← Chapters

သခင်ကြီးဟွမ်ကျို့

Vol. 20 Ch. 387

သခင်ကြီးဟွမ်ကျို့

Vol. 20 Ch. 387

ထိုအခိုက်အတန့်တွင် ပုံရိပ်နှစ်ခုသည် မှော်သားရဲတောအစွန်းတွင် ပေါ်လာပြန်သည်။ ယွိရုန်းကယ်သည် ရောက်လာသောလူ၏ မျက်နှာကိုမမြင်ရ သေးခင်မှာပင် သူ့အနားရှိတပ်ဖွဲ့ဝင်များသည် ရွှင်မြူးပြီး ထိုပုံရိပ်နှစ်ခုဆီသို့ ပြေးသွားကြလေသည်။

“စစ်ဦးစီး ကောင်းလိုက်တာ ငါတို့စစ်ဦးစီးနဲ့ တပ်မှူးတို့ ရောက်လာကြပြီ”

“စစ်ဦးစီးနဲ့ တပ်မှူး ကျွန်တော်တို့ ဒီမှာ ဒီမှာ”

“ဟားဟား ကောင်းလိုက်တာ တပ်မှူးနဲ့ အဖွဲ့ခေါင်းဆောင်တို့ ပြန်လာကြ ပြီ”

စစ်ဦးစီးနဲ့ တပ်မှူးဟုတ်လား။ ယွိရုန်းကယ်သည် နီးကပ်လာသော ပုံရိပ် နှစ်ခုကို ကြည့်လိုက်သည်။ ၎င်းသည် နေ့တစ်ဝက်ကြာသာ မတွေ့ခဲ့ရသော်ငြား သူစိတ်ပူခဲ့ရသည့် အနက်ရောင်ဝတ်ရုံနှင့်လူငယ်ဖြစ်သည်။ သူ့ဘေးမှ ချူဖုန်း သည် ပေါ့ပါးသောချပ်ဝတ်တန်ဆာနှင့် နှင်းဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူတို့အပေါင်းအဖော်များ၏ အော်သံကိုကြားပြီးနောက် သူတို့နှစ်ယောက်သည် ဝတ်ရုံများကို ဆွဲဖယ်လိုက်ရာ ရင်းနှီးသောအကြည့်များသည် အားလုံးရှေ့တွင် ပေါ်ပေါက်လာသည်။

“ပေယဲ့”

ဟွမ်မုန့်သည် မျက်စိရှေ့တွင်ရှိသောချင်းယွိကို ငေးငိုင်စွာကြည့်မိ၏။ သူမသည် ကြောက်ရွံ့ခဲ့သည်။ များပြားလှသော မှော်သားရဲများ ရုတ်တရက် သူတို့ဆီသို့ ပြေးလာသည်ခဲ့ရာ သူမ၏ ဘဝတွင်ထိုကဲ့သို့မြင်ကွင်းမျိုးကို မမြင် ဖူးခဲ့ပေ။ သူမ မည်သို့မကြောက်ဘဲနေတော့မည်နည်း။

သူမ ပြေးလွှားပြီးနောက် ထိုလူများသည် သူမအား လှောင်ရယ်ကြမည်မှာ သေချာပေါက်ပင်။ သူမ လှောင်ပြောင်ခံရမည်ကိုတွေးမိသည်နှင့် ဟွမ်မုန့်သည် ပုန်းစရာနေရာရှာပြီး မှီခိုရန် ပခုံးကိုရှာချင်မိသည်။ ပေယဲ့ဆိုတော့လည်း ဘာဖြစ်လဲ။ သူက ဝေးကွာလွန်းပြီး သူမ မရောက်နိုင်ပါဘူး။ အစ်ကိုကြီးချင်းယွိ ကပဲ ငယ်ငယ်ကတည်းကသိလာပြီး သူမကိုကူညီခဲ့တာပဲ။

“အစ်ကိုကြီးချင်းယွိ”

ချင်းယွိ၏စကားများအရ ပေယဲ့သည် သူမရှာနေသည့်လူဟု ဆိုလိုနေပြီး ပေယဲ့သည် သူမ၏ဖခင်ဟွမ်ယွမ်သဘောကျသည့်လူဖြစ်နေသည်ကို ဟွမ်မုန့် သိခဲ့သည်။ ရေနက်တံဆိပ်ပြားရသူသည် သူမ၏ ခင်ပွန်းလောင်းဖြစ်လာလိမ့် မည် “အစ်ကိုကြီးချင်းယွိ ပေယဲ့ကိုကျွန်မ မလိုချင်ဘူး.. အဖေ့ကို ရေနက်တံဆိပ် ပြန်ယူခိုင်းလိုက်..”

