သူရူး
Vol. 8 Ch. 10
အနက်ရောင်စစ်သည်နဲ့နဂါးပြာက ပြိုင်တူပြေးထွက်လာပြီး ပထမဆုံးတိုက်ကွက်ကို ဖလှယ်လိုက်တယ်။ သူတို့ရပ်နေတဲ့ မြေပြင်ကွဲထွက်သွားပြီး သက်ရောက်အားလှိုင်းတွေက ပတ်ဝန်းကျင်တစ်ခုလုံးကို ပြန့်နှံသွားတယ်။ လီဆာက နဂါးလက်သည်းကိုသုံးပြီး အနက်ရောင်စစ်သည်ရဲ့မျက်နှာကို လှမ်းကုပ်တယ်။
အနက်ရောင်စစ်သည်ကလည်း ပုဆိန်နဲ့တားလိုက်ပြီး
ဘယ်ခြေကိုဆန့်ထုတ်ကာ လီဆာရဲ့ရင်ဘက်ကိုကန်တယ်။ လီဆာက နည်းနည်းခြေပျက်သွားပေမဲ့ အနက်ရောင်စစ်သည်ရဲ့ပခုံးကို ဆောင့်ဆွဲလိုက်ပြီး အဝေးကို လွှင့်ပစ်လိုက်တယ်။
“နင်မတိုက်နိုင်ဘူးမဟုတ်လား၊ ပြေး။”
လီဆာက ဆိုဖီယာကိုပြောလိုက်ပြီး ခြေထောက်နဲ့နဂါးတောင်ပံသက်သက်ကို အားပြုပြီးခုန်တက်ကာ
အနက်ရောင်စစ်သည်နောက်ကိုလိုက်တယ်။ အနက်ရောင်စစ်သည်က မြေပေါ်ကထလာရုံပဲရှိသေးပေမဲ့
လီဆာက ညာလက်သီးကိုဆန့်တန်းပြီး လေထုထဲကနေ ဆင်းသက်လာနေပြီဖြစ်တာကြောင့် ရှောင်လိုက်ရတယ်။
ဘုန်း....
လီဆာရဲ့လက်သီးက မြေကြီးကိုပဲထိသွားတယ်။ ရေဂင်က လည်ရဲ့ခေါင်းကို ပုဆိန်နဲ့ခုတ်တယ်။ လီဆာက
လက်ဖျံနဲ့တားလိုက်ပြီး ရေဂင်ရဲ့ရင်ဘတ်ကိုထိုးချတယ်။ ရေဂင်နောက်ကို နည်းနည်းယိုင်သွားပေမဲ့ လီဆာအသာစီးယူလို့မရအောင် ဓားပျံသုံးခုက လှုပ်ရှားလာပြီး လီဆာကို စတိုက်တယ်။
လီဆာက လက်နှစ်ဖက်ကိုပူးလိုက်တယ်။ သူ့လက်က ဓားတစ်လက်ကို ခုခံလိုက်နိုင်ပြီး သတ္တုချင်းထိခတ်မိသံထွက်ပေါ်လာတယ်။ သူ့အတောင်ပံတွေကလည်း လှုပ်ရှားလာပြီး လေအားနဲ့ကျန်တဲ့နှစ်လက်ကို ခတ်ထုတ်လိုက်နိုင်တယ်။ ခံစစ်ပြီးသွားတဲ့အခါမှာတော့ ရေဂင်ကို အံ့ဩစေမယ့်တိုက်ပွဲတစ်ခုရှိနေပါပြီ။
ဝုန်း....
