← Chapters

ပင်လယ်ကြမ်းပြင်မှ မြေအောက်နန်းတော်

Vol. 33 Ch. 457

ပင်လယ်ကြမ်းပြင်မှ မြေအောက်နန်းတော်

Vol. 33 Ch. 457

စီကုန်းကျင်းမင်သည် ယဲ့ချန်၏ခန္ဓာကိုယ်ကို အာရုံခံလိုက်သည်။ ထွက်ပေါ်နေသော ကောင်းကင်ချီများက အဆုံးမဲ့အဆင့်ငါးသာဖြစ်သော်လည်း အခြားလူသားများနှင့်မတူဘဲ ယဲ့ချန်ထံတွင် သန့်စင်သော ဝိညာဥ်စွမ်းအင်များ ထွက်ပေါ်နေခဲ့သည်။ ယဲ့ချန်က ကောင်းကင်ချီနှင့် ဝိညာဥ်အသိစိတ်နှစ်ခုလုံးကို ကျင့်ကြံထားနိုင်ပြီး နှစ်ခုလုံးက အဆုံးမဲ့အဆင့်ငါးသို့ ရောက်နေသည်။ ခွန်အားအရာတွင် သူက အဆုံးမဲ့ရှစ်အောက် မနိမ့်သည့်အပြင် အဆုံးမဲ့အဆင့်ကိုးနှင့်ပင် ယှဥ်နိုင်ချေရှိသည်။

"ဒီကလေးက အရှင်မလို ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပေါ့။ ယဲ့ချန်သာ ထူးကဲအဆင့်ကိုရောက်သွားပြီး ပိုင်နက်ကိုနားလည်သွားရင် သာမန်ကျင့်ကြံသူတွေထက် အများကြီးအစွမ်းထက်လာလိမ့်မယ်"

စီကုန်းကျင်းမင်က သက်ပြင်းချ၍ စိတ်ထဲမှ ရေရွတ်လိုက်သည်။ ဤခရီးတလျှောက် ယဲ့ချန်ပြသထားသော ပါရမီနှင့်စွမ်းရည်က သူ၏မလိုလားမှုကို လျော့နည်းပျောက်ကွယ်သွားစေသည်။ ထန်တိုက်လင်သည်လည်း ယဲ့ချန်၏ကိုယ်တွင်းပြောင်းလဲမှုများကို အာရုံခံနိုင်ခဲ့သည်။ သူမ၏အာရုံခံနိုင်စွမ်းက စီကုန်းကျင်းမင်ထက် ပို၍တိကျသောကြောင့် ယဲ့ချန်တွင် အနည်းဆုံး ချီငါးမျိုးခန့်ရှိကြောင်းနှင့် တစ်ခုချင်းစီက အလွန်ဆန်းကျယ်ကြောင်း သိလိုက်ရသည်။ ယဲ့ချန်က မျက်လုံးများမှိတ်၍ ကျင့်ကြံဆင့်ကို အခြေတည်စေကာ စွမ်းအားတိုးတက်လာမှုကို ခံစားလိုက်ရသည်။ သူက မျက်လုံးဖွင့်လိုက်သောအခါ အလင်းတန်းများ တဖြတ်ဖြတ်လက်လာသည်။

"သွားကြစို့"

