← Chapters

ဒါကတပ်ဖွဲ့ကြီးမဟုတ်ဘူးလား

Vol. 21 Ch. 403

ဒါကတပ်ဖွဲ့ကြီးမဟုတ်ဘူးလား

Vol. 21 Ch. 403

“ငါသရဲဖြစ်ရင်တောင် မင်း ငါ့ကိုအလွတ်မပေးဘူး ဟုတ်လား.. ဟားဟား အရင်ဆုံးသရဲဖြစ်တဲ့အထိ စောင့်လိုက်တာပိုကောင်းမယ်” ပေထင်းဟွမ်သည် အထင်သေးစွာပြုံးလိုက်သည်။ သူမ နောက်သို့ပြန်လျှောက်သွားလိုက်သည်။ မထင်မှတ်စွာပင် ယွိရုန်းကဘ်သည် ရောက်လာပြီး ပေထင်းဟွမ်၏ လက်ကို ဆုပ်ကိုင်လေသည်။ သူသည် အလေးအနက်ပြောလေသည် “ဟွမ်ကျို့ မင်းက တကယ်ပဲ ပေယဲ့ဆိုရင် ပိုဂရုစိုက်ရမယ်… သေသွားတဲ့ သန့်စင်တဲ့သားတော်က နတ်သခင်ကြီးရဲ့ တရားမဝင်သားတဲ့.. ငါ့အဖေဆီကကြားခဲ့တာ”

ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်သွားပြီးနောက် ပြုံးပြီးပြောလိုက်၏ “အဲလိုလား.. ဒါဆိုရင် စီရင်ချက်ဗိမာန်က သွယ်ဝှက်တဲ့လှုပ်ရှားမှုနဲ့ ချည်နှောင် မှာမဟုတ်ဘူး.. ဒါပေမဲ့ အဲဒါကဘာမှမဟုတ်ပါဘူး.. စီရင်ချက်ဗိမာန်နဲ့ ငါက အစကတည်းက ညှိမရတဲ့သူတွေပဲ”

သူမ၏ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိနေကာ စီရင် ချက်ဗိမာန်ည် ထိုကစဥ့်ကလျားနတ်အရင်းအမြစ်ကို ရယူရန် ဆုံးဖြတ်ထား၏။ တစ်နေ့တွင် သူမသည် စီရင်ချက်ဗိမာန်ကို ဆန့်ကျင်ရမည်။ ယခု သူမ ကောင်းကင်အဆင့်သို့တက်ထားပြီဖြစ်ရာ မည်သည့်အရာကို ကြောက်ရဦးမည် နည်း။

“မင်း..” ယွိရုန်းကယ်သည် ပေထင်းဟွမ်အား တလေးတစားကြည့်မိ သည်။ စီရင်ချက်ဗိမာန်က ဘယ်လိုအင်အားမျိုးလဲဆိုတာရော သူ သိရဲ့လား။ နှစ်ပေါင်း တစ်သောင်းကျော် အရည်အချင်းများစုပုံလာခဲ့ပြီးနောက် သူတို့၏ လက်ထဲတွင် ဝှက်ဖဲများမည်မျှရှိနေမည်ကို မည်သူမှမသိနိုင်ပေ။ ပေထင်းဟွမ် သည် ၁၄ နှစ်သာရှိသေးကာ သူ၏လမ်းကြောင်းသည် ယခုမှစတင်ခြင်းဖြစ်၏။ ထိုစကားကို တခြားလူသာပြောပါက ယွိရုန်းကယ်သည် ထိုလူ၏ ခေါင်းကို ကန်မိမည်ဖြစ်သည်။ သို့သော် ပေထင်းဟွမ်တွင် ထိုကဲ့သို့အင်အားမျိုးရှိလာလိမ့် မည်ဟု ယွိရုန်းကယ်ယုံကြည်သည်။

သူသည် ယခုအချိန်မရှိလျှင်တောင် အနာဂတ်တွင်ရှိလာနိုင်သည်။

သူမကို ဘာလို့ အဲလောက်တောင် သဘောကျသွားရတာလဲ။ သူသည် သူမကို ကောင်းစွာမသိသော်လည်း မြင်လိုက်သည့်အချိန်ကပင် သဘောကျခဲ့ သည်။ သူမကို စွဲလမ်းသွားစေလောက်သည့် ထူးခြားသောဆွဲဆောင်မှုမျိုး သူမ တွင်ရှိနေသည်။

ချူဖုန်းနှင့် ချင်းယွိတို့လည်း သူမကိုဝိုင်းလာကြသည်။ သူတို့နှစ်ယောက် သည် သူမနှင့် စီရင်ချက်ဗိမာန်အကြားမှ ဆက်ဆံရေးကိုမမေးကြပေ။ ချူဖုန်း အတွက် ပေထင်းဟွမ်၏ ရန်သူသည် သူ၏ရန်သူဖြစ်သည်။ ချင်းယွိအတွက်မူ ဤကမ္ဘာတွင် မည်သူဖြစ်စေ ပေထင်းဟွမ်ကို ထိခိုက်အောင်လုပ်ရဲပါက သူသည် သူမအတွက် တရားမျှတမှုရယူမည်ဖြစ်သည်။

“ရှောင်ကျို့ ငါတို့တွေ နှောင့်နှေးနေတာကြာပြီ.. စာရင်းသွင်းဖို့ သွားရ အောင်” ချင်းယွိသည် ကြေးစားအစည်းအရုံးခွဲကို ညွှန်ပြလေသည်။