လီဆာရဲ့မျက်လုံးတွေက ထောင်လိုက်ကနေ အဝါရောင်လင်းလတ်သွားပြီး လေပြင်းတစ်ချက်ကိုပါးစပ်ကနေ မှုတ်ထုတ်လိုက်တယ်။ လေပြင်းက အင်အားကြီးလွန်းလို့ ပတ်ဝန်းကျင်က သစ်ပင်တွေအားလုံး အမြစ်ကလန်သွားပြီး တောင်တွေကတုံးဖြစ်သွားတယ်။ ဒါပေမဲ့ အနက်ရောင်စစ်သည်က လွင့်ပါမသွားဘဲ လက်ကိုဆန့်ထုတ်ကာ အနီရောင် အလင်းဒြပ်စင်ဒိုင်းတစ်ခုကိုထုတ်ပြီး ခုခံရုံသာခုခံလိုက်ပါတယ်။
သူက အညောင်းပြေဇက်ချိုးလိုက်ပြီး “ဒီလောက်ပဲလား။” လို့ပြောလိုက်တယ်။ လီဆာကိုယ်တိုင်လည်း
မျက်ခုံးပင့်လိုက်ပါပြီ။ ဒီတစ်ယောက်က စက်ရုပ်ထဲမှာမဟုတ်တော့တာတောင် သူထင်ထားတာထက် အများကြီးပိုအစွမ်းထက်နေပုံပဲ။ ပုံမှန်နဂါးအပြည့်နဲ့ဆိုရင် လီဆာအနေနဲ့ရေဂင်ကို သတ်နိုင်မှာဆိုပေမဲ့ အခုလီဆာက ပင်ပန်းနေပြီ။ တစ်ဖက်မှာတော့ ရေဂင်က စက်ရုပ်ထဲက ထွက်လာစမလို့ အင်အားအပြည့်ရှိနေပါတယ်။
“ငါ့အလှည့်ပဲ...” ရေဂင်က ပုဆိန်ကိုမြှောက်လိုက်တယ်။ ဓားပျံခြောက်လက်က အချိတ်အဆက်မိမိ
လှုပ်ရှားသွားပြီး အလင်းဒြပ်စင်ပမာဏအများကြီးကို စတင်ထုတ်လွှင့်တယ်။ ရေဂင်ကိုယ်တိုင်လည်း
စက်အတောင်ပံကိုဖွင့်လိုက်ပြီး အသံမြန်နှုန်းရဲ့လေးဆနီနီးစပြေးပြီး လီဆာကိုတိုက်တယ်။ လီဆာရဲ့မျက်လုံးတွေက ရန်သူကိုမြင်နေရပေမဲ့ သူ့ခြေတွေလက်တွေကတော့ ရန်သူကို တုံ့ပြန်ရခက်ခဲလာပါပြီ။
ထန်း... ထန်း... ထန်း....
သတ္တုချင်းထိခိုက်မိသံထွက်ပေါ်လာပြီး လီဆာရဲ့နဂါးကြေးခွံဖုံးအုပ်မထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်နေရာကနေ သွေးတွေစီးကျလာတယ်။ အနက်ရောင်အရိပ်တစ်ခုက သူ့ကိုထောင့်ပေါင်းစုံကနေ တိုက်ခိုက်နေပြီး ကိုယ်ပွားအယောက်တစ်ထောင်လောက်က သူ့ကိုတိုက်ခိုက်နေသလိုကို ခံစားရပါတယ်။ လီဆာက မျက်စိကိုမှေးလိုက်တယ်။ ပတ်ဝန်းကျင်က အရာအားလုံးက သူ့အတွက်နှေးကျသွားတယ်။
“သေပေတော့....” လီတာက တစ်နေရာကိုကြိုပြီး လက်သီးနဲ့ထိုးလိုက်တယ်။ အနက်ရောင်စစ်သည်က အဲဒီနေရာမှာပေါ်လာတာနဲ့ ကွက်တိဖြစ်သွားပြီး နဂါးတစ်ကောင်ရဲ့လက်သီးနဲ့တိုက်ရိုက်ရင်မဆိုင်ချင်တာကြောင့် လက်မောင်းကိုမြှောက်ပြီး လက်သီးကိုခုခံလိုက်တယ်။
ဘောင်း.....
“ဘာ.....” လီဆာရဲ့အားအပြည့်ပါတဲ့လက်သီးကြောင့် အနက်ရောက်သတ္တုချပ်ဝတ်လက်မောင်းက ပဲ့ကျသွားပြီး ရေဂင်ရဲ့နဂိုပိုးကောင်အခွံမာပေါ်လာတယ်။ လီဆာကတော့ ပြုံးလိုက်ပြီး...
“နင်က အစွမ်းထက်ပေမဲ့ ဖျက်ဆီးလို့မရတာတော့ မဟုတ်ပါဘူး။” လီဆာက ရေဂင်ရဲ့လက်ကိုမလွတ်တန်းဆုပ်ကိုင်လိုက်ပြီး သူ့ဆီကိုဆွဲယူလိုက်တယ်။ အံဒီနောက် သူ့ခေါင်းကိုရှေ့ထုတ်ပြီး ရေဂင်နဲ့ခေါင်းချင်းယှဥ်တိုက်ပစ်လိုက်တယ်။
ခလွမ်း...
