← Chapters

သံမဏိသွေးကြေးစားအဖွဲ့ကိုဝင်လို့ရလား

Vol. 20 Ch. 392

သံမဏိသွေးကြေးစားအဖွဲ့ကိုဝင်လို့ရလား

Vol. 20 Ch. 392

အက်စ်အဆင့် ကြေးစားအဖွဲ့များသည် ဤတိုက်ကြီးတွင် ထူးခြားသည်။ ယန်မြို့မှ ကြေးစားအဖွဲ့တစ်ဖွဲ့သည် ထိုအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် ထိုကြေးစားအဖွဲ့သည် သမိုင်းတွင်ပထမဆုံးအက်စ် အဆင့်ကြေးစားအဖွဲ့ဖြစ်လာပြီးနောက် မည်သည့် စွန့်စားသူကိုမှ လက်မခံခဲ့ ပေ။

အက်စ်အဆင့်ကြေးစားအဖွဲ့၏ ခေါင်းဆောင်သည် ညအရှင်ဖြစ်သည်ဆို သည့်သတင်းကိုသာ သူ ကြားခဲ့သည်။ ထိုကိစ္စသည် အမှန်ဟုတ်သည် မဟုတ်သည်ကို ညအရှင်သာလျှင်သိလိမ့်မည်။

အချိန်တိုအတွင်းတွင် သံမဏိကြေးစားအဖွဲ့ဝင်နှင့် နှင်းဝံပုလွေကြေးစား အဖွဲ့တို့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရင်းနှီးသွားကြပြီဖြစ်သည်။ ရေနက်အဖွဲ့ဝင်များ သာ ဘေးတွင် နေရခက်စွာဖြင့် ရပ်နေကြသည်။ ထိုအချိန်တွင် သံမဏိသွေး ကြေးစားအဖွဲ့သည် ပေထင်းဟွမ်၏စကားများကို ကြားသောအခါ ဘေးနားတွင် ရှိနေသည့် နှင်းဝံပုလွေကြေးစားအဖွဲ့ဝင်များကို ပြောကြလေသည် “ဟုတ်တယ် ငါတို့ခေါင်းဆောင်က အကောင်းဆုံးပဲ.. အဆင့်တက်ဖို့အတွက်နဲ့ ဘာလို့ ညီအစ်ကိုကို နင်းသွားရမှာလဲ.. ပြီးတော့ ငါတို့က အေအဆင့်မဟုတ်ဘဲ ဘီအဆင့်ကြေးစားအဖွဲ့ဖြစ်ရင် မင်းတို့က ငါတို့ကိုအထင်သေးမှာလား”

“ဘာတွေပြောနေတာလဲ ညီလေး.. ငါတို့ကို အဲလိုလူမျိုးထင်လို့လား.. သခင်ကြီးဟွမ်ကျို့ အားကောင်းတာကို ဘယ်သူမသိလို့လဲ.. သခင်ဟွမ်ကျို့ရဲ့ လူတွေကရော ငကြောက်တွေဟုတ်မတဲ့လား.. ဒီလိုပြောတာ မင်းတို့က ငါတို့ကို အထင်သေးတာပဲ” ထိုစကားပြောသူသည် နှင်းဝံပုလွေမှဖြစ်သည်။

“ဟားဟား အဲလိုမဟုတ်ဘူးလား” သံမဏိသွေးသည် ကျယ်လောင်စွာ ရယ်မောလေသည် “တိုက်ကြီးပေါ်မှာ အက်စ်အဆင့်ကြေးစားအဖွဲ့ဖြစ်အောင် အတူလုပ်သွားကြမယ်”

“ဟုတ်တယ် အက်စ်အဆင့်ကြေးစားအဖွဲ့ဖြစ်အောင် အတူပြိုင်ကြစို့”

“အင်း ဒါက.. သခင်ကြီးဟွမ်ကျို့” သူ့ရှေ့မှလူငယ်သည် နာမည်ကြီး သခင်ကြီးပေယဲ့ဖြစ်နိုင်သလို ပေယဲ့တွင်လည်း အံ့အားသင့်စရာကောင်းသည့် စွမ်းဆောင်ချက်များရှိသည်ကိုသိခဲ့ပြီး ပေယဲ့အား ဆန့်ကျင်ကြသည့် စီရင်ချက် နတ်ဗိမာန်နှင့် ရှန်းမိသားစုတို့ မည်သို့ဖြစ်သွားကြသည်ကို သိသော်လည်း ယွိရုန်းကယ်သည် ပေထင်းဟွမ်အား မိုက်မဲစွာဖြင့် ပေယဲ့ဟုမခေါ်ပေ။ “ကျွန်တော် သံမဏိသွေးကြေးစားအဖွဲ့ကို ဝင်လို့ရမလား”

ထျန်းယီနှင့်ယင်းအာတို့သည် မေ့လဲလုမတတ်ပင်။ သူတို့နှစ်ယောက် သည် ယွိရုန်းကယ်နောက်လိုက်ကာ အထိတ်တလန့်အော်ကြလေသည် “သခင်လေး”

ထိုနေရာမှရှိသောလူများသည် ရပ်တန့်လိုက်ကြပြီး သူတို့သုံးယောက်ကို နားမလည်စွာဖြင့် ကြည့်ကြသည်။

