← Chapters

အမျိုးမျိုးသော ပင်လယ်မိစ္ဆာများ

Vol. 33 Ch. 465

အမျိုးမျိုးသော ပင်လယ်မိစ္ဆာများ

Vol. 33 Ch. 465

စိတ်သန့်စင်ကျောက်မျက်များက မှတ်တမ်းများအရ အလွန်ရှားပါးပြီး ရွှမ်အဆင့် ပုံရိပ်ယောင်သခင်များကို ဆန့်ကျင်ရာ၌ပင် အသုံးဝင်သည်။ ထို့ကြောင့် ၎င်းတို့က အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားပြီး အစွမ်းထက်ကျင့်ကြံသူများ အလွန်ပေါများသော ရှေးခေတ်ဟောင်း၌ပင် ရှားပါးစျေးကြီးသည်။ ထိုခေတ်တွင် ပုံရိပ်ယောင်သခင်များက အလွန်အစွမ်းထက်ပြီး ပင်လယ်မိစ္ဆာများ၊ မှော်သားရဲများနှင့် ကောင်းကင်သားရဲများတွင် အရေအတွက်တစ်ခုအထိ ရှိခဲ့သည်။ လင်းမိုင်မျိုးနွယ်၊ အမြီးဆယ်ချောင်း ကြောင်ကတိုးမျိုးနွယ်၊ မြေခွေးမျိုးနွယ်၊ ခေါင်းသုံးလုံး ခေါင်းလောင်းမြွေမျိုးနွယ် စသဖြင့်ဖြစ်ကြသည်။ သာမန်ကျင့်ကြံသူများက ပုံရိပ်ယောင်သခင်များကို ဆန့်ကျင်နိုင်စွမ်းမရှိသောအခါ စိတ်သန့်စင်ကျောက်မျက်များ၏ အရေးပါမှုက များပြားလာခဲ့သည်။ ရတနာတစ်ခုကပင် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဆွဲဆောင်နိုင်သည်ဖြစ်ရာ ယဲ့ချန်ထံတွင်ရှိနေသော အရေအတွက်ဆိုလျှင် ဆိုဖွယ်ရာမရှိပေ။

"ဟောရန်နဲ့ မင်ဖုန်း ပြန်နိုးလာတော့မယ်။ ဒီရတနာတွေကို မြန်မြန်သိမ်းထားလိုက်တာ ကောင်းမယ်။ မဟုတ်ရင် အနာဂတ်မှာ ပြဿနာတက်နိုင်တယ်"

ထန်တိုက်လင်သည် ကောင်းကင်ဘုရင်နှစ်ပါး၏ အရှိန်အဝါများ မြင့်တက်လာသည်ကို အာရုံခံမိသဖြင့် ယဲ့ချန်ကို သတိပေးလိုက်ခြင်းဖြစ်သည်။

"လည်ဆွဲရှစ်ခုနဲ့ လက်စွပ်သုံးကွင်း ဘယ်လိုခွဲယူကြမလဲ"

ယဲ့ချန်က မေးလိုက်သည်။

"လင်းမိုင်ရဲ့သေလွန်ဝိညာဥ်ကို သတ်နိုင်ခဲ့တာ နင့်ဓားပျံတွေကြောင့်ပါ။ နင့်ကြောင့် သူဒဏ်ရာရသွားလို့ ငါက အလွယ်တကူသတ်နိုင်ခဲ့တယ်။ ဒီရတနာတွေကိုလည်း နင်ပဲရှာတွေ့ခဲ့တာဆိုတော့ အကုန်ယူထားလိုက်ပါ"

ထန်တိုက်လင်က ခေါင်းယမ်းပြလိုက်သည်။ ယဲ့ချန်က သူမ၏အသက်ကို ကယ်တင်ပေးခဲ့သောကြောင့် ရတနာများကို ယူလိုစိတ်မရှိပေ။ ယဲ့ချန်က ခဏတာစဥ်းစား၍ သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သို့သော် သူက အပြာရောင်လည်ဆွဲကို ရွေးချယ်၍ ထန်တိုက်လင်ထံ ကမ်းပေးလိုက်၏။

"နင့်ကို ဒီတစ်ခု လက်ဆောင်ပေးလိုက်မယ်။ ကျန်တာတွေကို ငါ သိမ်းထားမှာဆိုပေမယ့် နင်လိုချင်ရင် ထပ်တောင်းလို့ရတယ်"

