
ကောင်းကင်နတ်သိုင်းများပင် မထုတ်လွှတ်နိုင်ခင် ရန်သူတို့၏ ချက်ကောင်းနေရာများမှ သွေးများပန်းထွက်လာပြီး ကောင်းကင်ယံတွင် သွေးရောင်ပန်းပွင့်များသဖွယ် ဖြည်းဖြည်းချင်း ပြန့်ကြဲသွားသည်။ ကောင်းကင်နတ်သိုင်းစွမ်းအား ထွက်လာသည့်အခါ ချင်မူက ထိုနေရာတွင် မရှိတော့ပေ။
ချင်မူ့မျက်လုံးထဲတွင် ရန်သူများ၏ ကောင်းကင်နတ်သိုင်းများက အလွန်နှေးကွေးနေသည်။ ချီစွမ်းအင်များ ထွက်ပေါ်လာပြီး မှော်သင်္ကေတများအသွင် ဖွဲ့တည်ကာ သိုင်းကွက်ဖြစ်တည်လာသည့် အစအဆုံးဖြစ်စဉ်အား သူ မြင်နေရ၏။ သိုင်းကွက်စွမ်းအား ပေါက်ကွဲသွားသော မြင်ကွင်းမှာ ထူးဆန်းစွာ လှပနေသည်။
ဤကောင်းကင်နတ်ဆိုးတစ်ယောက်မှ အားမနည်းကြပေ။ မိစ္ဆာနတ်ဘုရားများကိုယ်တိုင် လက်သပ်မွေးထားသော တပည့်များ ဖြစ်ကြသည်။ ကောင်းကင်နတ်ဆိုးများအကြား၌ လက်ရွေးစင်များအဖြစ် ထင်ရှားပြီး သန်မာအားကောင်းကြသည့်အပြင် သူတို့၏ကောင်းကင်နတ်သိုင်းများကလည်း အလွန်အနုစိတ်၏။ ကောင်းကင်နတ်သိုင်းများ ပြောင်းလဲသွားသည့် အခိုက်အတန့်တိုင်းက အတိုင်းထက်အလွန် တင့်တယ်လှပချေသည်။
ဤအလှမျိုးကို ချင်မူ အလွန်သဘောကျမိသည်။ သူ၏ကောင်းကင်ကိုးဆင့်မျက်လုံးများအောက်တွင် သိုင်းကွက်များ ပေါက်ကွဲဖြာထွက်လာသည့် ဖြစ်စဉ်မှာ မျက်စိပသာဒ ရှိလှသည်။
အထူးသဖြင့် သွေးများ ဖြာထွက်ပြီး ပန်းပွင့်များသဖွယ် ဖွဲ့တည်သွားသည့်အချိန်ပင်... သွေးပန်းပွင့်များမှ ကောင်းကင်နတ်ဆိုးများ၏ ကောင်းကင်နတ်သိုင်းများအား အလှဆင်ပေးလိုက်သည့်အခါ သိုင်းကွက်များကား ပို၍ပင် ခမ်းနားတင့်တယ်သွားသည်။
ဤတစ်ကြိမ်တွင် ချင်မူသည် ထူးဆန်းသောနည်းလမ်းဖြင့် သူ့ကျင့်စဉ်လှည့်ပတ်ပုံလမ်းကြောင်းကို ပြန်တည်ဆောက်ရန် ရွေးချယ်ခဲ့၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ပြီးပြည့်စုံအောင် ပြုပြင်ပြီးသည့်အခါ သူ၏ရုပ်ခန္ဓာကိုသာ အဆင့်မြှင့်နိုင်ရုံသာမက ၊ ချီစွမ်းအင်လှည့်ပတ်နှုန်းလည်း မြန်လာခဲ့သည့်အတွက် ကောင်းကင်နတ်သိုင်းတို့၏စွမ်းအားက ပြင်းထန်အားကောင်းလာခဲ့သည်။
