← Chapters

ဟွမ်ကျို့.. ဂုဏ်သရေနှင့်ကျော်ကြားခြင်း

Vol. 20 Ch. 399

ဟွမ်ကျို့.. ဂုဏ်သရေနှင့်ကျော်ကြားခြင်း

Vol. 20 Ch. 399

နှင်းမုန်တိုင်းမှလူများသည် အသားစများဖြစ် အကြိတ်ခံလိုက်ရတော့၏။ သူတို့အသံများထွက်လာပြီးသည်နှင့် မွန်မြတ်သောသားရဲများသည် မိုးပေါ်သို့ အလျင်စလိုသွးကြသည်။ ရက်စက်လှသောစစ်မြေပြင်ပေါ်ပေါက်လာပြီး နှင်းမုန်တိုင်းကြေးစားအဖွဲ့မှ ဒါဇင်ကျော်သောလူများသည် အလယ်တွင်မရှိ တော့သည်ကို အားလုံးမြင်လိုက်ရသည်။ အလယ်တွင် တောင်ငယ်တစ်လုံးစာ အရွယ်အစားရှိသည့် ကြီးမားသော စပါးအုံးမြွေအနက်ကြီးတစ်ကောင်ကိုသာ တွေ့လိုက်ရသည်။ ၎င်း၏နီရဲသည့်မြွေလျှာသည် ရှည်ထွက်လာပြီး ကောင်းကင် အားကျိန်ဆဲနေသည် “နောက်တစ်ခါ တိုက်ပွဲတိုက်ရင် မျက်လုံးနဲ့ကြည့်ထား.. အခု မင်းတိုက်ခိုက်နေတာ ငါ့ကိုပဲ”

တိတ်ဆိတ်မှုမှာ ကြီးစိုးလွန်းသည်။ ထိုမြင်ကွင်းသည် ပေထင်းဟွမ် ညအရှင်သခင်ကို စကားလာပြောရန် ပြောစဉ်ကအဖြစ်အပျက်ထက်ပင် ပို၍ ဆိုးနေသည်။ တဒင်္ဂအတွင်းမှာပင် အားလုံး၏စိတ်များသည် မှိုင်တွေသွားကြ သည်။ ထိုအသံသည် နှင်းမုန်တိုင်းအဖွဲ့မှ အသက်ရှင်ကျန်သူ၏အသံမဟုတ်ဘဲ တခြားနတ်သားရဲတစ်ကောင်၏ အသံဖြစ်သည်။

သူတို့တွေ ဝိညာဉ်ခွဲချောက်အတွင်းနက်ထဲထိ ရောက်သွားတာလား။ မဟုတ်ရင် မွန်မြတ်တဲ့သားရဲနဲ့ နတ်သားရဲတွေ ပေါ်လာတာကို မြင်ရမှာလဲ။

ဒါမှမဟုတ် မြင့်မြတ်တဲ့ဝိညာဉ်အပျက်အစီးလိုမျိုး အက်ကွဲကြောင်းပေါ် လာပြီး နတ်သားရဲနဲ့ မွန်မြတ်တဲ့သားရဲတို့ အက်ကွဲကြောင်းကနေ ရုတ်တရက် ခုန်ထွက်လာတာကို တွေ့နေရတာလား။ အားလုံးသည် ထိတ်လန့်နေကြကာ သတိပြန်မဝင်နိုင်ချိန်မှာပင် သူတို့ခေါင်းအထက်ရှိ မွန်မြတ်သောသားရဲအုပ်ဆီမှ အသံထွက်ပေါ်လာသည် “ဟားဟား မင်းက ဒါနဲ့ပဲတန်တယ် တုံးလိုက်တဲ့မြွေ မင်းကို ဘယ်သူက အဲလောက်မြန်မြန်ပြေးခိုင်းလို့လဲ”

မိုးနတ်မင်းရေ မွန်မြတ်တဲ့သားရဲတောင် စကားပြောနိုင်တယ်လား။ နတ်သားရဲတွေပဲ စကားပြောနိုင်တာမဟုတ်ဘူးလား။ ဒီမှာ စကားပြောတတ်တဲ့ မှော်သားရဲတွေ ဘာလို့ တစ်ကောင်နှစ်ကောင်မကတာလဲ။

“နတ်သားရဲတွေ ဘုရားရေ အားလုံးပေါင်း နတ်သားရဲသုံးကောင်နဲ့ မွန်မြတ်တဲ့သားရဲ အကောင်တစ်ရာကျော်တယ်.. အမှားတစ်ခုခုများရှိနေလား၊ ဘုရားရေ.. ဒီနေ့ နေကအနောက်ဘက်ကနေများ ထွက်နေသလား”

“မဟုတ်ဘူး.. ငါ နားကြားမှားတာပဲဖြစ်မယ် ငါနားကြားမှားတာပဲ၊ ခုနက စကားပြောတဲ့ မှော်သားရဲမရှိဘူး.. မိုးပေါ်က ဝိညာဉ်သခင်တစ်ယောက် ယောက်ပဲနေမှာ”