ထန်တိုက်လင်က ဦးဆောင်၍ ရှေးဟောင်းနယ်မြေထံ ဦးတည်လိုက်သည်။ ကျန်နှစ်ယောက်က ခေါင်းညိတ်၍ နောက်မှထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။ အဝေးရှိ အမှောင်ထုထဲတွင် သူတို့ကို ကျင့်ကြံသူများစွာစောင့်ကြည့်နေကြောင်း ယဲ့ချန်က အာရုံခံနိုင်ခဲ့သည်။ ထို့အပြင် ရှေးဟောင်းနယ်မြေ၌ လှည့်ပတ်သွားလာနေသော အဆုံးမဲ့အဆင့်နှင့် ထူးကဲအဆင့် ဝိညာဥ်သားရဲများစွာ ရှိနေခဲ့သည်။ အလွန်ကြီးမားသော အာကာသကျောက်ကြီးထံမှ ထွက်ပေါ်လာသည့် စွမ်းအင်များက ၎င်းတို့ကို အစွမ်းထက်လာစေပုံပေါ်သည်။ ၎င်းတို့က ဝါးမျိုခြင်းဖြင့် ရှင်သန်ခြင်းဖြစ်ကာ ချီ၊ အစားအစာ၊ သတ္တုနှင့် ရှိသမျှအရာအားလုံးကို လုံလောက်စွာစားသောက်ရလျှင် လျင်မြန်စွာ တိုးတက်လာနိုင်သည်။ ထို့အပြင် အစီအရင်က ၎င်းတို့ကို တားမြစ်ကန့်သတ်ခြင်းမရှိပေ။ သူက ရှေ့ဆက်တိုးလာပြီး အောက်သို့ငုံ့ကြည့်လိုက်သောအခါ ပင်လယ်ရေမှော်များကြားတွင် ဝိညာဥ်သားရဲများစွာကို တွေ့လိုက်ရသည်။ သို့သော် ထူးကဲအဆင့်ကျင့်ကြံသူနှစ်ယောက်၏ အရှိန်အဝါကြောင့် ၎င်းတို့ကရှေ့တိုးလာပြီး ကိုယ့်သေတွင်းကို မတူးခဲ့ကြချေ။ သူက ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်၍ စစ်ဆေးလိုက်သောအခါ အစီအရင်တစ်ခုထံ ရောက်သွားပြီး ဧရာမအာကာသကျောက်တုံးကြီးကို တွေ့လိုက်ရသည်။

"ကြီးလှချည်လား"

ယဲ့ချန်သည် ၎င်း၏အသွင်ကို မြင်ဖူးထားသော်လည်း ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသောအခါ မင်သက်သွားခဲ့သည်။ ဤမျှကြီးမားသော အာကာသကျောက်ကြီးကို ဆွဲနုတ်၍ ကြယ်ခန်းမတွင် စိုက်ထားလိုက်ရုံဖြင့် ၎င်းမှထုတ်လွှတ်နေသော စွမ်းအားများကြောင့် ကျင့်ကြံသူများစွာ ချက်ချင်းအဆင့်တက်သွားနိုင်သည်။ ဝိညာဥ်အသိစိတ်က အစီအရင်ကိုထိုးဖောက်၍ အာကာသကျောက်အတွင်း စစ်ဆေးလိုက်သောအခါ ငုံးဥတစ်လုံးအရွယ်ရှိ ကြယ်အမြုတေတစ်လုံးကို တွေ့လိုက်ရပြန်သည်။ ထန်တိုက်လင်ပေးခဲ့သော အစိတ်အပိုင်းသေးသေးလေးကပင် သူ၏ကျင့်ကြံဆင့်ကို လျင်မြန်စွာ တိုးတက်စေခဲ့သည်။ ပို၍ကြီးမားသော ဤအမြုတေ၏အာနိသင်က လေးငါးဆပိုများနိုင်ပြီး တစ်ဝက်သာ ရနိုင်မည်ဖြစ်သော်လည်း အကျိုးသက်ရောက်မှုက အံ့မခန်းဖြစ်ပေလိမ့်မည်။ ထူးကဲအဆင့် ကျင့်ကြံသူနှစ်ယောက်ပါဝင်သော အုပ်စုက အစီအရင်၏နောက်ဆုံးအလွှာသို့ အောင်မြင်စွာ ရောက်ရှိလာကြသည်။ ဖောက်ထွင်းမြင်နေရသော အစီအရင်ကို ယဲ့ချန်က လက်ဖြင့်ပွတ်သပ်၍ စမ်းသပ်လိုက်သည်။ ၎င်းက အလွန်သန်မာပြီး မာကျောသည်။

"ဒါက မြေအမျိုးအစား တားမြစ်အစီအရင်ဖြစ်တာကို ငါတို့ လေ့လာကြည့်ပြီးပြီ။ ဒါက အစွမ်းထက်ပေမယ့် အက်ကြောင်းတစ်ခု ဖန်တီးနိုင်ရုံနဲ့ အစီအရင်တစ်ခုလုံး ပြိုကျသွားနိုင်တယ်"

