← Chapters

ကြေးစားအဖွဲ့နာမည်က သံမဏိသွေးပဲ

Vol. 20 Ch. 391

ကြေးစားအဖွဲ့နာမည်က သံမဏိသွေးပဲ

Vol. 20 Ch. 391

“ဟုတ်တယ် ဒီအတိုင်းတံဆိပ်လေးပဲကို.. ရှောင်ကျို့မလိုချင်ရင် မယူနဲ့” ချင်းယွိ၏ မေတ္တာသက်သောအကြည့်သည် ပေထင်းဟွမ်အပေါ်သို့ ကျရောက် လာသည်။ သူသည် ပေထင်းဟွမ်၏လက်ကို ကိုင်ထားကာ သူမအနောက်တွင် ရပ်နေသောအဖွဲ့ကို ကြည့်လိုက်သည် “ဒါက ရှောင်ကျို့ရဲ့ ကြေးစားအဖွဲ့လား”

“ဟုတ်တယ် အစ်ကိုချင်း ကျွန်တော့်ကြေးစားအဖွဲ့နာမည်က သံမဏိ သွေးလို့ခေါ်တယ်” ပေထင်းဟွမ်သည် သူမ၏ကြေးစာအဖွဲ့ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။ သူမ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့်ပြည့်နေကာ အရောင်တလက်လက်တောက်နေသည် “ကျွန်တော့်ကြေးစားအဖွဲ့ကို ဒီတိုက် ကြီးမှာ အားအကောင်းဆုံးဝှက်ဖဲဖြစ်လာအောင်လုပ်မှာ.. အရှုံးမပေးနိုင်ဘူး”

ပေထင်းဟွမ်သည် ချူဖုန်း၏လ်ကိုဆုပ်ကိုင်ကာ ချင်းယွိနှင့် မိတ်ဆက်ပေး လေသည် “အစ်ကိုချင်းယွိ ဒါကကျွန်တော့်ဝမ်းကွဲအစ်ကိုပဲ.. သူက အစကတော့ ငွေလရောင်အင်ပါယာရဲ့ မင်းသားပါ.. ဒါပေမဲ့ အခု သံမဏိသွေးကြေးစားအဖွဲ့ရဲ့ တပ်မှူးဖြစ်နေပြီ”

သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်နှင့်ထားကြပြီးဖြစ်ကာ တစ် ယောက်နှင့်တစ်ယောက်၏ မျက်လုံးများထဲတွင် ပေထင်းဟွမ်၏အရေးပါပုံကို မြင်နှင့်ပြီးဖြစ်သည်။ အချင်းချင်းသိသွားသည့်အချိန်တွင် ရင်းနှီးမှုကိုခံစားရလေ သည်။ ညီအစ်ကိုများကဲ့သို့ ပွေ့ဖက်ပြီးနောက် ချင်းယွိ ပြောလိုက်သည် “ရှောင်ကျို့.. မင်းက သံမဏိသွေးကြေးစားအဖွဲ့ကို ကြေးစားအစည်းအရုံးမှာ စာရင်းပေးဖို့ခေါ်လာတာလား”

“ဟုတ်တယ် အစ်ကိုချင်း.. ဒီကို အရေးကြီးကိစ္စရှိလို့လာတာလား” ပေထင်းဟွမ်သည် ချင်းယွိ ကြေးစားအဖွဲ့နှင့်အတူ ဤနေရာသို့ရောက်လာ သည်ကို နားမလည်နိုင်ဖြစ်နေသေးသည်။ သူမသည် သူ့ကိုမေးချင်သော်လည်း ဟွမ်မုန့်မှ ပြဿနာရှာနေခြင်းကြောင့် နှောင့်နှေးသွားခြင်းဖြစ်သည်။

“သခင်ကြီးဟွမ်ကျို့.. သခင်ကြီးပေယဲ့ရောက်နေတယ်ဆိုတဲ့ ကောလာ ဟလက မြို့ထဲမှာပျံ့နေတယ်.. အဲဒါကြောင့် မင်းကိုလာစောင့်ကြတာ” တိုင်နွန် ထပ်ပြောလေသည်။

ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်သွားသည်။ အဲလောက်တောင် မြန်တာလား။ သူမရောက်ပြီဆိုတာ မြို့ထဲကလူတွေပြောနေကြတာလား။ သူမ၏ ပေယဲ့ဆိုသည့် သရုပ်မှန်ကို ဤမျှမြန်မြန်ဆန်ဆန်ထုတ်ဖော်ရန် အဆင်သင့်မဖြစ်သေးပေ။ သို့သော် ယခုလိုအခြေအနေအောက်တွင် သူမသည် ပေယဲ့ပါဟု ဝန်မခံလျှင်တောင် မည်သူမှ ဘာမှလုပ်ရဲမည်မဟုတ်ပေ။ သူမသည် တိုင်နွန်အား ကျေးဇူးတင်စွာဖြင့်ကြည့်ကာ ခေါင်းညိတ်လိုက်သည် “ဒီလိုတွေ့ တာလည်း တိုက်ဆိုင်တာပဲ.. မြို့ထဲကိုအတူသွားကြတာပေါ့.. တိုက်တိုက်ဆိုင် ဆိုင်ပဲ အစ်ကိုကြီးချင်းယွိက စာရင်းပေးဖို့ကို ခေါ်သွားလို့ရတာပဲ.. ဒီ့ထက် ကောင်းတာမရှိတော့ဘူး”

