ငါ မင်းကိုသတ်မယ်
Vol. 20 Ch. 390
ဖုန်းရှောင်သည် ရေနက်ကြေးစားအဖွဲ့၏ လက်ရှိခေါင်းဆောင်ဖြစ်သည်။ သူသည် ကြေးစားအဖွဲ့အစား ပေထင်းဟွမ်ကို တောင်းပန်ခဲ့သည့် အဆင့် ၃ ဝိညာဉ်သခင်ဖြစ်သည်။ သူသည် ပေထင်းဟွမ်၏ တောင်းဆိုချက်ဖြစ်သည့် မွန်မြတ်သောသားရဲမျက်နှာနက်ပင့်ကူနှင့် စာချုပ်တည်ထောင်ရန်ကို သဘော မတူခဲ့ပေ။ ထိုအစား ၎င်းကို ရေနက်တံဆိပ်ပြားနှင့်တ သူ၏သိုလှောင်လက်စွပ် ထဲထည့်ထားခဲ့သည်။
ရေနက်တံဆိပ်ပြားကို ပြန်ပေးသည်မှ ကိစ္စကြီးဖြစ်သည်။ အထူးသဖြင့် ထိုလူသည် သခင်ကြီးပေယဲ့ဖြစ်နေသည်။ ဖုန်းရှောင်သည် ကိုယ့်ဘာသာ ဆုံးဖြတ်ချက်မချရဲပေ။ သူသည် ပေထင်းဟွမ်ကိုရှာပြီး ရေနက်တံဆိပ်ပြား ပြန်ယူရန် ဖျောင်းဖျပြီး ကောင်းမွန်သော ဆက်ဆံရေးပြန်တည်ဆောက်ချင်ခဲ့ သည်။ ပေထင်းဟွမ်အား ဤမျှမြန်မြန်ဆန်ဆန် တွေ့ရလိမ့်မည်ဟု ထင်မထား ပေ။
အရေးအကြီးဆုံးမှာ သူတို့မိသားစု၏ တော်လွန်းသောအကြီးဆုံး သခင်မလေးသည် ပေထင်းဟွမ်အား မပြစ်မှားမိရန်ဖြစ်သည်။ အခု ဒီလောက် လူတွေအများကြီးရှေ့မှာ သူမက သူ့ကိုတကယ်ကြီး အရှက်ခွဲနေတာပဲ။ မွန်မြတ်သောသားရဲတစ်ကောင်ကို လက်လွတ်စပယ်ပေးပစ်တဲ့ အမြင့်ဆုံး သားရဲထိန်းက လူဆင်းရဲတဲ့လား။
သူ၏အကြီးဆုံးသခင်မလေးသည် စိတ်ချစရာမရှိသည်ကို သူတို့သိခဲ့ကြ သော်လည်း ရေနက်ကို ဘေးဒုက္ခကြီးသယ်ဆောင်လာပေးသည်အထိ ယုံကြည် ချင်စရာမကောင်းမည်ကိုတော့ ထင်မထားပေ။
“အကြီးဆုံးသခင်မလေး ဒီတိုက်ကြီးမှာ လူတိုင်းကဆင်းရဲသားဖြစ်နိုင်ပါ တယ်.. ဒီသခင်ကြီးကပဲ ဆင်းရဲသားမဟုတ်တာ.. ဒါက ဒီသခင်ကြီး ရေနက် ကြေးစားအဖွဲ့ကို ပြန်ပေးသွားတဲ့ဟာပါ.. အခုတပ်မှူးမရှိဘူးဆိုတော့ အကြီးဆုံးသခင်မလေးကိုပဲ အရင်ပြန်ပေးရတော့မှာပဲ” ရေနက်အတွက် ကြိုးစားပေးသော ဖုန်းရှောင်သည်ရုတ်တရက် အားရုတ်လျော့သွားသလို ခံစား လိုက်ရသည်။ သူလက်ဖြောက်တီးလိုက်ကာ ရေနက်တံဆိပ်ပြားကို သိုလှောင် လက်စွပ်ထဲမှထုတ်ကာ ဟွမ်မုန့်အားပေးလိုက်သည်။
“ဒါကဘာလဲ” ဟွမ်မုန့်သည် လှန်ကြည့်လေသည်။ ၎င်းကို ရင်းနှီးသလို ရှိနေသည်။ သူမ အနီးကပ်ကြည့်သောအခါ ထိတ်လန့်မိသည် “သူက မင်းကို ပေးခဲ့တာလို့ ပြောလိုက်တာလား”
“ဟုတ်ပါတယ်” ဖုန်းရှောင်သည် သူတို့၏သခင်မလေး တုံးအသော အရာ များဆက်မပြောရန်ကိုမျှော်လင့်ကာ အသေအချာပင်ပြောလိုက်သည်။
