← Chapters

ရှေးဟောင်းပင်လယ်မိစ္ဆာအလောင်း

Vol. 33 Ch. 460

ရှေးဟောင်းပင်လယ်မိစ္ဆာအလောင်း

Vol. 33 Ch. 460

"မိုးစက်မျိုးနွယ်က သွေးဆိုးမျိုးနွယ်နဲ့ ပူးပေါင်းလိုက်ပြီလား"

အဆင့်နှစ်ပိုင်နက်ကို ပိုင်ဆိုင်ထားကြသော ကောင်းကင်ဘုရင်နှစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း ထန်တိုက်လင်က တည်ငြိမ်စွာဖြင့် မင်ဖုန်းကို အေးစက်စက် မေးခွန်းထုတ်လိုက်သည်။

"ဒါကိုတော့ အထင်မလွဲပါနဲ့။ မိုးစက်မျိုးနွယ်နဲ့ ဒီကောင်တွေက ပူးပေါင်းစရာ အကြောင်းမရှိဘူး။ ဒီနေရာကို မတော်တဆ အတူတူဝင်ရောက်လာရုံပါပဲ"

မင်ဖုန်းက ချက်ချင်းခေါင်းယမ်းပြလိုက်သည်။ ပင်လယ်မိစ္ဆာမျိုးနွယ်ခွဲများတွင် သွေးဆိုးမျိုးနွယ်က အစွမ်းထက်ဆုံးများအနက်မှ တစ်ခုဖြစ်သော်လည်း မကောင်းသတင်းကျော်စောသူများ ဖြစ်သောကြောင့် အခြားမျိုးနွယ်များက ၎င်းကို ဝေးဝေးမှ ရှောင်ရှားတတ်ကြသည်။ မင်ဖုန်းသည် ရေသင်္ချိုင်းအတွင်း ရောက်လာချိန်မှစ၍ ဟောရန်နှင့် ခပ်ခွာခွာနေကြောင်း သတိထားမိသဖြင့် ထန်တိုက်လင်က ခေါင်းညိတ်ပြလိုက်သည်။

"ထန်တိုက်လင် မင်းက ရှေးဟောင်းရေသင်္ချိုင်းကို ရှာတွေ့မယ် မထင်ထားဘူး။ အစက မင်းရဲ့ကြယ်အမြုတေကို ငါ လိုချင်ပေမယ့် ရေသင်္ချိုင်းလောက်တော့ စိတ်မဝင်စားဘူး။ ရေခဲပြာမျိုးနွယ်က သင်္ချိုင်းတစ်ခုလုံးကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်နေတာတော့ မဟုတ်ဘူးမလား"

ထိုအချိန်တွင် ဟောရန်က တောင်လိုပုံနေသော ပင်လယ်မိစ္ဆာအလောင်းများကို သတိထားမိသွားကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ ထို့နောက် သူက ထန်တိုက်လက်ဘက်လှည့်ကာ မေးခွန်းထုတ်လိုက်သည်။ ရေခဲပြာမျိုးနွယ်အနေဖြင့် နယ်မြေတစ်ခုလုံးကို မောင်ပိုင်စီးရန် မဖြစ်နိုင်သောကြောင့် ထန်တိုက်လင်သည် သွေးဆိုးမျိုးနွယ်ကို မလိုလားသော်လည်း ဝေမျှရန်မှတစ်ပါး ရွေးစရာမရှိပေ။ သူမက ကောင်းကင်ဘုရင်နှစ်ယောက်နှင့် တိုက်ခိုက်လျှင် အနိုင်ရရန် အခွင့်အရေးများသော်လည်း အချိန်တိုအတွင်း အနိုင်ရသူ ထွက်ပေါ်လာရန် မဖြစ်နိုင်ချေ။

ရေသင်္ချိုင်းကို ရေခဲပြာမျိုးနွယ်မပိုင်သလို သွေးဆိုးမျိုးနွယ်လည်း မပိုင်ပါဘူး။ သွားကြစို့"