ထန်တိုက်လင်၏စကားသံ ထွက်ပေါ်လာခဲ့သည်။

"ငါ့ဓားပျံတွေက အစီအရင်ကို ဖျက်ဆီးနိုင်ရင်တောင် စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးရှိနေတယ်။ ငါတို့က အာကာသကျောက်ကို အလစ်သုတ်သွားဖို့ မဖြစ်နိုင်ဘူး"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ စောင့်ကြည့်နေသော အရှိန်အဝါများထဲတွင် ထူးကဲအဆင့်ကျင့်ကြံသူများလည်း ပါဝင်နေသည်။ သူတို့က အမျိုးမျိုးသော ပင်လယ်မိစ္ဆာမျိုးနွယ်များမှဖြစ်ပြီး ထန်တိုက်လင်ကို ယှဥ်နိုင်သူ တစ်ယောက်စနှစ်ယောက်စလည်း ပါဝင်နိုင်နေသည်။

"အစီအရင်ပျက်စီးသွားတာနဲ့တပြိုင်နက် ငါက အာကာသကျောက်ကို ပင်လယ်နတ်ဘုရားလှံနဲ့ ချက်ချင်းဖြိုခွဲလိုက်မယ်။ ငါတို့အတွက် အကြီးဆုံးအပိုင်းကို ယူလိုက်ကြတာပေါ့"

ထန်တိုက်လင်က သူမစဥ်းစားထားသည့် ဖြေရှင်းနည်းကို ပြောပြလိုက်သည်။

"ငါတို့က အာကာသကျောက်ကို အကုန်မရနိုင်ပေမယ့် ရွေးစရာမရှိဘူး"

စီကုန်းကျင်းမင်က ဝင်ရောက်ထောက်ခံလိုက်သည်။ သို့သော်လည်း ထန်တိုက်လင်သည် ယဲ့ချန်က အစီအရင်ကို သေချာပေါက်ချိုးဖျက်နိုင်မည်ဟု ယုံကြည်နေသော အကြောင်းအရင်းကို နားမလည်နိုင်ပေ။ အဆင့်နှစ်ပိုင်နက်၏အစွမ်းပင် အစီအရင်ကို မဖျက်ဆီးနိုင်သည့်အပြင် ယဲ့ချန်က အဆုံးမဲ့အဆင့် ကျင့်ကြံသူသာဖြစ်သည်။

"ဒီလိုဆိုရင်တောင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်။ ဝိညာဥ်သားရဲကပ်ဘေးကတင် ငါတို့အတွက် ခေါင်းကိုက်စရာဖြစ်နေပြီ။ မင်းတို့က အာကာသကျောက်တုံးအတွက် အခြားပင်လယ်မိစ္ဆာမျိုးနွယ်တွေနဲ့ စစ်ဖြစ်ဖို့မတန်ဘူး။ လက်ရှိမှာ အကြီးမားဆုံးရန်သူက ဝိညာဥ်သားရဲတွေဖြစ်တယ်"

ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် ခေါင်းယမ်းပြလိုက်သည်။

"ဒါဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ"

စီကုန်းကျင်းမင်က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက အာကာသကျောက်ကို လက်လွှတ်ရမည့်အပေါ် စိတ်ဓာတ်ကျနေခဲ့သည်။

"အစီအရင်ထဲမှာ အာကာသကျောက်တုံးကြီးအပြင် ဘာတွေရှိထားတယ်ဆိုတာကို သိလား"

ယဲ့ချန်က ထန်တိုက်လင်ကို မေးလိုက်ခြင်းဖြစ်သည်။

"အစီအရင်က ငါတို့ရဲ့ဝိညာဥ်ကို မောပန်းစေတယ်။ ငါတို့က တစ်နေရာလုံးကို မစစ်ဆေးနိုင်တော့ အာကာသကျောက်ကိုပဲ တွေ့ခဲ့တယ်"

စီကုန်းကျင်းမင်က ဝင်ဖြေလိုက်သည်။

"ကျုပ်ရဲ့ဝိညာဥ်အသိစိတ်က အစီအရင်ကို အလွယ်တကူကျော်ဖြတ်နိုင်တယ်။ အရင်ဆုံး အခြေအနေကို စုံစမ်းလိုက်ဦးမယ်"