သူက မြွေတစ်ကောင်သဖွယ် ကောင်းကင်နတ်ဆိုးတစ်ရာအကြား၌ ကွေ့ပတ်သွားလာပြီး အခြေခံအကျဆုံးဓားချက်များအား အေးအေးဆေးဆေး ထုတ်လွှတ်နေသည်။ သို့သော် မြန်ဆန်သောအရှိန်နှင့် ပြင်းထန်သောစွမ်းအားအောက်တွင် အရိုးရှင်းဆုံးဓားချက်များက ထူးဆန်းစွာ ထိရောက်နေ၏။
သူ၏ကောင်းကင်မျက်လုံးများတွင် လူတိုင်း နှေးကွေးနေသည်။ ကောင်းကင်နတ်သိုင်းများဖြစ်စေ၊ ဝိညာဉ်လက်နက်များဖြစ်စေ၊ ခန္ဓာကိုယ်လှုပ်ရှားမှုများဖြစ်စေ၊ အားလုံး နှေးကွေးလာခဲ့၏။ အားလုံး၏ ဟာကွက်တစ်ကွက်စီတိုင်းအား သူ ရှင်းလင်းစွာ မြင်နေရသည်။
ချင်မူ ရပ်တန့်လိုက်သည်နှင့် ဓားပျံများက သူ့ဆီ ပြေးဝင်လာကြသည်။ ၎င်းတို့က သူ့လက်ထဲရှိ ရွှင်ပျော်ပျော်ဓားနှင့် ပူးကပ်ကာ ပျောက်ကွယ်သွား၏။ များစွာမကြာလိုက်ဘဲ ဓားအလက်ရှစ်ထောင်လုံး တစ်လက်တည်း ဖြစ်လာသည်။
သူ့အနောက်၌ ကောင်းကင်နတ်သိုင်းများ ပေါက်ကွဲပြီး ဝိညာဉ်လက်နက်များ ပျံဝဲကခုန်ကာ အမြင့်ဆုံးသစ်ပင်များအား ခုတ်ဖြတ်လိုက်သည်။ ထစ်ချုန်းပေါက်ကွဲသံများ တရစပ် မြည်ဟည်းနေသည်။
တခဏကြာသော် တိတ်ဆိတ်သွား၏။
ထို့နောက် ကောင်းကင်နတ်ဆိုးတို့၏ အလောင်းများ ကောင်းကင်ယံမှ တဘုတ်ဘုတ် ပြုတ်ကျလာကြသည်။
ချင်မူ ရွှင်ပျော်ပျော်ဓားအား လက်နှစ်ဖက်ဖြင့် ပူးကပ်၍ ညင်ညင်သာသာ ပွတ်သပ်လိုက်ကာ ဓားစက်လုံးအသွင် ပြောင်းလိုက်၏။ သူက တစ်ဖက်လှည့်ပြီး တိုက်ပွဲကွင်းပြင်ထက်တွင် တစ်ယောက်တည်း ရပ်ကျန်ခဲ့သည့် ကောင်းကင်နတ်ဆိုးအား ကြည့်လိုက်သည်။
ထိုကောင်းကင်နတ်ဆိုးက သူ၏အတွေးအား ဖျက်စီးရန် အားလုံးကို အကြံပေးခဲ့သူပင် ဖြစ်၏။
ဤအခိုက်အတန့်တွင် ကောင်းကင်နတ်ဆိုးမှာ ဒူးနှစ်ဖက်လုံး တုန်ရီနေပြီး သူ့နဖူးမှ ချွေးပေါက်များ လိမ့်ဆင်းကျလာသည်။ သူ့မျက်နှာထက်၌ အကြောက်တရား ပေါ်လွင်နေချေသည်။
ချင်မူက ဓားစက်လုံးကို သိမ်းလိုက်ပြီး ချီစွမ်းအင် ထုတ်လွှတ်ကာ ကောင်းကင်မျက်လုံးများ၏ ချီစွမ်းအင်လှည့်ပတ်ပုံလမ်းကြောင်းကို ပြန်လည်တည်ဆောက်ကြည့်သည်။ သို့သော် မည်မျှကြိုးစားစေကာမူ တာအိုအတွေးအခြေအနေသို့ မဝင်ရောက်နိုင်ပေ။
ကောင်းကင်နတ်ဆိုးမှာ သူ့ကို ကြောင်ကြောင်ငေးငေး ကြည့်ရင်း မလှုပ်ဝံ့ပေ။
ချင်မူမှာ တာအိုအတွေးအခြေအနေသို့ ဝင်ရောက်ရန် ကြိုးစားလေလေ၊ မဝင်နိုင်လေလေ ဖြစ်နေ၍ ဒေါသထွက်လာပြီး ချီစွမ်းအင်မှ ဖွဲ့တည်ထားသော ကောင်းကင်မျက်လုံးများအား လက်သီးဖြင့် ထိုးချလိုက်၏။