ထန်တိုက်လင်က အေးစက်စက်နှာခေါင်းရှုံ့ကာ ယဲ့ချန်နှင့်စီကုန်းကျင်းမင်ကို ညွှန်ကြားကာ သင်္ချိုင်းအတွင်း ရှေ့ဆက်သွားလိုက်ကြသည်။ မင်ဖုန်းက ပျော်ရွှင်စွာဖြင့် ဦးတည်ရာတစ်ခု ရွေးချယ်ထွက်ခွာသွားသကဲ့သို့ ဟောရန်ကလည်း ထန်တိုက်လင်၏ကျောပြင်ကို တစ်ချက်စိုက်ကြည့်၍ အခြားအရပ်မျက်နှာသို့ ရှေ့ဆက်လိုက်၏။ ထို့နောက်တွင် များစွာသော ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များလည်း ရေသင်္ချိုင်းအတွင်း ရောက်ရှိလာကြသည်။ သင်္ချိုင်း၏ဖိအားကြောင့် ဝိညာဥ်အသိစိတ်များ တားမြစ်ခံထားရသောအခါ ရတနာများစွာရှိနေသော်လည်း ရှာဖွေရန် ခက်ခဲမှုနှင့် ကြာချိန်က အဆများစွာတိုးလာသည်။ ပင်လယ်မိစ္ဆာမျိုးနွယ်၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူများက သတင်းရသွားလျှင် ချက်ချင်းပြေးလာကြမည်ဖြစ်သောကြောင့် လက်နှေးနေပါက မည်သည့်ရတနာကိုမှ ရယူနိုင်လိမ့်မည် မဟုတ်ပေ။

"ဆရာ ကျုပ်ကို တစ်ခုလောက် ကူညီပေးပါဦး။ ရတနာတွေကိုရှာပေးရင် ခွဲယူကြမယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းရှိ ခြင်္သေ့ကြီးထံ တောင်းဆိုလိုက်သည်။ ခြင်္သေ့ကြီး၏အသိစိတ်က အစွမ်းထက်သောကြောင့် သင်္ချိုင်း၏ဖိအားကို လျစ်လျူရှုထားနိုင်သည်။

"ဟား ဟား ယဲ့ချန် မင်းက ရှေးဟောင်းရေသင်္ချိုင်းကိုရှာတွေ့မယ် မထင်မိဘူး။ တောင်ဘက်မီတာခြောက်ရာနဲ့ မြောက်ဘက်မီတာသုံးထောင်မှာ ရတနာတွေရှိတယ်"

တံဆိပ်အတွင်း ကိုယ်လုပ်တော်များနှင့်ပျော်ပါးနေသော ခြင်္သေ့ကြီးက ညွှန်ကြားချက် ပေးလိုက်ခြင်းဖြစ်သည်။

"အကြီးအကဲစီကုန်း ခင်ဗျားက မြောက်ဘက်မီတာသုံးထောင်မှာ ရတနာကို သွားရှာပါ။ ကျုပ်နဲ့ ထန်တိုက်လင်က တောင်ဘက်ကို သွားမယ်"

ယဲ့ချန်က စီကုန်းကျင်းမင်ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။ စီကုန်းကျင်းမင်က ထန်တိုက်လင်ထံ ခွင့်ပြုချက်တောင်းဟန်ဖြင့် စိုက်ကြည့်လိုက်ပြီး သူမက ခေါင်းညိတ်ပြသောအခါ မြောက်ဘက်သို့ ထွက်ခွာသွားခဲ့သည်။ ယဲ့ချန်နှင့်ထန်တိုက်လင်က တောင်ဘက်မီတာခြောက်ရာအထိ ခရီးဆက်လိုက်သည်။ အချိန်ခဏအတွင်း သူမက အရိုးပုံများကြားတွင် ပါးလွှာသော အကြေးခွံများ ဖုံးအုပ်နေသည့် သားရေတစ်ချပ်ကို တွေ့လိုက်သည်။

"ဒါက ပင်လယ်မိစ္ဆာတစ်ကောင်ရဲ့ အကြေးခွံလား"

ယဲ့ချန်က သားရေပြားကို လက်ဖြင့် ထိကြည့်လိုက်သောအခါ နူးညံ့မှုကို ခံစားလိုက်ရသည်။ ထို့နောက် သူက စပ်စုလိုက်သည်။