ယဲ့ချန်က ခဏတာစဥ်းစား၍ ဖြေလိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်ကို အသက်သွင်း၍ ကြည့်လိုက်သောအခါ အာကာသကျောက်အပြင် မဟာသာလွန်အဆင့် ဝိညာဥ်သားရဲများကို တွေ့နေရသည်။ ၎င်းတို့က အစီအရင်အတွင်း ရောက်နေရသည့်အကြောင်းအရင်းကို သူ မသိပေ။ သူက ရှေးဟောင်းအပျက်အစီးများကြား ထောက်လှမ်းလိုက်သောအခါ လျှို့ဝှက်လမ်းကြောင်းတစ်ခုကို အမှတ်မထင်တွေ့လိုက်ရ၏။ ၎င်းက ကျဥ်းမြောင်း၍ရှည်လျားကာ အဆုံးတွင် ထွက်ပေါက်တစ်ခုရှိနေသည်။ ရှေးဟောင်းနယ်မြေ၏အောက်တွင် လမ်းကြောင်းတစ်ခုရှိနေပြီး ၎င်းက ကြီးမားသော မြေအောက်နန်းတော်တစ်ခုသို့ ဦးတည်နေကြောင်း သိလိုက်ရသဖြင့် ယဲ့ချန် မင်သက်သွားခဲ့သည်။ ထိုနန်းတော်ကို ကျောက်စိမ်းရွှေများနှင့် ပြုလုပ်ထားပြီး ကြီးကျယ်ခမ်းနားလှသည်။ ၎င်းက မြေအောက်တွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေပုံပေါ်သော်လည်း အစီအရင်များနှင့် ကာကွယ်ထားသောကြောင့် လုံးဝပျက်စီးမှု မရှိချေ။

ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် မြေအောက်နန်းတော်ကို ထပ်မံစစ်ဆေးလိုက်သည်။ နန်းတော်နံရံများတွင် များစွာသော အာကာသကျောက်များမြုပ်နှံထားပြီး အလှဆင်သည့်အနေဖြင့် ဝိညာဥ်လက်နက်များကိုလည်း ချိတ်ဆွဲထား၏။ ၎င်းတို့အားလုံးက အဆင့်မြင့်လက်နက်များဖြစ်ကာ လူသားအဆင့်များလည်း ပါဝင်သည်။ မြေအောက်နန်းတော်၏ပိုင်ရှင်က မည်သူဖြစ်သောကြောင့် အဖိုးတန်ရတနာများစွာ ပိုင်ဆိုင်ထားမှန်းမသိရပေ။ မြေအောက်နန်းတော်၏ အတွင်းပိုင်းခန်းမက အစည်းအဝေးခန်းမတစ်ခုနှင့်တူညီကာ အလယ်တွင် လှပခမ်းနားသော ပလ္လင်တစ်ခုရှိနေသည်။ ၎င်းအပေါ်တွင် ကြယ်အမြုတေတစ်ခုရှိနေပြီး ၎င်းက လက်သီးဆုပ်ခန့်ကြီးမားသောကြောင့် ယဲ့ချန်ကို အသက်ရှူမှားသွားစေသည်။ ၎င်းက အနက်ရောင်တောက်ပြောင်နေကာ ပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာတည်ရှိနေသည်။ တန်ဖိုးအရာတွင် အာကာသကျောက်သောင်းချီက ငုံးဥအရွယ် ကြယ်အမြုတေနှင့်ပင် မယှဥ်နိုင်သောကြောင့် လက်သီးဆုပ်အရွယ် ကြယ်အမြုတေကို တွေ့လိုက်ရသောအခါ သူက အပျော်လွန်သွားခဲ့သည်။ ၎င်းကိုသာရယူနိုင်ပါက အပြင်ဘက်ရှိ အာကာသကျောက်များကို လုယူရန် မလိုအပ်တော့ပေ။ သူက ဆက်လက်ထောက်လှမ်းလိုသော်လည်း ဝိညာဥ်အသိစိတ်က တားမြစ်ခံလိုက်ရသည်။ ၎င်းက သာမန်လူများ၏ဝိညာဥ်အသိစိတ်ထက် များစွာသန်မာသော်လည်း တားမြစ်နိုင်သော အစီအရင်တစ်ခု ရှိနေပုံပေါ်သည်။ သူက ဝိညာဥ်အသိစိတ်ကို အရင်ဆုံး ရုတ်သိမ်းလိုက်လေသည်။

