နှင်းမုန်တိုင်းကြေးစားအဖွဲ့
Vol. 20 Ch. 394
အေအဆင့်ကြေးစားအဖွဲ့လေးဟုတ်လား။ ဘယ်သူက အဲလောက်တောင် မောက်မာနေတာလဲ။ သူတို့က အစ်ကိုကြီးချင်းယွိကို အဲလိုပြောရဲတာလား။
ပေထင်းဟွမ်၏မျက်လုံးမှ အကြည့်သည် စူးရှသောဓားသွားကဲ့သို့ပင်။ သူ မော့ကြည့်လိုက်ရာ ဒေါသတကြီးပြောဆိုနေသော လူအုပ်ကြီးဝိုင်းလာသည်ကို တွေ့လိုက်ရသည်။ သူသည် ကြေးစားအဖွဲ့အစည်းခွဲ၏ ဝင်ပေါက်အမြင့်ဆုံး နေရာတွင်ရပ်ပြီး ပေထင်းဟွမ်နှင့်တခြားသူများကို ငုံ့ကြည့်နေသည်။
အသက် ၂၀ အရွယ်လူ၏ ဆံပင်ခပ်တိုတိုသည် မိုးကြိုးပစ်ထားသကဲ့သို့ ထောင်နေသည်။ သူ၏မျက်နှာသည် ဖြူစွတ်နေပြီး နီရဲသောနှုတ်ခမ်းများသည် သွေးနီရောင်ကဲ့သို့ဖြစ်နေပြီး အနောက်တိုင်းသွေးစုတ်ဖုတ်ကောင်နှင့်ပင် အနည်းငယ်တူသည်။ သူ၏ပခုံးပေါ်တွင် နှင်းပွင့်သင်္ကေတရှိသည်။
ထိုလူ၏နောက်တွင် သူနှင့်တူညီသောဝတ်စုံများကို ဝတ်ဆင်ထားသည့် လူ ၁၀ ယောက်၊ အယောက် ၂၀ ရှိသည်။ သူတို့သည် ပေထင်းဟွမ်နှင့်တခြား သူများကိုမြင်သောအခါ အထင်သေးစွာကြည့်လေသည်။
“နှင်းမုန်တိုင်းကြေးစားအဖွဲ့လား” ချူဖုန်းသည် အရင်က ထိုသင်္ကေတကို မြင်ဖူးရာ ချက်ချင်းပင် တစ်ဖက်လူ၏ဇစ်မြစ်ကို ပြောနိုင်သည်။
“လူမသိသူမသိကြေးစားအဖွဲ့က ဘယ်လိုလုပ် ဒီလောက်တောင် မောက်မာနိုင်ရတာလဲ” ပေထင်းဟွမ်၏မျက်လုံးများသည် မိုးကြိုးကဲ့သို့ စူးရှနေ ကာ ပြတ်သားနေသည်။
“ဟားဟား တောသားအုပ်လိုက်ပါလား” ထိုလူသည် ကောင်းကင်ကို ကြည့်ပြီးရယ်မောလေသည်။ သူသည် နောက်ကိုကော့သည်အထိ ရယ်မောပြီး ပေထင်းဟွမ်အား လက်ညှိုးထိုးလေသည်။ သူသည် သူ့ဘေးမှကြေးစားအဖွဲ့ များကို အထင်သေးစွာပြောလေသည် “မှော်သားရဲတောက အခုမှထွက်လာတဲ့ ဒီတောသားတွေကို နှင်းမုန်တိုင်းကြေးစားအဖွဲ့က အခုဘယ်အဆင့်ရောက်နေ ပြီလဲဆိုတာကို ပြောပြလိုက်ကြပါဦး”
လူရှိသည့်နေရာတိုင်းတွင် ငြင်းခုံမှုများရှိသလို ကြေးစားအဖွဲ့များအကြား တွင်လည်း သဘောထားကွဲလွဲမှုများရှိတတ်သည်။ နှင်းဝံပုလွေကြေးစားအဖွဲ့ သည် တိုက်ကြီးတွင် နံပါတ် ၁ ကြေးစားအဖွဲ့အဖြစ် နှစ်ပေါင်းများစွာရပ်တည် လာခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ကြေးစားအဖွဲ့မည်မျှသည် မကျေမနပ် ဖြစ်ကာ အားကျမှုနှင့် မနာလိုမှုများ မည်မျှရှိနိုင်သည်ကို မသိနိုင်ပေ။ ထိုကြား ထဲတွင် နှင်းမုန်တိုင်းကြေးစားအဖွဲ့သည် နှင်းဝံပုလွေကြေးစားအဖွဲ့ကို ရန်လို ကြသည်။
အရင်က သူတို့နှစ်ဖွဲ့သည် ပစ္စည်းရှာသည့်မစ်ရှင်ကို လုခဲ့ကြသည်။ သူတို့ ရှာဖွေမှုကို လုသွားသဖြင့် နှင်းမုန်တိုင်းသည် နှင်းဝံပုလွေကို နာကြည်းခဲ့ သည်။ နှင်းဝံပုလွေသည် ထိုဖြစ်ရပ်ကိုမေ့နေသည်မှာ ကြာပြီဖြစ်သော်လည်း နှင်းမုန်တိုင်းသည် အခုထိမှတ်မိဆဲဖြစ်ကာ လက်စားချေရန်ကြိုးစားခဲ့ကြ၏။
