အစ်ကိုကြီးချင်းယွိ၊ လာကြိုတာလား
Vol. 20 Ch. 386
သူ တစ်စုံတစ်ယောက်၏ အစောင့်အရှောက်စစ်သည်ဖြစ်ရန် ကျိန်ဆို လိုက်သည်နှင့် အခုမှစပြီး ထိုလူကိုသူ့စိတ်ထဲမှ ကာကွယ်ရတော့မည်။ သူသည် တခြားလူကို ချစ်သွား၍မရသလို ကာကွယ်ချင်သူကိုလည်း ကာကွယ်၍ရတော့ မည်မဟုတ်ပေ။ ယောက်ျားသားတစ်ယောက်အတွက် အိမ်ထောင်ပြုရန် လမ်းစမရှိတော့ပေ။
ထျန်းယီနှင့် ယန်းအာတို့သည် ယွိရုန်းကယ်၏ ကိုယ်ရံတော်များဖြစ်ကြ သည်။ ယွိရုန်းကယ်သည် ခိုးထွက်လာခဲ့သည်။ သူတို့နှစ်ယောက် စောစီးစွာ သိခဲ့သဖြင့် အမြန်လိုက်လာခြင်းပင်။ ယခုလိုဖြစ်မည်ကိုသာ ကြိုသိခဲ့ပါက သူတို့နှစ်ယောက်သည် မသိချင်ယောင်ဆောင်နေမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့ ဒုက္ခရောက်မည်မဟုတ်တော့ပေ။
သူ့ကို အတိုင်းအတာထိ စောင့်ရှောက်နေရသည်မှာ အရင်ကတည်းက ဒီ့ထက်ဝမ်းနည်းစရာမရှိတော့ဟု ထျန်းယီနှင့်ယင်းအာတို့ ခံစားရသည်။ ထိုလူငယ်သည် မိန်းကလေးဖြစ်နေလျှင်တော်သေးသည်။ သခင်လေး၏ အရည်အချင်း၊ အသွင်အပြင်နှင့်ဆိုလျှင် မည်သို့သောလူမျိုးက သူနှင့်အတူမရှိ ဘဲနေနိုင်မည်နည်း။ အဓိကကျနေသည်မှာ ထိုလူသည် ယောက်ျားလေးဖြစ်နေ သည်။
သူ ပေထင်းဟွမ်နှင့် အလှမ်းဝေးသွားမည်ကို စိုးရိမ်သဖြင့် ယွိရုန်းကယ် သည် မြေကြီးကို ခြေဖျားဖြင့်ထောက်ကာ မဟာမိတ်မြို့ရှိရာဘက်သို့ ပျံသန်း သွားလိုက်သည်။ မထင်မှတ်စွာပင် သူမြို့အဝင်တံခါးသို့ရောက်သောအခါ သူ တောင့်တနေသည့် လူငယ်ကိုမမြင်ခဲ့ရပေ။ သူသည် စိတ်ဓာတ်ကျသွား၏။ သူ အရှိန်ပြင်းပြင်းဖြင့် အမြန်သွားလိုက်သည်။ ယုတ္တိကျကျပြောရလျှင် သူသည် နောက်ကျကျန်ခဲ့၍မဖြစ်ပေ။
မြို့တံခါးစောင့်နေသော အစောင့်အကြပ်များကို မေးပြီးနောက် ပေထင်းဟွမ် ရောက်မလာသည်ကို သိခဲ့ရသည်။
မြို့တံခါးအဝတွင် အုပ်စုနှစ်စုရပ်နေသည်။ တစ်စုမှာ နှင်းဝံပုလွေ ကြေးစားအဖွဲ့ဖြစ်ကာ လူအယောက် ၅၀ ခန့်ရှိသည်။ တခြားအဖွဲ့မှာ အယောက် ၁၀၀ ကျော်ရှိသော အထွေထွေတပ်စုဖြစ်သည်။ သို့သော် သူတို့၏ အသွင်အပြင်အရ အားကောင်းသည်ကို မြင်ရသည်။ ခေါင်းဆောင်မှာ ကောင်းကင်အဆင့်ဓားသခင်ဖြစ်သည်။ ကြည့်လိုက်သည်နှင့် ထျန်းယီနှင့် ယင်းအာတို့သည် ထိုလူ့ကို ရင်းနှီးသလိုခံစာရသည်။
နှင်းဝံပုလွေကြေးစားအဖွဲ့၏ခေါင်းဆောင်သည် ကြေးစားအဖွဲ့၏သခင် လေးဖြစ်သူ ချင်းယွိပင်။ သူသည် အသက် ၂၅၊ ၂၆ ခန့်ရှိကာ ပေါ့ပါးသော ချပ်ဝတ်တန်ဆာနှင့် အပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ သူသည် ချောမောကာ ထူးခြားသည့်ရောင်ဝါရှိသည်။ သူ့နောက်၌ ကျောပေါ်တွင် လေးလံသောဓားကြီးကို လွယ်ထားသည့်လူတစ်ယောက်နှင့် သန့်စင်သော လေးကိုလွယ်ထားသည့် ဝိညာဉ်သခင်တစ်ယောက်ရျိသည်။ ၎င်းသည် တိုင်နွန် နှင့် ရီကဲတိုတို့ဖြစ်ကာ ချင်းယွိနှင့် ပျော်ရွှင်စွာ စကားပြောနေကြသည်။