ထိုအချိန်တွင် ပင်လယ်ရေအောက်ရှိ ဝူဇီက တားမြစ်အစီအရင်ထံ ရောက်လာပြီး လက်တံတစ်ချောင်းကိုဆန့်ထုတ်ကာ စူးစမ်းနေသည်။ သူ၏မျက်လုံးများက ပြုံးလိုက်ဟန်ဖြင့် လခြမ်းအသွင် ပြောင်းလဲသွားကြ၏။ သူ၏ကိုယ်လေးကို ရေချီများဝန်းရံလာကာ လျှပ်တပြက်နှင့် အစီအရင်အတွင်း တိတ်ဆိတ်စွာ ဝင်ရောက်သွားခဲ့သည်။ ယဲ့ချန်သည် ဝူဇီက အစီအရင်အတွင်း ဝင်ရောက်သွားကြောင်းကို အာရုံခံနိုင်ခဲ့သဖြင့် နောက်တစ်ကြိမ် ဝမ်းသာသွားခဲ့သည်။ ထန်တိုက်လင်သည်လည်း ဝူဇီ၏တည်ရှိမှုကို အာရုံခံနိုင်ခဲ့ပြီး ယဲ့ချန်၏သားရဲဖြစ်ကြောင်း သိရှိထားခဲ့သည်။

"နင့်ရဲ့ အမှောင်ရေဘဝဲလေးက အစီအရင်ထဲကို ဝင်ရောက်နိုင်ပေမယ့် အထဲကပစ္စည်းတွေကို အပြင်ထုတ်မလာနိုင်မှာ စိုးရိမ်ရတယ်"

ထန်တိုက်လင်က ယဲ့ချန်ကို ဝိညာဥ်ဖြင့်ဆက်သွယ်၍ ပြောလိုက်ခြင်းဖြစ်သည်။ အစီအရင်က အလွှာတစ်ခုကဲ့သို့ တည်ရှိနေကာ ရေစစ်တစ်ခုကဲ့သို့ အလုပ်လုပ်သည်။ ၎င်းက ချီများကို မတားမြစ်သော်လည်း အရာဝတ္တုများကို တားဆီးနိုင်သည်။ ဝူဇီက အလွယ်တကူဝင်ရောက်နိုင်ခဲ့သော အကြောင်းအရင်းမှာ ကိုယ့်ကိုကိုယ် ရေချီများအဖြစ် ပြောင်းလဲလိုက်သောကြောင့်ဖြစ်သည်။ ကောင်းကင်ချီနှင့်ရေချီများက လွတ်လပ်စွာ ဝင်ထွက်နိုင်သော်လည်း သိုလှောင်အိတ်များ အသွင်းအထုတ်လုပ်ရန် အလွန်အမင်းခက်ခဲနေသည်။ ယဲ့ချန်က ဤအကြောင်းကို မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။ သူက တန်ဖိုးအရှိဆုံးအရာကို ယူရန် ဆုံးဖြတ်ပြီး ဝူဇီကို မြေအောက်နန်းတော်သို့သွားကာ လက်သီးဆုပ်အရွယ်ကြယ်အမြုတေကို အပိုင်စီးထားရန် ဝိညာဥ်အသိစိတ်နှင့် ညွှန်ကြားလိုက်သည်။ ဝူဇီက ပျော်ရွှင်စွာခေါင်းညိတ်၍ လက်တံလေးများကို ဝှေ့ယမ်းလိုက်သည်။ သူက ပျော်ရွှင်စွာဖြင့် မြေအောက်နန်းတော်ထံ တဟုန်ထိုးပြေးဝင်သွားခဲ့သည်။ သူက ကြယ်အမြုတေကို ပထမဆုံးရယူထားနိုင်လျှင် ယဲ့ချန်က စိတ်အေးရပြီဖြစ်သည်။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ ကျင့်ကြံသူလေးငါးယောက်ပါဝင်သော အုပ်စုတစ်ခုကို တွေ့လိုက်ရသည်။ ထိုကျင့်ကြံသူများက သူတို့သုံးယောက်ကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။

