← Chapters

စစ်ဦးစီးကဆင်းရဲနေလို့လား

Vol. 20 Ch. 389

စစ်ဦးစီးကဆင်းရဲနေလို့လား

Vol. 20 Ch. 389

ပေယဲ့ဆိုသည်ကို သံမဏိသွေးကြေးစားအဖွဲ့မှလူများ မသိသော်လည်း ချင်းယွိသိသည်။ ယနေ့လာသော နှင်းဝံပုလွေကြေစားအဖွဲ့သည် ပေထင်းဟွမ် နှင့် ဘေးချင်းယှဉ်တိုက်ခိုက်လာသူများဖြစ်ကြသည်။ သူမသည် လန်ချန်းဖုန်း ကို သတ်ခဲ့ပြီး မြင့်မြတ်သောဝိညာဉ်အပျက်အစီးစစ်ပွဲအတွင်း ကျော်ကြားခဲ့ သည်ကိုလည်း ကိုယ်တိုင်မြင်ခဲ့ကြသည်။

သူမ၏မျက်လုံးများ၊ အေးစက်သောအမူအကျင့်၊ ပုံရိပ်နှင့် လူအများ၏ သွေးကိုဆူပွက်စေပြီးရှေ့သို့တိုးရန် တက်ကြွစေသော အသံကို မည်သူမှ မေ့မရ ပေ။

သူတို့၏ခေါင်းဆောင်ကို ထိုအတိုင်းအကဲဖြတ်နေသည်ကို သံမဏိသွေး ကြေးစားအဖွဲ့မှလူများကြားသောအခါ မှင်တက်မိကာ အံ့ဩမှုကြောင့် မျက်နှာ များပင် တုန်ယင်လာသည်။ ဒီတုံးအလွန်းတဲ့ မိန်းမကဘာပြောလိုက်တာလဲ။ ခေါင်းဆောင်ကို ငမွဲလို့ပြောလိုက်တာလား။ မိုးနတ်မင်းရေ.. သူတို့ခေါင်းဆောင် က ငမွဲဆိုရင် ဒီကမ္ဘာမှာ ဘယ်သူကများ ချမ်းသာနိုင်ဦးမှာလဲ။ သူတို့ခေါင်းဆောင်က မွန်မြတ်တဲ့သားရဲတွေကို ပေးပစ်တာကို သိရောသိရဲ့ လား။

သူတို့ ဝိညာဉ်ခွဲချောက်တွင် မိသားစုကြီးလေးခုနှင့် လမ်းခွဲခဲ့စဉ်က သူတို့၏ ခေါင်းဆောင်သည် သူတို့ကို မွန်မြတ်သောသားရဲ ၁၅ ကောင်ကို ပေးထားခဲ့သည်။ ၁၅ ကောင်လုံးကို ထိန်းကျောင်းပြီးသားဖြစ်သည်။ အကယ်၍ သူတို့သာ ကုန်သည်လေလံအိမ်သို့ ယူသွားပါက မွန်မြတ်သောသားရဲ တစ်ကောင်၏ ဈေးကွက်သည် ပတ္တမြား တစ်ဘီလီယံခန့်ရှိမည်။ တိုက်ကြီးတစ် ခုလုံးမှာ ဘယ်အဖွဲ့အစည်းကများ အဲလိုအစွမ်းအစရှိမှာလဲ။

ထို့အပြင် စစ်ဦးစီးနှင့်တပ်မှူးတို့ သူတို့နှင့်လမ်းခွဲပြီးနောက် ဝိညာဉ်ခွဲ ချောက် အနက်ပိုင်းထဲသို့ ဝင်သွားခဲ့ကြသည်။ သူတို့သည် နတ်သားရဲများကို ဖမ်းဆီးခြင်း ဝိညာဉ်သစ်သီးများရယူခြင်းတို့မှ ကြီးမားသောပမာဏကိုရှာဖွေ နိုင်လောက်သည်။ ဤတုံးသောသူသည် သူတို့စစ်ဦးစီးကို မွဲတေသည်ဟုပင် ပြောရဲသေးသည်။

သူမကသာ မွဲနေတာ ဟုတ်ပြီလား။

“ဒီမှာရုပ်ဆိုးဆိုးနဲ့ မိန်းကလေး မင်းဘာပြောလိုက်တာလဲ ငါတို့စစ်ဦးစီးက မွဲနေတယ်လို့ပြောလိုက်တာလား” ပေထင်းဟွမ်ကို ပထမဆုံးအနမ်းခြွေသည့် သံမဏိကြေးစားအဖွဲ့မှ မိန်းကလေးသည် ဒေါသထွက်လေသည်။ ခပ်တုံးတုံး မိန်းမသည် သူမကိုအနိုင်ကျင့်လျှင်ကျင့်လို့ရမည်။ သို့သော် သူမရှေ့တွင် သူမ၏ ခေါင်းဆောင်ကိုတော့ အနိုင်ကျင့်ခွင့်ပေးမည်မဟုတ်ပေ။ လုံးဝပင် ခွင့်မပြုနိုင် ပေ။

