← Chapters

အသက်ရှင်နေရတာငြီးငွေ့နေပြီလား

Vol. 20 Ch. 396

အသက်ရှင်နေရတာငြီးငွေ့နေပြီလား

Vol. 20 Ch. 396

ညအရှင်အိမ်တော်နာမည်ကို ထည့်မပြောလျှင် အဆင်ပြေလိမ့်မည်.. သို့သော် သူပြောလာသည်နှင့် ပေထင်းဟွမ် မပျော်ရွှင်တော့ပေ။

တကယ်ကြီး ညအရှင်အိမ်တော်ရှိနေတာပဲ။

ယန်ယဲ့ ဘာတွေလုပ်နေတာလဲ။ သူက ဒီလိုကြေးစားအဖွဲ့ကိုတကယ်ကြီး ထောက်ပံ့နေတာပဲ။ ၂၁ ရာစုတွင် တချို့သောအဖွဲ့အစည်းကြီးနှင့် အသင်းအဖွဲ့ များသည် ကြေးစားအဖွဲ့များကို ပိုက်ဆံပုံပေးပြီးဝယ်ကြပုံကို ပေထင်းဟွမ် သိ သည်။ ပိုက်ဆံရှာရန် ရှာဖွေမှုများပြုလုပ်သည်ကိုပါ ထည့်ပေါင်းလိုက်လျှင် သူတို့၏ အကျိုးအမြတ်အတွက် အသုံးပြုခြင်းသာဖြစ်သည်။

“ဟွမ်ကျို့ သခင်ကြီးချင်းယွိပြောတာဟုတ်တယ်.. ညအရှင်အိမ်တော်ရဲ့ စွမ်းအားရှိနေမှတော့ သည်းခံရမယ်” ညအရှင်အိမ်တော်ဆိုသည့် အမည်နာမကို ကြားသည်နှင့် ယွိရုန်းကယ်ပင်လျှင် ပေထင်းဟွမ်ကို တားရတော့သည်။ ထျန်းယင်းမျိုးနွယ်၏ သခင်လေးတစ်ယောက်အနေနှင့် သူသည် ချင်းယွိထက် ပိုသိသည် “ညအရှင်အိမ်တော်က ကျုပ်တို့တွေ ပြစ်မှားရတဲ့လူတွေမဟုတ်ဘူး”

ပေထင်းဟွမ်သည် ခေတ္တမျှ ရပ်တန့်သွားသည်။ ပြီးနောက် ချင်းယွိ၏ လက်ကိုပုတ်ကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူမသည် အမြင့်ဆုံးအဆင့် တွင်ရပ်ပြီး အန်းခိုင်နှင့် မျက်နှာချင်းဆိုင်လိုက်သည် “ညအရှင်အိမ်တော်ဟုတ် လား.. ညအရှင်အိမ်တော်ဆိုလည်း ဘာဖြစ်လဲ.. နှင်းမုန်တိုင်းကြေးစားအဖွဲ့က ငါ့ကိုပိုင်တယ်လို့ ပြောရဲတဲ့သတ္တိရှိရင် ယန်ယဲ့ကိုသွားပြောလိုက်.. အခုကစပြီး ငါတစ်ယောက်တင်မဟုတ်ဘူး ငါ့လူတွေပါ နှင်းမုန်တိုင်းရှေ့ကနေ ကွေ့ပတ် သွားပေးမယ်.. မဟုတ်ရင် မင်းတို့ကိုတွေ့တဲ့အချိန်တိုင်း ဒီနေ့လိုမျိုး မင်းတို့ကို ရိုက်ပေးမယ်”

ပေထင်းဟွမ်သည် စကားမဆုံးခင်မှာပင် ရုတ်တရက်ခြေထောက်ဖြင့် တိုက်ခိုက်လေသည်။

လေခွင်းသည့်အသံများထွက်လာပြီး အားလုံးသည် အမြင်များ ဝေဝါးလာ သည်ကိုသာ ခံစားလိုက်ရသည်။ အဖြစ်အပျက်များကို မမြင်ရခင်မှာပင် ဝီကနဲ မြည်သံကိုသာ ကြားလိုက်ရပြီး ခိုင်သည် သူတို့မျက်စိရှေ့မှ ဥက္ကာခဲကဲ့သို့ပင် ပျောက်ကွယ်သွားသည်။ လူတစ်ယောက်သည် လေထဲတွင်မျဉ်းကွေးတစ်ခု ဆွဲနေသည်။ အဝေးမှနေပြီး မချီမဆန့်အော်သ့တစ်ခုထွက်လာပြီး အားလုံး၏ လည်ပင်းများသည် အသံလာရာသို့ လှည့်ကြည့်ကြသည်။