ထန်တိုက်လင်သည် ယဲ့ချန်၏လက်ဆောင်ကို တစ်ချက်ကြည့်လိုက်သည်။ အပြာရောင်ကျောက်မျက်က တဖိတ်ဖိတ်တောက်ပနေကာ အိပ်မက်ဆန်ဆန်လှပနေသည်။ ယဲ့ချန်က သူမ အပြာရောင်ကိုနှစ်သက်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ သူမက ခဏတာတိတ်ဆိတ်သွားပြီးနောက် လက်ဆောင်ကိုလက်ခံ၍ လည်ပင်းတွင် ဝတ်ဆင်လိုက်သည်။ အပြာရောင် စိတ်သန့်စင်ကျောက်မျက်က အဖြူရောင်လည်တိုင်လေးနှင့် ပနံရနေပြီး ထန်တိုက်လင်၏အလှကို ပို၍မြင့်မြတ်လာစေသည်။ မြင်ရသူတိုင်းက သူမ၏အလှတွင် ရင်သပ်ရှုမောဖွယ်ဖြစ်သွားနိုင်သောကြောင့် အပြာရောင်နှင့် ထန်တိုက်လင်က အလွန်လိုက်ဖက်ညီ တင့်တယ်နေသည်။

စိတ်သန့်စင်ကျောက်မျက်၏ အကာအကွယ်ရှိလျှင် ပုံရိပ်ယောင်တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်သည်။ ထို့အပြင် ၎င်းတို့က ဝိညာဥ်အသိစိတ်နှင့် ဝိညာဥ်အပေါ် သန်မာသော အကျိုးသက်ရောက်မှုတစ်ခု ရှိသည်။ ၎င်းတို့ကိုဝတ်ဆင်ထားလျှင် ဝိညာဥ်ကျင့်ကြံခြင်းကို သန်မာလာစေနိုင်သည်။ ထို့ကြောင့် ယဲ့ချန်ကလည်း ဘယ်ဘက်လက်မတွင် လက်စွပ်တစ်ကွင်းဝတ်ဆင်၍ ကျန်ရတနာများကို သိမ်းဆည်းလိုက်သည်။ သူ၏လက်မထံမှ သိမ်မွေ့လန်းဆန်းစေသော ချီများက တစ်ကိုယ်လုံးသို့ ပြန့်ထွက်လာခဲ့သည်။ ဝိညာဥ်အသိစိတ်က ပိုမိုသန်မာလာကြောင်း သူက ခံစားလိုက်ရပြီး ဝိညာဥ်စစ်သည်တော်၏ခွန်အားလည်း တိုးမြင့်လာခဲ့သည်။ အကယ်၍ ရေရှည်ဝတ်ဆင်ထားမည်ဆိုလျှင် စိတ်သန့်စင်ကျောက်မျက်၏ အာနိသင်က ဝိညာဥ်ကျောက်စိမ်းအဆီအနှစ်ထက် ပို၍ကောင်းမွန်ပေလိမ့်မည်။ ယဲ့ချန်သည် ကြယ်အမြုတေ၊ စိတ်သန့်စင်ကျောက်နှင့် ရတနာများကိုအသုံးပြုလိုက်လျှင် ခဏအတွင်း ကျင့်ကြံဆင့်က ခုန်ပေါက်တိုးတက်သွားနိုင်ကြောင်း ခံစားနေရသည်။ ကျင့်ကြံခြင်းတွင် ပါရမီက အရေးပါသော်လည်း အရင်းအမြစ်များကလည်း အဓိကျပေသည်။ ပါရမီချင်းတူညီသော ကျင့်ကြံသူနှစ်ယောက်တွင် အရင်းအမြစ်များပိုရသူက မရသူထက် ကျင့်ကြံခြင်းတွင် ပို၍အကျိုးရှိကာ မြန်ဆန်သည်။

