မဟုတ်သေးဘူး သခင်ကြီးပေယဲ့လား
Vol. 20 Ch. 383
ထိုလူသည် တအံ့တဩအော်နေသည်။ အားလုံးသည် ရှေ့သို့ရောက်လာ ပြီး သူ့လက်ထဲမှ တံဆိပ်ပြားကို ကြည့်လိုက်ကြသည်။ တိုက်ကြီးပေါ်မှ ကြေးစားအဖွဲ့များ၏ လှုပ်ရှားမှုများသည် ခပ်ဆင်ဆင်ပင်။ တာဝန်ထမ်းဆောင် ရန် သွားလေ့ရှိသော အဖွဲ့ဝင်များအပြင် အားကောင်းပြီး နာမည်ကျော်ကြား သော ကျွမ်းကျင်သူများကို ဧည့်သည်အကြီးအကဲအဖြစ် ခန့်အပ်ကြပြီး ရာထူး သင်္ကေတအဖြစ် ထူးခြားသည့်တံဆိပ်ပြားများ အသုံးပြုလေ့ရှိသည်။
ပေထင်းဟွမ် ဤကမ္ဘာပေါ်တွင် နိုးထလာစဉ်က ချင်းယွိသည် ဤရေနက် တံဆိပ်ပြားနှင့်ဆင်သော နှင်းငှက်မွေးတံဆိပ်ပြားကို သူမအားပေးခဲ့သည်။ ၎င်း သည်လည်း တူညီသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ သို့သော် ဤရေနက် တံဆိပ်ပြားသည် ပို၍ထူးခြားသည်။
“သေစမ်း ဒါဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ.. မင်းတို့က မင်းတို့ ကိုယ်တိုင်ခန့်ထားတဲ့ ကောင်းကင်အဆင့်ဧည့်သည်ကို နှင်ထုတ်လိုက်တာပဲ”
“မိုးနတ်မင်းရေ တပ်မှူးဟွမ်ယွမ်ဆီမှာ အဲလိုမျိုးသမီးရှိသေးတာလား.. သူ့အရင်ဘဝက အပြစ်တွေလုပ်မိထားလို့ဖြစ်မယ်”
ရေနက်အဖွဲ့ကိုဦးဆောင်နေသော အဆင့် ၃ ဝိညာဉ်သခင်သည် လက်ထဲ မှ တံဆိပ်ပြားကို မှိုင်တွေစွာကြည့်မိသည်။ သူသည် ငိုချင်သော်လည်းမငိုနိုင်ပေ “သူက ဘယ်လိုလုပ် သာမန်ဧည့်သည်အကြီးအကဲဖြစ်ရမှာလဲ.. ဒီရေနက် တံဆိပ်ပြားက ငါတို့ခေါင်းဆောင်ရဲ့ဟာပဲ.. ဝါစဉ်ရဆိုရင် ဒီရေနက်တံဆိပ်ပြား က ဧည့်သည်အကြီးအကဲကို ကိုယ်စားပြုသလို ငါတို့ခေါင်းဆောင်နေရာကို လည်း အစားဝင်လို့ရတယ်”
ထိုရေနက်တံဆိပ်ပြားသည် တပ်မှူး၏တံဆိပ်ပြားဖြစ်သည်ကို အားလုံး ရုတ်တရက် သတိထားမိလိုက်ကြသည်။ တပ်မှူးဟွမ်ယွမ်က ဒီလူငယ်ကို ဘယ်လောက်တောင် တန်ဖိုးထာ;လို့ လုပ်ပိုင်ခွင့်တံဆိပ်ပြားကိုပေးခဲ့တာလဲ။ တပ်မှူးဟွမ်ယွမ်ရဲ့သမီး သခင်မလေးဟွမ်မုန့်ကလည်း သူမက သခင်ကြီးပေယဲ့ ရဲ့ ဇနီးလောင်းပါလို့ ပြောနေသေးတယ်။ တပ်မှူးဟွမ်ယွမ်ရဲ့နေရာကို ဆက်ခံ မှာက သားမက်လောင်းများဖြစ်နေမလား။
မဟုတ်သေးဘူး.. သခင်ကြီးပေယဲ့များလား။
သူတို့ထဲမှ ထက်မြက်သောတစ်ယောက်သည် ရှင်းပြလေသည် “သခင်ကြီးပေယဲ့ဖြစ်မလားပဲ.. ဝိညာဉ်ထိန်းသခင်ကြီးလေ၊ ကြယ် ၉ ပွင့် ဝိညာဉ်သခင်ကြီးမလား.. သခင်ကြီးပေယဲ့မှာ နတ်သားရဲတစ်ကောင်နဲ့ မွန်မြတ် တဲ့သားရဲ ငါးကောင်ရှိတာလေ”
ပေထင်းဟွမ် မြင့်မြတ်သောဝိညာဉ်အပျက်အစီးတွင်ရှိစဉ်က အစပိုင်း၌ မိုးကြိုးသွားနှင့် လျှပ်စီးသာရုပ်လုံးထွက်ပြခဲ့သည်။ ကျို့ယန်ကို နတ်မိစ္ဆာ သားရဲစီးကြောင်းတိုက်ပွဲအပြီးမှ ဖမ်းလာခဲ့ခြင်းဖြစ်သည်။ လင်းမို၊ နွယ်ပင်လေး နှင့် အလင်းစီးကြောင်းတို့သည် ပေထင်းဟွမ် မွန်မြတ်သောသားတော်ကို အနိုင် ရပြီးမှပင် ရလာခြင်းဖြစ်သည်။
