← Chapters

ကောင်းကင်အဆင့်လား ဒါအိပ်မက်ပဲဖြစ်မယ်

Vol. 20 Ch. 381

ကောင်းကင်အဆင့်လား ဒါအိပ်မက်ပဲဖြစ်မယ်

Vol. 20 Ch. 381

ချူဖုန်း၏အရည်အချင်းမှာလည်း မဆိုးလှပေ။ သူသည် ပေထင်းဟွမ်၏ ပြောင်မြောက်သော ခြေလှမ်းများ၊ ထူးဆန်းသောအရည်အချင်း၊ သတ်ဖြတ် နည်းနှင့် အမြန်နှုန်းလောက် မကောင်းသော်လည်း ဟင်းသီးဟင်းရွက်လှီးဖြတ် သကဲ့သို့ မြန်ဆန်မှုဖြင့် တစ်ချက်တည်းနှင့် သားရဲများကို သတ်နိုင်လေသည်။

ပေထင်းဟွမ်၏ အမြန်နှုန်းကိုကြည့်ပြီး ချူဖုန်းသည် တိတ်တိတ်လေး ခေါင်းခါမိသည်။ ဒီကောင်လေးက အမြဲတမ်း ရဲစွမ်းသတ္တိရှိနေတာပဲ။

ငယ်ရွယ်သောအရွယ်တွင် ဤကဲ့သို့အရည်အချင်းရှိနေသည်။ ချူဖုန်း၏ စိတ်ထဲမှ လိုအင်ဆန္ဒများ ပိုသန်မာလာခဲ့သည်။ အကြီးတစ်ယောက်အနေနှင့် သူ့ကိုယ်သူ ပိုသန်မာအောင်လုပ်ပြီး ပေထင်းဟွမ်ကို မျိုးရိုးမြင့်သခင်မလေးတစ် ယောက်ကဲ့သို့ စိုးရိမ်မှုများမရှိစေဘဲ ကြီးပြင်းလာအောင် ကာကွယ်နိုင်သည် အထိ သန်မာလာရမည်။

“အဲလူနှစ်ယောက်က ဘယ်သူတွေလဲ” ရေနက်ကြေးစားအဖွဲ့မှ အဆင့် ၃ ဝိညာဉ်သခင်တစ်ယောက်မှ မေးလေသည်။ ထိုလူများကို ကာကွယ်ကြေး တောင်းသည့် သူ့အဖွဲ့ဝင်များကို သူ နားမလည်နိုင်တော့ပေ။ သူတို့ ရေနက် ကြေးစားအဖွဲ့က ဘယ်လိုလူတွေကို ရန်သွားစမိတာလဲ။ သူတို့သည် ဝိညာဉ် စွမ်းအင်ကိုပင် မသုံးပေ။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကိုမှီခိုကာ မှော်သားရဲ များကို ဟင်းသီးဟင်းရွက်ခုတ်သလို လှီးဖြတ်နေသည်။ သူတို့သည် တစ်ကောင် ပြီးတစ်ကောင် ခုတ်ပိုင်းနေသည်။

“ဟုတ်တယ် သူတို့ခွန်အားက အဲဒီတောဝံပုလွေပြာကိုတောင် ယှဉ်နိုင်နေ တယ်”

ထိုလူနှစ်ယောက်သာ သူတို့ကိုတိုက်ခိုက်လာလျှင် လူ ၁၈ ယောက် အင်အားရှိသည့်တိုင်အောင် တားနိုင်မည်မဟုတ်ပေ။ ထိုအချိန်က သူတို့ ဘာကြောင့် မှားယွင်း အကဲဖြတ်မိသည်ကို မသိတော့ပေ။

“တိုက်ကြီးမှာ ဒီလိုကျွမ်းကျင်သူ ငယ်ငယ်လေးရှိနေတာပဲ.. ဒီသခင်ကြီး နှစ်ယောက်လည်း အင်ပါယာကျောင်းကို တက်မှာလားမသိဘူး.. နောက်မှ မေးရမယ်.. ဒီသခင်ကြီးနှစ်ယောက်နောက်ကိုလိုက်မှ ဘေးကင်းနိုင်မယ်” လူငယ်ငါးယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ထိုအကြံပြု ချက်ကို သဘောတူကြလေသည်။

သူမသည် နန်းတွင်းအကကို တင်ဆက်နေသလိုပင်။ သူမ၏ တင့်တယ်လှ သော ခြေလှမ်းနှင့် လူသတ်ပညာများကို တွဲဖက်လိုက်သောအခါ ပေထင်းဟွမ် အကောင်ရေဒါဇင်မျှသတ်ပြီးချိန်တွင် ဝံပုလွေများ ကြောက်လန့်ကုန်ကြသည်။ သူတို့သည် ပေထင်းဟွမ်ကို ရှောင်ရှားကာ သန္ဓေပြောင်းဘုရင်၏ ဦးဆောင်မှု အောက်တွင် မှော်သားရဲတောသို့ နောက်ဆုတ်ကြသည်။