အလောင်းလူသားနှင့် တိုက်ပွဲအပြီးတွင် ထန်တိုက်လင်က တစ်ခုခုကို ဉာဏ်အလင်းပွင့်သွားပုံပေါ်သည်။ အပြာရောင်ရေချီများက သူမ၏ခန္ဓာကိုယ်ကို လှည့်ပတ်နေကာ ပင်လယ်နတ်ဘုရားလှံတွင်လည်း ရစ်ပတ်နေကြသည်။ ကြယ်အမြုတေထံမှ အာကာသချီများက သူမ၏ကိုယ်တွင်းသို့ စီးဝင်လာခဲ့သည်။ ခန္ဓာကိုယ်တွင်းမှ အရှိန်အဝါတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာသော်လည်း ခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ မျက်လုံးမှိတ်ထားသော ထန်တိုက်လင်က မျက်လုံးများပွင့်လာကာ မည်သည်မှမဖြစ်ခဲ့ဟန်ဖြင့် တည်ငြိမ်အေးစက်နေသည်။ ယဲ့ချန်သည် အလွန်နီးကပ်သော အကွာအဝေးတွင် ထန်တိုက်လင်၏ကိုယ်တွင်းမှ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ သူမ၏မျက်နှာက အမြဲတမ်းကဲ့သို့ တည်ငြိမ်နေပြီး ခံစားချက်မဲ့နေကြောင်း မြင်လိုက်ရသည်။ သူမအတွက် အဆင့်တက်ခြင်းက သာမန်ထမင်းစားရေသောက်အလုပ်တစ်ခုနှင့် တူညီနေခြင်းဖြစ်နိုင်သည်။ ထန်တိုက်လင်၏ကျင့်ကြံနှုန်းက အလွန်မြန်ဆန်သောကြောင့် ယဲ့ချန်က ဖိအားများခံစားလိုက်ရသည်။ သူက အချိန်ကို တတ်နိုင်သမျှ အကျိုးရှိရှိသုံးရမည်ဖြစ်ကာ ကြယ်အမြုတေများကိုသုံး၍ ကျင့်ကြံဆင့်ကို အမြန်ဆုံး မြှင့်တင်ရပေလိမ့်မည်။

ထိုအချိန်၌ စီကုန်းကျင်းမင်က သူတို့အနားသို့ ရောက်ရှိလာခဲ့သည်။

"အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မ"

ဖြစ်ပျက်ခဲ့သမျှကို နားလည်နေသော သူက လက်နှစ်ဖက်ဆုပ်၍ ထန်တိုက်လင်ကို အရိုအသေပေးလိုက်သည်။

"ရှင်က ယဲ့ချန်ကို ကျေးဇူးတင်လိုက်ပါ။ လင်းမိုင်ရဲ့သေလွန်ဝိညာဥ်ကို သတ်လိုက်တာက သူပဲ။ သူက ရှင့်ကိုရော ကျွန်မအသက်ကိုပါ ကယ်ပေးခဲ့တယ်"

ထန်တိုက်လင်က ခေါင်းယမ်းပြလိုက်သည်။ သူမ၏စကားကို မယုံကြည်နိုင်သော စီကုန်းကျင်းမင်က မင်သက်သွားခဲ့သည်။ ယဲ့ချန်က အဆုံးမဲ့အဆင့် ကျင့်ကြံသူသာဖြစ်သောကြောင့် လင်းမိုင်၏သေလွန်ဝိညာဥ်ကို မည်သည့်နည်းလမ်းအသုံးပြုကာ အနိုင်ယူလိုက်ကြောင်း တွေးမရပေ။ သို့သော် လင်းမိုင်အလောင်းပေါ်တွင် မရေမတွက်နိုင်သော အပေါက်များရှိနေပြီး ပင်လယ်နတ်ဘုရားလှံ၏အစွမ်း မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် ညီလေးယဲ့။ အနာဂတ်မှာ ဒီအဘိုးကြီးက အသက်ကြွေးကို သေချာပေါက်ပြန်ဆပ်ပါမယ်"

ကယ်တင်ရှင်က ယဲ့ချန် အမှန်တကယ်ဖြစ်နေနိုင်သည်။ စီကုန်းကျင်းမင်သည် ထူးကဲအဆင့် ကျင့်ကြံသူတစ်ယောက်၏ မာနမျိုးရှိသော်လည်း ဖြစ်ပျက်ခဲ့သမျှကြောင့် ချွေးစို့နေသည်။ အကယ်၍ သူနှင့်ထန်တိုက်လင်သာ ဤနေရာတွင် သေဆုံးသွားလျှင် ရေခဲပြာမျိုးနွယ်က ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်သည်။ ထို့ကြောင့် ကိုယ့်ကိုကိုယ်နှိမ့်ချကာ ယဲ့ချန်အား ရိုးရိုးသားသား ကျေးဇူးတင်လိုက်သည်။

