← Chapters

သံမဏိသွေး နားထောင်ကြ နှင်းမုန်တိုင်းကိုဖျက်ဆီးကြ

Vol. 20 Ch. 397

သံမဏိသွေး နားထောင်ကြ နှင်းမုန်တိုင်းကိုဖျက်ဆီးကြ

Vol. 20 Ch. 397

“မင်း ရူးနေတာလား.. သခင်လေးကို ကန်ရဲတာလား.. မင်းသေချင်နေပြီ လား.. ညအရှင်က ဘယ်သူလို့ထင်လဲ.. ညအရှင်က မင်းလောက်ကို အရေးလုပ် ပြီး စကားများနေမယ်ထင်လား.. မင်းကိုပြောလိုက်မယ် ကောင်လေး ဒီနေ့ မင်း ဒီစကားပြောလိုက်တာနော်.. ညအရှင်အိမ်တော်က တောထဲမှာ မင်းအလောင်း ကို ပစ်ထားဖို့ကိုသာ စောင့်နေလိုက်”

တောထဲမှာ အလောင်းပစ်ထားမယ်ဟုတ်လား။

ပေထင်းဟွမ်သည် စိတ်ထဲမှ နှာရှုတ်မိသည်။ ညအရှင်အိမ်တော်မှ ယန်ယဲ့နှင့် ကိုယ်ရံတော်လေးယောက်တို့သည် သူမ၏အလောင်းကို တော်ထဲ တွင် မည်သို့စွန့်ပစ်မည်ကို သူမ မြင်ချင်မိသည်။

သူမ၏အလောင်းကို တောထဲတွင် မည်သူစွန့်ပစ်မည်ကိုလည်း ကြည့်ချင် သည်။ သူမလက်ကောက်ဝတ်ကိုလှန်လိုက်သည်နှင့် လက်ကောက်ဝတ်ကို ငွေရောင်ဓားပျော့ရစ်ပတ်ပြီးသားဖြစ်သွး၏ ပေထင်းဟွမ်သည် နှင်းမုန်တိုင်း ကြေးစားဖွဲ့အား အေးစက်စွာကြည့်ပြီး နှာမှုတ်လိုက်သည်။ သူမသည် မြို့တံတိုင်းအပြင်ဘက်ရှိ ပြာလဲ့သောကောင်းင်ကိုကြည့်လိုက်သည်။ ဤနေရာ သည် မြို့အပြင်ဘက် မှော်သားရဲတောနှင့် အနီးဆုံးတွင်ရှိပုံပင်။ တောထဲတွင် သူမ၏လောင်းကို ပစ်ထားရန် နေရာကောင်းပင်ဖြစ်သည်။

“သံမဏိသွေး နားထောင်ကြ.. ဒီနေ့ ဒီတိုက်ကြီးမှာ သံမဏိသွေးရဲ့ ပထမဆုံးတိုက်ပွဲစမယ်.. နှင်းမုန်တိုင်းကိုဖျက်ဆီးပြီး ဒီလူတွေရဲ့အလောင်းကို မဟာမိတ်မြို့အပြင်မှာ သွားပစ်ထားလိုက်” ပေထင်းဟွမ်၏နှုတ်ခမ်းများသည် အေးစက်စွာဖြင့် ဆိုးယုတ်သောအပြုံးအဖြစ် ကွေးတက်သွားသည်။ နှင်းမုန်တိုင်းမှလူများသည် နောက်သို့ခြေတစ်လှမ်းဆုတ်ကြသည်။

ဤလူငယ်သည် အလွန်ကြောက်စရာကောင်းလှသည်။

ဒီနတ်မိစ္ဆာနဲ့တူတဲ့လူက ဘယ်သူလဲ။

“မင်း မင်း မင်းကဘယ်သူလဲ.. တစ်နေ့ကျ သံမဏိသွေးကို ဆန့်ကျင်မယ့် အဖွဲ့ရှိလာမှာကိုမကြောက်ဘူးလား” နှင်းမုန်တိုင်းအဖွဲ့မှလူများသည် အသင့် အနေအထားရှိနေသည်။ သူတို့သည် လက်နက်များထုတ်လာသော ကြေးစား များကိုကြည့်နေကြသည် “ငါတို့ကိုထိရဲရင် ညအရှင်အိမ်တော်က ဒီကိစ္စကို ဒီအတိုင်းထားမှာမဟုတ်ဘူး”

“အဲလိုလား” ပေထင်းဟွမ်သည် လက်ထဲမှဓားပျော့ဖြင့် နှင်းမုန်တိုင်းဆီ သို့ပစ်လိုက်သည်။ ငွေရောင်ဓားပျော့သည် မျက်လုံးပါသည့်အတိုင်းပင်။ ရှည်လျားသောမြွေကဲ့သို့ပင် နှင်းမုန်တိုင်းမှလူ ၁၀ ယောက်ကျော်၏ လည်ပင်း ကို ရစ်ပတ်လိုက်သည်။ တစ်ဖက်လူသည် တိုက်ခိုက်ရန် သို့မဟုတ် မှော်သားရဲ များကို ဆင့်ခေါ်ရန်အချိန်ပင်မရလိုက်ပေ။ ဝီကနဲမြည်သံနှင့်အတူ အပြာနု ရောင်ဒြပ်စင်စွမ်းအင်ပါဝင်သော ဓားပျော့သည် အောင်မြင်စွာတိုက်ခိုက်လေ တော့သည်။ ခေါင်း ၁၀ လုံးကျော်သည် လှေကားမှ လိမ့်ကျလာသည်။