"ဒါက ကြေးခွံနက်မျိုးနွယ်ရဲ့ လည်ပင်းအရေပြားဖြစ်တယ်။ ဒါက အရမ်းနူးညံ့ပေမယ့် ခုခံနိုင်စွမ်း အလွန်ကောင်းတယ်။ ဒါကိုသာ ချပ်ဝတ်ချုပ်လိုက်မယ်ဆိုရင် ကြီးမြတ်သူတစ်ယောက်တောင် မထိုးဖောက်နိုင်ဘူး။ ကံမကောင်းတာက ဒီလိုလုပ်ဖို့ဆိုရင် မဟာဆရာသခင်အဆင့် ပန်းပဲဆရာတစ်ယောက် လိုအပ်တယ်"

ထန်တိုက်လင်က သားရေပြားကို အချိန်ခဏယူ၍ စစ်ဆေးလိုက်သည်။ သူမက ၎င်းကို ရှေးမှတ်တမ်းများ၌သာ မြင်ဖူးထားခြင်းဖြစ်သည်။ ကြီးမြတ်သူအဆင့်ပင် မထိုးဖောက်နိုင်သော ရတနာကြောင့် ယဲ့ချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အကယ်၍ တိရှုံး၏စွမ်းရည်ကသာ ၎င်းကို ဖန်တီးနိုင်စွမ်းမရှိလျှင် လက်နက်ကောင်စီထံ ပစ္စည်းအပ်ရန် စဥ်းစားနေခဲ့သည်။

ထိုအချိန်၌ စီကုန်းကျင်းမင်သည် မြောက်ဘက်မီတာသုံးထောင်အရောက်တွင် အလောင်းများကြား ရှာဖွေနေသည်။ ထိုနေရာတွင် ပင်လယ်ကြမ်းပြင်၌ သဲများ ဖုံးလွှမ်းနေသည်။

"ဒီနေရာမှာ ငါတောင် ဝိညာဥ်အသိစိတ်ကို ထုတ်မသုံးနိုင်ဘူး။ ဒီကလေးက ရတနာရဲ့တည်နေရာကို ဘယ်လိုလုပ်သိမှာလဲ။ ဒီကောင် ရွှီးနေတာများလား"

သူက မယုံသော်လည်း ယဲ့ချန်ပြောသည့် တည်နေရာကို ဂရုတစိုက်ရှာဖွေနေသည်။ လမ်းတလျှောက်လုံးတွင် သူက ယဲ့ချန်၏အစွမ်းကို တွေ့မြင်ခဲ့ရပြီး မသိစိတ်မှ ယုံကြည်နေပြီဖြစ်သည်။ ပိုင်နက်အဆင့်နှစ်စွမ်းအားဖြင့်ပင် မချိုးဖောက်နိုင်သော အစီအရင်ကို ယဲ့ချန်က လက်တစ်ဖက်ယမ်းရုံဖြင့် ဖြေရှင်းလိုက်သော မြင်ကွင်းတစ်ခုတည်းက သူ၏စိတ်ထဲတွင် စွဲထင်နေသည်။ ယဲ့ချန် မည်သို့လုပ်လိုက်မှန်းမသိသော်လည်း အစွမ်းထက်ဝှက်ဖဲများစွာ ပိုင်ဆိုင်ထားကြောင်း ခံစားနေရသည်။ သူက အဝေးတွင် တဖျတ်ဖျတ်လက်နေသော အရာတစ်ခုကို တွေ့လိုက်ရသောအခါ ရတနာတစ်ခုဖြစ်နိုင်သဖြင့် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူက သဲပြင်ကိုတူးဆွ၍ ရှာဖွေလိုက်ပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အဖြူရောင်သွား အစွယ်တစ်ချောင်းကို တွေ့လိုက်ရသည်။

"ဒါက တန်းလူဖျံရဲ့ အစွယ်လား။ ဒီအရွယ်အစားအရဆိုရင် ဒီဖျံကြီးရဲ့သက်တမ်းက အနည်းဆုံး နှစ်သုံးသိန်းကျော်လိမ့်မယ်"

