သူ့နောက်လိုက်၊ အဲလူငယ်ကဘယ်သူလဲ
Vol. 20 Ch. 384
ထျန်းယီနှင့် ယင်းအာတို့နှစ်ယောက်လုံးသည် ဝတ်ရုံနက်များဝတ်ဆင် ထားကြသည်။ သူတို့နှစ်ယောက်လုံးသည် ခန္ဓာကိုယ်မှ ဝိညာဉ်ချီနည်းနည်းသာ ထွက်နေသည့် အဘိုးကြီးများဖြစ်ကြသည်။ သူတို့နှစ်ယောက်သည် တကယ် တော့ ကောင်းကင်အဆင့်ပညာရှင်များဖြစ်ကြသည်။ သူတို့သည် ဝတ်ရုံနီ ဝတ်ဆင်ထားသော လူငယ်ကို လက်သီးဆုပ်ဖြင့် နှုတ်ဆက်ကာပြောလိုက်သည် “သခင်လေး ကျုပ်မှတ်မိတာသာမျန်ရင် အဲလူက ငွေလရောင်အင်ပါယာရဲ့ မင်းသား ၅ ပဲ.. သူ့နာမည်က ချူဖုန်း”
“ချူဖုန်း ဟုတ်လား” ဝတ်ရုံနီဝတ်ဆင်ထားသောလူသည် ပေထင်းဟွမ် ကို စိတ်ဝင်စားနေသည်မှာ အမှန်ပင်။ သူ့မျက်လုံးများသည် အရောင်တောက် လာပြီး မက်မွန်သီးရောင်မျက်လုံးများသည် ရီဝေနေသည် “အဲတုန်းက သူ့ကို ငွေလရောင်အင်ပါယာ တော်ဝင်မိသားစုက နှင်ထုတ်ခဲ့တာ.. ငါ မှတ်မိတာ မမှားရင် သူ့အမေက ငွေလရောင်အင်ပါယာက မိဘုရားကြီးယွဲ့မုန့်ချင်းပဲ.. သူ့ ဝမ်းကွဲက ဘယ်သူလဲဆိုတာ သွားစုံစမ်းလိုက်”
“သခင်လေး ယွဲ့မုန့်ချင်းမှာ အစ်မရှိပါတယ်.. လွန်ခဲ့တဲ့ ၁၄ နှစ်က သူမက အလိုက်ခံရပြီး ပေထင်းမိသားစုရဲ့ ဂုဏ်ယူရတဲ့ပါရမီရှင် ပေထင်းလန်နဲ့ လက်ထပ်ခဲ့ပါတယ်.. အဲတုန်းက သူမနဲ့ရှန့်မိသားစုက လန်ချင်းမိုတို့က ‘ကျောက်စိမ်းပင်နဲ့ သုံးထောင်ဓားရဲ့နတ်ပုလွေ’ ဆိုပြီးလူသိများကြပါတယ်.. အဲဒီလူငယ်လေးက ၁၄ ၁၅ နှစ်ပဲရှိဦးမယ်ထင်တယ်.. ကျုပ်သာမမှားရင် သူက ပေထင်းမိသားစုရဲ့ သခင်လေးပဲဖြစ်မယ်”
ပေထင်းဟွမ်သည် သူမ၏မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ထား သော်လည်း ကောင်းကင်အဆင့်ဝိညာဉ်သခင်တစ်ယောက်အနေနှင့် သူမ၏ စိတ်စွမ်းအားသည် အလွန်အားကောင်းနေသည်။ သူမ၏ အသက်အရွယ်ကို ဖုံးထားနိုင်သည့် လှည့်စားခြင်းဝိညာဉ်လက်နက်မရှိသရွေ့ တစ်ဖက်လူသည် သူမ၏ အသက်အရွယ်ကိုအာရုံခံမိမည်ဖြစ်သည်။ သို့သော် ထိုလူမှာ မည်မျှပင် အားကောင်းစေကာမူ မျက်နှာဖုံးကိုဖြတ်ပြီး သူမ၏ပုံစံအစစ်အမှန်ကို မမြင်နိုင်ပေ။
“ပေထင်းမိသားစုဟုတ်လား.. သူက တကယ်ပဲ ပေထင်းမိသားစုကလား လွန်ခဲ့တဲ့ ၁၄ နှစ်က လူငယ်လား.. ပြိုင်ဘက်ကင်းပါရမီရှင်ပေထင်းကျင်ရဲ့ ညီငယ်လား.. သူက တိုက်တစ်ခုလုံး လှောင်ပြောင်ကြတဲ့ အသုံးမကျတဲ့ သခင်လေးမဟုတ်ဘူးလား” အနီရောင်နှင့်လူသည် ရှုပ်ထွေးစွာဖြင့် မေးလေ၏။
“ဟုတ်တယ် သခင်လေး ထူးဆန်းနေတယ်.. သခင်လေး ၉ က မွေးကတည်းက အသုံးကျဘဲ ဝိညာဉ်စွမ်းအင်မစုစည်းနိုင်ဘူးလို့ ပြောကြတယ်.. သူ လေးငါးနှစ်အရွယ်တုန်းက မိသားစုကနေ နယ်နှင်ဒဏ်ပေးထားတာ… ယုတ္တိကျကျပြောရရင် ဒီလိုမဖြစ်ရဘူးလေ” ယင်းအာသည်လည်း ကြောင်စီစီ ဖြစ်နေသည်။
“ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ.. သူ့နောက်လိုက်သွားပြီး ကြည့်ရင်သိမှာပဲမဟုတ်ဘူးလား” အနီရောင်နှင့်လူသည် အဓိပ္ပာယ်ပါပါပြော လေသည်။ လူငယ်၏အရိပ်သည် သူ့စိတ်ထဲတွင် ဆက်တိုက်လည်နေခဲ့သည်။ သူသည် အေးစက်သောအကျင့်စရိုက်ရှိကာ ဖြူစွတ်ထင်ပေါ်သောမေးစေ့အပြင် သူ၏ဖန်နှင့်တူသောမျက်လုံးများသည် မှော်ဆန်သည်။ တစ်ချက်ကြည့်လိုက် သည်နှင့် စိတ်ကိုအမြစ်စွဲသွားစေသည်။ “ဒီကောင်လေးက အရမ်းအရည်အချင်း ရှိပြီး အားကောင်းတယ်.. သူ့နောက်ကိုလိုက်ဖို့မလွယ်ဘူး”
“သူ့အာရုံကိုမဆွဲဆောင်မိအောင် သတိထားတာကောင်းမယ် အထင်လွဲ စရာတွေဖြစ်သွားရင်မကောင်းဘူး”
ထျန်းယီနှင့် ယင်းအာတို့သည် မှင်တက်မိကြသည်။ သူတို့နှစ်ယောက် သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကာ ထိုစကားများသည် သူတို့၏ သခင်လေးဆီမှထွက်လာသည်ကိုပင် မယုံနိုင်ဖြစ်နေသည်။ သူတို့ သခင်လေးက ဘယ်သူလဲ။ ထျန်းယင်းမျိုးနွယ်၏ တစ်ဦးတည်းသောသား ယွိရုန်းကယ်ဖြစ်သည်။ ထျန်းယင်းမျိုနွယ်သည် ပင်မတိုက်ကြီးတွင် ဒုတိယ တန်းစားအဖွဲ့အစည်းဖြစ်ကာ မျိုးနွယ်ကြီးလေးခုထက် မနိမ့်ပေ။ ထို့အပြင် သူတို့ သခင်လေးသည် ချောမောသောပါရမီရှင်ဖြစ်ကာ ရည်မှန်းချက်အလွန် မြင့်မားသည်။ သူသည် မည်သူ့ကိုမှ အရေးတယူမရှိဖူးပေ။ သို့သော် ယခုအချိန် တွင် သူသည် တစ်ခါမှမတွေ့ဖူးသည့် လူငယ်ကို တန်ဖိုးထားနေသည်။
သူတို့သခင်လေး၏ နှလုံးသားထဲတွင် ထိုလူငယ်၏နေရာကို ချိန်ကြည့်ရ မည်ထင်သည်။
သူတို့နှစ်ယောက်သည် စိတ်ထဲမှထိုအတွေးများတွေးကာ အနီရောင်ဝတ် ထားသောယွိရုန်းကယ်နောက်သို့လိုက်သွားကြလေသည်။ သူတို့သည် သူ ရေရွတ်သံကိုပင်ကြားလိုက်ရသည် “ကံကောင်းလို့ ကျွန်တော် ဒီတစ်ခေါက်ခိုးထွက်လာမိတာ.. မဟုတ်ရင် ဒီကောင်လေးနဲ့တွေ့မှာမဟုတ်ဘူး.. သူ နောက်တစ်နေရာ ဘယ်သွားမှာလဲဆိုတာ သိရင်အကောင်းဆုံးပဲ.. သူသာ အင်ပါယာကျောင်းရဲ့ ကျောင်းသားအသစ်စုဆောင်းတာပွဲမှာ ဝင်ပြိုင်ရင် ကျွန်တော်လည်းသွားမယ်”
ဘာ…
ထျန်းယီနှင့် ယင်းအာတို့ ထိုစကားကိုကြားသောအခါ မိုးကြိုးအပစ်ခံ လိုက်ရသလို ခံစားရလေသည်။ သူတို့ ယိမ်းယိုင်သွား၏။ သူတို့နှစ်ယောက် သည် ကောင်းကင်အဆင့်ပညာရှင်များဖြစ်ကြသည်။ သူတို့သည် တောင်နှင့် တောင်တန်းများစွာကို ဖြတ်သန်းလာခဲ့သည်။ သို့သော် သူတို့သည် မှော်သားရဲ တောအစွန်းနားရှိ မြေပြန့်တစ်နေရာသို့ ပြုတ်ကျသွားလေသည်။