← Chapters

နှင်းမုန်တိုင်းနောက်ကွယ်မှ အဖွဲ့အစည်း

Vol. 20 Ch. 395

နှင်းမုန်တိုင်းနောက်ကွယ်မှ အဖွဲ့အစည်း

Vol. 20 Ch. 395

ရှင်းထျန်သည် မြင့်မြတ်သောဝိညာဉ်အပျက်အစီးထဲတွင် မှော်သားရဲ စီးကြောင်းတိုက်ပွဲတွင် အမြောက်စာဖြစ်သွားခဲ့ပြီးဖြစ်၏။ နှင်းမုန်တိုင်းသည် ဘီအဆင့်ကြေးစားအဖွဲ့မှ အက်စ်အဆင့်ကြေးစားအဆင့်သို့ ခုန်တက်ခဲ့သည်။ နှင်းဝံပုလွေအပေါ်ထားရှိသော ဖိနှိပ်ထားသည့်ဒေါသသည် ပေါက်ကွဲထွက်လာ ၏။ ပေါက်ကွဲမှုအားမှာ ကြီးလှသည်။

တိုင်နွန်သည် ဇာတ်ကြောင်းတစ်ပုဒ်လုံးကို ပေထင်းဟွမ် မသိမည်ကို စိုးရိမ်သဖြင့် ကြေးစားအဖွဲ့နှစ်ဖွဲ့ကြားမှ ရန်ငြိုးကို တိုးညင်းသောအသံဖြင့် ရှင်းပြလေသည်။

ပေထင်းဟွမ်သည် နှာမှုတ်ကာ မျက်နှာချင်းဆိုင်တွင်ရှိနေသောလူကို အထင်သေးစွာကြည့်လိုက်သည် “တချို့လူတွေက ဘယ်ဟာက သူတို့အတွက် ကောင်းတာလဲဆိုတာကိုမသိကြဘူး.. သူတို့လည်း မှိုင်းတွေကြားမှာရှိနေတာပဲ ဒါပေမဲ့ ကောင်းကင်ကြီးက ကြီးတယ်လို့ခေါင်းမာနေကြသေးယ်.. အက်စ်အဆင့် ကြေးစားအဖွဲ့ဖြစ်နေလည်း ဘာလုပ်ရမှာလဲ.. သူတို့မှာ ခွန်အား ရှိရင် နှစ်တွေအများကြီး ဘီအဆင့်နဲ့တင်ရပ်နေမှာမဟုတ်ဘူး.. ရုတ်တရက်ကြီး အက်စ်အဆင့်ဖြစ်သွားအောင် ဘယ်လိုကံမျိုးနဲ့ကြုံသွားလဲမှမသိတာ.. အဲဒါကို ဘယ်လိုများမျက်နှာပြောင်ပြီး ပြောနိုင်ရတာလဲ”

ပေထင်းဟွမ်၏အသံသည် တိုးညင်းနေခြင်းအလျဉ်းမရှိပေ။ အဖွဲ့နှစ်ဖွဲ့မှ လူများသည် တစ်ယောက်နှင့်တစ်ယောက် ခြေလှမ်းခွာလိုက်ကြသည်။ ပေထင်းဟွမ်သည် ပြောရင်းနှင့် လျှောက်သွာလိုက်သည်။ နှစ်ဖက်လုံးမှ လူအင်အားသည် ကြီးမားသည်။ အားလုံးသည် ခက်ထန်စွာကြည့်နေကြကာ အခြေအနေမှာ အလွန်တင်းမာနေသည်။ ဤနေရာမှ မငြိမ်မသက်ဖြစ်မှုသည် အားလုံးကိုအာရုံစိုက်လာစေသည်။

မဟာမိတ်မြို့တော်ကို မြောက်ပိုင်းမြို့တော်ဟုခေါ်ဝေါ်ရခြင်းမှာ ၎င်း၏ မြေအနေအထားကြောင့်ဖြစ်သည်။ ၎င်းသည် မှော်သားရဲတောအစွန်းတွင် တည်ထားသည့် တစ်ခုထားသော မြို့ဖြစ်သည်။ ထို့အပြင် မဟာမိတ်မြို့တွင် မှော်သားရဲတော၏ မှော်သားရဲသွေးကြွသည့် ဘေးဒုက္ခလည်းမရှိပေ။ ပင်မ အဖွဲ့အစည်းများကို ဤနေရာတွင် ဂိုဏ်းခွဲများတည်ဆောက်ထားကာ လမ်းမ များသည် ကြေးစားများစုရပ်ဖြစ်သည်။

ကြေးစားများသည် အားလုံးသွေးဆူကြသောလူများဖြစ်ကြသည်။ သူတို့သည် အလွန်အကျူးဖြစ်မည်ကို မကြောက်ကြပေ။ အသီးသီးဆွေးနွေးသံ များထွက်ပေါ်လာသည်။ အများစုမှာ နှင်းမုန်တိုင်းအဖွဲ့ ဘီအဆင့်မှ မည်သည့် နည်းဖြင့် အက်စ်အဆင့်သို့ တက်သွားသလဲဆိုသည့်အကြောင်းများဖြစ်သည်။ ပြောဖို့ရန်မလိုပင် သဲလွန်စတချို့လည်းရှိသည်။