စီကုန်းကျင်းမင်က အစွယ်ကို တယုတယပွတ်သပ်၍ ရေရွတ်လိုက်သည်။ သူက ၎င်းကို အလှလေးတစ်ယောက်ပမာ စိုက်ကြည့်နေသောကြောင့် မျက်လုံးများ အရောင်တောက်နေသည်။ တန်းလူဖျံ၏အစွယ်က အလွန်ရှားပါးသော ရတနာတစ်ခုဖြစ်ကာ အလွန်အသုံးဝင်သည်။ ၎င်းကိုအမှုန့်ကြိတ်လိုက်လျှင် သေးငယ်သောပမာဏတစ်ခုကပင် အဆိပ်မျိုးမျိုးကို ကုသပေးနိုင်သည်။ ထို့အပြင် ၎င်းက အစွမ်းထက်ဆေးများဖော်စပ်ရာတွင် အကောင်းဆုံးပါဝင်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။ ရတနာရှိနေသော နေရာက သူထွက်လာခဲ့သော နေရာနှင့် မီတာသုံးထောင် အတိအကျဝေးသောကြောင့် ယဲ့ချန် မည်သို့သိနေကြောင်းကို စဥ်းစားရခက်နေသည်။ လက်ရှိတွင် မောက်မာသော စီကုန်းကျင်းမင်သည် ယဲ့ချန်၏စွမ်းရည်အပေါ် လုံးဝဥဿုံ ယုံကြည်သွားခဲ့သည်။ အတိတ်တွင် သူက ပိုမိုသန်မာသော ကျင့်ကြံသူများကိုသာ လေးစားဖူးသော်လည်း ယဲ့ချန်က ချွင်းချက်တစ်ခု ဖြစ်လာလေသည်။ ထို့နောက် သူက ယဲ့ချန်နှင့် ထန်တိုက်လင်ထံ ပြန်သွားခဲ့သည်။ သူ၏စိတ်ထဲတွင် ယဲ့ချန်က နောက်ထပ်ရတနာများ ရှာနိုင်မည်ဟူသော မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

ယဲ့ချန်နှင့်ထန်တိုက်လင်သည် ခြင်္သေ့ကြီး၏ညွှန်ကြားချက်အတိုင်း လမ်းတလျှောက်ရှာဖွေနေကာ ရတနာများ ရရှိလာခဲ့သည်။ အားလုံးက အစွမ်းထက်ပင်လယ်မိစ္ဆာများနှင့် ရေသားရဲများ၏ အကြွင်းအကျန်များဖြစ်သောကြောင့် အလွန်အဖိုးတန်သည်ချည်းသာ ဖြစ်သည်။ ထိုအချိန်တွင် အဝေးမှ ဝူဇီက တစ်ခုခုကို ရှာတွေ့သွားဟန်ဖြင့် ခုန်ပေါက်နေသည်ကို ယဲ့ချန်က သတိထားမိလိုက်သည်။

"ငါ့နောက်က လိုက်ခဲ့"

ယဲ့ချန်က ထန်တိုက်လင်ကိုပြော၍ ဝူဇီထံ ဦးတည်ထွက်ခွာလာခဲ့သည်။ သူတို့နှင့်အဝေးတွင် ဟောရန်သည် သွေးဆိုးမျိုးနွယ်ဝင်များကို ဦးဆောင်၍ ရတနာရှာဖွေနေသည်။ သူတို့ရှာဖွေနေသည်မှာ နေ့ဝက်ခန့် ကြာနေပြီဖြစ်သော်လည်း ရတနာနှစ်ခုတည်းသာ တွေ့ခဲ့ရသည်။ ဟောရန်သည် ယဲ့ချန်နှင့်ထန်တိုက်လင်က ရတနာများ ပို၍ရှာနိုင်ကြောင်းကို အကြည့်တစ်ချက်နှင့် ပြောနိုင်နေသည်။ သူက ထိုနှစ်ယောက်ကို ကျဥ်းမြောင်းသော မျက်ဝန်းများဖြင့်စိုက်ကြည့်ကာ သံသယအတွေးအချို့ ဖြစ်ပေါ်လာသည်။ ထန်တိုက်လင်ခေါ်လာသော လူသားက အဆုံးမဲ့အဆင့်သာဖြစ်သော်လည်း အစီအရင်ကို ချက်ချင်းဖျက်ဆီးနိုင်ခြင်းနှင့် ရတနာများကို လျင်မြန်စွာရှာဖွေနိုင်ခြင်းတွင် ပတ်သက်နေပုံပေါ်သည်။ ဝင်ပေါက်တွင် သူ၏အဖော်ကောင်းကင်ဘုရင်များ စောင့်ကြပ်နေမည်ဖြစ်သောကြောင့် သူက အေးစက်စက်ပြုံးလိုက်သည်။ ထန်တိုက်လင်က ရတနာများများတွေ့လေ သူ့အတွက် ပို၍ကောင်းလေဖြစ်ကာ အချိန်ကျလာလျှင် အရာအားလုံးကို ဓားပြတိုက်ပစ်ရန် ဆုံးဖြတ်ထားသည်။