“ရှောင်ကျို့ မင်းက အချိန်ကိုက်ရောက်လာတာပဲ.. ဒီတစ်ခေါက် ကြေးစားအဖွဲ့က ပြိုင်ပွဲကိုရှေ့တိုးထားတယ်.. နောက် ၁၀ ရက်အတွင်း လုပ်လိမ့်မယ်.. ကြေးစားအဖွဲ့အသစ်လေးတွေက စီအဆင့်ပဲရမယ်.. ဘီအဆင့် အဖွဲ့ သုံးဖွဲ့ကို ပြိုင်လို့နိုင်သွားရင် ဘီအဆင့်ကိုတိုက်ရိုက်တက်နိုင်မယ်.. အေ အဆင့်ကိုတက်ချင်ရင် အေအဆင့် စူးစမ်းသူအဖွဲ့သုံးဖွဲ့ကို နိုင်ရမယ် ဒါမှမဟုတ် အေအဆင့် ကြေးစားအဖွဲ့ကို စိန်ခေါ်ရမယ်.. ကံကောင်းတယ် နှင်းဝံပုလွေက အေအဆင့် ကြေးစားအဖွဲ့ပဲ ရှောင်ကျို့က အေအဆင့်ကိုတက်ချင်ရင် ငါတို့ကို စိန်ခေါ်လို့ရတာပဲ”

ချင်းယွိဆိုလိုသည်မှာ သံမဏိသွေးသည် နှင်းဝံပုလွေကို နင်းပြီး အထက်သို့တက်ရမည်လား။

“ဟုတ်တယ် သခင်ကြီးဟွမ်ကျို့.. ဒီလိုအရှုံးမျိုးက နှင်းဝံပုလွေအတွက် ဘာပြဿနာမှမဟုတ်ဘူး.. စိန်ခေါ်မှုမှာအောင်မြင်ရင် ငါတို့အဆင့်လည်းနိမ့် သွားမျာမဟုတ်ဘူး.. သခင်ကြီဟွမ်ကျို့ စိတ်မပူပါနဲ့.. ညီအစ်ကိုတွေက ငါတို့ကို စိန်ခေါ်မယ်ဆိုရင် ငါတို့အားကုန်မတိုက်ခိုက်ပါဘူး” ရီကဲတိုသည် စိတ်ပါလက် ပါရယ်မောလေသည်။ သူသည် တစ်ဖက်လူ သူတို့ကိုစိန်ခေါ်လာမည်ကို နည်းနည်းမှ ကြောက်နေသည့်ပုံမပေါ်ပေ။ သူတို့သည် ပေထင်းဟွမ်ကို သူတို့၏ ညီအရင်းကဲ့သို့ ဆက်ဆံပေးကြသည်။

ရီကဲတိုသည် စကားကို သာမန်ကာလျှံကာပြောတတ်သော်လည်း ငတုံး မဟုတ်ပေ။ နှင်းဝံပုလွေသာ တစ်ခါရှုံးနှိမ့်သွားလျှင် နှင်းဝံပုလွေ၏အဆင့်ကို သက်ရောက်မှုမရှိလျှင်တောင် ၎င်း၏ဂုဏ်သတင်း ထိခိုက်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် နှင်းဝံပုလွေမှ စွန့်စားသူများကို ခန့်အပ်ရဲတော့မည်လား။

ပေထင်းဟွမ်သည်လည်း ငတုံးမဟုတ်ပေ။ ချင်းယွိ၏ နူးညံ့သောအကြည့် ကိုကြည့်ပြီး သူမ၏နှလုံးသားသည် နွေးထွေးမှုများဖြင့်ပြည့်သွားသည်။ သူမ ပြုံးပြီးပြောလိုက်သည် “အစ်ကိုချင်း ကျွန်တော်တို့ တစ်ခါကို တစ်ဆင့်တက်ဖို့ အများကြီးလုပ်ရမှာ… သံမဏိသွေးကို အေအဆင့်ထိ တက်အောင်လုပ်ဖို့ အစီအစဉ်ရှိပါတယ်.. အေအဆင့်တင်မဟုတ်ဘူး သံမဏိသွေးကို အက်စ်အဆင့် ထိ တက်အောင်တည်ဆောက်ချင်တာ.. အဆင့်တက်ဖို့ ညီအစ်ကိုတွေကို နင်းသွားရမယ်ဆိုရင်တော့ ခွင့်လွှတ်ပါ.. ကျွန်တော် ဟွမ်ကျို့က မလုပ်နိုင်ဘူး”

All Chapters