ဘုန်း ဘုန်း ဘုန်း
သူက စိတ်ရူးဖောက်သွားသကဲ့သို့ ဒေါသတကြီး ထိုးနှက်နေသည်။ တခဏအတွင်း မိုးခြိမ်းသံများ ဟိန်းထွက်လာသည်။ သူ့အရှေ့ရှိ လေထုမှာ နံရံကဲ့သို့ ဖွဲ့တည်လာပြီး ပကတိမျက်စိဖြင့် မြင်ရသည့်တိုင်အောင် ထူသထက် ထူလာ၏။ လက်သီးမှ လေပြင်းများက နံရံကို တွန်းတိုက်လိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ သစ်ပင်များ လဲပြိုကုန်ပြီး ကျောက်တုံးများ စိစိညက်ညက် ကြေကုန်၏။ နံရံမှာ ဆယ်မိုင်ကျော်အကွာအဝေးသို့ လွင့်ထွက်သွားကာ ချောက်နက်ကြီးတစ်ခု ပွင့်ထွက်လာသည်။
ချင်မူ့ခေါင်းက တဖြည်းဖြည်း လှည့်လာကာ မျက်ဝန်းထောင့်စွန်းက ကောင်းကင်နတ်ဆိုးအပေါ် ကျရောက်လာသည်။ “မင်းက ငါ့အတွေးကို ဖျက်စီးဖို့ အားပေးခဲ့တဲ့ တစ်ယောက်မလား... သိပ်တော်နေတယ်ပေါ့လေ ဟုတ်လား”
ကောင်းကင်နတ်ဆိုးက သူ့ကို ငေးကြည့်နေပြီးနောက် အသက်ရှင်လိုသည့်စိတ်က ကြောက်စိတ်အား အနိုင်ရသွားသည်။ သူက အော်ဟစ်ရင်း မိစ္ဆာနတ်ဆိုးချီအခိုးအငွေ့များအသွင် ပြောင်းကာ ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။
ချင်မူက ခေါင်းယမ်းလိုက်ပြီး သူ့မျက်လုံးထဲ၌ ဝင်္ကပါအမှတ်အသားများ အထပ်ထပ် ဖွဲ့တည်လာ၏။ နဂါးငွေ့တန်းက အရှိန်အဟုန်ဖြင့် လည်ပတ်သွားသည်။
ထွမ်
သူ့မျက်လုံးများမှ အလင်းတန်းနှစ်တန်းက မိစ္ဆာနတ်ဆိုးချီအား ပိုင်းဖြတ်လိုက်သည်။ ခေါင်းတစ်ခေါင်း၊ ခြေနှစ်ချောင်း၊ ကိုယ်တစ်ပိုင်း ပြုတ်ကျလာသည်။
“ထပ်ပြောဦးလေ” ချင်မူ ဒေါသတကြီး လှည့်ထွက်လာပြီး လူတစ်ယောက်အရပ်ရှိသော ကျောက်တုံးကြီးအား ဆောင့်ကန်ပစ်လိုက်၏။ ကျောက်တုံးမှာ စိစိညက်ညက် ကြေသွားတော့သည်။
တခဏကြာသော် ကောင်းကင်ယံမှ အရိပ်များ ဆင်းသက်လာကြသည်။ ခေါင်းဆောင်နေရာတွင် သန်မာအားကောင်းသော အရှိန်အဝါဖြင့် မိစ္ဆာနတ်ဘုရားတစ်ပါး ရှိနေ၏။
“ဆရာ၊ နတ်ဆိုးရှစ်ကြွယ်ရဲ့ တပည့် သေသွားပါပြီ”
“အရှင်ယန်ရဲ့တပည့်လည်း အသတ်ခံလိုက်ပါတယ်”
“နတ်ဆိုးအရှင်ရုံရဲ့ တပည့်ရောပါပဲ”
“ရှို့ချီရဲ့ တပည့်လည်း သေနေပြီ”
“နတ်ဆိုးအရှင်လျို့ယီရဲ့ တပည့်လည်း ပါတယ်”
“ဆရာ၊ ဆဋ္ဌမညီလေးလည်း အသက်မရှိတော့ပါဘူး”
.....