နည်းပညာချပ်ဝတ်ခေါင်းစောင်းက ကျောက်တုံးလိုမာကျောနေတဲ့ လီဆာရဲ့ခေါင်းဒဏ်ကို မခံနိုင်ဘဲ ဖန်ထည်လိုမျိုး တစ်စစီကွဲကြေသွားတယ်။ အဲဒီနောက်မှာတော့ ပိုးကောင်အပြည့်ဖြစ်နေတဲ့ ရေဂင်ရဲ့အံ့ဩနေတဲ့ မျက်လုံးတွေကို မြင်နေရပါပြီ။
“လိပ်လိုမျိုး အခွံထဲမှာပုန်းနေတဲ့ကောင်။ နင့်အသားက တခြားပိုးကောင်ဗိုလ်ချုပ်တွေလောက် မထူဘူးမဟုတ်လား။” လီဆာကပြုံးလိုက်ပြီး ကြောင်ပြီးရပ်ကြည့်နေမိတဲ့ ရေဂင်ရဲ့ရင်ဘတ်ကို ထိုးချလိုက်တယ်။
ဘုန်း....
နဂါးကြေးခွံလက်သီးက နည်းပညာချပ်ဝတ်ရဲ့ခိုင်မာလှတဲ့ သတ္တုအကာအကွယ်ကို စက္ကူစလေးတစ်ခုလိုမျိုး ထွင်းဖောက်သွားပြီး ရေဂင်ရဲ့ရင်ဘတ်အစစ်ကို ထိုးမိသွားတယ်။
“အား.....” ရေဂင်ရဲ့အော်သံကျယ်ကြီးထွက်ပေါ်လာပြီး အနက်ရောင်စစ်သည်ရဲ့ချပ်ဝတ်က လုံးဝကွဲကြေထွက်သွားတယ်။ ရေဂင်ရဲ့ကျိုးပဲ့နေတဲ့ ပိုးကောင်ခန္ဓာကိုယ်ကတော့ သူ့လိုပဲတစ်စစီဖြစ်နေတဲ့ ဧရာမစက်ရုပ်အပျက်ကြီးနားမှာ လဲကျသွားတယ်။ သူကုန်းရုန်းပြီး ပြန်ထလာတော့ မြင်လိုက်ရတာက.....
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိုက်ပွဲကြောင့်ဖြစ်လာတဲ့ ဖုန်တွေသဲတွေက မုန်တိုင်းတစ်ခုလိုမျိုး လှည့်ပတ်လွင့်ပျံနေဆဲဖြစ်ပြီး ဒဏ်ရာတွေကနေ သွေးတွေတစ်တောက်တောက်ကျနေတဲ့ မိန်းမငယ်က သူ့ဆီကို တစ်လှမ်းချင်းချဥ်းကပ်လာနေတယ်။ ဒဏ်ရာတွေနေရာမှာ ရေဂင်ရဲ့ဓားပျံတွေ စိုက်ဝင်နေတာကြောင့် ပြန်လည်ကုစားနိုင်စွမ်းကို အနှောင့်အယှက်ပေးနေတာ အသိသာကြီး။ နဖူးမှာတော့ အနက်ရောင်ချိုတစ်ချောင်းက အရေပြားကိုထိုးပွင့်ပြီး ထွက်နေတာမြင်ရတယ်။ တခြားတစ်ဖက်မှာတော့ ချိုထွက်လာတော့မယ့်အရိပ်အယောင်အနေနဲ့ အဖုလေးတစ်ခုကိုမြင်နေရပြီ။ ခန္ဓာကိုယ်ကနေပဲ သွေးတွေစီးကျနေတာမဟုတ်ဘဲ နှုတ်ခမ်းကနေပဲ သွေးတွေအန်နေရတာ။ သူ့ကိုကြည့်ရုံနဲ့တင် ပြင်းထန်တဲ့ နာကျင်မှုကိုခံစားနေရမှန်းသိသာတယ်။ ဒါပေမဲ့ သူဆက်ပြီးသွားနေဆဲပဲ။
လီဆာက သူ့ခန္ဓာကိုယ်မှာစိုက်ဝင်နေတဲ့ ဓားတွေကို ဆွဲနှုတ်ပစ်လိုက်တယ်။ ဒဏ်ရာတွေက ချက်ချင်းကောင်းသွားတယ်။ သူ့ရဲ့အဝါရောင်မျက်လုံးတွေနဲ့
အကြည့်ချင်းဆုံမိချိန်မှာတော့ ရေဂင်နောက်ကိုဆုတ်လိုက်မိတယ်။
“ကောင်းတယ်၊ သိပ်ကိုကောင်းတယ်။ မင်းတို့ကိန်းရှင်တွေကို အသက်ရှင်လျက်ထားလို့မဖြစ်မှန်း ငါသိသားပဲကွ။ ဟား....”
