← Chapters

ဆု၊ တံဆိပ်ပြား၊ မွန်မြတ်သောသားရဲ

Vol. 20 Ch. 382

ဆု၊ တံဆိပ်ပြား၊ မွန်မြတ်သောသားရဲ

Vol. 20 Ch. 382

ဟွမ်မုန့်ထွက်သွားပြီးနောက် ရေနက်ကြေးစားအဖွဲ့ကိုဦးဆောင်နေသည့် အဆင့် ၃ ဝိညာဉ်သခင်သည် သူ့မျက်နှာသူရိုက်လေသည်။ သူလျှောက်သွာပြီး ပေထင်းဟွမ်၏ရှေ့တွင် နီရဲနေသောမျက်နှာနှင့် ရပ်လိုက်သည်။ သူသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဘယ်ဘက်ရင်အုံပေါ်သို့ လက်တင် ပြီး အရိုအသေပြုလိုက်သည် “အရိုအသေပြုပါတယ် သခင်ကြီး.. ရေနက်ရဲ့ လွန်ကျူးပြီး ရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ အပြုအမူတွေက သခင်ကြီးကို ပြစ်မှား မိတဲ့အတွက် တောင်းပန်ပါတယ်.. ကျေးဇူးပြုပြီး ရေနက်ကြေးစားအဖွဲ့ ကိုယ်စား စိတ်ရင်းနဲ့တောင်းပန်တာကို လက်ခံပေးပါ.. ပြီးတော့ ဘေးဒုက္ခ ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ကို ကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်”

ထိုလူ၏ လက်ရှိအမအကျင့်သည် အလွန်ပင် တရင်းတနှီးရှိပြီး နှိမ့်ချနေ သော်လည်း ချူဖုန်းသည် ရေနက်ကြေးစားအဖွဲ့ကို ခွင့်မလွှတ်ချင်ပေ။ ထိုလူများသည်ကို မည်သို့ပင် ဆက်ဆံစေကာမူ ရှောင်ကျို့ကို စော်ကားသည့် ထိုလူများကို ခွင့်လွှတ်နိုင်ဖွယ်ရာမရှိပေ။

“ရှောင်ကျို့ ဒီကြေးစားအဖွဲ့မှာ မိတ်ဆွေဟောင်းရှိတယ်လို့ ပြောခဲ့တယ် မလား.. သူနဲ့ဘယ်လိုပတ်သက်တာလဲ ဒီမှော်သားရဲတွေက ငါတို့စစ်နိုင်ပစ္စည်း တွေဖြစ်ပေမဲ့ ငါတို့လည်းမလိုချင်ဘူး.. ဒီကြေးစားအဖွဲ့ကိုပဲပေးလိုက်ပြီးတော့ သူတို့နဲ့ သွားမပတ်သက်နဲ့တော့” ချူဖုန်းသည် လွှမ်းမိုးနိုင်သော အပြုအမူဖြင့် ပြောလေသည်။

အဖွဲ့ကိုဦးဆောင်နေသသော အဆင့် ၃ ဝိညာဉ်သခင်သည် ထိတ်လန့်နေ ၏။ သူ၏နှုတ်ခမ်းများ တုန်ယင်သွားကာ ထိုပတ်သက်မှုကို ပြန်ဆယ်ချင် သော်လည်း ဘာစကားမှပြောမထွက်ပေ။

ထိုအစား သူသာ ကောင်းကင်အဆင့်ကျွမ်းကျင်သူသာဆိုလျှင် စော်ကားခံ ရပြီး ကာကွယ်ကြေးအတောင်းခံရလျှင် ထိုလူများကို မသတ်မိလျှင်ပင် ကံကောင်းသည်။ သူတို့ကို ပေထင်းဟွမ် ခွင့်လွှတ်ဖို့ ဘယ်လိုမျှော်လင့်ရတော့ မလဲ။ ပြီးတော့ ဒီလူငယ်က သူတို့ရေနက်ကြေးစားအဖွဲ့နဲ့ ဆက်ဆံရေးတစ်ခုရှိ တယ်ဟုတ်လား။ တပ်မှူးဟွမ်ယွမ်သည် ဤဆက်ဆံရေးတည်ဆောက်ရန် တိုက်ခိုက်ခဲ့ပုံပင်။ ယခု သခင်မလေးဟွမ်မုန့်မှ ဖျက်စီးလိုက်သဖြင့် တပ်မှူး ဟွမ်ယွမ်သာသိလျှင် သခင်မလေးဟွမ်မုန့်ကို သတ်မိမလားပင်မသိနိုင်ပေ။

အနည်းငယ်သာ ဒုက္ခခံခဲ့သော အကြီးဆုံးသခင်မလေးကဲ့သို့ လူမျိုးသည် ပညာပေးခံရသင့်သည်။ အရေးအကြီးအဆုံးအခိုက်အတန့်မှာပင် သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အဖွဲ့ဝင်များကို စွန့်ပစ်ကာ တစ်ကိုယ်တည်း မွန်မြတ်သောသားရဲနှင့် ထွက်ပြေးသွားခဲ့သည်။