"အစီအရင်ကို ဖျက်ဆီးသွားပြီးရင် နင့်လက်နက်နဲ့ အာကာသကျောက်ကို ချက်ချင်းဖျက်ဆီးလိုက်။ အလယ်မှာရှိနေတဲ့ ကြယ်အမြုတေကလွဲရင် ဘာမှမယူနဲ့"

ယဲ့ချန်က စိတ်လက်ပေါ့ပါးစွာဖြင့် တစ်ချက်ပြုံး၍ ထန်တိုက်လင်ကို ညွှန်ကြားလိုက်သည်။

"ငါတို့က အာကာသကျောက်အကုန်လုံးကို လက်လျှော့လိုက်ရမှာလား"

စီကုန်းကျင်းမင်က ပြောလိုက်ခြင်းဖြစ်သည်။ သူက အာကာသကျောက်ပမာဏများစွာကို လက်လွှတ်ရမည်ဖြစ်သောကြောင့် ရင်ထဲတွင် သွေးယိုနေခဲ့သည်။

"ငါတို့ရဲ့လက်ရှိခွန်အားနဲ့ အာကာသကျောက်အများကြီးကို ရယူနိုင်တယ်ပဲ ထားဦး၊ ဘာတွေဆက်ဖြစ်မှာလဲ။ ကျန်တဲ့ပင်လယ်မိစ္ဆာတွေက ဒီကိစ္စကို ဒီအတိုင်းထားမှာမဟုတ်ဘူး။ အချိန်ကျာလာတာနဲ့ လူတွေပိုများလာပြီး ပင်လယ်မိစ္ဆာတွေကြားမှာ အဆုံးမရှိတဲ့စစ်ပွဲတစ်ခု ဖြစ်လာနိုင်တယ်"

ယဲ့ချန်က စီကုန်းကျင်းမင်နှင့် ထန်တိုက်လင်ကိုရှင်းပြလိုက်သည်။

"ဒီလောက်များတဲ့ အာကာသကျောက်တွေကို လက်လွှတ်ရမှာလား။ လောလောဆယ် ဒီအကြောင်းကို ခဏထားလိုက်ပါဦး။ မင်းက အစီအရင်ကို ဖျက်ဆီးနိုင်ပါ့မလား။ ပိုင်နက်အဆင့်နှစ်စွမ်းအားတောင် ဒါကို မထိုးဖောက်နိုင်ဘူး"

စီကုန်းကျင်းမင်သည် များစွာသော အာကာသကျောက်များကို အခြားသူများထံ လွှဲပေးရမည့်အပေါ် မကျေမနပ်ဖြစ်နေခဲ့သည်။ သို့သော် သူက စိတ်ကိုပြောင်း၍ ယဲ့ချန်အား နောက်ထပ်ပြဿနာတစ်ခုကို မေးလိုက်သည်။ သူက ယဲ့ချန်၏ပါရမီနှင့်အရည်အချင်းကို ထင်ရှားစွာသိထားသော်လည်း လက်ရှိတွင် အဆုံးမဲ့အဆင့်သာဖြစ်သောကြောင့် အစီအရင်ကို ချိုးဖျက်နိုင်မည်ဟု မယုံပေ။

"ကျုပ်မှာ နည်းလမ်းရှိပါတယ်"

ယဲ့ချန်က တစ်ချက်ပြုံးကာ ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။ ဤနေရာရှိအစီအရင်က ကျောက်စိမ်းနန်းတော်မှ ကြယ်မြို့တော်၏အစီအရင်နှင့် ကွာခြားသည်။ ကြယ်မြို့တော်၏အစီအရင်က နူးညံ့သော အမျိုးအစားဖြစ်ကာ ဖျက်ဆီးခံရလျှင်ပင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်သည်။ ရှေးဟောင်းနယ်မြေ၏အစီအရင်ကမူ အလွန်မာကျောပြီး မြေချီများနှင့် ဖန်တီးထားသောကြောင့် အပေါက်လေးတစ်ခုသာ ဖန်တီးနိုင်လိုက်ပါက ဖန်သားပမာ ကွဲကြေသွားမည်ဖြစ်သည်။ ထန်တိုက်လင်သည် ယဲ့ချန်၏ ကောင်းကင်ချီဓားပျံအကြောင်းကို သိထားသဖြင့် သူ့အပေါ် ယုံကြည်ထားလေသည်။

All Chapters