← Chapters

ညအရှင်အိမ်တော်က မင်းကိုအလွတ်ပေးမှာလား

Vol. 21 Ch. 402

ညအရှင်အိမ်တော်က မင်းကိုအလွတ်ပေးမှာလား

Vol. 21 Ch. 402

ဟွမ်မုန့်သည် ချက်ချင်းဆိုသလိုပင် ဆွံ့အသွားသည်။ သူသည် လွန်ခဲ့သည့် စက္ကန့်ပိုင်းကပင် ဖုန်းရှောင်နှင့်ထိုစကားများပြောခဲ့သည်။ ပေထင်းဟွမ် ဘယ်လိုသိသွားတာလဲ။

ကံကောင်းစွာပင် ဟွမ်မုန့်သည် တုံးအလွန်းသည်တော့မဟုတ်ပေ။ သူမ၏ ကျိုးလုဆဲဆဲဖြစ်သွားသော လက်ကောက်ဝတ်ကို ရစ်ပတ်နေသည့် နွယ်ပင်များကိုမြင်သောအခါ ၎င်းသည် ရှားပါးသောအပင်မှော်သားရဲဖြစ်သည် ကို သိလိုက်ရသည်။ ပေထင်းဟွမ်သည် သူမကိုအလွတ်ပေးရန် စိတ်ကူးမရှိပေ။ သူမသည် အပင်မှော်သားရဲကိုအသုံးပြုကာ သူမ၏လှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့သည်။ သူမ ဖုန်းရှောင်ကို တိုက်ခိုက်တာကို ပေထင်းဟွမ်က တားချင်နေတာလား။

“ဟင်း မင်းပြောသလိုဆိုလည်း ဘာဖြစ်လဲ.. မင်းက ဒီလောက်လူတွေ အများကြီးရှေ့မှာ ညအရင်ကို မခန့်လေးစားပြောပြီး ညအရှင်အိမ်တော်က နောက်ခံအဖြစ်နေနေတဲ့ နှင်းမုန်တိုင်းအဖွဲ့ဝင်တွေကိုသတ်ခဲ့တာ.. ညအရှင် အိမ်တော်က မင်းကိုအလွတ်ပေးမယ်ထင်နေလား” ဟွမ်မုန့်သည် ပခုံးတွန့်လေ သည်။

“အဲဒါက မင်းနဲ့မဆိုင်ပါဘူး” ပေထင်းဟွမ်သည် သူမအား သနားသလို ကြည့်လေသည်။ သူမ၏အသိစိတ်ပင်လယ်ထဲတွင် သူမသည် နွယ်ပင်လေးကို အမိန့်ပေးပြီး ပြုံးလိုက်သည် “မင်းလုပ်နိုင်သေးလား”

ဓားသည် သူ့နောက်ကျောကို ထိမိသွားသည်။ ထိုးစိုက်သွားခြင်းမရှိသော် လည်း အတွင်းဒဏ်ရာများသည် သူ့ကိုနာကျင်သွားစေသည်။ ထပ်ပေါင်းပြောရ လျှင် သူသည် ဝိညာဉ်သခင်ကြီးအဆင့်သာဖြစ်ကာ ကောင်းကင်အဆင့်ထက် နိမ့်သည်။ သို့သော် ပြန်ကောင်းနိုင်သည့်စွမ်းရည်မှာ အလွန်သန်မာသည်။ သူ သည် ခြေထောက်ကို ခက်ခက်ခဲခဲဖြင့် လှုပ်လိုက်သည်။ ဤအခိုက်အတန့်တွင် ဖုန်းရှောင်သည် ဟွမ်မုန့်နှင့် ဝေးဝေးနေချင်မိသည် “သခင်ကြီးဟွမ်ကျို့ ကျွန်တော့်မှာ တောင်းဆိုပိုင်ခွင့်မရှိပါဘူး.. ဒါပေမဲ့ တောင်းဆိုစရာရှိပါတယ်.. သခင်ကြီးဟွမ်ယွမ်ရဲ့ မျက်နှာကိုထောက်ပြီး အကြီးဆုံးသခင်မလေးရဲ့အသက် ကို ညှာပေးလို့ရမလား”

ဟွမ်ကျို့က ဘယ်လိုလူမျိုးလဲ။ သူသည် ရက်စက်ပြီး အညှာတာမဲ့သူဖြစ် သည်။ အကြီးဆုံးသခင်မလေးသည် သူ့ကို အကြိမ်ပေါင်းများစွာသတ်မည်ပြုခဲ့ သည်။ ဟွမ်ကျို့သည် သူမကိုမည်သို့အလွတ်ပေးမည်နည်း။

ပေထင်းဟွမ်သည် ခပ်သဲ့သဲ့ပြုံးကာ မည်သည့်မှတ်ချက်မှမပြုပေ။ လက်ကောက်ဝတ်လှန်လိုက်သည်နှင့် ဝိညာဉ်အားဖြည့်ဆေးသည် သူမ၏လက် ထဲတွင်ပေါ်လာသည်။ သူမ၏လက်ထဲမှ အနံ့ခပ်ဖျော့ဖျော့ထွက်လာရာ လန်းဆန်းသွားစေသည်။ သူမသည် လက်ချောင်းများ လှုပ်ရှားကာ ဖုန်းရှောင်၏ ပါးစပ်ထဲသို့ထည့်လိုက်သည်။ ပေါကြွယ်ဝသော ဆေးစွမ်းအားသည် ဖုန်းရှောင် ၏ ဒဏ်ရာတွင်သွားစုကာ လျင်မြန်စွာ သက်သာသွားစေသည်။