သူမ စကားမဆုံးခင်မှာပင် ချင်းယွိ၏ မျက်နှာပေါ်မှ အံ့ဩသောအကြည့် ကိုမြင်လိုက်ရသည်။

သူမ၏စိတ်ထဲတွင် ပျော်ရွှင်မှုများ ပြည့်သွားတော့သည်။ ပျော်ရွှင်မှုကို အပြည့်အဝမခံစားရသေးခင်မှာပင် ချင်းယွိသည် ရှေ့တိုးကာ သူမအားထားခဲ့ပြီး မှော်သားရဲတောဆီသို့ အမြန်သွားလိုက်သည်ကိုမြင်လိုက်ရသည်။

ဟွမ်မုန့်သည် မှင်တက်သွားသည်။ အားလုံးသည် သူရဲကောင်းကို ကြိုဆို နေသည့်အလား တက်ကြွနေသည်ကို မြင်လိုက်ရသည်။ သူတို့၏မျက်နှာများ မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် အရင်က ယခုလို မဖြစ်ဖူးပေ။

ဟွမ်မုန့်သည် တဖြည်းဖြည်းခေါင်းလှည့်လာသည်။ ထိုလူနှစ်ယောက်ကို မြင်သောအခါ သူမ မှင်တက်သွားမိသည်။ ထိုလူနှစ်ယောက်သည် သူမ မညှာမတာ တိုက်ခိုက်ခဲ့သူဖြစ်သည်။ သူမ၏ အလုပ်သမားများ အဖွဲ့ဝင်များကို ပစ်ထားပြီးထွက်ပြေးစဉ်က ထိုလူနှစ်ယောက်သည် တောထဲတွင် ဝံပုလွေများ ဝိုင်းခြင်းကိုခံနေရသည်နှင့်တူသည်။ ဒီလူနှစ်ယောက်က ဘယ်လိုလွတ်လာတာ လဲ။

ပြီးတော့ စစ်ဦးစီးနဲ့တပ်မှူးဟုတ်လား။ ဪ ဟုတ်သားပဲ အစ်ကိုကြီး ချင်းယွိက ခုနက ဘာပြောလိုက်တာလဲ။

“သခင်ကြီးပေယဲ့ တကယ်ပဲ သခင်ကြီးပေယဲ့ပဲ” နှင်းဝံပုလွေကြေးစား အဖွဲ့၏ ရီကဲတိုသည် အရှေ့သို့ပြေးထွက်သွားသည်။ သူ့အသံသည် အကျယ်ဆုံး ဖြစ်ကာ ရှေ့သို့တိုးသွားပြီး ပေထင်းဟွမ်၏ရှေ့၌ အရိုအသေပေးလေသည် “သခင်ကြီးပေယဲ့.. မဟုတ်သေးဘူး သခင်ကြီးဟွမ်ကျို့…”

“ဟုတ်တယ် သခင်ကြီးဟွမ်ကျို့” တိုင်နွန်သည် ရုတ်တရက် သတိရလာ သည်။ သူတို့မရောက်ခင်တွင် မြင့်မြတ်သောဝိညာဉ်အပျက်အစီးတွင် ဖြစ်ခဲ့သည့် မှော်သားရဲစီးကြောင်းနှင့်တိုက်ပွဲတွင် ပေထင်းဟွမ်သည် မွန်မြတ် သောသားတော်ကို သတ်ခဲ့ကြောင်းကို ချင်းယွိမှ သူတို့ကို ပြောပြခဲ့သည်။ ပြဿနာမဖြစ်စေရန် သူတို့သည် ပေထင်းဟွမ်ကိုမြင်သည်နှင့် ‘ဟွမ်ကျို့’ ဟု ခေါ်ဝေါ်ရန် အထူးမှာကြားခဲ့သည်။

ကံကောင်းစွာပင် မိုးမလင်းသေးသလို မြို့တံခါးဝတွင် မည်သူမှရှိမနေ ကာ မြို့တံခါးစောင့်များသည်လည်း အဝေးတွင်ရှိနေသည်။ ပေထင်းဟွမ်နှင့် ချင်းယွိတို့သည် တစ်ယောက်နှင့်တစ်ဘောက်ကြည့်လိုက်ကာ ကူကယ်ရာမဲ့ သော အရိပ်အယောင်များကို မြင်လိုက်ရလေ၏။ သူတို့သည် ရိုးသားပြီး သစ္စာ ရှိသော ထိုယောက်ျားများကို ဘာမှမလုပ်နိုင်ပေ။ ထိုလူများ၏ ကိုးကွယ်မှုနှင့် လေးစားမှုသည် ‘ပေယဲ့’ ဆိုသော နာမည်နှင့် တွဲလျက်ပါလာသည်။

All Chapters