အစောင့်အရှောက်စစ်သည်
Vol. 20 Ch. 385
“ခင်ဗျားတို့က ဘာလို့ အဲလောက်ခံစားချက်တွေ ပြင်းထန်နေတာလဲ” ယွိရုန်းကယ်သည် နားမလည်နိုင်ဖြစ်နေသည်။ သူသည် လှည့်ပြီး သူတို့နှစ် ယောက်ကို ကြည့်လိုက်သည် “ကျွန်တော်လည်း သူငယ်ချင်းတစ်ယောက် နှစ်ယောက်လောက်ရှိသင့်တယ်ထင်တယ်.. အစက ဒီတိုက်မှာ ကျွန်တော့် သူငယ်ချင်းဖြစ်ထိုက်တဲ့လူမရှိဘူးလို့ ထင်နေတာ.. ယန်ယဲ့ရဲ့ အရည်အချင်းက မနိမ့်ဘူး.. ဒါပေမဲ့ အဲလူရဲ့မျက်လုံးက ထိပ်ရောက်နေတာ.. နတ်ဘုရားကို တောင်အရေးလုပ်တာမဟုတ်ဘူး.. သူနဲ့သွားကစားတာက ကိုယ့်ဒုက္ခကိုယ်ရှာ တာမဟုတ်ဘူးလား.. ဒီကောင်လေးကို တစ်ချက်ကြည့်လိုက်တာနဲ့ သဘောကျ တယ်.. မဟုတ်ဘူး သူ့ကိုရမှဖြစ်မယ်”
ထျန်းယီနှင့်ယန်းအာတို့သည် နောက်ဆုံးစကားကိုကြားသောအခါ ထခုန် လုမတတ်ပင်။ သူတို့၏ခန္ဓာကိုယ်များသည် ပျော့ခွေသွားကာ နောက်ပြန်လန် ကျရာ မြေကြီးနှင့် ခပ်ကြမ်းကြမ်းတိုက်မိသွားပြန်သည်။
“သခင်လေး အဲဒါယောက်ျားလေးနော်” ထျန်းယီသည် ငယ်ရွယ်တုန်းပင်။ သူသည် အမြန်ပင်ထလိုက်သည်။ ထျန်းယင်းမျိုးနွယ်၏ အနာဂတ်အတွက် သူ အလျင်အမြန်ထပြီး ယွိရုန်းကယ်ကို ကြင်နာစွာသတိပေးရမည်။
ယွိရုန်းကယ်သည် ထျန်းယီအား အထင်သေးစွာကြည့်ကာ မပျော်မရွှင် ပြောလေသည် “ခင်ဗျားလည်း ရေရှည်ကြည့်တတ်တဲ့လူပဲ.. သူက ယောက်ျား လေးဆိုတာကို သိပါတယ်.. ယောက်ျားလေးဖြစ်လည်းဘာဖြစ်လဲ.. ကမ္ဘာပေါ် က မိန်းကလေးတွေကိုကြည့်လိုက်.. ကျွန်တော့်မိန်းကလေးဖြစ်ဖို့ ဘယ်သူက များ အရည်အချင်းမှီလို့လဲ.. ကျွန်တော်က အဲလိုမျိုးဖြေရှင်းမယ့်သူလား”
“ဒါပေမဲ့ သခင်လေး ဂိုဏ်းသခင်က မင်းကို ယောက်ျားတစ်ယောက်နဲ့ လက်ထပ်တာကို ခွင့်ပြုမှာမဟုတ်ဘူး” ယန်းအာသည် ထျန်းယီအား စိုက်ကြည့် လိုက်သည်။ သူဒီလောက်ကြီး ဒဲ့တိုးပြောရမှဖြစ်မှာလား။ ဒီလိုအချိန်မှာမှ ဘာလို့ ချုံပုတ်ကိုရိုက်နေတာလဲ။ သူက တည့်တည့်ကို ဒီကိစ္စကို ဖော်ထုတ် လိုက်တာပဲ။
“မိန်းမအနေနဲ့လား” ယွိရုန်းကယ်သည် ရုတ်တရက် သူ့စကားကိုရပ် လိုက်သည်။ သူလှည့်ပြီး ထျန်းယီနှင့် ယင်းအာကို ကြည့်လေသည် “လာနောက် နေတာလား.. အဲလူ့ကို တကယ်ကြီးဇနီးအဖြစ် ယူမယ်လို့ထင်နေတာလား.. အဲလူက ကျွန်တော့်မိန်းမဖြစ်ဖို့ နစ်နာလွန်းနေတာမဟုတ်ဘူးလား”
ထျန်းယီနှင့် ယင်းအာတို့ မျက်ရည်များကျလာသည်။ သူတို့ နောင်တရမိ ၏။ သူတို့ ဘာလို့များ ဒီနေရာထိ သခင်လေးနောက်ကို အကြောင်းအရင်းမရှိ လိုက်လာမိတာလဲ။ ထျန်းယင်းမျိုးနွယ်၏ အနာဂတ်သည် ပျက်စီးလုနီးပါးပင်။ သူတို့နှစ်ယောက်သည် ထျန်းယင်းမျိုးနွယ်တွင် ရွံရှာဖွယ်အကောင်းဆုံး လူများ ဖြစ်လာတော့မည်။