"မလိုပါဘူးဗျာ။ ကျုပ်ကလည်း ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် လုပ်ရတာပါ"

ယဲ့ချန်က လက်ကာပြလိုက်သည်။ စီကုန်းကျင်းမင်က သဘောထားဆိုး၍ မောက်မာတတ်သော်လည်း သူ့ကိုယ်သူနှိမ့်ချနေပြီဖြစ်သောကြောင့် စိတ်ထဲမထားခဲ့ပေ။ ထိုအချိန်တွင် ဟောရန်နှင့်မင်ဖုန်းက ရေထဲမှကူးခတ်လာပြီး သူတို့နှင့်မနီးမဝေးတွင် ဆင်းသက်လိုက်ကြသည်။ သူတို့၏ဉာဏ်ရည်အရ လင်းမိုင်အလောင်းကို မြင်သည်နှင့်တပြိုင်နက် ဖြစ်ပျက်ခဲ့သမျှကို ခန့်မှန်းနိုင်လိုက်သည်။

"အသက်ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုအချိန်ကစလို့ မိုးစက်မျိုးနွယ်နဲ့ ရေခဲပြာမျိုးနွယ်က မိတ်ဆွေတွေဖြစ်သွားပြီ"

မင်ဖုန်းက လက်နှစ်ဖက်ဆုပ်၍ ထန်တိုက်လင်ကို ပြောလိုက်ခြင်းဖြစ်သည်။ သူ၏အဆင့်အတန်းက မိုးစက်မျိုးနွယ်တွင် အရေးပါသောကြောင့် သူ၏စကားများက မျိုးနွယ်တစ်ခုလုံးကို ကိုယ်စားပြုနိုင်သည်။ ထန်တိုက်လက်က မင်ဖုန်းကို ဖော်ရွေစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ လက်ရှိတွင် ရေခဲပြာမျိုးနွယ်က နိမ့်ကျနေသောကြောင့် ရန်သူရှိခြင်းထက် မဟာမိတ်တစ်ယောက်တိုးလာခြင်းက ပို၍အရေးပါနေသည်။

ဟောရန်ကမူ မင်ဖုန်းနှင့်မတူညီဘဲ ယဲ့ချန်နှင့်ထန်တိုက်လင်ကို အကဲခတ်လိုက်ပြီး လည်ဆွဲတစ်ခုနှင့် လက်စွပ်တစ်ကွင်း ပိုနေကြောင်း သတိထားလိုက်မိသည်။ သူက ကျေးဇူးတင်ရမည့်အစား ဆိုးယုတ်စွာပြုံး၍ အဝေးသို့ ချက်ချင်းထွက်ခွာသွားခဲ့သည်။ ဟောရန်၏ကျောပြင်ကိုကြည့်၍ ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ဟောရန်က အနည်းငယ်မူမမှန်ဟု သူက ခံစားလိုက်ရသည်။ သို့သော်လည်း ဟောရန် မည်သည်ကိုကြံစည်ထားသည်ဖြစ်စေ သူက မကြောက်ပေ။

"အရမ်းအားနာမနေပါနဲ့ အရှင်မင်ဖုန်း။ ကျုပ်တို့အခွင့်အရေးရှိရင် မိုးစက်မျိုးနွယ်ကို လာရောက်လည်ပတ်ပါဦးမယ်"

ထန်တိုက်လင်က ခေါင်းကိုသာ ညိတ်ပြလိုက်သောကြောင့် စီကုန်းကျင်းမင်က အလောတကြီး ဝင်ပြောလိုက်ခြင်းဖြစ်သည်။ ထန်တိုက်လင်က အမြဲအေးစက်ပြီး သီးခြားနေတတ်သူဖြစ်သောကြောင့် မိုးစက်မျိုးနွယ်နှင့် မဟာမိတ်ဖြစ်ရမည့်အရေးကို သူက လက်လွှတ်မခံနိုင်ပေ။ ပင်လယ်မိစ္ဆာများကြားတွင် ဆက်ဆံရေးက အလွန်ရှုပ်ထွေးသည်။ ရေခဲပြာမျိုးနွယ်ရှိသော မြောက်ပင်လယ်က အလွန်သေးငယ်ပြီး အရှေ့ပိုင်းတိုက်ကြီးနှင့်နီးကပ်ကာ အခြားပင်လယ်များနှင့်၎င်းကြားတွင် ကျွန်းများ အတန်းလိုက် ပိုင်းခြားထားကြသည်။ ကျန်တစ်ဖက်တွင် အခြားမျိုးနွယ်များ၏ပိုင်နက်က မြောက်ပင်လယ်ထက် ပို၍ကြီးမားပြီး မိုးစက်မျိုးနွယ်ဖြစ်စေ သွေးဆိုးမျိုးနွယ်ဖြစ်စေ ရေခဲပြာမျိုးနွယ်ထက် ပို၍အစွမ်းထက်နေခဲ့သည်။