ရေဂင်က သူ့ကျောနောက်မှာပေါက်နေတဲ့ ပိုးကောင်လက်တံတစ်ချောင်းကို ဆွဲနှုတ်ပစ်လိုက်ပြီး လှံလိုကိုင်ထားတယ်။ အဲဒီနောက် သူက ပျက်စီးနေတဲ့ စက်ရုပ်ကြီးရဲ့ပင်မစွမ်းအင်ချက်မကိုကလော်ဖွင့်လိုက်တယ်။ အတွင်းက ဆိုးယုတ်တဲ့အငွေ့အသက်တွေ တိုက်ရိုက်ထွက်လာပြီး ပတ်ဝန်းကျင်က မြက်တွေအပင်တွေအားလုံး သေဆုံးကုန်တယ်။ ထွက်ပြေးဖို့ နောက်ကျသွားတဲ့ ပိုးမွှားတွေနဲ့ကြွက်တွေပါ အိုမင်းသေဆုံးကုန်ပေမဲ့ ရေဂင်ကတော့ အတွင်းကို အရူးတစ်ယောက်လိုမျိုးကြည့်လိုက်တယ်။ အတွင်းမှာတော့ ခန္ဓာကိုယ်နဲ့ချိတ်ဆက်မထားတော့ပေမဲ့ ခုန်နေဆဲ နှလုံးတစ်ခုရှိနေပါတယ်။ သူက နှလုံးသားကို ကောက်ယူလိုက်တယ်။
လီဆာလည်း သူ့အနားရောက်လာပြီး သူ့ရဲ့ခေါင်းကို ဆွဲဖြုတ်ဖို့လုပ်ပေမဲ့ ရှောင်လိုက်တာကြောင့် လက်တစ်ဖက်ကိုပဲ ဆွဲဖြုတ်မိသွားတယ်။ ပြီးတော့ အဲဒီလက်က သေခြင်းတရားနှလုံးသားကို ကိုင်ထားတဲ့ လက်မဟုတ်ဘူး။ ရေဂင့်လက်ပြတ်ထွက်သွားပြီး အစိမ်းရောင်သွေးရည်ကြည်တွေ ကျဆင်းလာပေမဲ့ တစ်ချက်မှမအော်ဘူး။
“ငါမင်းတို့ကို မကြောက်ဘူးလို့ပြောရင် လိမ်ရကြတယ်။ ဒါပေမဲ့ ငါ့ရဲ့အကြောက်တရားကို မတိုက်ထုတ်နိုင်ရင် ဘယ်လိုလုပ်ပြီး ပိုးကောင်ပီသမှာလဲကွ။” သူက ပြောပြောဆိုဆိုနဲ့ သေခြင်းတရားနှလုံးကို သူ့ညာလက်ရင်အုံထဲ ထိုးသွင်းလိုက်တယ်။ အဲဒီနောက် အရူးတစ်ယောက်လို အော်ရယ်တော့တာပဲ။
....
ဆိုဖီယာက ပြေးနေရင်းနဲ့ သူခြေလှမ်းတွေလေးလာတာကို သတိထားမိတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး
ရုတ်တရက်မှောင်ကျသွားသလိုပဲ။ သူနောက်ကို ပြန်လှည့်ကြည့်လိုက်တော့ အနက်ရောင်နဲ့ခရမ်းရောင်ရောစပ်နေတဲ့ စွမ်းအင်လှိုင်းကြီးက မုန်တိုင်းတစ်ခုလို မြင့်တက်လာတာကို မြင်လိုက်ရပြီး ခေါင်းနပန်းကြီးသွားလေရဲ့။
“သေဆုံးခြင်းစွမ်းအင်တွေလား၊ ယာမီဲရဲ့စွမ်းအားကို သူတို့ယူသုံးနေတာ ကျိန်းသေသွားပြီ။” ဆိုဖီယာက ပြောရင်းနဲ့ စက်ကွင်းကနေလွတ်အောင် အားစိုက်ပြီး ပိုပြေးရတယ်။
....