ယဲ့ချန်နှင့်ထန်တိုက်လင်က ဝူဇီထံ ရောက်သောအခါ ရေမှော်ပင်များ သိပ်သည်းနေသော ပတ်ဝန်းကျင်တစ်ခုကို မြင်လိုက်ရသည်။ ရေမှော်ပင်များက မီတာခြောက်ထောင်ကျော်သည်အထိ မြင့်မားနေသောကြောင့် ထိုနေရာက ရေအောက်သစ်တောတစ်ခုနှင့် တူညီနေသည်။ ရေမှော်ပင်တောအတွင်း ဧရာမအလောင်းကြီးတစ်ခု တည်ရှိနေကာ အစွမ်းထက်ဖိအားတစ်ခု ထွက်ပေါ်နေသည်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် သာမန်ကျင့်ကြံသူများဆိုလျှင် နေရာတွင် ချက်ချင်းလိပ်ပြာလွင့်သွားနိုင်သည်။ ရေမှော်တော်အတွင်းရှိနေသော ပင်လယ်မိစ္ဆာ၏မျိုးနွယ်ကို သူတို့က အဝေးမှ မခွဲခြားနိုင်ခဲ့ပေ။

ဝူဇီကမူ ထိုအချိန်တွင် ရေမှော်တောအတွင်း ဝင်ရောက်သွားပြီဖြစ်သည်။ ယဲ့ချန်က ဝူဇီကို ပြန်ခေါ်ချင်သော်လည်း ဝိညာဥ်အသိစိတ်နှင့် ဆက်သွယ်မရပေ။ ထိုအချိန်တွင် သူ၏လက်ဝါးက အရောင်များတောက်ပလာကာ ခြင်္သေ့ကြီးနှင့်ဆက်သွယ်မှုက ချက်ချင်းပြတ်တောက်သွားခဲ့သည်။ ဤကား သူ့ဘဝတွင် ကြယ်တာရာတံဆိပ်နှင့် ခြင်္သေ့ကြီးကို ပထမဆုံးအကြိမ် ဆက်သွယ်မရခြင်းဖြစ်သည်။ သူ၏ကိုယ်တွင်းရှိ ကောင်းကင်ချီနှင့် ဝိညာဥ်စစ်သည်တော်မှာလည်း ဖိနှိပ်ခံထားရသဖြင့် ဤရေမှော်တောတွင် ရုပ်ခွန်အားတစ်ခုကိုသာ အားကိုးနိုင်လေသည်။ ယဲ့ချန်ရော ထန်တိုက်လင်ပါ မင်သက်သွားပြီး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်မိကြသည်။

"ဒါက ဘာကြီးလဲ"

ယဲ့ချန်က ခပ်တိုးတိုး ရေရွတ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် ရေမှော်တော၏တည်နေရာသို့ စီကုန်းကျင်းမင်၊ ဟောရန်နှင့် နောက်လိုက်များ၊ မင်ဖုန်းနှင့်နောက်လိုက်များပါ ရောက်ရှိလာကြသည်။ ရေမှော်တောအနီးရောက်သောအခါ သူတို့အားလုံးလည်း ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ တောအတွင်း၌တည်ရှိနေသော အလောင်းကြီးက နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့ဟန်ဖြင့် ရှေးကျသော အရှိန်အဝါကို ပေးစွမ်းနေသည်။

"လူတိုင်း ငါနဲ့ လိုက်ခဲ့စမ်း"