လွန်ခဲ့သောဆယ်နှစ်ကဆိုလျှင် ရေခဲပြာမျိုးနွယ်က အမှန်တကယ်အစွမ်းထက်သော ပင်လယ်မိစ္ဆာမျိုးနွယ်တစ်ခု ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်တွင် မျိုးနွယ်၌ ထန်တိုက်လင်၏ခမည်းတော်နှင့် ပိုင်နက်အဆင့်နှစ်စွမ်းအားကို ပိုင်ဆိုင်ထားသော ကောင်းကင်ဘုရင်များ ရှိခဲ့ကြသည်။ သို့သော် စစ်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့ပြီး ထန်တိုက်လင်၏ခမည်းတော်ရော ကောင်းကင်ဘုရင်အားလုံးပါ သေဆုံးသွားခဲ့ကြသည်။ မျိုးနွယ်က များစွာထိခိုက်ခဲ့ရပြီး အတိတ်မှအောင်မြင်မှုမျိုး ပြန်လည်ရယူနိုင်ရန် မလွယ်ကူတော့ပေ။ မဟာအကြီးအကဲသုံးယောက်က မျိုးနွယ်တစ်ခုလုံးတွင် အစွမ်းအထက်ဆုံးဖြစ်လာပြီး အရှက်ခွဲခံရမှုများကို သည်းခံ၍ မျိုးနွယ်အား ကာကွယ်ခဲ့သည်။ ထန်တိုက်လင်၏ခွန်အားက လျင်မြန်စွာတိုးတက်လာခဲ့ပြီး မျိုးနွယ်၏အာဏာကို လက်လွှဲရယူနိုင်သောအခါတွင်မှ ရေခဲပြာမျိုးနွယ်၏ခွန်အားက ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။ သို့သော်လည်း အတိတ်မှအောင်မြင်မှုမျိုး ရနိုင်ရန်အတွက် ဝေးကွာနေဆဲပင်ဖြစ်သည်။ လက်ရှိတွင် မိုးစက်မျိုးနွယ်က သူတို့နှင့် မဟာမိတ်ဖြစ်လာသောအခါ အသိအမှတ်လိုက်သည်နှင့် မခြားပေ။ ထို့ကြောင့် စီကုန်းကျင်းမင်က ကိုယ့်ကိုကိုယ်နှိမ့်ချကာ မင်ဖုန်းနှင့် ဆက်ဆံရေးကောင်းမွန်စေရန် အလွန်အမင်းဖော်ရွေခဲ့ရလေသည်။

"ဒါဆိုရင် ကျုပ်ဘက်က ကြိုဆိုနေပါမယ်။ စကားမစပ် ဟောရန်မှာ အကြံတွေရှိနေနိုင်တယ်။ လူတိုင်း ဂရုစိုက်ကြပါ။ အခုတော့ ကျုပ်ကို သွားခွင့်ပြုပါဦး။ အကူအညီလိုအပ်ရင် အချိန်မရွေး တောင်းဆိုနိုင်ပါတယ်"

မင်ဖုန်းသည် ထန်တိုက်လင်၏ အကျင့်စရိုက်အကြောင်း သိထားသဖြင့် စိတ်မကွက်ခဲ့ပေ။ ထို့အပြင် သူမက သူ၏အသက်သခင် ကျေးဇူးရှင်ဖြစ်သည်။ ထို့ကြောင့် သူက ကျေးမစွပ်ဘဲ ဟောရန်ကိုသတိထားရန် ပြောလိုက်သည်။ ထို့နောက် မင်ဖုန်းက လှည့်ထွက်သွားခဲ့လေသည်။