“ဟဲ... ဟဲ... ဟဲ....” ရေဂင် ခေါင်းငိုက်စိုက်ကျသွားပြီး စက္ကန့်ပိုင်းလောက်နေတော့ သူ့ဆီက ရယ်သံထွက်လာတယ်။ လီဆာက ရေဂင်ကို ကိစ္စဖြတ်ချင်ပေမဲ့ အစောပိုင်းက ထွက်ပေါ်လာတဲ့ သေခြင်းတရားစွမ်းအင်လှိုင်းကြီးကြောင့် ရှောင်နေရတာ။ သူ့ကို သေစေတဲ့အထိ မဖြစ်စေနိုင်ဘူးဆိုပေမဲ့ အားနည်းသွားစေနိုင်တယ်လေ။
မိနစ်အတော်ကြာမှပဲ သေခြင်းစွမ်းအားလှိုင်းကြီးက
ခနငြိမ်ကျသွားတာ။ အခုထိတောင် ရေဂင်ဆီကနေ သေခြင်းတရားစွမ်းအားတွေ ဖြာထွက်နေဆဲပါ။ ရေဂင်ရဲ့ရယ်မောသံက တိတ်ဆိတ်သွားတယ်။ သူ့ကျောရဲ့ညာလက်ခြမ်းကနေ လင်းနို့တစ်ကောင်ရဲ့အတောင်ထွက်နေပြီး လက်ကလည်း လင်းနို့လက်သည်းလိုမျိုးပြောင်းသွားပြီ။ သူ့မျက်လုံးတစ်ဖက်တွေက ခရမ်းရောင်ဖြစ်နေပြီး မျက်နှာတစ်ခြမ်းက အရိုးတွေငေါထွက်နေပါတယ်။
“ငါက အစကတည်းက လူမဟုတ် ပိုးကောင်မဟုတ်ဖြစ်နေခဲ့တာ။ အခုတော့ လူလည်းမဟုတ် ပိုးကောင်လည်းမဟုတ် ဖုတ်ကောင်လည်းမဟုတ်တဲ့ ကောင်ဖြစ်သွားပြီ။ ဖရန့်ကင်စတိုင်းလို့ပြောရမလား၊ စုန်းပြူးလား။ စုန်းပြူး၊ အဲဒီနာမည်ပိုကောင်းတယ်။ ငါက စုန်းပြူး(Warlock)ရေဂင်ပဲ။”
ရေဂင်က လီဆာကိုလှည့်ကြည့်လိုက်တယ်။ လီဆာလည်း သူ့မျက်လုံးကိုတွေ့တာနဲ့ သေခြင်းတရားကို ခံစားမိလိုက်တယ်။ ရေဂင်က သူ့မိစ္ဆာတောင်ပံကိုခတ်ပြီး လီဆာဆီကို အံ့မခန်းမြန်နှုန်းမျိုးနဲ့ပြေးဝင်လာပါပြီ။
....
မက်ဒါနာရဲ့အကြည့်တွေက ဝေဝါးနေဆဲပဲ။ သူ့ဘေးပတ်ဝန်းကျင်က သူရင်းနှီးတဲ့နေရာတစ်ခုမဟုတ်တော့မှန်းတော့ သိနေတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက သွေးညှီနံတွေထွက်နေပြီး အဆောက်အဦးတွေအားလုံးက ပြိုကျပျက်စီးနေတယ်။ စစ်မြေပြင်တစ်ခုဆိုတာ ကျိန်းသေပေမဲ့ သူမြင်ဖူးသမျှ စစ်မြေပြင်တွေအားလုံးထက် ပိုကြီးတယ်။ ကောင်းကင်မှာကြယ်တာရာတွေ ပျက်စီးနေတာကိုတောင် သူမြင်နေရသေးတယ်။ ဟုတ်တယ်၊ စကြဝဠာကြီးတစ်ခုလုံးကို
သေဆုံးစေတဲ့ စစ်ပွဲကြီးလိုပဲ။
“ငါသွားရတော့မယ်။” ကျက်သရေရှိပြီး ချိုသာတဲ့
မိန်းကလေးတစ်ယောက်ရဲ့စကားသံကြောင့် အသံလာရာကို သူကြည့်လိုက်တော့ ခြေဖျားအထိရှည်တဲ့