အဖွဲ့အစည်းတင်ပေါက်တွင် ဖြစ်ခဲ့သည့်ကိစ္စများသည် အသင်းခွဲဥက္ကဌဆီ သို့ သတင်းရောက်ပြီးဖြစ်သည်။ အဘိုးကြီးသည် အသက် ၅၀ အရွယ်ခန့်ရှိကာ ကြေးစားအသင်းအနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ရင်ဘတ် တွင် သူ့ခွန်အားကိုပြသည့် အဆင့်အတန်းတံဆိပ်ပြားရှိနေသည်။ ဓား ၃ လက် ကြယ်ဝိညာဉ်သခင်သည် ပင်မတိုက်ကြီးတွင် အထင်ကြီးလောက်စရာဖြစ်၏။

“ဒါကကြေးစားအဖွဲ့ရဲ့ ဒုဥက္ကဌမာ့ပါ.. သခင်ကြီး ဒါက သံမဏိသွေး ကြေးစားအဖွဲ့ရဲ့ သခင်ကြီးဟွမ်ကျို့ပါ” ချင်းယွိသည် သူတို့နှစ်ဦးကို အပြန်အလှန် မိတ်ဆက်ပေးလိုက်သည် “ဒါက သံမဏိသွေးကြေးစားအဖွဲ့ရဲ့ ဒုစစ်ဦးစီး သခင်ကြီးချူဖုန်းပါ”

ပေထင်းဟွမ်၏အနောက်တွင် လိုက်လာသည်မှာ လူ ၁၀ ယောက်သာရှိ သည်။ ချူဖုန်း၊ ဝမ်ဝေ့နှင့် ယွိရုန်းကယ်တို့အပြင် တပ်မှူးခွဲခေါင်းဆောင်များဖြစ် ကြသည်။ တိုက်ကြီးတွင် ကောင်းကင်အဆင့်ကျွမ်းကျင်သူများကိုသာ သခင်ကြီးဟု ခေါ်ဆိုနိုင်သည်။ ကြေးစားအဖွဲ့တစ်ဖွဲ့တွင် ကောင်းကင်အဆင့် တစ်ယောက်ရှိလျှင်တောင် အထင်ကြီးစရာပင်။ နှင်းဝံပုလွေ ကြေးစားအဖွဲ့ သည် တိုက်ကြီးတွင် ပထမအဆင့်အဖွဲ့ဖြစ်နေရခြင်းမှာ နှင်းဝံပုလွေကြေးစား အဖွဲ့၏ခေါင်းဆာင်သည် ကောင်းကင်အဆင့်ဖြစ်နေခြင်းကြောင့်ပင်။

သံမဏိသွေး.. မာ့၏အိုမင်းသော မျက်လုံးများသည် ရီဝေခြင်းမရှိဘဲ တောက်ပစွာလင်းလက်သွားသည်။ သူသည် သံမဏိသွေးအဖွဲ့၏ အဖွဲ့တင်များ ကို ဝေ့ဝဲကြည့်လိုက်သည်။ အားလုံးပေါင်း ကောင်းကင်အဆင့်ကျွမ်းကျင်သူ ၆ ယောက်ရှိသည်။ ကောင်းကင်အဆင့်ကျွမ်းကျင်သူ ၆ ယောက်၊ အနည်းဆုံး နတ်သားရဲ ၂ ကောင်နှင့် ဝိညာဉ်သခင်များအားလုံးတွင် မွန်မြတ်သောသားရဲ တစ်ကောင်စီရှိသည်။ ဒါဘယ်လိုဖွဲ့စည်းမှုမျိုးလဲ။ ဒါက ကြေးစားအဖွဲ့ရော ဟုတ်ရဲ့လား။ ဒါကနိုင်ငံတစ်ခုရဲ့ စစ်တပ်ကြီးမဟုတ်ဘူးလား။

ကိုယ်ပိုင်ဂုဏ်ကိုတည်ဆောက်ရန် ကြေးစားအစည်းအရုံးဝင်ပေါက်တွင် နှင်းမုန်တိုင်းကို သတ်ဖြတ်ခဲ့သည့် သံမဏိသွေးကြေးစားအဖွဲ့ကို မာ့သည် အပြစ်များစွာတင်ခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် ပြုံးပြသည်ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘဲ ပေထင်းဟွမ်ဆီသို့ လက်ဆန့်ထုတ်လိုက်သည် “အဲတော့ သခင်ကြီးဟွမ်ကျို့ တွေ့ရတာဝမ်းသာပါတယ်”

ပေထင်းဟွမ်သည် ပြုံးရုံပြုံးသည်။ သူမသည် ရိုကျိုးခြင်းမရှိသလို ခြယ်လှယ်ခြင်းမရှိပေ။ သူမ၏ နှုတ်ခမ်းများသည် အဓိပ္ပာယ်ပါတော့ အပြုံး အဖြစ် ကွေးတွန့်သွားလေသည်။ “သခင်ကြီးမာ့.. သံမဏိသွေးက ဒီကို အခုမှ ပထမဆုံးအကြိမ်ရောက်ဖူးတာပါ.. ကြေးစားအစည်းအရုံးရဲ့ စည်းမျဉ်းတွေကို သိပ်မရှင်းသေးပါဘူး.. ဒီနေ့ပဋိပက္ခတွေက တမင်လုပ်တာမဟုတ်ပါဘူး.. ကျွန်တာ်တို့ကို ခွင့်လွှတ်ပါ”

All Chapters