“သခင်လေး ကျုပ်တို့ နားကြားမမှားရင်.. အဲအဖွဲ့က သူတို့ကိုယ်တိုင် မျက်စိနဲ့မြင်ခဲ့တာ.. သခင်ကြီးပေယဲ့က ရေနက်တံဆိပ်ကို ရေနက်ကြေးစား အဖွဲ့ကို ပြန်ပေးပြီး မွန်မြတ်တဲ့သားရဲကို ဆုအဖြစ်ပေးခဲ့တာ.. သခင်လေး စဉ်းစားကြည့်နော်.. ရေနက်တံဆိပ်ကို တပ်မှူးဟွမ်ယွမ်က သခင်ကြီးပေယဲ့ကို အဲနေ့ကပေးခဲ့တာမလား.. တပ်မှူးဟွမ်ယွမ်က ရည်ရွယ်ချက်ကောင်းကောင်း နဲ့ပေးခဲ့တယ်ဆိုပေမဲ့ အကောင်းတွေချည်းဖြစ်မလာဘူးလို့ သခင်လေးပြောခဲ့ သေးတယ်” တိုင်နွန်သည် ပေထင်းဟွမ်အကြောင်းပြောရာတွင် ပျော်နေသည်။ သူသည် သေဆုံးခြင်းချောက်နှင့် မြင့်မြတ်သောဝိညာဉ် အပျက်အစီးတွင် ပေထင်းဟွမ်နှင့်အတူရှိခဲ့သည်။ သူနှင့် ရီကဲတို၏စိတ်ထဲတွင် ပေထင်းဟွမ် သည် ငယ်ရွယ်သေးသော်လည်း မယုံနိုင်စရာရိုက်ချက်ကြီးပင်။
“ဟုတ်တယ်” ရီကဲတိုသည် လက်ကိုပွတ်ကာ မှော်သားရဲတောရှိရာဘက် သို့ တက်ကြွသောအကြည့်ဖြင့်ကြည့်လေသည် “သခင်ကြီးပေယဲ့ကို ဒီလောက် မြန်မြန်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး”
သူ့စကားမဆုံးခင်မျာပင် ကြီးမားသောသားရဲပျံသည် မှော်သားရဲတောမှ ထွက်လာသည်။ သူသည် လေထဲတွင် ဆူဆူညံညံအသံများကြားလိုက်ရပြီး ဂဠုန်တစ်ကောင်သည် သူတို့အဖွဲ့ရှိရာဘက်သို့ အလျင်စလိုလာနေသည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ရီကဲတိုသည် လက်ကိုဝေ့ယမ်းလိုက်သည်နှင့် သူ့ လက်ထဲတွင် လေးတစ်ချောင်းပေါ်လာသည်။ တစ်ဖက်လူသည် မွန်မြတ်သော သားရဲဖြစ်သည့်တိုင်အောင် အနည်းဆုံးတော့ ကြားခံအဖြစ်ပိတ်ဆို့နိုင်လိမ့် မည်။
“မပစ်နဲ့ အဲဒါမုန့်အာပဲ”
ဤမှော်သားရဲပျံတွင် ပိုင်ရှင်ရှိသည်။ ၎င်းသည် အဖွဲ့နှင့် သုံးပေအကွာ အရောက်တွင်ရပ်သွားပြီး လူတစ်ယောက်သည် ကျောပေါ်မှ လှိမ့်ဆင်းလာ၏။ ၎င်း၏ခြေထောက် မြေကြီးနှင့်မထိခင်မှာပင် ၎င်းသည် ချင်းယွိအား ပွေ့ဖက် လေသည်။ တိုင်နွန်သည် အမြန်တားလိုက်သည်။ ထိုလူကိုမြင်သည်နှင့် သူသည် တအံ့တဩမေးလေသည် “သခင်မလေးဟွမ်မုန့် ဘာဖြစ်လာတာလဲ”
“အစ်ကိုကြီးချင်းယွိ ကျွန်မကိုလာကြိုတာလား” ဟွမ်မုန့်သည် ချင်းယွိ အား မယုံနိုင်စွာဖြင့်ကြည့်လေသည်။ သူသည် ဤမျှကြီးမားအသောအဖွဲ့ကို ခေါ်လာခဲ့သည်။ သူမ မြို့ကိုပြန်လာမှာကိုသိပြီး အထူးတလည် လာကြိုတာ လား။