ကြေးစားအဖွဲ့မှအဖွဲ့ဝင်များသည် ရွေးချယ်စရာမရှိတော့ဘဲ အခြေအနေ များ၏ တွန်းအားပေးမှုကြောင့် စွန့်စားခဲ့ရခြင်းဖြစ်သည်။ ဤအဆင့်အတန်းမြင့် ရောင်ဝါနှင့် လူငယ်၏ သူ့ဘေးတွင် နောက်လိုက်နှစ်ယောက်ပါလာသည်။ သူ့ ခေါင်းထဲရေဝင်သွားတာလား။ သူက ကြေးစားအဖွဲ့ထဲကိုဘာလို့ဝင်ချင်တာလဲ။

သံမဏိသွေးကြေးစားအဖွဲ့မှ အဖွဲ့ဝင်များသည် သူတို့အဖွဲ့၏ အဆင့်အတန်းကိုတွေးကြည့်ရာ တစ်ယောက်ချင်းစီတွင် မွန်မြတ်သောသားရဲ တစ်ကောင်စီရှိနေခြင်းကြောင့်ဟု ထင်လိုက်ကြသည်။ ထို့ကြောင့် မွန်မြတ် သောသားရဲကြောင့်ဖြစ်လိမ့်မည်ဟု တွေးလိုက်ကြ၏။

“မင်းက ဘယ်သူလဲ” ထိုသခင်နှင့်အစေခံများသည် ဘေးမှ တစ်ချိန်လုံး ကြည့်နေသည်ကို ချူဖုန်း သတိထားမိသည်မှာကြာပြီဖြစ်သည်။ ယွိရုန်ကယ် ချဉ်းကပ်လာသည်နှင့် သူသည် ချင့်ချိန်စွာဖြင့် ပေထင်းဟွမ်ရှေ့သို့တိုးလိုက်၏ “ငါတို့ ကြေးစားအဖွဲ့ကိုဝင်မယ်ဟုတ်လား.. ငါတို့ကြေးစားအဖွဲ့က တရားဝင် စာရင်းမသွင်းရသေးဘူးဆိုတာကို မကြားဘူးလား”

“သွား သွား ဘေးကိုသွားလိုက်.. မင်းတို့သခင်လေးက စစ်ဦးစီးဟွမ်ကျို့နဲ့ ဆွေးနွေးစရာရှိတယ်.. မင်းတို့က ဒီမှာဘာလုပ်နေတာလဲ” ယွိရုန်းကယ်သည် မျက်လုံးကျွတ်မတတ်ကြည့်နေသည့် ထျန်းယီနှင့် ယင်းအာတို့ကို တွန်းထုတ်ပြီး ချူဖုန်းအား လေးနက်စွာပြောလေသည် “ကျုပ်ဘယ်သူလဲဆိုတာ မင်းဂရုစိုက် ဖို့မလိုပါဘး.. ကျုပ်နာမည်က ယွိရုန်းကယ် ဒီနှစ်ယောက်က ကျုပ်ရဲ့ကိုယ်ရံ တော်တွေပဲ.. ကျုပ်က စိတ်ရင်းနဲ့ သံမဏိကြေးစားအဖွဲ့ကိုဝင်ချင်တာပါ.. ဪ ဟုတ်သားပဲ ကျုပ်တို့က သံမဏိသွေးအတွက် ဘာအခကြေးငွေမှမယူဘဲ အဖွဲ့ဝင်လုပ်ပေးပါမယ်”

ကမ္ဘာပေါ်မှာ ဒီလောက်ကောင်းတဲ့ကိစ္စ ဘယ်လိုလုပ်ရှိဦးမှာလဲ။ ပေထင်းဟွမ်နှင့် တခြားသောကောင်းကင်အဆင့် ကျွမ်းကျင်သူအနည်းငယ် အပြင် ထိုလူသုံးယောက်၏ ခွန်အားကို မည်သူမှအာရုံမခံနိုင်ကြပေ။ သို့သော် သူတို့ခန္ဓာကိုယ်မှရောင်ဝါသည် အလွန်အားကောင်းနေရာ အရည်အချင်းမရှိ သည်မှာမဖြစ်နိုင်ပေ။ သူတို့က အလကားအလုပ်လုပ်ပေးကြမလို့လား။ ဒီလူ သုံးယောက်က ဘာအဓိပ္ပာယ်လဲ။

ယွိရုန်းကယ်၏အကြည့်သည် ပေထင်းဟွမ်အပေါ်ရောက်နေသည်ကို ကြည့်ပြီး အားလုံးသည် တစ်စုံတစ်ခုကိုနားလည်သွားကြသည်။ ဒီလိုဖြစ်နေတာ ကိုး။

သခင်ကြီးပေထင်းဟွမ်အား စွဲလမ်းသူနောက်တစ်ယောက်ပေါ်လာချေ ပြီ။ သူမနှင့်နီးကပ်ရန်အတွက် သူသည် အခကြေးငွေမယူဘဲ အလုပ်လုပ်လို၏။ သူသည် အကြံကောင်းနှင့်ရောက်လာသည့် ပါရမီရှင်ဖြစ်သည်။

All Chapters