← Chapters

နွယ်ပင်လေး တိုက်ခိုက်တော့

Vol. 21 Ch. 401

နွယ်ပင်လေး တိုက်ခိုက်တော့

Vol. 21 Ch. 401

ပေထင်းဟွမ်သည် ချင်းယွိ၊ ချူဖုန်းတို့ပါဝင်သည့် ကြေးစားအဖွဲ့နှင့် အတူသွားနေသည့် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူမသည် ရုတ်တရက် လှည့်ထွက်ကာ ဟွမ်မုန့်ပုန်းနေသည့် ထောင့်ကိုကြည့်လိုက်သည်။ ဖုန်းရှောင် လှည့်ထွက်သွားသည်ကို ပေထင်းဟွမ်သည် အဝေးမှပင်မြင်နေရသည်။ သူ့ အနောက်တွင် ဟွမ်မုန့်သည် ဓားတိုကိုဆွဲထုတ်နေသည်။ ဓားသွားသည် အေးစက်သောအလင်းဖြင့် တောက်ပလာသည်။ ထိုယုတ်ညံ့သောမိန်းကလေး သည် လက်ထဲမှဓားတိုကိုမြင့်မြင့်မြှောက်ကာ ဖုန်းရှောင်၏ ကျောပြင်ကို ခုတ် လေသည်။

၎င်းသည် ရေနက်၏ဂိုဏ်းတွင်းကိစ္စဖြစ်သဖြင့် ပေထင်းဟွမ်နှင့် ဘာမှ မဆိုင်ပေ။ သို့သော် မှော်သားရဲတောအတွင်းတွင် ရေနက်ကိုယ်စား သူမကို တောင်းပန်ခဲ့သော ပွင့်လင်းစွာပြောတတ်သည့် ထိုအမျိုးသားကိုတွေးမိလိုက် ချိန်တွင် ပေထင်းဟွမ်သည် အသိစိတ်ပင်လယ်ထဲမှ အေးစက်စွာ ပြောလိုက် သည် “နွယ်ပင်လေး တိုက်ခိုက်တော့”

ဖြူဖွေးသော အမွေးပွလုံးများပေါ်လာပြီး နွယ်ပင်များစွာ ကြီးထွားလာ၏။ အစိမ်းရောင်မြွေများသဖွယ် သူတို့သည် ဟွမ်မုန့်၏ ဆန့်တန်းနေသော လက်မောင်းကို လျှို့ဝှက်ဆန်းကြယ်စွာ ရစ်ပတ်လိုက်သည်။ မွန်မြတ်သော သားရဲခွန်အားပြသနေသလို နွယ်ပင်များသည် နူးညံ့သည့်ဓားသွားသဖွယ်ပင်။ ဟွမ်မုန့်သည် ကျိုးလုမတတ်ဖြစ်နေသာ လက်မောင်းမှ ပြင်းထန်သောနာကျင် မှုကို ခံစားမိသည်။ သူမသည် အံကိုတင်းတင်းကြိတ်ကာ နာကျင်မှုကို တောင့်ခံ နေသည်။ ဟွမ်မုန့်သည် နောက်ဆုံးခွန်အားကိုအသုံးပြုကာ ဖုန်းရှောင်၏ ကျောပြင်ကို ဓားတိုဖြင့် ထိုးစိုက်လိုက်သည်။

“ဒီသေသင့်တဲ့မိန်းကလေး”

အသိစိတ်ပင်လယ်ထဲတွင် နွယ်ပင်လေးသည် ဒေါသတကြီး ကျိန်ဆဲလေ သည် “သခင် ဒီမိန်းမ အောင်မြင်သွားပြီ”

“ရတယ် သူသေမှာမဟုတ်ဘူး” ပေထင်းဟွမ်သည် မြေပြင်ကို ခြေဖျား ထိပ်ဖြင့် ထောက်ကာ မိုးပေါ်သို့ ဝှစ်ခနဲရောက်သွားသည်။ အားလုံး၏အမြင် တွင် ပုံရိပ်များထပ်သွားသည်။ သူတို့အသိစိတ်ပြန်ဝင်လာချိန်တွင် ပေထင်းဟွမ်သည် မြေပေါ်သို့ကျလုနီးပါးဖြစ်သည့် ဖုန်းရှောင်ကိုဖမ်းမိနေပြီဖြစ် သည်။

ဖုန်းရှောင်သည် သူ့ကိုဖမ်းလိုက်သည့်သူကို ကြည့်ရန်အချိန်ပင်မရှိလိုက် ပေ။ သူသည် ခေါင်းလှည့်ပြီး ဟွမ်မုန့်ကို မယုံကြည်စွာကြည့်ပြီး ရေရွတ်လိုက် သည် “အကြီးဆုံးသခင်မလေး”

