← Chapters

သံမဏိသွေး မှော်သားရဲတပ်ဖွဲ့

Vol. 20 Ch. 398

သံမဏိသွေး မှော်သားရဲတပ်ဖွဲ့

Vol. 20 Ch. 398

ဝမ်ဝေ့၏နောက်တွင် အယောက်တစ်ရာကျော်သော သံမဏိသွေးအဖွဲ့ သည် ရုတ်တရက်ပေါ်လာခဲ့သည်။ ငွေရောင်အလင်းတန်း လက်လာသည်နှင့် တူညီဝတ်စုံဝတ်မထားသည့် ကြေးစားများဘေးတွင် မွန်မြတ်သောသားရဲများ တစ်ကောင်ပြီး တစ်ကောင်ပေါ်လာခဲ့သည်။ ကြည့်လိုက်သည်နှင့် ချစ်စရာ ကောင်းသော တိရစ္ဆာန်လေးများသည် အားလုံးကို ချစ်သွားစေလောက်သည်။

ပန်းရောင်ဝက်ပေါက်လေးများ၊ ကြွက်ဖြူနှင့် အမွေးထူထူကြောင်ပေါက် လေးများပါဝင်သည်.. လူအုပ်ထဲမှ တချို့လူများသည် စတင်အော်ဟစ်ကြတော့ သည်။ သူတို့သည် ဤအဖြစ်အပျက်ကို မမျှော်လင့်ထားပေ။ မှော်သားရဲများ သည် မွန်မြတ်သောလောကသို့ဝင်မှပင် သူတို့၏ ပုံစံအသေးကိုပြနိုင်ခြင်းဖြစ် သည်။

မှော်သားရဲများသည် တစ်ကောင်ချင်းစီပင် ၎င်းတို့၏ချစ်စရာပုံစံမှ ရုတ်တရက် ကြီးထွားလာကြသည်။ သားရဲများ မိုးပေါ်သို့မျှော်ပြီး မာန်ဟိန်း လိုက်သည်နှင့် ဖိအားလှိုင်းလုံးကြီးများ ထလာတော့သည်။ ထိုအခါမှပင် အမှန် တကယ်ပင် မွန်မြတ်သောတပ်ဖွဲ့ကြီးဖြစ်သည်ကို အားလုံးသိလိုက်ရတော့၏။ မှော်သားရဲများအားလုံးနီးပါးသည် မွန်မြတ်သောသားရဲများဖြစ်ကြသည်။

“သခင့်ကို ဘယ်သူရန်စရဲလဲ” ဆယ်လင်း၏ဘေးတွင် ငွေရောင်အမွေးနှင့် ဝံပုလွေတစ်ကောင်သည် ခေါင်းကိုမြင့်မြင့်မော့ထားကာ ခေါင်းမှအမွေးများကို ခါလိုက်သည်။

“မိုးနတ်မင်းရေ နတ်သားရဲပဲ.. အာ ပြေးတော့ နတ်သားရဲတောင်ပါတယ်”

နှင်းဝံပုလွေဘုရင် လှုပ်ရှားသည်နှင့် ပရိသတ်များသည် ကြောက်အား လန့်အားဖြင့် နောက်ဆုတ်ကြသည်။ နှင်းမုန်တိုင်းကြေးစားအဖွဲ့မှလူများသည် ခြေလှမ်းများကို ရပ်လိုက်ကြသည်။ ဝံပုလွေဘုရင်၏ ဆော့ကစားသောပုံစံကို ကြည့်ပြီး အားလုံး၏မျက်နှာများသည် ရုတ်တရက် ဖြူဖျော့သွားသည်။

သံမဏိသွေးသည် အလွန်ဩချဖွယ်ကောင်းနေခြင်းကြောင့်ပင် ညအရှင် အိမ်တော်နှင့် ယှဉ်ပြိုင်ရဲနေသည်မှာ ထူးဆန်းဖွယ်မရှိတော့ပေ။ ထိုလူတွင် မွန်မြတ်သောသားရဲတပ်ဖွဲ့ရှိနေသည်။ မြင်နေရသည့်မြင်ကွင်းကို မည်သူမှ မယုံကြည်ကြပေ။ ပေထင်းဟွမ်သည် ဓား ၁ လက်ကြယ်ဝိညာဉ်သခင်ဖြစ်ပြီး သားရဲထိန်းသခင်ကြီးဖြစ်သည်ကို သိထားကြသော နှင်းဝံပုလွေကြေးစားအဖွဲ့မှ လူများပင်လျှင် မယုံနိုင်ကြပေ။ ရက်အနည်းငယ်အတွင်းမှာပင် ၁၄ နှစ်အရွဘ် လူငယ်သည် နာမည်ကျော်လာခဲ့သည်။ ဤကဲ့သို့အချိန်တိုအတွင်းမှာပင် မွန်မြတ်သောသားရဲ အကောင်တစ်ရာကျော် တပ်ဖွဲ့ကြီးရှိလာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။