မိစ္ဆာနတ်ဘုရားက ဒေါသတချောင်းချောင်း ထွက်သွားပြီး အော်ဟစ်လိုက်သဖြင့် လေပြင်းများ တောအုပ်တစ်လျှောက် တိုက်ခတ်သွားသည်။ ကောင်းကင်ယံရှိ မြူများလည်း လွင့်စင်သွား၏။
“မင်းက ငါတို့မျိုးနွယ်ရဲ့ လက်ရွေးစင်တွေကို သတ်ပြီး အရပ်ခြောက်မျက်နှာအဆင့်နှင့် ခုနစ်စဉ်ကြယ်အဆင့်သိုင်းသမားတွေကြားမှာ အရေအတွက် ကွာဟသွားစေခဲ့ပြီ... မင်းက ငါ့လူတွေရှေ့မှာ ရမ်းကားပြရဲမှတော့ ငါတို့နတ်ဆိုးမြေကနေ အသက်ရှင်ရက် ထွက်သွားနိုင်မယ်မထင်နဲ့.... ငါ့အမိန့်နာခံကြ... ယိုတုငရဲခွေးတွေကို လွှတ်ပြီး သူ့ကို ရှာမယ်... မတွေ့မချင်းရှာရမယ်”
ကောင်းကင်နတ်အသွင်အဆင့် မိစ္ဆာနတ်ဆိုးတစ်ယောက်က ချီတုံချတုံ ဖြစ်နေသည်။ “ဆရာ၊ ဖုရွေ့လော်က သူ့ကို အသက်ရှင်ရက် ဖမ်းနိုင်ရင် အသက်ရှင်ရက်ဖမ်းခဲ့လို့ မိန့်ထားပါတယ်.... မဖမ်းနိုင်ရင်လည်း သူ့အလောင်းကို အကောင်းတိုင်းထားဖို့ ပြောခဲ့ပါတယ်... ဒီလူသားရဲ့ ခန္ဓာကိုယ်မှာ လျှို့ဝှက်ချက်တွေ ရှိတယ်လို့ နတ်ဆိုးဘုရင်က မှာခဲ့ပါတယ်....”
မိစ္ဆာနတ်ဘုရား၏ အေးစက်စက်အကြည့် ကျရောက်လာ၍ ကောင်းကင်နတ်အသွင်အဆင့် မိစ္ဆာနတ်ဆိုးမှာ ပါးစပ်ပိတ်ပြီး သူ့အမိန့်အတိုင်း စေခိုင်းလိုက်၏။
ချင်မူမှာ ခွေးဟောင်သံများ ကြားသည့်အခါ ရင်ထဲ လှုပ်ခတ်သွားသည်။ ကောင်းကင်နတ်ဆိုးများသည် ရဲရင့်သဖြင့် တိုက်ပွဲတွင် လွန်စွာအသုံးဝင်၏။ သူတို့က သိုင်းအရူးများသဖွယ် သိုင်းစွမ်းရည်အား ထုတ်ဖော်ကြွားဝါရသည်ကို သဘောကျကြသည်။ ထိုသို့ ကြွားဝါနိုင်မည့်အကောင်းဆုံးနည်းလမ်းက အစွမ်းထက်သိုင်းသမားများကို သတ်ရန် ဖြစ်၏။ ထို့ကြောင့် ချင်မူ့အား လိုက်ဖမ်းခဲ့ကြသော ကောင်းကင်နတ်ဆိုးများအကြားတွင် ခုနစ်စဉ်ကြယ်အဆင့်များက စိတ်အလှုပ်ရှားကြဆုံးဖြစ်ခဲ့သည်။
သို့သော် တိုက်ပွဲလေးတစ်ပွဲတည်းနှင့် မိစ္ဆာနတ်ဘုရားများ၏ ခုနစ်စဉ်ကြယ်အဆင့် တပည့်အားလုံးနီးပါး သေဆုံးခဲ့ကြရသည်။ သို့ဆိုလျှင် ယခု သူ့နောက် လိုက်လာမည့် သိုင်းသမားများက မည်သည့်အဆင့် ဖြစ်မည်နည်း။
လက်ရှိတွင် သူက ရှေ့တန်းများ သိပ်မဝေးသဖြင့် ဗျူဟာမြို့များ ပေါများလာသလို၊ စစ်သည်အရေအတွက်လည်း များပြားလာ၏။ ထို့ကြောင့် သူ့အား လိုက်ဖမ်းနေသည့် ကောင်းကင်နတ်ဆိုးများ မည်မျှသန်မာအားကောင်းနိုင်ကြောင်း ချင်မူ တွက်မိလိုက်သည်။