သူသည် တစ်ခုခုမှားယွင်းကာ ထင်ယောင်ထင်မှားမြင်မိသည်ဟု ခံစားရ သည်။ ဟွမ်မုန့်က မည်သူနည်း။ သူမ၏မိခင်သည် သူမငယ်စဉ်ကတည်းကပင် သေဆံဒးခဲ့သည်။ သူမသည် အဖွဲ့ထဲမှတခြားသောအကြီးအကဲနှင့် သူကိုယ်တိုင် ပျိုးထောင်ခဲ့သည့် မိန်းကလေးဖြစ်သည်။ သူတို့သည် သူမကို လေးစားသမှုဖြင့် အကြီးဆုံးသခင်မလေးဟု ခေါ်ဝေါ်ကြသော်လည်း သူတို့၏ စိတ်ထဲတွင် သမီးအရင်းသဖွယ် သဘောထားခဲ့ကြသည်။ သူတို့သည် သူမကို သမီးရင်းကဲ့သို့ ဆက်ဆံပြီး ချစ်ခင်ခဲ့ကြသည်။

တစ်နေ့တွင် သူပျိုးထောင်ခဲ့သည့်ကလေးသည် သူ့ကို ဆန့်ကျင်လိမ့်မည် ဟုထင်မထားပေ “အကြီးဆုံးသခင်မလေး ဘာလို့လဲ.. ဘာလို့ အခုလိုလုပ်ရတာ လဲ” ဖုန်းရှောင်၏မျက်နှာသည် ပူဆွေးမှုများအပြည့်ပင်။

“ဘာလို့လဲ ဟုတ်လား” ဟွမ်မုန့်သည် ပေထင်းဟွမ်အား ဆိုးရွားသော အကြည့်ဖြင့် ကြည့်လေသည် “မေးချင်ရင် ဒီကောင့်ကိုသွားမေးလိုက်လေ.. ကျွန်မက ရှင့်ကိုသတ်ပြီးရင် နောင်တရနေမယ်လို့ထင်လား.. အခု ရှင့်ကိုသတ် ရတာ နောင်တလုံးဝမရဘူး.. ရှင် ဘာလို့ ကျွန်မကို တားနေလဲဆိုတာ သိချင် နေတာ.. ရှင်က ရေနက်ကိုသစ္စာဖောက်ပြီးသွားပြီပဲ.. သံမဏိသွေးကို ဘာလို့ မဝင်တာလဲ.. သံမဏိသွေးက ရေနက်ထက် ပိုသန်မာနေတာ မြင်သားပဲ.. အဲတော့ ရှင့်သခင်ကို သစ္စာဖောက်လိုက်တာမဟုတ်ဘူးလား ရှင်တို့အားလုံး မကောင်းတဲ့လူတွေပဲ”

ထိုအခါမှပင် ဖုန်းရှောင်သည် သူ့ကိုဖမ်းလိုက်သည့်လူကို လှည့်ကြည့်မိ သည်။ သူသည် ပေထင်းဟွမ်ဖြစ်နေသည်။ “သခင်ကြီးဟွမ်ကျို့”

“ဟုတ်တယ် ကျွန်တော်ပါ” ပေထင်းဟွမ်သည် ဖုန်းရှောင်အား သတိမမူ သလိုကြည့်ကာ ဟွမ်မုန့်ဘက်သို့ စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည် “မင်း ဘာလုပ်မှာကို တားတာလဲ.. ငါ ဟွမ်ကျို့က ပေယဲ့ပါလို့ ရှန်းမိသားစုနဲ့ စီရင်ချက်ဗိမာန်ကို သွားသတင်းပေးမှာကိုပြောတာလား”

“မဟုတ်ဘူးလား.. မင်းက ပေယဲ့မဟုတ်ပါဘူးလို့ အားလုံးရှေ့မှာ ကြေညာရဲလား” ဟွမ်မုန့်သည် ပေထင်းဟွမ်၏ တည်ငြိမ်သောမျက်နှာထား အောက်တွင် ရူးမတတ်ပင်။

“ငါ မင်းလိုမျိုး ဉာဏ်မရှိတဲ့မိန်းမတစ်ယောက်ရဲ့ စကားကို ဘာလို့ နားထောင်ရမှာလဲ” ပေထင်းဟွမ်သည် နှာမှုတ်ကာ ဟွမ်မုန့်အား အထင်သေး စွာကြည့်လိုက်သည် “အရူးက အရူးပဲ.. ငါက ပေယဲ့ဖြစ်နေလည်း ဘာဖြစ်လဲ.. စီရင်ချက်ဗိမာန်က ငါ့အသက်ကိုလိုချင်တာတောင် ငါ့ကိုမနိုင်တာကို မင်း ဘယ်လိုသိလဲ.. ရှန်းမိသားစုက လန်ချန်ဖုန်းအတွက်နဲ့ ငါ့ကိုဆွဲချချင်တာကို မင်း ဘယ်လိုသိလဲ”

သူမ၏ ဆရာသည် ကုန်သည်မိသားစု၏ မိသားစုခေါင်းဆောင်၏ တစ်ဦး တည်းသောသားဖြစ်သည်ကို သိထားရမည်…

All Chapters