ဟောရန်က မီးတောက်နေသော မျက်လုံးများဖြင့် ရေမှော်ပင်များကြား စိုက်ကြည့်လိုက်သောအခါ အနီရောင်အလင်းနှစ်ခု ပြေးထွက်သွားခဲ့သည်။ သူက ခဏတာမင်သက်သွားပြီးနောက် မျက်နှာထက်တွင် အံ့သြမှုများဖြစ်ပေါ်လာကာ ချက်ချင်းအော်ဟစ် အမိန့်ပေးလိုက်သည်။ သွေးဆိုးမျိုးနွယ်၏ ကျင့်ကြံသူခုနစ်ယောက်က ပြိုင်တူလှုပ်ရှားလိုက်ပြီး ရေမှော်တောအတွင်း ရှေ့ဆုံးမှ ဝင်ရောက်သွားကြသည်။ ဟောရန်၏ မီးတောက်နီမျက်လုံးများက သွေးဆိုးမျိုးနွယ်၏စွမ်းရည်တစ်ခုဖြစ်ကာ အဆင့်မြင့်မြင့်လေ့ကျင့်ထားလျှင် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည်။ သူက ရေမှော်တောအတွင်း ပြတ်သားစွာဖြင့် အလောတကြီးဝင်ရောက်သွားခြင်းမှာ အန္တရာယ်မရှိကြောင်းကို စစ်ဆေးပြီးသောကြောင့် ဖြစ်နိုင်သည်။ ဟောရန် လှုပ်ရှားလိုက်သောအခါ မင်ဖုန်းကလည်း ရပ်စောင့်မနေဘဲ သူ၏နောက်လိုက်များကို အမိန့်ပေးကာ အခြားတစ်ဖက်မှ ရေမှော်တောအတွင်း ဝင်ရောက်သွားခဲ့သည်။ အကယ်၍ ဟောရန်က ရတနာတစ်ခုခုတွေ့ထားလျှင် သူက လက်ဦးမှုယူကာ ဖြတ်ခုတ်ရန်ဖြစ်သည်။

"သွားကြစို့"

ထန်တိုက်လင်က ယဲ့ချန်နှင့်စီကုန်းကျင်းမင်ကို တစ်ချက်ကြည့်ကာ ပင်လယ်နတ်ဘုရားလှံကို ဆုပ်ကိုင်ပြီး အပြာရောင်ငါးအမြှီးကို သိမ်မွေ့စွာယမ်း၍ ရေမှော်တောအတွင်း ဝင်ရောက်သွားခဲ့သည်။ ယဲ့ချန်သည် ဤနေရာတစ်ခုက တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ အလောင်းကြီး၏ဖိအားက ပြင်းထန်လွန်းသောကြောင့် ခြင်္သေ့ကြီးနှင့်ပင် မဆက်သွယ်နိုင်ပေ။ သူက ရုပ်ခန္ဓာသက်သက်ကိုသာ အသုံးပြုရမည်ဆိုလျှင် အန္တရာယ်ရှိမရှိ ချင့်ချိန်နေခဲ့သည်။ သို့သော် ထန်တိုက်လင်နှင့် စီကုန်းကျင်းမင် ဝင်ရောက်သွားသောအခါ နောက်တွန့်မနေဘဲ လိုက်ပါသွားခဲ့သည်။ သူတို့၏နောက်တွင် လိုက်ပါလာသော အခြားပင်လယ်မိစ္ဆာများကလည်း ရေမှော်တောအတွင်း လိုက်ပါလာခဲ့ကြသည်။

ရေမှော်တောအတွင်း အပင်များက ထူထပ်စွာပေါက်နေသောကြောင့် အလင်းရောင်ကဖျော့တော့ပြီး အမှောင်ထုက ကြီးစိုးနေသည်။ လူတိုင်းက ရှေ့နှစ်မီတာသုံးမီတာအထိသာ မြင်နိုင်ကြသည်။ အတွင်းသို့ရောက်သောအခါ ထူးဆန်းသည့်ဖြစ်ရပ်တစ်ခုကို လူတိုင်း ကြုံလိုက်ရသည်။ ရေမှော်တောအပြင်ဘက်မှကြည့်လျှင် အလောင်းကြီးထံရောက်ရန် အလွန်နီးကပ်ပြီး ခြေလှမ်းအနည်းသာ သွားရမည်ဟု ထင်မှတ်ထားကြသည်။ သို့သော်လည်း ကျင့်ကြံသူများက ရေမှော်တောအတွင်း မီတာရာချီ ခရီးဆက်လာသည့်တိုင်အောင် ဧရာမအလောင်းကြီးကို ရှာမတွေ့ဘဲ ဖြစ်နေကြလေသည်။

All Chapters