ဆံပင်အနီတွေရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်။ အနက်ရောင်နဲ့အနီရောင်ရောစပ်ထားတဲ့ အနီရောင်စစ်သူရဲတော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝတ်စုံပေါ်မှာ ဖီးနစ်တစ်ကောင်ပုံကို ရေးထွင်းထားတယ်။
“ငါ့ဝိညာဥ်ရဲ့တစ်စိတ်တစ်ပိုင်းကို နင့်ဆီမှာထားရစ်ခဲ့မယ်။ ငါတို့ထပ်ပြီးဆုံရတော့မှာမဟုတ်ပေမဲ့ နင့်ဆီမှာတော့ ငါ့ရဲ့တစ်စိတ်တစ်ပိုင်းက အမြဲရှိနေမှာပါ။”
အမျိုးသမီးက ရှေ့ကိုလှမ်းထွက်လိုက်တယ်။ သူ့ပါးပြင်ပေါ်ကနေ ရွှေရောင်မျက်ရည်စက်တစ်စက်စီးကျလာတယ်။ နောက်တော့ အမျိုးသမီးရဲ့ခန္ဓာကိုယ်က
မီးတောက်အဖြစ်ပြောင်းသွားပြီး ခုနစ်ရောင်ခြယ်တောက်ပနေတဲ့ ဖီးနစ်ငှက်ကြီးအဖြစ်ပြောင်းသွားတယ်။ အဲဒီနောက်တော့ မက်ဒါနာရဲ့အာရုံက တိုက်ပွဲဆီကို ပြန်ရောက်လာတယ်။
သူ့မြင်ကွင်းတွေကို မျက်ရည်တွေက ဖုံးလွှမ်းနေပေမဲ့ ခန္ဓာကိုယ်က အလိုလိုလှုပ်ရှားနေတယ်။ သူ့ဓားက ခုနစ်ရောင်ခြယ်တောက်ပလာနေပြီး ဝတ်စုံစနစ်ကိုဝင်ပူးထားတဲ့ ဖီးနစ်ရဲ့ဝိညာဥ်က တိုက်ကွက်နာမည်ကို အလိုလိုပေးလိုက်တယ်။
[Magnificent Skill: Auroraflyte] မက်ဒါနာလည်း အခုလိုတွေးမိသွားတယ်။ “ဟမ်၊ ဖီးနစ်မှာ ငါမမြင်ဖူးတဲ့ စွမ်းအားတွေရှိတာလား။
အော်ရိုရာကတော့ သက်တံရောင်မီးတောက်ဓားကို ကြည့်ပြီး အကျယ်ကြီးအော်ရယ်လိုက်တယ်။ “ဒီလို မီးတောက်ရောင်စုံအရုပ်လေးနဲ့ ငါ့ကိုဘယ်လိုလုပ်....”
ဒါပေမဲ့ သူ့စကားမဆုံးသေးခင်မှာပဲ ဓားက သူ့ခန္ဓာကိုယ်ကို ထက်ပိုင်းပိုင်းချလိုက်ပြီး အောက်ပိုင်းကို ပြာဖြစ်သွားစေတယ်။ အော်ရိုရာလည်း ထိတ်လန့်သွားပြီး အော်ပြေးပြေးတယ်။
“မဖြစ်နိုင်တာ... မဖြစ်နိုင်တာ... မဖြစ်နိုင်တာ... နင်တို့လူသားတွေမှာ ဒီလိုစွမ်းအားမျိုးမရှိသင့်ဘူး။”
ပြေးနေရင်းနဲ့ ဓားခုတ်ကောင်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းက ပြန်ဖြစ်တည်လာတယ်။ သူတို့ရဲ့ပြန်လည်ကုစားနိုင်စွမ်းကလည်း တကယ့်ကိုအံ့ဩစရာပဲ။ ဖီးနစ်စစ်သည်ကတော့ လက်ညိုးနဲ့ဓားခုတ်ကောင်ကို လက်ညိုးညွန်ပြလိုက်တယ်။
မီးတောက်ကြာပန်းကြီးခုနစ်ခုက ထပ်ဆင့်ဖြစ်ပေါ်လာပြီး ဓားခုတ်ကောင်ရှိနေတဲ့ မီတာသုံးရာပတ်လည်ကို မီးတောက်တန်းကြီးနဲ့ ပြာချပစ်လိုက်တယ်။
ဘုန်း....