“တိုက်ခိုက်ကြ ညအရှင်အိမ်တော်က ငါ့ကိုဘယ်လိုဖျက်ဆီးမလဲဆိုတာ ကြည့်တာပေါ့” ပေထင်းဟွမ်သည် လက်ထဲတွင်ဓားပျော့ကိုကိုင်ထားပြီး ခေါင်းပြတ်အလောင်း ၁၀ လောင်းကျော်တို့နှင့်အတူ ရပ်နေသည်။ သူမသည် ဖိနပ်ပေါ်မှ သွေးများကို အေးစက်စွာကြည့်လိုက်သည်။ သွေးများသည် သူမ ခြေလှမ်းလှမ်းတိုင်းတွင် ခြေထောက်မှစီးကျလာကာ အသံများပင် တပျစ်ပျစ် ထွက်နေသည်။

“အာ.. မင်းကို သေတဲ့ထိတိုက်ခိုက်မယ်”

နတ်မိစ္ဆာတစ်ကောင်လိုပင် ပေထင်းဟွမ်သည် နှင်းမုန်တိုင်းမှလူများကို အေးစက်စွာကြည့်လေသည်။ သူတို့မျက်နှာမှအမူအရာများသည် ကြောက်လန့် မှုမှ မျှော်လင့်ချက်ကင်းမဲ့မှုသို့ ပြောင်းသွားကြလေသည်။ နောက်ဆုံးတွင် လက်လျှော့ခြင်းမှ ရုန်းထွက်ကာ သံမဏိသွေးကြေးစာအဖွဲ့အား အသံကုန်ခြစ် ပြီးအော်ဟစ်ကြလေသည်။

သံမဏိသွေးအဖွဲ့၏ရှေ့နားတွင် ဝမ်ဝေ့ရှိနေသည်။ ငွေလရောင် အင်ပါယာ၏ စစ်သည်ဟောင်းတစ်ယောက်နေနှင့် ဝမ်ဝေ့သည် အသိပညာတွင် လျော့နည်းခြင်းမရှိပေ။ သေချာပေါက်ပင် ပေထင်းဟွမ်၏ အပြုအမူများသည် သွေးဆာခြင်းကြောင့် မဟုတ်သည်ကို သူသိသည်။ သူမသည် နှင်းမုန်တိုင်းကို သုံးပြီး သူမ၏ဂုဏ်ကိုတည်ဆောက်ကာ ကြေးစားအဖွဲ့အစည်းသို့ဝင်ရာတွင် သံမဏိသွေးကို အခြေခိုင်စေလိုခြင်းဖြစ်သလို နှင်းဝံပုလွေအတွက် အားကောင်းသောရန်သူကို ချေမှုန်းပေးခြင်းဖြစ်သည်။ သူကိုယ်တိုင်မျက်လုံး နှင့် မြင်တွေ့လိုက်ရခြင်းကြောင့်သာမဟုတ်လျှင် ဤ ၁၄ နှစ်အရွယ်လူငယ်တွင် ခွန်အားထက် ဤကဲ့သို့အသိပညာရှိနေလိမ့်မည်ဟု ယုံမည်မဟုတ်ပေ။

“သတ်လိုက် အဲဒီမောက်မာတဲ့ကောင်တွေအကုန်လုံးကို သတ်လိုက်” ဝမ်ဝေ့သည် ရှေ့မှပြေးသွားလိုက်သည်။ လေးလံသောဓားကြီးပေါ်တွင် အပြာနု ရောင်ချီများလက်သွားပြီး ဝမ်ဝေ့၏ ခွန်အားကိုပြသလေသည်။ ပင်မတိုက်ကြီး တွင် ထိုကဲ့သို့ခွန်အားရှိသော ကောင်းကင်အဆင့်ဓားသမားမှာ များများစားစား မရှိပေ။

“မိုးနတ်မင်းရေ သံမဏိသွေးလား သံမဏိသွေးကလည်း ကြေးစားအဖွဲ့ပဲ လား” လူအုပ်ထဲမှ တစ်ယောက်သည် အော်ဟစ်လေသည်။ တိုက်ကြီးတွင် ကြေးစားအဖွဲ့သစ်များသည် နေ့စဉ်နေ့တိုင်း ပေါက်ဖွားနေသလို ကြေးစားအဖွဲ့ ဟောင်းများလည်း ပျက်စီးနေကြသည်။ တချို့လူများသည် မစခင်ပင် သေဆုံး သွားကြရသည်…

All Chapters