“ငရဲကိုသွားလိုက်လေ.. မိုးပေါ်မှာ ဘယ်လိုလုပ် ဝိညာဉ်သခင်ရှိရမှာလဲ၊ အဲဒါ နတ်သားရဲပဲ.. သေချာပေါက် နတ်သားရဲပဲ၊ မိုးပေါ်မှာ ဘယ်ဝိညာဉ်သခင်မှ မရှိဘူး ဟုတ်ပြီလား”

“သေစမ်း.. အခုခေတ်မှာ နတ်သားရဲတွေက ဘာတန်ကြေးမှမရှိတော့ဘူး လား၊ မဟုတ်သေးဘူး.. ငါ မနက်ဖြန် မှော်သားရဲတောကို သွားမှဖြစ်မယ်.. ငါလည်း နတ်သားရဲတစ်ကောင်လောက် ဖမ်းရမှဖြစ်မယ်”

ပေထင်းဟွမ်သည် အမြင့်ဆုံးသားရဲထိန်းဖြစ်သည်ကို နှင်းဝံပုလွေထဲမှ လူများအားလုံးသိကြကာ ချင်းယွိလည်း ကောင်းစွာသိထားသည်။ ဒါပေမဲ့ ဒီကောင် ဒီလောက်ရူးစရာလိုလို့လား။ တစ်ခါတည်း မွန်မြတ်တဲ့သားရဲတွေ ဒီလောက်အများကြီးဖမ်းလာတာလေ။ ထိုစဉ်က မွန်မြန်သောဝိညာဉ်အပျက် အစီးအတွင်းတွင် နှင်းဝံပုလွေသည် မွန်မြတ်သောသားရဲ ၅ ကောင်ကို တစ်ခါ တည်းဖမ်းမိခဲ့ကာ လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။ နှင်းဝံပုလွေသည် ဤ တိုက်ကြီးတွင် စိတ်မာန်တက်ကြွစေကာ ရှာဖွေမှုများစွာရရှိခဲ့သည်။

ယခုအချိန်သည် ကြေးစားမဟာမိတ်ဝင်ခွင့်အတွက် အလုပ်အများဆုံး အချိန်ဖြစ်ကာ လူလည်းအတော်များသည်။ မဟုတ်လျှင် ခိုင်သည် နှင်းဝံပုလွေ ကို အရှက်ခွဲရန် ဤအချိန်ကိုရွေးမည်မဟုတ်ပေ။ မထင်မှတ်စွာပင် နှင်းဝံပုလွေ ကို သံမဏိသွေးကြေးစားအဖွဲ့မှ ကူညီပေးနေသည်။ နှင်းမုန်တိုင်းနှင့်တိုက်ပွဲ.. မဟုတ်ပေ နှင်းမုန်တိုင်းကို ချေမှုန်းခြင်းသည် သံမဏိသွေးကြေးစားအဖွဲ့၏ ဂုဏ်သိက္ခာကို အမြင့်ဆုံးအထိ မြှင့်တင်နိုင်သည်ဟု ဆိုရမည်။

နှင်းမုန်တိုင်းမှ နှင်းဝံပုလွေကို ရန်စသည့်သတင်းနှင့် အသစ်ဖွဲ့စည်းထား သော သံမဏိသွေးကြေးစားအဖွဲ့၏ နင်းခြေခြင်းကိုခံရသည့်သတင်းမှာ တောမီးသဖွယ် ပျံ့နှံ့သွားလေသည်။ ချက်ချင်းဆိုသလိုပင် မဟာမိတ်မြို့တော်၌ အယူသန်သည့်လှိုင်းလုံးကြီး မြင့်တက်လာခဲ့သည်။ သံမဏိသွေးကြေးစားအဖွဲ့ တွင် အဖွဲ့ဝင်မများလှသော်လည်း တစ်ယောက်ချင်းစီတွင် မွန်မြတ်သောသားရဲ တစ်ကောင်စီ မဟုတ်သေးပေ.. မှော်သားရဲနှစ်ကောင်စီရှိသည်ကို အားလုံးသိ လိုက်ရသည်။

ထိတ်လန့်မှုများသည် ရေဂယက်များသဖွယ် ပျံ့သွားသည်။ ထိုအခိုက် အတန့်တွင် အားလုံးနီးပါးသည် ဤကြေးစားအဖွဲ့၏နာမည်ကို မှတ်မိသွားကြ သည်။ ၎င်းနာမည်သည် သံမဏိသွေးဖြစ်သည်။

အားလုံး တခြားမှတ်မိသည်မှာ လူတစ်ယောက်၏ နာမည်ပင်ဖြစ်သည်။ သူသည် ၁၄ နှစ်မျှရှိသေးကာ မွန်မြတ်သောသားရဲတပ်ရှိသည့် ဟွမ်ကျို့ဖြစ်၏..

All Chapters