တိုက်ကွက်က စက္ကန့်ပိုင်းပဲကြာပေမဲ့ အဲဒီနေရာက တိုက်တာအဆောက်အဦးတွေအားလုံး အငွေ့ပျံပျောက်ကွယ်သွားပြီး အလယ်တည့်တည့်က ပိုးကောင်ပဲ ကျန်နေရစ်တယ်။ ဒါပေမဲ့ရှင်သန်နေရုံသာသာလေးပဲဖြစ်ပြီး ခန္ဓာကိုယ်က အခွံမာတွေအကုန်လုံး မည်းတူးနေပြီ။ ပြီးတော့ မလှုပ်နိုင်တော့ဘူး။ ဖီးနစ်စစ်သည်က အဆုံးသတ်တဲ့အနေနဲ့ ဓားနဲ့ခုတ်ချလိုက်တယ်။
“ညီမလေး....” ဩစတင်းဆီက စူးစူးဝါးဝါးအော်သံထွက်ပေါ်လာတယ်။ ပုစွန်ရဲ့မျက်လုံးတွေက မျက်
ရည်တွေကျဆင်းနေပြီး ဖီးနစ်ကို အမြောက်နဲ့အားကုန်ပစ်လိုက်ပေမဲ့ ဖီးနစ်က လက်ကိုသာမန်အတိုင်းမြှောက်ကာလိုက်တယ်။ အပူစွမ်းအင်တန်းကို ဖီးနစ်က အသာလေးစုပ်ယူပစ်လိုက်တယ်။ ပုစွန်ရဲ့အပူတန်းက မီးဖိုက မီးလေးဆိုရင် ဖီးနစ်ရဲ့စွမ်းအားက မီးတောင်ကြီးတစ်ခုလောက်ကိုများပါတယ်။
ကြောင်နက်ကလည်း ပြုံးလိုက်ပါတယ်။ “ရထားတာတောင် မကြာသေးဘဲနဲ့ ဖီးနစ်ရဲ့အလားအလာအကုန်
ကိုသုံးနိုင်သွားပြီလား။ ဒါပေမဲ့ ပေးဆပ်ရမှာက မသေးဘူးနော်။”
ပုစွန်ကတော့ ကြောင်နက်ကို လုံးဝလစ်လျူရှုပြီး ဖနစ်ဆီကို ပြေးသွားတယ်။ ဖီးနစ်ကတော့ ဓားကိုသူ့ရင်ဘတ်ရှေ့တည့်တည့်မြှောက်လိုက်ပြီး ပုစွန်ကို ကြည့်လိုက်တယ်။ ငိုကြေးနေတဲ့ ရွှေရောင်မျက်နှာဖုံးအောက်က မျက်လုံးတွေက ခန့်မှန်းရခက်လွန်းတယ်။
ရွှတ်....
ဖီးနစ်စစ်သည်က ဓားချက်ကို ဒေါင်လိုက်ခုတ်ချလိုက်တယ်။ ခုနစ်ရောင်ခြယ်အလင်းတန်းကြီးက
ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားပြီး အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားချိန်မှာတော့ ပုစွန်ကိုအစအနလေးတောင် မမြင်ရတော့ဘူး။ အဲဒီအစား သူရပ်နေတဲ့နေရာမှာ ထင်ဟပ်နေတဲ့ အရိပ်မည်းတစ်ခုပဲ ကျန်နေရစ်တယ်။ သူ့ကံကြမ္မာကို ရှင်းပြစရာတောင် မလိုတော့ဘူး။
..
တိုက်ပွဲရေချိန်အပြောင်းအလဲက သိပ်မြန်လွန်းပါတယ်။ လီဆာက သူ့ကိုယ်သူအသာရပြီထင်ခဲ့ပေမဲ့
ရေဂင်က ပိုအားကောင်းလာပြီး သူ့ကိုပြန်တိုက်နိုင်သွားတယ်။ စက္ကန့်ပိုင်းအကြာမှာပဲ သူဆိုးဆိုးဝါးဝါးခံနေရပြီ။
ရေဂင်က လီဆာရဲ့လက်သီးကို လက်ဝါးသက်သက်နဲ့တားလိုက်ပြီး မျက်နှာကိုလက်ဝါးနဲ့ဖမ်းဆုပ်လိုက်တယ်။ အဲဒီနောက် အတောင်ပံတစ်ဖက်တည်းကို အားကိုးပြီးတွန်းထုတ်တယ်။ လီဆာကလည်း နဂါးတောင်ပံနဲ့ ပြန်ခုခံပေမဲ့ ရေဂင်က ပိုသန်မာနေတဲ့အတွက် တရွတ်တိုက်ဆွဲပါသွားတယ်။
ဘုန်း... ဘုန်.... ဘုန်... ဘုန်....
ဘယ်လောက်ကြာတဲ့အထိ သစ်ပင်ရဲ့ပင်စည်ခေါက်တွေနဲ့ သူ့မျက်နှာရိုက်မိနေမှန်းမသိဘူး။ ရေဂင်က သူ့မျက်နှာကို တွန်းထားပြီး သစ်ပင်တွေနဲ့ဝင်ဆောင့်တဲ့အတွက် ပေါက်ခါစချိုတစ်ချောင်းတောင် ပဲ့သွားပြီ။
ဒဏ်ရာတွေက အလျင်အမြန်ပြန်ကောင်းနေပေမဲ့ ရေဂင်ကို သူ့ကိုယ်ပေါ်ကနေ ဘယ်လိုမှဖယ်ချမရဖြစ်နေတဲ့အတွက် လက်ရှိအခြေအနေကနေ ဘယ်လိုမှထိုးဖောက်လို့မရဘူး။
ဘုန်း....