ထိုအရှိန်မှာ အလွန်မြန်ဆန်သည်။ ပေထင်းဟွမ်၏ ကန်ချက်ပြီးနောက် ခိုင်သည် မိုးပေါ်သို့လွင့်သွားကာ ကြေးစားအဖွဲ့အစည်းဝင်ပေါက်ကွင်းပြင်အား ဖြတ်ကျော်သွားကာ ကွင်းပြင်၏တခြားတစ်ဖက် မြေပေါ်သို့ ဘုန်းကနဲမြည်သံ နှင့်အတူ လဲကျသွားသည်။ ဖြစ်စဉ်တစ်ခုလုံးမှာ လက်ပစ်ဗုံးပစ်လိုက်သလို မြန်ဆန်ကာ အားလုံးမှာလည်း သတိလက်လွတ်ဖြစ်နေကြ၏။ အားလုံး အသိ ပြန်ဝင်လာချိန်တွင် တစ်ဖက်မှာ ဖုန်လုံးများထနေပြီး ခိုင်၏ ဝက်နှင့်တူသော အသံသည် ကွင်းပြင်ထဲတွင် ပေါက်ကွဲထွက်လာသည်။

“အာ ဟွမ်ကျို့ ငါ မင်းကိုသတ်မယ်”

ခိုင်သည် အဆင့် ၃ ဝိညာဉ်သခင်ဖြစ်သည်။ ပေထင်းဟွမ်၏တိုက်ခိုက်မှု သည် မပေါ့ပါးသော်လည်း ဒြပ်စင်စွမ်းအင်ကိုအသုံးမပြုသဖြင့် ခိုင်မသေပေ။ သို့သော် သူခံစားရသော နာကျင်မှုသည် မလျော့ပေ။

“ဟင်း မင်းက အော်နေသေးတယ်.. ကြည့်ရတာ ငါ့ကန်ချက် နှစ်ချက် လောက်ခံနိုင်နေသေးတဲ့ပုံပဲ” ပေထင်းဟွမ်သည် ခြေထောက်စောင့်ကာ အင်္ကျီ ပေါ်မှမရှိသည့်ဖုန်များကို ခါလိုက်သည်။ သူမ လှည့်ပြီး မြေပေါ်မှမထနိုင်သည့် ခိုင်အား ကြည့်လိုက်သည်။ သူမ၏ ထောင်လွှားသောစကားများကြောင့် အားလုံးထိတ်လန့်သွားကြသည်ကို သူမ မသိပေ။

နေရာတစ်ခုလုံးမှာ တိတ်ဆိတ်နေကြပြီး ခိုင်၏ နာကျင်စွာအော်ဟစ်သံ သည် မချိမဆန့်ထွက်ပေါ်နေသည်မှာ ဆံပင်များပင် ထောင်သွားစေသည်။ အားလုံး၏မျက်လုံးများသည် ပေထင်းဟွမ်အပေါ်ကျရောက်နေသည်။ သူမ မျက်နှာမှ မျက်နှာဖုံးကိုခွာလိုက်သည်နှင့် လှပေသောမျက်နှာပေါ်လာသည်။ သူမ၏အေးစက်သောမျက်လုံးများသည် လူသတ်မည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ ရေခဲကဲ့သို့အေးစက်သော အလင်းများလက်နေသည်။ သူမ သည် သေဆုံးခြင်းနတ်ဘုရားကဲ့သို့ဖြစ်နေကာ လူအများကို နောက်ဆုတ်သွား စေသည်။

ဒီလူငယ်က ဘယ်သူလဲ။ ငယ်ငယ်လေးပဲရှိသေးတာကို အသံနေအသံ ထားက မနူးညံ့ဘူးပဲ။

ညအရှင်က ဘယ်သူလဲဆိုတာကိုရော သိရဲ့လား။ သခင်ကြီးပေယဲ့အပြင် ဒီတိုက်ကြီးမှာ ပြိုင်ဘက်ကင်းပါရမီရှင်ပဲလေ။ သူက အသက် ၁၆ နှစ်မှာပဲ ကောင်းကင်အဆင့်ကို တက်ခဲ့ပြီး ခွန်အားကလည်း မိုးပေါ်ထိပျံတက်နေတာ။

ယခု ၁၆ နှစ်ကြာပြီးသွားချိန်တွင် ညအရှင် မည်မျှသန်မာသည်ကို မည်သူမှ မသိကြတော့ပေ။ လွန်ခဲ့သောတစ်နှစ်က နှစ်ပေါင်းသုံးရာနေလာခဲ့ သည့် ငွေလရောင်အင်ပါယာ၏ ဘိုးဘေးကြီးသည် ညအရှင်၏ တိုက်ကွက်တစ် ချက်တည်းနှင့် သေဆုံးခဲ့သည်။

ဒီလူငယ်က အသက်ရှင်ရတာငြီးငွေ့နေပြီလား။

All Chapters