သူတို့ထဲတွင် နတ်သားရဲတစ်ကောင်ပါသည်။

နတ်သားရဲများသည် နေရာတိုင်းတွင်တွေ့ရတတ်သည့် ခွေးများကြောင် များမဟုတ်ပေ။ တိုက်ကြီးတစ်ခုလုံးတွင် ထိပ်ဆုံးတွင်ရပ်တည်နိုင်ကြသော အဖွဲ့အစည်းများရှိသလို ဤတိုက်ပေါ်ရှိ လေနှင့်မိုးဟုခေါ်သည့် အုပ်စုများသည် အားအကောင်းဆုံးသော ဝိညာဉ်သခင်များနှင့် နတ်သားရဲများကို မှီခိုရသည်။ မွန်မြတ်သောသားရဲတစ်ကောင်သည် ကောင်းကင်အဆင့်ရှိကာ နတ်သားရဲ တစ်ကောင်သည် အားကောင်းသောကောင်းကင်အဆင့်ရှိသည်။ သံမဏိသွေး အဖွဲ့ ထောင်လွှားနေသည်မှာ မထူးဆန်းတော့ပေ။

ဤလူငယ်သည် ၁၄ နှစ်မျှသာရှိသေးသည်။ သူသည် မည်သည့်အင်အား ကြီးမိသားစုမှ လာသနည်း။ သူ့တွင် ဤကဲ့သို့အားကောင်းသည့် အရည်အချင်း နှင့်ခွန်အားရှိနေသည်။

ကြီးမားသောမှော်သားရဲတပ်ကြီးသည် တဒင်္ဂအတွင်း ကွင်းကြီးတစ်ခုလုံး ကို သိမ်းပိုက်လိုက်သည်။ သွေးဆာနေသောအကြည့်များသည် မှော်သားရဲများ ၏ ဒေါသမျက်လုံးများထဲတွင် အရောင်လက်နေသည်။ သူတို့သည် နှင်းမုန်တိုင်း နှင့် တခြားသူများကို ပန်းကန်ပြားပေါ်မှ ငါးကိုကြည့်သကဲ့သို့ ကြည့်နေကြ၏။ သူတို့၏အထင်သေးမှုများသည် လောဘအရိပ်အယောင်ကို ထုတ်ပြနေသည်။

“ဒီအားနည်းတဲ့လူသားတွေလောက်လား” ဝံပုလွေဘုရင် ပြောလာပြန် သည်။ ၎င်းသည် ရှေ့လက်သည်းများဖြင့် နဖူးမှအမွေးကိုကုတ်ကာ ရှေ့သို့ ဦးဆောင်လျှောက်လေသည်။ ၎င်းသည် နှင်းမုန်တိုင်း၏လူများကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး အားလုံး၏ခေါင်းမွေးများထောင်သွားနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသည့်အပြုံးဖြင့် ပြုံးပြလေသည်။ ထိုအခိုက်အတန့် တွင် ၎င်း၏ရှေ့လက်သည်းသည် ရုတ်တရက် လေထဲတွင် ဝေ့ယမ်းကာ ကြီးမား သော ဓားသွားသည် နှင်းမုန်တိုင်း၏ လူများဆီသို့ ပျံသန်းသွားခဲ့သည်။

လျှပ်စီးကြောင်းကဲ့သို့ပင် ကြီးမားသောစွမ်းအင်နှင့် လေထုကြားရှိ ကြီးမားသောပွတ်တိုက်မှုမှ လူတစ်ဦး၏ နှလုံးကို ကွဲအက်သွားစေလောက် သည့် အသံလှိုင်းတစ်ခုဖြစ်ပေါ်စေသည်။ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် သူ့ အနောက်မှ မွန်မြတ်သောသားရဲများအားလုံးသည် လူဒါဇင်ထက်မနည်းရှိသော နှင်းမုန်တိုင်းကြေးစားအဖွဲ့၏လူများဆီသို့ ခုန်အုပ်လေသည်။ မွေးရာပါ ဝိညာဉ် တိုက်ခိုက်ရေးစနစ်၏ တိုက်ခိုက်မှုများနှင့် မွန်မြတ်သောသားရဲ၏ ကြီးမားသော ကိုယ်ထည်တို့ တိုက်မိစဉ်အတွင်း ဖြစ်စဉ်တစ်ခုလုံးကို မည်သူမှ ရှင်းရှင်းလင်း လင်းမမြင်ရပေ။

“ကောင်စုတ်တွေ မင်းတို့က ငါ့ထက်သာမှာလား”

အနည်းငယ် အက်ကွဲသော အမျိုးသားအသံတစ်သံသည် မွန်မြတ်သော သားရဲ၏ တိုက်ခိုက်မှုအလယ်တွင် ထွက်ပေါ်လာသည်။ တခြားသောနတ် သားရဲ၏ဖိအား ထွက်လာပြီး ကွင်းပြင်မှလူများကို ဖိအားပေးရာ ထိုလူများသည် အလိုလိုပင် ခြေလှမ်းများကို နောက်ဆုတ်သွားလေသည်…

All Chapters