ပေထင်းဟွမ်နှင့်တခြားသူများကို ကြည့်ပြီး လူငယ်၏မျက်လုံးထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်လာသည်။ “နှင်းမုန်တိုင်းအဖွဲ့က အခု အက်စ် အဆင့်ကြေးစားအဖွဲ့ဖြစ်နေပြီဆိုတာ ပြောပြလိုက်.. ဟားဟား သူတို့မှာ အရည်ချင်းရှိရင် နှင်းဝံပုလွေနဲ့ နှင်းမုန်တိုင်းတို့ ရှာဖွေမှုကို ထပ်လုကြတာပေါ့ ဟားဟား နှင်းဝံပုလွေက အက်စ်အဆင့်မစ်ရှင်ကို ယူနိုင်မလားဆိုတာ ကြည့်ကြ တာပေါ့”
“ဟုတ်တယ် ဟားဟား ငါတို့လည်းမျှော်လင့်နေမယ်.. သောက်တုံး နှင်းဝံပုလွေ”
“သူတို့က ဘယ်လိုလုပ်ပြီး အက်စ်ကြေးစားအဖွဲ့နဲ့ပြိုင်ပြီး ရှာဖွေမှုကို လုနိုင်မှာလဲ”
“ဟားဟား ဒီအတိုင်းအေအဆင့်ကြေးစားအဖွဲ့ သေးသေးလေးပဲကို”
ပေထင်းဟွမ်သည် မျက်နှာချင်းဆိုင်တွင်ရှိနေသော ကြေးစားအဖွဲ့ကို အေးစက်စွာကြည့်လိုက်သည်။ သူတို့သည် အားကောင်းသည်မှာ မှန်သည်။ လူ အယောက် ၂၀ ကျော်သည် အခြေခံအားဖြင့် အဆင့်နိမ့် ကြယ် ၃ ပွင့် ဝိညာဉ်သခင်များဖြစ်ကြကာ ထိုလူငယ်သည်လည်း အဆင့်မြင့် ကြယ် ၃ ပွင့် ဝိညာဉ်သခင်ဖြစ်သည်။ သို့သော် နှင်းဝံပုလွေကို ထိုစွမ်းအားဖြင့် ချေမှုန်းရန်မှာ သူ့အတွက် ရိုးရှင်းသောစိတ်ကူးယဉ်မှုသာဖြစ်သည်။
ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကြီးလား။ ဒီလူငယ်က အသက် ၃၀ တောင် မပြည့်သေးဘူး။ ဤအသက်အရွယ်တွင် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်လာ နိုင်သည်မှာ အလွန်ပင်အရည်အချင်းရှိ၍ဖြစ်သည်။ ထို့ကြောင့် မောက်မာနေ ခြင်းပင်။
“ဟင်း မင်းတို့အဖွဲ့က အက်စ်အဆင့်ရှိတော့ရော ဘာလုပ်ရမှာလဲ.. နှင်းဝံပုလွေကလည်း တစ်နေ့ကျ အက်စ်အဆင့်ကြေးစားအဖွဲ့ဖြစ်လာမှာပဲ.. သခင်လေးခိုင်က မင်းတို့သခင်လေးနဲ့ယှဉ်နိုင်တဲ့အရည်အချင်းရှိတယ်.. ဒါပေမဲ့ သူက ဓား ၇ လက်ဝိညာဉ်သခင်ကြီးပဲရှိသေးတာ.. ငါတို့သခင်လေးက လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ကောင်းကင်အဆင့်ကိုတက်သွားပြီ.. ပြီးတော့ သခင်လေးရဲ့ မီးတောက်ငှက်က မွန်မြတ်တဲ့သားရဲကနေ နတ်သားရဲကိုအဆင့်တက်သွားပြီ” ရီကယ်တိုသည် မျက်နှာချင်းဆိုင်မှလူငယ်ကို အထင်သေးစွာကြည့်လေသည်။
ချင်းယွိ၏ပြိုင်ဘက်ကင်းအရည်အချင်းသည် တိုက်ကြီးတစ်ခုလုံးတွင် နာမည်ကျော်သည်။ ထို့အပြင် သူသည်ချောမော၊ တည်ငြိမ်ပြီး သစ္စာရှိရာ အကောင်းဆုံးဂုဏ်ပုဒ်ကိုပိုင်ဆိုင်ထားသည်။ ကြေးစားအဖွဲ့၏ သခင်လေး တစ် ယောက်အနေနှင့် သူတို့သည် သက်တူရွယ်တူဖြစ်ကြသည်။ အရင်က ဘာတု သည် ချင်းယွိကိုအားကျခဲ့ကာ ယခုအခါ ခိုင်သည် သူ့ကိုမကျေမနပ်ဖြစ်နေပြန် သည်…