← Chapters

မင်းကသခင်ကြီးပေယဲ့ရဲ့ ဖိနပ်ကိုင်ဖို့တောင် မတန်ဘူး

Vol. 20 Ch. 388

မင်းကသခင်ကြီးပေယဲ့ရဲ့ ဖိနပ်ကိုင်ဖို့တောင် မတန်ဘူး

Vol. 20 Ch. 388

“အစ်ကိုကြီးချင်းယွိ”

“ရှောင်ကျို့”

မတွေ့တာကြာသည့် ညီအစ်ကိုကောင်းနှစ်ယောက်သည် တွေ့သည်နှင့် သူတို့၏လက်သီးဆုပ်များနှင့် ခပ်ကြမ်းကြမ်းတိုက်မိကြသည်။ ချင်းယွိသည် လက်ကိုပြန်ရုတ်လိုက်သည်။ ထို့နောက် သူ၏ရှည်လျားသောလက်ကို ဆန့်ထုတ်ကာ ပေထင်းဟွမ်အား တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ သူသည် သူမ၏ပခုံးကို နှစ်ကြိမ်မျှ ပုတ်လေသည် “မင်းကိုတွေ့ဖို့ လိုဦးမယ်လို့ထင်နေ တာ”

“အတူတူပဲ”

ညီအစ်ကိုများဖြစ်နေသဖြင့် တခြားဘာမှပြောရန်မလိုတော့ပေ။

ဘေးမှကြည့်နေသော ချူဖုန်းသည် မနာလိုဖြစ်နေသည်။ သူ့မျက်လုံး ထောင့်များသည် တွန့်ချိုးနေသည်။ သို့သော် ရှောင်ကျို့သည် အမြဲတမ်း လင်းလက်သည့်တည်ရှိမှုမျိုးဖြစ်သည်ဟု သူထင်သည်။ သူ ရှောင်ကျို့ကို မြင် လိုက်သည့်အချိန်တိုင်းတွင် သူမ၏ ဆွဲဆောင်ခြင်းကိုခံရကာ သူမဘေးတွင် နေချင်မိသည်။ တခြားလူများအတွက်လည်း ထိုနည်း၎င်းပင်။

ထို့အပြင် သူသည် သူမ၏ဝမ်းကွဲအစ်ကိုဖြစ်ကာ ရှောင်ကျို့နှင့် ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးရှိသေးသည်။ ထို့အပြင် ရှောင်ကျို့၏သရုပ်မှန်မှာ မိန်းကလေးဖြစ်သည်ကို သူတစ်ယောက်တည်းသိပုံပေါ်ပြီး သခင်လေးချင်းယွိ မသိသေးသည့်ပုံပင်။ ထိုအကြောင်းအားတွေးမိပြီး ချူဖုန်းသည် ထူးခြားသည် ဟု ခံစားလာရသည်။ ထို့အပြင် သူသည် တခြားသူများထက် ရှောင်ကျို့နှင့် ပိုရင်းနှီးသည်။

“စစ်ဦးစီးနဲ့တပ်မှူး.. သခင်ဝမ်ဝေ့က အကောင်းဆုံးပဲ.. နောက်နှစ်ရက်နေ ရင် စစ်ဦးစီးတို့ရောက်လာမယ်လို့ သူမှန်းထားလို့ တံခါးမှာလာစောင့်နေကြတာ နောက်ဆုံးတော့ ရောက်လာကြပြီပဲ” သူမ ပေထင်းဟွမ်ကို မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ ဆယ်လင်းသည် ဤလူငယ်ခေါင်းဆောင်ကို လွမ်းနေတုန်း ပင်။

အဖွဲ့ထဲမှ မိန်းမငယ်လေးများသည် ပို၍ပင် စိတ်လှုပ်ရှားလျက်ရှိသည်။ သူတို့သည် အားလုံးကို ဂရုမစိုက်ဘဲ ပေထင်းဟွမ်အား လွမ်းဆွတ်မှုကို ပြသနေ သည်။

“ခေါင်းဆောင်.. ခေါင်းဆောင်မရှိတော့ ကျွန်မတို့အရမ်းလွမ်းနေကြတာ”

“ဟုတ်တယ် ခေါင်းဆောင်.. ရှင်သာ မြန်မြန်ပြန်မလာရင် ကျွန်မတို့ မှော်သားရဲတောကိုဝင်ပြီး လာရှာတော့မလို့”

“ခေါင်းဆောင် ကျွန်မ ရှင့်ကိုဖက်ချင်လို့”