ခေါင်းနှစ်လုံးခွေးနက်ကြီးများက တောင်တန်းများကို ကျော်လွှားရင်း သူ့အား အနံ့ခံကာ လိုက်လာကြသည်။ မိစ္ဆာသိုင်းသမား လေး၊ ငါး၊ ခြောက်ယောက်ခန့်က ကျောပေါ်မှ လိုက်ပါစီးနင်းနေကြ၏။
ခွေးကြီးများ၏ မျက်လုံးများက အနီရောင်မီးအိမ်များသဖွယ် စူးရဲနေပြီး တစ်ကိုယ်လုံး ကြွက်သားများ ပြည့်နှက်နေသည်။ ခေါင်းတစ်ခေါင်းစီတွင်လည်း မျက်လုံးနှစ်လုံးတင်မကဘဲ သုံးလုံးရှိနေသည်။ နဖူးပေါ်ရှိ တစ်လုံးက တစ်ချက်တစ်ချက် အနီရောင်အလင်းတန်းများ ဖြန့်ကျက်ကာ ပတ်ဝန်းကျင်အား စစ်ဆေးကြည့်ရှုတတ်၏။
ချင်မူ့အမူအရာ လေးနက်သွားသည်။ ငရဲခွေးများက သူ့အနံ့ကို ရှာတွေ့သွားပြီဖြစ်၍ သူ့ဆီ လာနေကြချေပြီ။
‘သူတို့ကို အဆိပ်ခပ်ရမယ်... အဲဒါမှ ငါ လွတ်မှာ’
သူက ထောင်ကျယ်အိတ်ကို လှန်ကာ ဆေးပင်များ ရှာလိုက်သည်။ ဤတစ်ကြိမ်တွင် ချီစွမ်းအင်ဖြင့် ဆေးမီးဖို မဖွဲ့တည်ဘဲ အလုံပိတ်မီးဖိုတစ်လုံး ထုတ်ကာ အဆိပ်ဖော်နေ၏။
ချင်မူ အသက်အောင့်ထားသည့်အပြင် မွှေးညှင်းပေါက်များကိုလည်း ပိတ်လိုက်သည်။ အတန်ငယ် စဉ်းစားပြီးသော် သူက ဖိနပ်များ ချွတ်၍ အလုံပိတ်မီးဖိုအား ဖွင့်သည်။ အဆိပ်တချို့ကို ဂရုတစိုက် ထုတ်ပြီး ဖိနပ်ပေါ် ဖြန့်ကြဲကာ တွေးနေသည်။ ‘မိစ္ဆာနတ်ဘုရားကို အဆိပ်နိုင်မယ့် အဆိပ်ဖော်ဖို့ အချိန်မရပေမယ့် ငရဲခွေးတွေအတွက်တော့ ပြဿနာမရှိဘူး’
သူက ဖိနပ်များကို လွှင့်ပစ်ကာ ခြေဗလာဖြင့် ထွက်လာသည်။
တခဏကြာသော် ကျားဟိန်းသံများကြောင့် မြေပြင်တစ်ခုလုံး လှုပ်ခါသွားသဖြင့် ချင်မူ ကပျာကယာ နောက်လှည့်ကြည့်လိုက်သည်။ နတ်ဘုရားအရှိန်အဝါ ဖြာထွက်လာသည်ကို သူ မြင်လိုက်ရပြီး အနက်ရောင်ကျားတစ်ကောင်က ငရဲခွေးများနှင့် ကောင်းကင်နတ်ဆိုးများအား ကိုက်ဖြဲပစ်လိုက်၏။
“အစ်ကိုကြီးကျား.. ကျွန်တော် ဂိုဏ်းသခင်ရဲ့အနံ့ ရလိုက်တယ်” နဂါးချီလင်က အဝေးမှ လှမ်းအော်သည်။ သူ့အသံက ဝမ်းသာရွှင်မြူးနေသည်။ “ကျွန်တော့်နောက် လိုက်ခဲ့... ဂိုဏ်းသခင်ရဲ့ ဖိနပ်တွေတောင် ဒီမှာ ရှိနေတာပဲ... အမလေး နံလိုက်တဲ့ ဖိနပ်... သေစမ်း.... ကျွန်တော် အဆိပ်မိသွားပြီ”
၎
င
၎
၎