← Chapters

ဒီမိန်းကလေးက ဦးနှောက်မရှိဘူးလား

Vol. 20 Ch. 400

ဒီမိန်းကလေးက ဦးနှောက်မရှိဘူးလား

Vol. 20 Ch. 400

လမ်းထောင့်တစ်နေရာတွင် ဟွမ်မုန့်သည် ပါးစပ်ကိုတင်းတင်းစေ့ထား ကာ မျက်စိရှေ့မှ အဖြစ်အပျက်အားလုံးကို မယုံကြည်နိုင်စါာကြည့်နေသည်။ သူသည် ကြယ် ၇ ပွင့်ဝိညာည်သခင်ကြီးကို ကန်ထုတ်ကာ မသန်စွမ်းဖြစ် အောင်လုပ်ခဲ့သည်။ ဓားတစ်ချောင်း.. ဓားတစ်ချောင်းနှင့်တင် ဝိညာဉ်သခင် ကြီး ၁၀ ယောက်ကျော်၏ အသက်ကိုယူခဲ့သည်။ ထို့အပြင် သူမ ဦးဆောင် သည့် မှော်သားရဲများကို ဆင့်ခေါ်စရာမလိုသည့်ကြေးစားအဖွဲ့သည် မွန်မြတ် သောသားရဲများဖြင့် ဖွဲ့စည်းထားသော တပ်တစ်ခုဖြစ်သည်။ ဤလူငယ်သည် ဤမျှလောက် အားကောင်းနေလိမ့်မည်ဟု သူမထင်မထားပေ။

“မိန်းကလေး မြင်တဲ့အတိုင်းပဲ သူက ပြစ်မှားလို့ရတဲ့လူမဟုတ်ဘူး” ဖုန်းရှောင်သည် ကြောက်လွန်းသဖြင့် တုန်ယင်နေသည်။ သူသည် ဤရူးသွပ် နေသော သခင်မလေး ပေထင်းဟွမ်ကို ထပ်မံရန်စမည်ကို ကြောက်နေသည်။

ဤလူငယ်သည် ကြင်နာတတ်သောလူမဟုတ်ပေ။ မှော်သားရဲတောထဲ တွင် ဝံပုလွေများနှင့် တွေ့ခဲ့ချိန်က ဤလူငယ်သည် အညှာတာမဲ့စွာတိုက်ခိုက် ကာ သူတို့ကို ပြတ်သားစွာ သတ်ဖြတ်ခဲ့သည်။ ၎င်းအဖြစ်အပျက်သည် ဖုန်းရှောင်ကို ကြောက်လန့်သွားစေသည်။ ယခုအခါ သူ နှင်းမုန်တိုင်းကို ဖျက်ဆီးနေပုံကိုကြည့်ပြီး ဖုန်းရှောင်သည် ပေထင်းဟွမ်နှင့် ခပ်ခွာခွာနေချင် လာသည်။

“သူ ပေယဲ့မဟုတ်ဘူးလား.. ရှန်းမိသားစုနဲ့ စီရင်ချက်ဗိမာန်ကို ဖျက်ဆီး ခဲ့တဲ့ ပေယဲ့က ဟွမ်ကျို့ဆိုတာကို ငါတို့ပြောလိုက်ရင် သူ ဒီလိုထောင်လွှား မလားဆိုတာ ကြည့်ကြတာပေါ့” ဟွမ်မုန့်သည် နှာမှုတ်ကာ ပေထင်းဟွမ်အား အန္တရာယ်ပြုမည့်အကြည့်ဖြင့် ကြည့်လေသည်။

“အကြီးဆုံးသခင်မလေး” ဖုန်းရှောင်သည် အနည်းငယ် စိတ်တိုလာသည်။ သူသည် အဖွဲ့၏အကြီးဆုံးထဲမှ တစ်ယောက်ဖြစ်သည် “ညအရှင်ကို ဂရုမစိုက်ရဲ တဲ့သူက သာမန်ဖြစ်လိမ့်မယ်လို့ထင်လို့လာ.. အစတုန်းက သူဘာပြောခဲ့လဲဆို တာ ကြားလိုက်လား.. သူက ဒီလောက်လူတွေအများကြီးရှေ့မှာတောင် ညအရှင်ကို စိန်ခေါ်ရဲတယ်.. အကြီးဆုံးသခင်လေး တိုက်ကြီးတစ်ခုလုံးမှာ ဒီလို လူက ပုံမှန်အားဖြင့် ရှိတာမဟုတ်ဘူး”

ဟွမ်မုန့်၏မျက်နှာပေါ်တွင် မှုံ့မှိုင်းသောအမူအရာ ဖြစ်ပေါ်လာသည်။ သူမသည် ခေတ္တမျှတွေးကာ နှာမှုတ်လေသည် “ဟင်း သူက ငယ်လို့ထောင်လွှား နေလည်း မြန်မြန်ပဲသေမှာပဲ.. ဒီကောင်က အခုမှ ၁၄ နှစ်၊ ၁၅ နှစ်လောက်ပဲရှိ သေးတာ.. ဘာမှသိဦးမှာမဟုတ်ဘူး.. ညအရှင်သခင်က ဘယ်သူမှန်းတောင် သိမှာမဟုတ်ဘူး၊ အဲဒါကို မဟုတ်တာတွေပြောရဲသေးတယ်.. ရှန်းမိသားစုနဲ့ စီရင်ချက်ဗိမာန်က သူ့နောက်လိုက်မယ်ဆိုရင် ဒီလိုထောင်လွှားနိုင်ဦးမလားလို့ ကြည့်ကြတာပေါ့”