ပေထင်းဟွမ်သည် သွေးဆာသောလူမဟုတ်ပေ။ ဝံပုလွေများ အုပ်စုလိုက် တပ်ဆုတ်သွားသည်ကိုမြင်သောအခါ နောက်မှလိုက်မသွားတော့ပေ။ သူမသည် ချူဖုန်းကို စောင်းငဲ့ကြည့်ပြီး ပြုံးကာပြောလိုက်သည် “ဝမ်းကွဲအစ်ကို မင်းအရေအတွက်က ငါနဲ့ယှဉ်နိုင်တာပဲ”

မှော်သားရဲများအားလုံး နောက်ဆုတ်သွားသောအခါ ချဖုန်းသည် ဝံပုလွေ ၏ အမွေးနှင့် ဓားကိုခြောက်အောင်သုတ်ပြီး ပေထင်းဟွမ်အား နူးညံ့စွာကြည့် လေသည် “ငါက မင်းလောက်တော့ မသတ်နိုင်ပါဘူး.. မင်းအရှိန်က ငါ့ထက် မြန်တယ်.. ကြည့်ရတာ ငါ ရှောင်ကျို့ကို တစ်လလောက် အဝတ်လျှော်ပေးရ တော့မယ်နဲ့တူတယ်”

ပေထင်းဟွမ်သည် ရယ်မောလေသည်။ မြေပေါ်မှ မှော်သားရဲအလောင်း များသည် လေထဲသို့လွင့်လာကာ ချူဖုန်းအား ချည်းကပ်လေသည်။

ထိုမြင်ကွင်သည် အားလုံးကို ထိတ်လန့်စေကာ သူတို့၏ မျက်လုံးအိမ်များ ပင် ထွက်ကျမတတ်ပင်။ သူတို့သည် ပေထင်းဟွမ်အား မကောင်းဆိုးဝါးသဖွယ် ကြည့်ကြလေသည်။ အပြာနုရောင်ဒြပ်စင်စွမ်းအင်သည် လူငယ်၏ ခြေသလုံး နားတွင်တွဲလွဲခိုနေသည်။ ရာချီသော မှော်သားရဲများကို သတ်ပြီးသည့် တိုင်အောင် သူ၏ဝတ်ရုံနက်သည် အရင်ကလို သန့်ရှင်းနေတုန်းပင်။ သွေးတစ် စက်မှ ပေကျံခြင်းမရျိပေ။ သူ့မျက်နှာကို မျက်နှာဖုံးဖြင့်အုပ်ထားပြီး ကြယ်နှင့် တူသောမျက်လုံးတစ်စုံနှင့် ဖြူမွတ်သောမေးစေ့တို့ကိုသာ လှစ်ဟာပြသထား သည်။ သို့သော် မရေမတွက်သောလူများသည် သူ၏ပုံစံကို သိချင်ကြသည်။ ထိုလူငယ်တွင် ကမ္ဘာကြီးကို အနိုင်ယူနိုင်မည့် မျက်နှာမျိုးရှိလိမ့်မည်ကို မည်သူ မှ သံသယမရှိကြပေ။

“ကောင်းကင် ကောင်းကင် ကောင်းကင်အဆင့်လား”

“မဟုတ်ဘူး မဟုတ်ဘူး ငါအမြင်မှားတာပဲဖြစ်မယ် ဘယ်လိုလုပ်ဖြစ်နိုင် မှာလဲ”

“ဟားဟားဟား ငါ သိနေတယ်.. ဒါကအိပ်မက်ပဲ.. ငါ့ကိုယ်ငါဆိတ်တာ တောင် မနာဘူး.. အိပ်မက်ပဲဖြစ်မယ်”

“အရူး မင်းက ငါ့ခြေထောက်ကြီးလာဆိတ်နေမှတော့ ဘယ်နာပါ့မလဲ အိပ်မက်မက်နေလိုက်”

“ကောင်းကင်အဆင့်လူတွေတကယ်ရှိတာပဲ”

“ငယ်ငယ်လေးနဲ့ ကောင်းကင်အဆင့် ဖြစ်နေတာတဲ့လား.. အဲဒီသခင်ကြီး တွေလည်း အင်ပါယာကျောင်းက ဝင်ခွင့်ကို ဖြေမယ်လို့ထင်နေတာ… သူတို့က ကောင်းကင်အဆင့်တောင်ရောက်နေပြီ ငါတို့တွေက သူတို့ကို အထင်သေးမိ သွားတာပဲ” လူငယ်ငါးယောက်သည် နောင်တရကြလေသည်…

All Chapters