သူ့ကို အေးအေးဆေးဆေးနေခွင့်မပေးနိုင်ဘူး
Vol. 20 Ch. 393
“ယွိရုန်းကယ်လား” ချင်းယွိအော်လေသည် “မင်းကထျန်းယင်းမျိုးနွယ်ရဲ့ သခင်လေး ယွိရုန်းကယ်လား”
“ဟုတ်တယ် ကျုပ်ပဲလေ ဘာလို့လဲ.. သံမဏိသွေးထဲကိုဝင်ဖို့ အရည်အချင်းပြည့်မှီပြီလား” ယွိရုန်းကယ်သည် ပေထင်းဟွမ်ရှေ့တွင် ဘယ်ညာလှည့်ပြကာ သူ၏ခွန်အားကို ကြွားလုံးထုတ်နေသည်။ သို့သော် ကြေးစားအဖွဲ့မှ ယောက်ျားပျိုမိန်းမပျိုများကို ရယ်မောစေသည်။ ၎င်းလူသည် ပန်းဒေါင်းနှင့်တူသည်။
“နတ်သားရဲအဆင့်စာချုပ်သားရဲရှိတဲ့ ဓား ၃ လက်ကြယ်ဝိညာဉ်သခင်က အလိုလိုအရည်အချင်းမှီပြီးသားပါ.. ဒါပေမဲ့ မင်းလိုလူက သံမဏိသွေးကို ဘာလို့ ဝင်ချင်တာလဲ” ချင်းယွိသည် တအံ့တဩဖြင့် မေးလေသည်။ ဤလူသည် ဘေးမှကြည့်နေသည်မှာကြာပြီဖြစ်ကာ ရှောင်ကျို့ဆီမှ အကြည့်လုံးဝမခွာပေ။ သူသည် ရှောင်ကျို့ကို အမှန်တကယ် သဘောကျနေခြင်းဖြစ်မည်။
“ထျန်းယင်းမျိုးနွယ်နောက်ကိုလိုက်တာက အသက်ရှင်ဖို့အတွက်ပဲ.. သံမဏိသွေးကြေးစားအဖွဲ့က ကျုပ်နဲ့ကိုက်တယ်... ဘာလို့လဲ မရဘူးလား” ယွိရုန်းကယ်သည် ပေထင်းဟွမ်ကို ကြည့်နေတုန်းပင်။ သူ ကြည့်လေလေ ပေထင်းဟွမ်သည် သူ့အကြိုက်နှင့် အထူးကိုက်ညီသည်ဟု ခံစားရသည်။ ပေထင်းဟွမ် သူ့ကိုမလိုချင်မည်ကို ကြောက်သဖြင့် ပေထင်းဟွမ်ဆီ အမြန်ပြေး ပြီး တောင်းပန်လေသည် “သခင်ကြီးဟွမ်ကျို့ ကျေးဇူးပြုပြီး ကျုပ်ကိုလက်ခံ ပေးပါ”
ပေထင်းဟွမ်သည် အနည်းငယ် ဆွံ့အမိသည်။ သူမသည် ခေါင်းခါပြီး ပြုံး လိုက်သည် “တပ်မှူးချူဖုန်းကို သွားပြောလိုက်ပါ.. အဖွဲ့ထဲက ကိစ္စတွေဆို သူပဲ ကိုင်တွယ်တာ.. ပြီးတော့ ကျွန်တော်မရှိရင် သူက စစ်ဦးစီးပဲ”
ချူဖုန်းသည် ထိုလူ့ကိုဘာမှမတတ်နိုင်တော့ပေ။ ပေထင်းဟွမ်မှ မကန့်ကွက်သလို အဖွဲ့သည်၎င်းတို့၏စွမ်းအားကို ချဲ့ထွင်တော့မည်ကို သိနေရာ ၎င်းလူသည် ပြဿနာမဖြစ်သရွေ့တော့ သံမဏိသွေးအဖွဲ့ကို ထိခိုက်စေမည် မဟုတ်ပေ။ သူသည် ထိုလူ့ကို အေးစက်စွာကြည့်ပြီး ဘာမှမပြောပေ။
ဟွမ်မုန့်သည် သံမဏိသွေးကြေးစားအဖွဲ့မှ အမျိုးသမီးအဖွဲ့ဝင်များ၏ ပြင်းထန်စွာရိုက်ချက်ခြင်းကိုခံရသည်။ သူမသည် အစက ခုခံရန် သူမ၏စာချုပ် သားရဲကို ဆင့်ခေါ်မည်ပြုသည်။ မည်သို့ပင်ဖြစ်စေကာမူ သူမတွင် မွန်မြတ် သောသားရဲရှိသည်။ ကံကောင်းစွာပင် ဖုန်းရှောင်သည် ကြိုမြင်ကာ သူမ၏ တုံးအသောအပြုအမူများကို တားလိုက်သည်။ သံမဏိသွေးကြေးစားအဖွဲ့မှ အမျိုးသမီးအဖွဲ့ဝင်များ ငြိမ်သွားသည်အထိ သူမစောင့်ပြီး သူနှင့်အတူထွက်လာ ခဲ့သည်။