ဟွမ်မုန့်၏ စိတ်ထဲတွင် အမုန်းတရားများပွားနေသည်ကို ကြည့်ပြီး ဖုန်းရှောင်သည် ဒေါသထွက်လွန်းသဖြင့် သူမကို သတ်ပစ်ချင်နေမိသည်။ ဒီ မိန်းကလေးက ဦးနှောက်မလည်ပတ်တာလား။ သူသည် ဟွမ်မုန်ကို အပေါ်ယံ လေးစားသမှုကို ထိန်းထားကာ နှာမှုတ်လေသည် “ဖြစ်နိုင်တာက သခင်ကြီး ဟွမ်ကျို့က ရှန်းမိသားစုနဲ့ စီရင်ချက်ဗိမာန်ကို တစ်ယောက်တည်း ကိုင်တွယ် နိုင်မှာမဟုတ်ဘူး.. ဒါပေမဲ့ သခင်မလေး… သခင်ကြီးဟွမ်ကျို့က ရေနက်ကို ချေမှုန်းဖို့ အလွယ်လေးပဲ.. ရေနက်က မွန်မြတ်တဲ့သားရဲနှစ်ကောင်က သခင်ကြီးဟွမ်ကျို့ပေးထားတယ်ဆိုတာလည်း မမေ့နဲ့ဦး”

“မွန်မြတ်တဲ့သားရဲနှစ်ကောင်ကို ပေယဲ့ပေးထားတာမဟုတ်ဘူးလား.. အဲဒါက ဟွမ်ကျို့နဲ့ ဘာဆိုင်လို့လဲ” ရန်လိုသည့်အကြည့်များ ဟွမ်မုန့်၏ မျက်လုံးထဲတွင် ပေါ်လာသည်။ ပေယဲ့ သို့မဟုတ် ဟွမ်ကျို့၏ ကြင်နာမှုကို မှတ်မိရန် ဉာဏ်ရှိရှိနှင့် တွေးရတော့မည်။

“အကြီးဆုံးသခင်မလေး ခုခံမယ်ဆိုရင် ကျွန်တော့်ကို ရေနက်ကြေးစား အဖွဲ့ကနေ ထွက်သွားခွင့်ပြုပါ.. ကျွန်တော့်အိမ်မှာ အမေနဲ့အမျိုးသမီးရှိသေး တယ်.. ရေနက်ကြေးစာအဖွဲ့နဲ့သေရမယ်ဆိုလည်း ဂရုမစိုက်ပါဘူး” ဖုန်းရှောင် သည် ဟွမ်မုန့်ကို ဦးညွှတ်ကာ လှည့်ထွက်ပြီး ရှေ့သို့လျှောက်သွားလေသည်။

ပေထင်းဟွမ်၏ အသိစိတ်ပင်လယ်ထဲတွင် နွယ်ပင်လေး၏အသံသည် ရုတ်တရက် ထွက်ပေါ်လာသည် “သခင် ဟိုမိန်းကလေးဟွမ်မုန့်က ရှန်းမိသားစု နဲ့ စီရင်ချက်ဗိမာန်ကို သခင်က ပေယဲ့ပါလို့ ပြောချင်နေတယ်”

ပေထင်းဟွမ် နှင်းမုန်တိုင်းကြေးစားအဖွဲ့နှင့် ဖြေရှင်းချိန်တွင် နွယ်ပင် လေးသည် အမွေးပွလုံးဖြူဖြူများအားလုံးကိုထုတ်ပေးခဲ့သည်။ ဟွမ်မုန့် ချောင်း ကြည့်နေသည်ကို သူမ မြင်သောအခါ နောက်မှလိုက်သွားခဲ့ခြင်းဖြစ်သည်။ သေချာပေါက်ပင်.. သူမသည် ဖုန်းရှောင်နှင့်ပြောသည့်စကားများကို ကြားခဲ့ သည်။

“ဟုတ်တယ် အခုတော့ သူမကိုလျစ်လျူရှုပြီး ဆက်စောင့်ကြည့်ထား… ဪ ဟုတ်သားပဲ နွယ်ပင်လေး ဘယ်သူမှမသိအောင် အဆိပ်ခတ်လို့ရလား.. အဲမိန်းကလေးက အတင့်ရဲနေရင်…”

“အာ.. တော်တော်ဆိုးတယ်.. အဲမိန်းကလေးက သခင်ကြီးဖုန်းရှောင်ကို တိုက်ခိုက်ချင်နေပြီ” ပေထင်းဟွမ် စကားမဆုံးခင်မှာပင် နွယ်ပင်လေးသည် သူမ၏ အသိစိတ်ပင်လယ်ထဲမှပြောလေသည်။

All Chapters