“ဟုတ်ပြီ” ပေထင်းဟွမ်သည် ချူဖုန်း၏နာကြည်းမှုကို ခံစားရလေသည်။ ရေနက်သည် သူမကို ဧည့်သည်အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပြီ သူမသည် ရေနက်ကိုကူညီခဲ့သော်လည်း ထိုတံဆိပ်ပြား၏ အဓိပ္ပာယ်သည် ကြီးမြတ်လှ သည်ဟု မထင်မိပေ။ ၎င်းမှာ ဧည့်သည်အကြီးအကဲဖြစ်နေသည့် သူမ၏ အဆင့်အတန်းကြောင့်တင်မဟုတ်ပေ။ ဧည့်သည်အကြီးအကဲရာထူးသည် သူမ ၏ လွတ်လပ်မှုကို ပေးဆပ်ရမည်ဆိုလျှင် ဟွမ်မုန့်ကဲ့သို့ အရူးကြောင့်ဖြစ်ပြီး မလုပ်နိုင်သည့်အတွက် ခွင့်လွှတ်ရလိမ့်မည်။

လက်ကောက်ဝတ်ကိုလှန်လိုက်ကာ ရေနက်ပုံစံရှိသည့် ထူးခြားသော တံဆိပ်ပြားထုတ်ကာ ထိုလူ့အားပေးလိုက်သည် “စစ်နိုင်ပစ္စည်းတွေကို မင်းတို့ကို ပေးလိုက်တော့မယ်.. ငါ ဘာမျမလိုချင်ဘူး.. ဒီတံဆိပ်ပြားကို တပ်မှူးဟွမ်ယွမ်ကိုပေးလိုက်ပါ.. ဒါက မင်းတို့ကို ငါဆုပေးတာ”

ရွှေရောင်အလင်းလက်လာသည်နှင့် အသက်လှောင်အိမ်တစ်ခုသည် ထိုလူရှေ့တွင်ပေါ်လာသည်။ ထိုလှောင်အိမ်ကို ရွှေရောင်အလင်းများဖြင့် ချုပ်ထားသည်။ တံဆိပ်ပြားမှာ အသက်လှောင်အိမ်ပေါ်ရောက်သွားပြီး ပေထင်းဟွမ်နှင့် ချူဖုန်းတို့ကို မမြင်ရတော့ပေ။ သူတို့၏အသံသည် အဝေး တစ်နေရာမှထွက်ပေါ်လာသည် “အဲဒါက ထိန်းကျောင်းပြီးသား မွန်မြတ်တဲ့ သားရဲပဲ… အဲဒါမင်းအတွက်၊ ယူလိုက်.. မင်းက တံဆိပ်ပြားပြန်ယူသွားပေးမယ့် သူပဲ”

“ဟုတ်ကဲ့… ဟုတ်ကဲ့”

အသံသည် စိုးရိမ်မှုများဖြင့် ပြည့်နေသည်။ ထိုလူ၏ခြေထောက်များသည် အားနည်းကာ ဒူးထောက်ကျလုမတတ်ပင်။ သူ၏အသံသည် အက်ကွဲနေကာ မျက်စိရှေ့မှ အရာအားလုံးကို မယုံကြည်နိုင်ဖြစ်နေသည်။ သူသည် ကြောင်စီစီ အခြေအနေဖြစ်ကာ အဖြစ်အပျက်များကို နားမလည်သေးပေ။

“ကြယ် ၁ ပွင့် မျက်နှာနက်ပင့်ကူ မွန်မြတ်တဲ့သားရဲပဲ ဘယ်သူ ဘယ်သူ.. အဲလူက ဘယ်သူလဲ”

ထိုမြင်ကွင်းပေါ်လာသောအခါ အားလုံးသည် စကားပြောနိုင်သည့် စွမ်းရည်ပင် ပျောက်ဆုံးသွားသည်။ လူငယ်ငါးယောက်ထဲမှ တစ်ယောက်သည် ရှေ့ထွက်လာပြီ လှောင်အိမ်ပေါ်မှ တံဆိပ်ပြားကို ကောက်ယူလိုက်သည်။ ၎င်း တံဆိပ်ပြားသည် ထူးခြားသောသံစံနှင့် တောက်ပနေသည်။ ရှေ့တွင ရေနက် တံဆိပ်ပုံစံရှိပြီး အနောက်တွင် ကြီးမားသောစာလုံး ‘ရေနက်’ ဟု ရေးထား၏။ ၎င်းသည် သူတို့ခန့်ထားသည့် ကြေးစားအဖွဲ့၏နာမည်ဖြစ်သည်မှာ ရှင်းလင်းနေ သည်။ သူသည် မအံ့ဩဘဲမနေနိုင်တော့ပေ… “မဖြစ်နိုင်တာ.. ဒါက ရေနက်ရဲ့ တံဆိပ်ပြားလား.. သူက မင်းတို့ကြေးစားအဖွဲ့ရဲ့ ဧည့်သည်အကြီးအကဲများ လား”

All Chapters