“ဟင်း သူ့ကို အေးအေးဆေးဆေးနေခိုင်းမှာမဟုတ်ဘူး ပေယဲ့ဟုတ်လား.. သူက ရေနက်ရဲ့ဧည့်သည်လာလုပ်ရဲသေးတယ်.. အဲဒါလည်း ကောင်းတယ်.. စီရင်ချက်ဗိမာန်နဲ့ ရှန်းမိသားစုက ဒီကောင့်ပေါ်ကို ဒေါသတွေပုံချပါစေ”
ဟွမ်မုန့်စကားမဆုံးခင်မှာပင် ဖုန်းရှောင်သည် သူမ၏ပါးစပ်ကို အလျင်အမြန်ပိတ်လိုက်သည် “သခင်မလေး အဲလိုမပြောသင့်ဘူး.. ရေနက်ကို မင်းလက်ထဲမှာ သေစေချင်တာလား.. မင်းမှာ အဲလိုအတွေးရှိတာကို တခြားလူ တွေသိရင် တပ်မှူးတောင်မှ မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး.. ရှင်းထျန်အဖွဲ့ ဘယ်လို ပျက်စီးသွားလဲဆိုတာ မေ့သွားပြီလား”
ဟွမ်မုန့်သည် အဝေးမှ စိတ်ဓာတ်မြင့်မားသောလူငယ်ကိုကြည့်ရင်းနှင့် ချွေးအေးများပြန်လာသည်။ သူသည် မဟာမိတ်မြို့၏ ကျောက်စိမ်းလမ်းကျယ် ကြီးတွင် လျှောက်လိုက်တိုင်း သူ၏ပြောင်မြောက်သောအင်္ကျီသည် လေနှင့် အတူလွင့်ပါနေသည်။ သူ့ဘေးတွင် ထူးခြားသောအသွင်အပြင်နှင့် ချောမော သည့် လူသုံးယောက်ရှိသည်။ သူသည် နှင်းဖြူအကျင့်စရိုက်ရှိသည့် ရေခဲကဲ့သို့ အေးစက်သည့်လူဖြစ်သည်။ အနီရောင်ဝတ်ဆင်ထားသောလူသည် မီးနှင့်လေ နတ်ဘုရားကဲ့သို့ ချောမောသည်။ တစ်ယောက်သည် အပြာရောင်ဝတ်ဆင်ထား ကာ ရေကဲ့သို့နူးညံ့သည်။ နောက်တစ်ယောက်မှာ ကမ္ဘာပေါ်မှ မိန်းကလေးများ ကိုအကြည့်မလွှဲနိုင်လောက်အောင် လုပ်နိုင်သည့် နူးညံ့သည့်လဖြစ်သည်။ ကမ္ဘာပေါ်မှ အကောင်းဆုံးယောက်ျားသားများသည် ဤလူငယ်အနားတွင် ဝန်းရံနေကြသည်။
သူမမှာ ဘာလုပ်ခွင့်ရှိလဲ။ ဟွမ်မုန့်သည် သွားများကြေသွားလောက် သည်အထိ အံကိုတင်းတင်းကြိတ်လိုက်သည်။ သူမ ဒါကိုဘယ်လိုသည်းခံပြီး ဒီလူ့ကိုလွှတ်ပေးရမှာလဲ။ ဒီလူက လူချောသုံးယောက်ရှေ့မှာ သူမမျက်နှာပျက် အောင်လုပ်ခဲ့တာပဲ။
“ကြေစားအသင်းမဟာမိတ်က ရှေ့မှာပဲ.. ရှောင်ကျို့ ဝင်ပြီး အရင်ဆုံး စီအဆင့်ကြေးစားအဖွဲ့အဖြစ် စာရင်းသွင်းရအောင် ဘီအဆင့်အဖွဲ့သုံးဖွဲ့ကို ပြိုင်ဖို့ ဒီ ၁၀ ရက်အချိန်ရတယ်.. ၁၀ ရက်အတွင်းမှာ အေအဆင့်ကြေးစားအဖွဲ့ ကို တက်နိုင်မယ့်အခွင့်အရေးရှိမလားလို့ ကြည့်ရမယ်”
သူတို့လူတစ်စုသည် ကြေးစားအဖွဲ့အစည်း၏ ဝင်ပေါက်ဆီသို့လျှောက် သွားလိုက်ကြသည်။ ချင်းယွိ စကားဆုံးသည်နှင့် မောက်မာသောအသံတစ်သံ ကို ကြာလိုက်ရသည် “ဟားဟား ဘယ်သူများပါလိမ့်လို့.. နှင်းဝံပုလွေကြေးစား အဖွဲ့ပါလား.. အေအဆင့်ကြေးစားအဖွဲ့သေးလေးပဲ.. အခုငါ့အဆင့်ကိုကြည့်ပါ ဦး.. နောက်ဆို ငါ့ရှေ့မှာ ဘယ်လောက်ချေနိုင်မလဲကြည့်ကြတာပေါ့”