“ဒီမိန်းမက စိတ်လွတ်သွားတာလား” မေလော့၏မျက်လုံးထဲတွင် မည်သူ ကမှ သူတို့၏ခေါင်းဆောင်ကိုမယှဉ်နိုင်ပေ။ သူမ၏အစ်ကိုဖြစ်သူပင် သူမ၏ရှေ့ တွင် ခေါင်းဆောင်မကောင်းကြောင်းကို မပြောရဲပေ။ ဟင်း ဒီငတုံးမက သေချင် လို့လား။

“ပြောလေ မင်းက ဘယ်သူလဲ.. မင်းစားချင်တာစားလို့ရပေမဲ့ စကားကို ပြောချင်တိုင်းပြောလို့မရဘူးဆိုတာ မသိဘူးလား.. အခုမင်းပြောလိုက်တဲ့ စကားရဲ့ တန်ရာတန်ကြေးကို မင်းပြန်ပေးရမယ်.. ငါမင်းကို သေတဲ့အထိ တိုက်ခိုက်ချင်တယ်” ဆယ်လင်း၏ အဖွဲ့ထဲတွင် ခပ်ကြပ်ကြပ်ဝတ်ဆင်ထား သော မိန်းကလေးသည် ရှေ့တိုးလာကာ လက်ထဲမှဓားရှည်ဖြင့် ဟွမ်မုန့်ကို ချိန်ရွယ်လေသည်။

“အစ်ကိုကြီးချင်းယွိ ကျွန်မက အမှန်ပြောတာပါ…” ဟွမ်ုမန့်သည် နောက် သို့ခြေတစ်လှမ်းဆုတ်လေသည်။ သူမ၏မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်လာကာ သနားစဖွယ်အသွင်အပြင်သည် ယောက်ျားသားများ၏ နှလုံးကို ပျော့သွားစေလောက်သည် “အာ ကြည့်လေ ကျွန်မအဖွဲ့က သက်သေလိုက်ပေး နိုင်တယ်”

မှော်သားရဲအစွန်တွင် နောက်တစ်ဖွဲ့ပေါ်လာသည်။ ဝေးနေသည့်တိုင် အောင် ရေနက်ကြေးစားအဖွဲ့တူညီဝတ်စုံဝတ်ဆင်ထားသည့် အဖွဲ့ကို ဟွမ်မုန့် ပြောနိုင်သည်။ သူမသည် ချက်ချင်းပင် ပျော်ရွှင်သွားကာ လက်ဝေ့ယမ်းပြလေ သည် “ဟေး ဒီမှာ ငါဒီမှာ”

ဟွမ်မုန့်၏အသံမှာ အလွန်ကျယ်လောင်သည်။ သူတို့သည် လူများပြီး မြို့အဝင်ပေါက်တွင်ရပ်နေရာ ပို၍ထင်သာမြင်သာရှိလေသည်။ ရေနက်အဖွဲ့ဝင် များနှင့် လုပ်ဖော်ကိုင်ဖက်များသည် ဟွမ်မုန့်နှင့်ပတ်သက်ပြီး ထင်မြင်ချက် အမျိုးမျိုးပေးနေကြသည်။ သူတို့သည် သူမအား နှစ်ချက်မျှ ရိုက်ချင်နေကြ၏။ သူမ အော်လိုက်သည်နှင့် အားလုံးအပြေးရောက်လာကြသည်။

သေခြင်းမှလွတ်မြောက်လာပြီးနောက် အားလုံး၏စိတ်များမှာ မအေးနိုင် တော့ပေ။

“ဖုန်းရှောင် ဒီကိုလာခဲ့.. ပြောပါဦး ဒီလူကလူလိမ်မလား.. သူတို့နှစ်ယောက်က ပိုက်ဆံမရှိတာကို မိမိုက်ချင်ယောင်ဆောင်နေတာမလား.. သူတို့တွေက ငါတို့အဖွဲ့နောက်လိုက်ပြီးတော့ ကာကွယ်ကြေးတောင်းတော့ မပေးချင်လို့ ငြင်းတဲ့လူတွေမလား.. ငါတို့က သူတို့ကိုကာကွယ်ကြေးတောင်း တော့ ငါတို့လူကိုတောင် ဒဏ်ရာရအောင်လုပ်လိုက်သေးတယ်” ဟွမ်မုန့်သည် သူမ၏အဖွဲ့ကို တပ်ကူတောင်းလေသည်။ ပေထင်းဟွမ်မှ သေအောင်ကန်လိုက် သည့်လူကို သူမ မမြင်သောအခါ တအံ့တဩအော်လေသည် “ကျုံးလီ ဘယ်မှာ လဲ.. သူက ဘာလို့ မင်းတို့နဲ့ပြန်မလာတာလဲ.. ဒီကောင်ကန်လိုက်တာနဲ့ သေသွားပြီလား”

All Chapters