ချက်ချင်းဆိုသလိုပင် ဇက်ရဲလက်ရဲရှိသူများသည် ပေထင်းဟွမ်ပေါ် ခုန်အုပ်ပြီး တင်းကြပ်စွာပွေ့ဖက်ကာ သူမ၏မျက်နှာဖုံးပေါ်သို့ အနမ်းခြွေကြ လေသည်။ ချက်ချင်းဆိုသလိုပင် သံမဏိသွေးနှင့် နှင်းဝံပုလွေကြေးစားအဖွဲ့မှ လူများသည် အားကျကြသည်။ ပေထင်းဟွမ်သည် မငြင်းဆန်ပေ။ သူမသည် လက်ဆန့်ထုတ်ကာ သူမအား လာဖက်သောမိန်းကလေးအား ပြန်ဖက်ရာ ကြေးစားအဖွဲ့နှစ်ဖွဲ့မှ မိန်းကလေးများ အရူးအမူးဖြစ်ကြလေသည်။

“ကျွန်မရော ကျွန်မရောပဲ”

“ခေါင်းဆောင် ကျွန်မလည်းရှိသေးတယ်”

“ခေါင်းဆောင် ကျွန်မအရင်ဖက်မယ် ကျွန်မအရင်ရောက်တာ”

ချူဖုန်းသည် အနည်းငယ် ဆွံ့အမိသည်။ တခြားလူများမသိသော်လည်း ရှောင်ကျို့သည် မိန်းကလေးဖြစ်သည်ကို သူသိသည်။ ထိုမိန်းမငယ်လေးများ သည် ရှောင်ကျို့ကို စားမတတ်ဝါးမတတ်ဝိုင်းနေကြသည်။သူတို့သည် ပေထင်းဟွမ်အား စောင့်ကြပ်နေသည့် ချူဖုန်းနှင့် ချင်းယွိတို့ကို ဘယ်ညာ နှစ်ဖက်သို့ တွန်းထုတ်ကြသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ် ယောက် မတတ်သာစွာဖြင့် ကြည့်လိုက်ကြသည်။

“ဒီလူ ဒီလူ ဒီလူ…” ဟွမ်မုန့်သည် လူဝိုင်းနေသော ပေထင်းဟွမ်အား ကြည့်ပြီး ပြုံးနေသောမျက်နှာများကို ပြန်မြင်ယောင်လာသည်။ သူမသည် ထိတ်လန့်လွန်းသဖြင့် ပါးစပ်ပင်မပိတ်နိုင်တော့ပေ။ သူမသည် ပါးစပ်ကျယ်ကျယ်ဟထားသည်မှာ ဥပင်ဝင်ဥ၍ရလောက်သည် “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဒီလူက ဘယ်လိုလုပ် သခင်ကြီး ပေယဲ့ဖြစ်နေတာလဲ.. သူက ကာကွယ်ကြေးပေးဖို့တောင် မတတ်နိုင်လောက် အောင် မွဲနေတာမဟုတ်ဘူးလား”

ဟွမ်မုန့်မှ အထိတ်တလန့် အော်လိုက်သံကိုကြားပြီး မြို့တံခါးတစ်ခုလုံး ငြိမ်ကျသွားသည်။ အားလုံးသည် ဟွမ်မုန့်အား လှည့်ကြည့်ကြသည်။ ဘာလဲဟ။ ငမွဲဟုတ်လား။ အမြင့်ဆုံးသားရဲထိန်းကို ငမွဲပါလို့ ပြောတဲ့သူ ဒီကမ္ဘာမှာရှိသေး တာလား။ အမှားအယွင်းတစ်ခုခုများလား။ ဒီမိန်းမက ဘယ်သူလဲ။ ရူးများနေ သလား။

“အစ်ကိုကြီးချင်းယွိ မှားများနေသလား.. ဒီလူကို ကျွန်မသိတယ်.. သူက ကျွန်မတို့အဖွဲ့နောက်လိုက်ပြီး အကာအကွယ်လိုချင်နေတာ.. ဒါပေမဲ့ ကာကွယ် ကြေးတောင်မတတ်နိုင်ဘူး.. သူ့မျက်နှာဖုံးကိုကြည့်ပါဦး.. အဲဒါကို သူ့ကို ဘယ်လိုလုပ် သခင်ကြီးပေယဲ့လို့ခေါ်ကြတလဲ” ဟွမ်မုန့်သည် ပေထင်းဟွမ်အား ညွှန်ပြကာ ခံပြင်းစွာ ကျိန်ဆဲလေသည်။ “လူလိမ်.. ဘာတွေများလှည့်စားဦး မလို့လဲ.. မင်းကိုယ်မင်း ပေယဲ့ပါလို့ ဘယ်လိုများပြောရဲတာလဲ မှန်မကြည့်ဘူး လား.. ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ပါဦး.. မင်းက သခင်ပေယဲ့ရဲ့ ဖိနပ်ကိုင် ဖို့တောင် မတန်ဘူး”

All Chapters