“သခင်လေး ဘာအဓိပ္ပာယ်လဲ” ထျန်းယီသည် လက်လွတ်စပယ်မပြောရဲ ပေ။ ဤလူ၏အကျင့်သည် အမှန်တကယ်ပင် ဆိုးလွန်းသည်။ သူသာ တခြားလူ နှင့် ငြင်းခုန်ချင်လျှင် ဂိုဏ်းသခင်ပင် သူ့ကိုဘာမှမတတ်နိုင်ပေ။ တစ်ခုတည်း သော သက်ရောက်မှုမှာ ဂိုဏ်းသခင်ကတော်မှ ငိုယိုပြီးဝုန်းဒိုင်းကြဲခြင်းပင်ဖြစ် ၏။ ရံဖန်ရံခါတွင် သူ စိတ်ပြောင်းနိုင်သည်။ အဓိကသော့ချက်မှာ လက်ရှိတွင် ဂိုဏ်းသခင်ကတော်မရှိနေခြင်းပင်။ သူနှင့်ယင်းအာသည် သူတို့လည်ပင်းပေါ် ဓားတင်လျှင်တောင် အသုံးဝင်မည်မဟုတ်ပေ။
“ကျွန်တော် သူ့ဘေးမှာ အမြဲနေနိုင်တယ်.. သူ့အစောင့်အရှောက် စစ်သည်ဆိုရင်တောင်ရတယ်.. အဲလိုဆိုရင် ကျေနပ်ပြီ” ယွိရုန်းကယ်သည် တမ်းတစွာဖြင့်ပြောလေသည်။ ထိုအေးစက်သောလူငယ်ကို စဉ်းစားပြီးနောက် သူ၏ ပေါ့ပါးသောလှုပ်ရှားမှုများသည် ဇာမဏီနှင့်သည်။ သူ၏ သတ်ဖြတ်သည့် နည်းလမ်း၊ ချူဖုန်းပေါ်ထားသည့် ကြင်နာသည့်သဘောထား ထိုအရာများကို ကြည့်ပြီး ယွီရုန်းကယ်၏ နှလုံးသည် ရုတ်တရက် မသက်မသာခံစားလာရ၏။ သူသည် ရုတ်တရက် ချူဖုန်းနေရာအစားဝင်ပြီး သူမဘေးတွင်နေချင်လာသည်။ သူမသည် သူ့ကိုကြည့်လာလျှင်တောင် သူ့အသက်ကိုစွန့်လွှတ်ရန် တွေဝေနေ မည်မဟုတ်ပေ။
အစောင့်အရှောက်စစ်သည်ဟုတ်လား။
ထျန်းယီနှင့် ယင်းအာတို့သည် မေ့လဲချင်လာသည်။ ယင်းအာသည် အော်ငိုချင်သော်လည်း မျက်ရည်မထွက်ပေ။ “သခင်လေး ဒါကလုံးဝကို မသင့်တော်ပါဘူး.. သူ့အစောင့်အရှောက်စစ်သည်ဖြစ်ဖို့ ကျိန်လိုက်တာနဲ့ သခင်လေးက ဒီဘဝမှာ ဇနီးယူလို့မရတော့ပါဘူး.. ဒါကလုံးဝကို လက်မခံနိုင် စရာပဲ.. သခင်လေးသာ ခေါင်းမာနေဦးမယ်ဆိုရင် ဓားကိုင်ပြီး လက်အောက် ငယ်သားရဲ့လည်ကို အရင်ဖြတ်လိုက်ပါ”
“ဟင်း အမြဲတမ်းလည်ဖြတ်ဖို့နဲ့ပဲ ခြိမ်းခြောက်နေတာ.. ကျွန်တော် ဂရုမစိုက်ဘူးလို့ထင်နေတာလား” ယွိရုန်းကယ်သည် အေးစက်စွာနှာမှုတ်ပြီး ထျန်းယီနှင့် ယင်းအာတို့ကို စိမ်းကားသောအကြည့်ဖြင့် ကြည့်လိုက်သည် “ကျွန်တော် သတိပေးလိုက်မယ်.. နောက်ကို သူ့ကိုရပြီး ရင်းနှီးသွားရင် သူ့ကို အရင်ဦးစားပေးရမယ် ကြားလား..”
“သူသာ သခင်လေး ၉ သာဆိုရင် သခင်လေး.. သူက လော့ပေမြို့ရဲ့ မြို့ဝန် မုမိသားစုရဲ့ အကြီးဆုံးသမီးနဲ့စေ့စေပ်ထားတာ.. သခင်လေး.. ပေထင်းမိသားစုသခင်လေး ၉ ရဲ့ အစောင့်အရှောက်စစ်သည်ဖြစ်ဖို့ မကျိန်လိုက် ပါနဲ့” ယွိရုန်းကယ် ဒေါသထွက်သွားသည်ကို ထျန်းယီမင်သိသည်။ သို့သော် လည်စင်းခံကာ ပြောလိုက်သည် “သခင်လေး စိတ်ပူရင် ယင်းအာနဲ့ ကျုပ်တို့က သခင်လေးကိုယ်စား သခင်လေး ၉ ကိုသစ္စာရှိပါမယ်လို့ ကျိန်ချင်ပါတယ်…”