နောက်ဆုံးကျောက်တောင်ကြီးတစ်ခုနဲ့ တိုက်မိမှရပ်သွားတယ်။ ဆောင့်မိတဲ့အားကြောင့် ကျောက်တုံးအပိုင်းအစတွေက တောင်ခြေကိုလိမ့်ကျကုန်တယ်။
ရေဂင်ကတော့ သူ့မျက်နှာကိုဆုပ်ကိုင်ထားတာ ရပ်လိုက်ပေမဲ့ ရင်ဝကိုဒူးနဲ့ထောက်ထားပြီး တစ်ဖက်တည်းကျန်တဲ့လက်နဲ့ လက်သီးဆုပ်ကာ အားကုန်မျက်နှာကိုထိုးတယ်။
ဖောင်း... ဖောင်း... ဖောင်း... ဖောင်း....
မာပါတယ်ဆိုတဲ့ နဂါးအကြေးခွံတောင် မကာကွယ်နိုင်တော့ဘဲ လီဆာရဲ့နှာခေါင်းရိုးကျိုးသွားပြီး သွေးတွေစိမ့်ထွက်လာတယ်။ ရေဂင်ရဲ့မျက်လုံးတွေထဲမှာတော့ အမုန်းတရားနဲ့ကြောက်ရွံမှုရောစပ်နေတဲ့ ရူးသွပ်မှုကို မြင်နေရတယ်။ သူက ရန်သူတွေကို သတ္တိရှိလို့ ရင်ဆိုင်တိုက်ခိုက်နေတာမဟုတ်ဘဲ ကြောက်လို့ ရင်ဆိုင်တိုက်ခိုက်နေတာပါ။
“သေစမ်း၊ သေစမ်း... ကိန်းရှင်တွေ သေစမ်း။ မင်းတို့သေမှ ငါကောင်းကောင်းနေရမှာ။ ငါမသေချင်သေးဘူး၊ မင်းတို့သေမှ ငါအသက်ရှည်ရှည်နေရမှာကွ။ ဟားဟားဟား၊ ဟားဟားဟား။”
ရေဂင်က ရယ်လည်းရယ် ငိုလည်းငိုရင်းနဲ့ လီဆာကို ဆက်တိုက်တိုက်ခိုက်နေတယ်။ ပထမတော့ လီဆာလည်း ခုခံဖို့ကြိုးစားနေသေးပေမဲ့ တဖြည်းဖြည်း အားအင်ကုန်ခမ်းလာပြီး သတိလစ်ချင်ချင်ဖြစ်လာတယ်။
ရေဂင်ရဲ့လက်သီးချက်တွေကတော့ နောက်ထပ်မိနစ်ပေါင်းများစွာကြာတဲ့အထိ မိုးသီးမိုးပေါက်လိုမျိုး လီဆာရဲ့မျက်နှာပေါ်ကို ရွာသွန်းနေဆဲပါ။ သူ့လက်က အဆစ်တွေရောင်ကိုင်းလာပြီး လက်ဆစ်တွေကနေ သွေးတွေစီးကျနေတယ်။ ဒါပေမဲ့ လီဆာဆီကသွေးလား၊ သူကိုယ်တိုင်ရဲ့သွေးလား ခွဲခြားလို့မရတော့ဘူး။
ခုနစ်ရောင်ခြယ်အလင်းတန်းက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မှ သူရပ်လိုက်တယ်။ သူက အလင်းတန်းလာရာကို ကြည့်လိုက်တော့ ဒုတိယနေတစ်စင်းလို တောက်ပနေတဲ့ ဖီးနစ်စစ်သည်တော်ကို
မြင်လိုက်ရတယ်။
တခြားပိုးကောင်ဗိုလ်ချုပ်နှစ်ယောက်ရဲ့တည်ရှိမှု ပျောက်သွားတာကို အာရုံခံလိုက်မိပြီး သူပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ သူ့မျက်လုံးတွေပါ
ဂနာမငြိမ်တော့ဘူး။
လီဆာကတော့ ပြင်းထန်လွန်းတဲ့ဒဏ်ရာတွေကြောင့်
ချက်ချင်းထမရပ်နိုင်ဘဲ အသက်ကိုဖြည်းဖြည်းရှုပြီး မှေးနေရတယ်။ ရေဂင်ကတော့ သူ့ဆံပင်တွေကို အရူးတစ်ယောက်လိုထိုးဖွလိုက်ပြီး “သေကုန်ပြီ၊ အကုန်သေကုန်ကြပြီလား။ မဖြစ်နိုင်ဘူး၊ ငါသေလို့မဖြစ်သေးဘူး။” လို့ရေရွတ်လိုက်တယ်။ အဲဒီနောက်တော့ ခြေဦးတည့်ရာကို ဦးတည်ရာမဲ့ ထွက်ပြေးသွားတော့တာပဲ။