“အဲဒီအခွင့်အရေးကို နှင်းဝံပုလွေရမယ်လို့ထင်နေတာ.. နှင်းမုန်တိုင်းရ သွားမယ်လို့ထင်မထားဘူး.. သူတို့က အမြဲတမ်း ဘီအဆင့်မှာပဲရှိနေခဲ့တာ.. ဒီကိစ္စက ကြေးစားအဖွဲ့အစည်းဥက္ကဌနဲ့များဆိုင်နေမလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဥက္ကဌတောင် ဒီလိုမျိုးလုပ်ပိုင်ခွင့်မရှိဘူး”

“နှင်းမုန်တိုင်းက သမိုင်းထဲမှာပဲရှိတဲ့ အက်စ်အဆင့်ရှာဖွေမှုသုံးခုလုပ်ခဲ့ တာ အဲဒါကြောင့် နှင်းမုန်တိုင်းရဲ့အဆင့်လည်း တက်သွားတာပဲ”

“အက်စ်အဆင့်ရှာဖွေမှုသုံးခုလား မင်း လာနောက်နေတာလား.. ပစ္စည်း သုံးခုကိုရှာရမယ့် မစ်ရှင်ကိုပြောတာမလား”

“ယန်းမြို့က ချပေးတဲ့ ရှာဖွေမှုသုံးခုလား”

ခိုင်သည် နှင်းဝံပုလွေကြေးစားအဖွဲ့ကို အတန်ကြာအောင် စိုက်ကြည့်နေ သည်။ ကြေးစားအဖွဲ့အစည်းအတွက် ဤကဲ့သို့အခွင့်အရေးကောင်းမျိုးရရန် မလွယ်ကူလှပေ။ ကြေးစားများ ထူထပ်လာသောခါ ဤပြဿနာအိုးကို ရန်စ ချင်လာပြီး နှင်းဝံပုလွေကြေးစားအဖွဲ့ကို အရှက်ခွဲချင်လာသည်။ မထင်မှတ်စွာ ပင် သူသည် ခေါင်းမာသောလူနှင့်တွေ့ပြီး သူ့ကို အခက်တွေ့စေသည်။

“ဟင်း နှင်းဝံပုလွေကြေးစားအဖွဲ့ မင်းက တိုက်ခိုက်ချင်တာလား” ခိုင် သည် ပေထင်းဟွမ်အား ခက်ထန်စွာကြည့်လေသည်။ သူ၏စူးရှသောအသံနှင့် အန္တရာယ်ပြုမည့်အကြည့်သည် ကြေးစားအဖွဲ့အစည်းဝင်ပေါက်တွင် လှုပ်ရှားမှု များကို လာကြည့်ကြသည့် ကြေးစားအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်သည် “မင်း ပြောတာဟုတ်တယ် နှင်းမုန်တိုင်းက အက်စ်အဆင့်ကိုတက်ဖို့ အက်စ်မအဆင့် မစ်ရှင်သုံးခုကိုလုပ်ခဲ့တာ.. ငါ့နောက်မှာ ဘယ်သူရှိလဲဆိုတာသိလား… ငါ မင်းကိုပြောမယ် ညအရှင်အိမ်တော်ကလွဲပြီးမရှိနိုင်ဘူး.. ဘယ်ဟာကမင်း အတွက် မကောင်းဘူးဆိုတာကိုသိရင် ဒီကသခင်လေးကို ထပ်ရန်လာမစနဲ့”

ညအရှင်အိမ်တော်ဆိုသည့် စကားကိုကြားပြီးနောက် အားလုံး၏ မျက်လုံး ထဲတွင် ကြောက်ရွံ့မှုများဖြစ်ပေါ်လာသည်။ မိုးနတ်မင်းရေ.. တကယ်ပဲ ညအရှင်အိမ်တော်ဖြစ်နေတာပဲ။ ညအရှင်အိမ်တော်ကို နောက်ခံနေနဲ့ရတာ နှင်းမုန်တိုင်းက ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။ မထူးဆန်းတော့ ပေ။ နှင်းမုန်တိုင်း၏ခွန်အားနှင့်ဆိုလျှင် အနီရောင်မိုးများရွာလာသည့်တိုင် အောင် အက်စ်အဆင့်ကြေးစားအဖွဲ့ဖြစ်လာမည်မဟုတ်ပေ။

ညအရှင်အိမ်တော်ဖြစ်နေတာပဲ။

ချင်းယွိ၏မျက်နှာအမူအရာပင် ပြောင်းလဲသွားသည်။ ပေထင်းဟွမ် ရှေ့တိုးမည်ကို မြင်လိုက်သည်နှင့် သူသည် သူမ၏လက်ကို အလျင်စလို ဆုပ်ကိုင်လိုက်သည် “ရှောင်ကျို့ ထားလိုက်ပါတော့ လျစ်လျူရှုလိုက်တော့”

ညအရှင်အိမ်တော်နှင့် ပေထင်းဟွမ်တို့ တစ်မျိုးတစ်ဖုံပတ်သက်နေသည် ကို တခြားသူများမသိသော်လည်း ချင်းယွိသိသည်။ ရှောင်ကျို့ ညအရှင် အိမ်တော်တွင် မည်သို့ အလုပ်ရခဲ့ပုံကိုတွေးမိပြီး လက်ရှိတွင် မည်သို့ဖြစ်နေ သည်ကို သူ မသိသော်လည်း နှင်းဝံပုလွေအတွက် ရှောင်ကျို့ကို မစွန့်စားစေချင် လိုပေ…

All Chapters