“သခင်ကြီးဖုန်းရှောင် မင်းက ဒဏ်ရာရထားတော့ နလန်ထူဖို့လိုနေတယ်၊ တခြားကိစ္စတွေကို အချိန်တစ်ခုလောက်တော့ စိတ်ပူဖို့မလိုပါဘူး” ထိုသို့ပြော ပြီးနောက် ပေထင်းဟွမ်သည် ဖုန်းရှောင်ကိုချကာ ကွင်းအလယ်တွင်စောင့်နေ သော ချင်းယွိတို့ဆီသို့ သွားလိုက်သည်။

အဆင့် ၅ ဝိညာဉ်အားဖြည့်ဆေး.. ဖုန်းရှောင်သည် ထိုဆေးကို အရင်က မစားဖူးသော်လည်း နှစ်ပေါင်းများစွာ ခရီးသွားလာခဲ့ခြင်းကြောင့် အသိပညာ တချို့ရှိသည်။

အဆင့် ၅ ဆေးကို ဘာမှဟုတ်သလို အသုံးပြုနိုင်သည့် ၁၄ နှစ်အရွယ် ကောင်းကင်အဆင့် ဝိညာဉ်ထိန်းသခင်ကြီးကို မည်သူကများ လက်လွတ်စပယ် ပြစ်မှားရဲမည်နည်း။ ဦးနှောက်မရှိသည့်လူသာ သူ၏ရန်သူဖြစ်လာမည် မဟုတ်ပါလား။

ပြောရလျှင် ထောင်လွှားခြင်းသည် အကြောက်အလန့်မဲ့ခြင်းပင်။ ဖုန်းရှောင်သည် ထိုဦးနှောက်မဲ့သည့်ဟွမ်မုန့်ကို အမှန်တကယ်ပင် လေးစား၏။

“အာ…”

စိတ်မချမ်းမြေ့စရာအော်သံသည် ထိုဧရိယာတွင်ထွက်ပေါ်လာသည်။ အားလုံးသည် ဟွမ်မုန့်ရှိရာဘက်သို့ ငေးငိုင်စွာစိုက်ကြည့်နေကြသည်။ ဝိညာဉ် အားဖြည့်ဆေးနှင့် ဖုန်းရှောင်သည် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီဖြစ်၏။ အစိမ်းရောင်နွယ်ပင်များသည် ဟွမ်မုန့်ကို အလုံးစုံရစ်ပတ်နေပြီဖြစ်သည်။ ညှီဟောက်ဟောက်အနံ့သည် နွယ်ပင်များအကြားမှ ထွက်ပေါ်လာသည်။ အထဲ တွင် ဖြစ်ပျက်နေသမျှကို မည်သူမှမမြင်ရပေ။ သူတို့သည် ဟွမ်မုန့်ရုန်းကန်ပြီး ကျိန်ဆဲနေသံကိုသာကြားနေရသည် “ပေယဲ့ ကောင်စုတ် ငါ သရဲဖြစ်ရင်တောင် မင်းကို အလွတ်မပေးဘူး”

အချိန်မည်မျှကြာသွားသည်မထိ အားလုံး၏ ခံစားချက်များ သည်းမခံနိုင် လောက်အောင်တင်းမာချိန်တွင် ဟွမ်မုန့်၏အသံသည် အားနည်းသွားပြီး ထပ် မကြားရတော့ပေ။

နွယ်ပင်များသည် လျင်မြန်စွာပျောက်ကွယ်သွားလေသည်။ လမ်းပေါ်ရှိ အဖြူရောင်ကျောက်စိမ်းကြမ်းပြင်တွင် အနီရောင်သွေးအိုင်သည် စုပုံလာသည်။ ရေနက်ကြေးစားအဖွဲ့တူညီဝတ်စုံသည် အရည်ပေါ်တွင် ပုံကျသွားသည်။ လေထုသည် ထူးဆန်းသွားကာ ထိုအခိုက်အတန့်တွင် အားလုံး၏ နှလုံးခုန်သံ များရပ်တန့်သွားလေသည်။ ပေထင်းဟွမ်သည် ဟွမ်မုန့်ကိုအလွတ်ပေးမည် မဟုတ်သည်ကိုသိသော်လည်း ယခုလိုပုံစံဖြင့် သေသွားလိမ့်မည်ဟု ထင်မထား ပေ။

အစောကပင် ကြေးစားများသည် နှင်းမုန်တိုင်းကြေးစားအဖွဲ့ဝင်များ အတွက် စိတ်မကောင်းဖြစ်နေကြသေးသည်။ ဤအခိုက်အတန့်တွင် သူတို့ သည် ပေထင်းဟွမ်ကို ကြောက်လန့်တကြားကြည့်ရုံတင်မဟုတ်ဘဲ ကြောက်စိတ်များပင် မွှန်သွားကြသည်။ အဆင့် ၅ ဝိညာဉ်အားဖြည့်ဆေးကို ဘာမှမဟုတ်သလို ပေးရဲသူသည် ဤမျှရက်စက်လိမ့်မည်ဟု မည်သူမှထင်မထားကြပေ…

All Chapters