"အရှင်မ သွေးဆိုးမျိုးနွယ်က အမြဲတမ်း ရက်စက်ကြမ်းကြုတ်ပြီး အောက်တန်းကျတယ်။ သူတို့ကို ဘယ်မျိုးနွယ်ကမှ အပေါင်းအသင်းမလုပ်ဘူး။ ကျုပ်တို့ရဲ့အထွတ်အထိပ်အခြေအနေမှာဆိုရင် ဒီကောင်တွေ အမြှီးကုပ်နေခဲ့ရတယ်။ ဒါပေမယ့် ဟောရန်က လောလောဆယ်မကောင်းကြံမှာ သေချာတယ်။ ကျုပ်တို့ သတိထားရပါမယ်"

မင်ဖုန်းထွက်ခွာသွားသောအခါ စီကုန်းကျင်းမင်သည်လည်း ထန်တိုက်လင်ကို သတိပေးလိုက်ပြန်သည်။ သူက နှစ်ပေါင်းများစွာ ရှင်သန်လာသူဖြစ်၍ အတွေ့အကြုံများသည်။

"သူတို့က မကောင်းကြံရဲရင် ငါ့အစွမ်း ပြရသေးတာပေါ့။ ရေခဲပြာမျိုးနွယ်က နောက်ထပ်အနိုင်ကျင့်ခံနေမှာ မဟုတ်တော့ဘူး"

ထန်တိုက်လင်က တိုက်ခိုက်သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ပြောလိုက်သည်။ ရန်သူက မည်မျှသန်မာပါစေ သူမက ရှေ့ဆက်တိုးမည်ဖြစ်ကာ ဤကား သူမ၏သိုင်းလမ်းစဥ်ဖြစ်သည်။ စီကုန်းကျင်းမင်၏မျက်နှာထားက အလွန်လေးနက်နေသည်။ ရန်သူများရှေ့တွင် အားနည်းပြနေပါက ပို၍ဖိနှိပ်ခံရမည်ဖြစ်သောကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ တွန်းလှန်တိုက်ခိုက်ရန်ဖြစ်သည်။

ယဲ့ချန်သည် မျိုးနွယ်တစ်ခု ကျဆုံးခဲ့ရသော အဖြစ်ကို ကောင်းကောင်းကြီး နားလည်ထားသည်။ မျိုးနွယ်တစ်ခု နိမ့်ကျသွားလျှင် ဘေးတွင်ချောင်းမြောင်းနေသော ရန်သူများက မြေခွေးများပမာ အားနည်းမှုကို အခွင့်ကောင်းယူ၍ ဖိနှိပ်လာကြပေလိမ့်မည်။ ယဲ့ကျန်းထန်သည် ဒုတိယမင်းသားထံတွင် မျိုးနွယ်ကိုကာကွယ်ပေးရန်အတွက် ကိုယ့်ကိုကိုယ်နှိမ်ချခဲ့သော်လည်း နန်းတော်အပြင်သို့မောင်းထုတ်၍ အရှက်ခွဲခံခဲ့ရသည်။ ထို့နောက် ဒုတိယမင်းသားနှင့် ယွမ်မျိုးနွယ်က ယဲ့မျိုးနွယ်ကိုဖျက်ဆီးရန် ကြိုးစားခဲ့သည်။ ယဲ့ချန်၏ခွန်အားသာ ရုတ်တရက်တိုးမြင့်လာခြင်းမရှိလျှင် ယဲ့မျိုးနွယ်ဆိုသောအမည်က သမိုင်းထဲတွင် ပျောက်ကွယ်သွားပြီဖြစ်သည်။

ယဲ့ချန်သည် ထန်တိုက်လင်၏အတွေးများကို နားလည်နေသည်။ အစွမ်းထက်ရန်သူက အိမ်တံခါးဝသို့ရောက်လာလျှင် ပုန်းအောင်းနေခြင်းက အသုံးမဝင်ပေ။ တစ်ခုတည်းသောနည်းလမ်းမှာ တိုက်ခိုက်ရန်သာဖြစ်ပြီး သူမ၏နောက်တွင် ရေထက်ပိုပျစ်သော သွေးပိုင်ရှင် မျိုးနွယ်ဝင်များ ရှိနေကြလေသည်။

All Chapters