“မင်း မင်းလိမ်နေတာ.. ရေနက်ကြေးစားအဖွဲ့က သခင်ကြီးပေယဲ့ကို ပေးခဲ့တဲ့ ရေနက်တံဆိပ်ပြားက ဘယ်လိုလုပ် မင်းလက်ထဲရောက်နေတာလဲ.. မင်း သူ့ဆီကနေ လိမ်ယူလိုက်တာလား” ဟွမ်မုန့်သည် ရေနက်တံဆိပ်ပြားကို လက်ထဲကိုင်ထားပြီး မျက်လုံးများမှာ ဒေါသကြောင့်ပြူးကျယ်နေပြီး တစ်ကိုယ် လုံးတုန်ယင်နေသည်။
“မင်းလိမ်နေတာပဲ.. မင်းတို့တစ်မိသားစုလုံးက အလိမ်တွေချည်းပဲ.. ဒီကောင်ကို သေအောင်ရိုက်ကြစမ်း.. ငါတို့ခေါင်းဆောင်ကိုတောင် ဘယ်လိုများ လူလိမ်လို့ခေါ်ရဲရတာလဲ.. မင်းကိုသတ်မယ်” မေလော့သည် ဒေါသထွက်နေ၏။ သူမသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရုတ်တရက်မြှောက်လိုက် သည်။ သူမသည် အရင်ဆုံးပြေးထွက်လာကာ ဟွမ်မုန့်၏မျက်နှာကို ထိုးလိုက် ၏။
သူမ လှုပ်ရှားသည်နှင့် သံမဏိသွေးကြေးစားအဖွဲ့မှ မိန်းကလေးများ အားလုံးလှုပ်ရှားကြတော့သည်။ ဆယ်လင်းပင်လျှင် ဒေါသတကြီးရှေ့ထွက်ကာ ဟွမ်မုန့်၏ မုန်းစရာကောင်းသော ပါးစပ်ကိုထိုးလိုက်သည်။
“အာ.. ငါ မင်းကိုအလွှတ်မပေးဘူး အသုံးမကျတဲ့မိန်းမ” ဟွမ်မုန့်သည် ခေါင်းကိုလက်ဖြင့်ကာထားပြီး လက်သီးဖြင့်ယမ်းလေသည်။ ယခုလိုအုပ်စု လိုက်အနိုင်ကျင့်ခြင်းသည် သူမကို မသေစေနိုင်သော်လည်း ရှက်စရာ အကောင်းဆုံးကိစ္စဖြစ်သည်။
ပေထင်းဟွမ်သည် အေးစက်စွာနှာမှုတ်လိုက်ပြီး တစ်စုံတစ်ခုကို အာရုံ ခံမိသကဲ့သို့ ချင်းယွိကို ကြည့်လိုက်သည်။ ပေထင်းဟွမ်အနားမှ မိန်းကလေး များသည် သူမကိုတစ်ယောက်တည်းပစ်ထားကာ ရိုက်ပုတ်ရာတွင်သာ အာရုံ စိုက်ထားကြသည်။
ချင်းယွိ လျှောက်လာပြီး အားနာနာနှင့်ပြောလေသည် “ရှောင်ကျို့ ငါ့ကို အပြစ်တင်မှာလား”
မည်သို့ပင်ဖြစ်စေကာမူ ပေထင်းဟွမ်ကို ရေနက်နှင့်မိတ်ဆက်ပေးသည် မှာ သူပင်ဖြစ်သည်။ ပေထင်းဟွမ်ကို ရေနက်၏ဧည့်သည်အကြီးကဲဖြစ်ရန် ထောက်ခံပေးသည်မှာလည်း သူပင်။ အစက သူသည် သာမန်ဧည့်သည် အကြီးအကဲဟုသာ တွေးခဲ့သည်။ ဤကဲ့သို့ထူးခြားသည့်တံဆိပ်ပြားပေးမည်ကို သာ သိခဲ့လျှင် ချင်းယွိသည် သူ၏ဖခင်ဖြစ်သည့်တိုင်အောင် ဤကိစ္စတွင် ဝင်ပါ ခဲ့မည်မဟုတ်ပေ။
“အစ်ကိုချင်း မင်းလည်း ဒီလိုဖြစ်မယ်လို့မှ မျှော်လင့်မထားတာလေ ဟုတ်တယ်မလား.. တကယ်တော့ ဒီတံဆိပ်ပြားကိုထုတ်လိုက်တဲ့အချိန်မှာ မင်း အမူအရာပြောင်းသွားတာ ငါ မြင်လိုက်တယ်.. အဲလောက်မရိုးရှင်းဘူးဆိုတာ သိလိုက်တယ်.. ဒါပေမဲ့ အဲဒါက တံဆိပ်ပြားသက်သက်ပါပဲ.. အဲတော့ ဘာဖြစ် လဲ.. ငါပေယဲ့က ဘာလို့ကြောက်နေရဦးမှာလဲ” ထို့ကြောင့်ပင် သူမ လက်ခံရဲ ခြင်းပင်ဖြစ်သည်။