“မဟုတ်ဘူး သခင်ကြီးပေယဲ့မှာ အရမ်းအားကောင်းတဲ့ အထွတ်အမြတ် သားရဲတွေရှိတယ်.. အရမ်းထူးဆန်းတဲ့သခင်ကြီးပဲ”
ပေထင်းဟွမ် မွန်မြတ်သောသားတော်၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံရချိန် တွင် မင် ပေါ်ထွက်လာပြီး သူမကို ကယ်တင်ခဲ့သည်။ အားလုံး၏အမြင်တွင် အထွတ်အမြတ်သားရဲသာ လူသားအသွင်ပြောင်းနိုင်သည်ဟု ထင်ကြသည်။ သာမန်အထွတ်အမြတ်သားရဲများသည် ၎င်းတို့သည်သားပေါက်အရွယ်တွင် လူသားအသွင်သို့ မပြောင်းလဲနိုင်သော်လည်း မင်ကဲ့သို့ အားကောင်းသည့် အထွတ်အမြတ်သားရဲမျိုး သူမတွင်ရှိနေလိမ့်မည်ဟု မည်သူမှထင်ထားမည် မဟုတ်ပေ။
ပေထင်းဟွမ်မသိသည်မှာ မှော်သားရဲခံတပ်၏ မြို့ဝန်အိမ်တော်နှင့် မြင့်မြတ်သောဝိညာဉ်အပျက်အစီးတိုက်ပွဲတွင် ‘ပေယဲ့’ ဆိုသောနာမည်သည် တိုက်ကြီးတစ်ခုလုံးကို မုန်တိုင်းသဖွယ် ဖြတ်ဝင်သွားသည်ကိုပင်။ သူမနှင့် သူမ၏ မှော်သားရဲများသည် အားလုံးကချီးကျူးရသည့် ဒဏ္ဍာရီဖြစ်လာသည်။ ‘ပေယဲ့’ ဆိုသည့်နာမည်ကို ပြောလိုက်သည်နှင့် အားလုံး လက်မထောင်ကြ၏။ ထိပ်တန်းအင်အားစုများသည် ပေထင်းဟွမ်အားခေါ်ပြီး သူတို့လက်အောက်သို့ သွင်းချင်ကြသည်။
“မိုးနတ်မင်းရေ အဲဒါသခင်ကြီးပေယဲ့ပဲဖြစ်မယ်.. ငါတို့.. ငါတို့တွေ တကယ်ကြီးမသိလိုက်ကြဘူး”
“သခင်ကြီးပေယဲ့.. အိုး ငါ တကယ်ကြီးသခင်ကြီးပေယဲ့ကိုတွေ့လိုက်တာ ပဲ ဟူးဝူး ငါ သူ့ကိုစကားတစ်ခွန်းမှမပြောလိုက်ရအောင်ကို တုံးလွန်းတာပဲ”
“သခင်ကြီးပေယဲ့က ကောင်းကင်အဆင့်တောင်ရောက်နေပြီ.. တစ်လပဲ ရှိသေးတာလေ ဟုတ်တယ်မလား.. သခင်ကြီးပေယဲ့က ကောင်းကင်အဆင့်ကို တက်နေပြီ.. သူက ပင်မတိုက်ကြီးရဲ့ ရှားပါးတဲ့ပါရမီရှင်ပီသပါပေတယ်”
“ဟုတ်တယ် အရင်က အရှင်က ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ခဲ့တာ.. အခု သခင်ကြီးပေယဲ့ကလွဲပြီး ဘယ်သူကမှ ပြိုင်ဘက်ကင်းပါရမီရှင်မဖြစ်ထိုက် တော့ဘူး”
အနောက်မှလိုက်လာသောလူသုံးယောက်သည် ထိုမြင်ကွင်းကိုမြင် ပြီးနောက် ထူထဲသောတောထဲမှ ထွက်လာသည်။ အရှေ့မှလူသည် အသက် ၂၀ အလယ်ခန့်ရှိသည်။ သူသည် နီရဲသောဝတ်စုံကိုဝတ်ဆင်ထားကာ မျက်နှာကို နီရဲသောအဝတ်ဖြင့်အုပ်ထားပြီး သူ၏ချောမွတ်သော မေးကိုသာဖော်ထား၏။ သူသည် ပေထင်းဟွမ်ရှိရာဘက်သို့ အေးချမ်းစွာပင်ကြည့်ပြီး သူ့နောက်မှ လူ နှစ်ယောက်ကို ပြောလိုက်သည် “ချန်းယီနဲ့ ယွန်းအာ ကြားလိုက်လား.. သူက ဝမ်းကွဲလို့ခေါ်လိုက်တယ်.. အဲလူက အဲလောက်ရင်းနှီးနေသလို ဘာလို့ခံစားရ တာလဲ”