← Chapters

သံမဏိသွေးကလူစုဆောင်းနေလား

Vol. 21 Ch. 404

သံမဏိသွေးကလူစုဆောင်းနေလား

Vol. 21 Ch. 404

သူ တမင်မလုပ်သည်ကမှ ပိုထူးဆန်းနေလိမ့်မည်။ မာ့သည် စိတ်ထဲမှ ရေရွတ်မိသည်။ သူသည် နေလာသည်မှာကြာပြီဖြစ်ကာ လူအတော်အများကို မြင်ဖူးခဲ့သည်။ ပေထင်းဟွမ်သည် နှင်းမုန်တိုင်းကိုအသုံးချခဲ့ပြီး ဟွမ်မုန့်ကို ထိုကဲ့သို့ ရက်စက်သည့်နည်းလမ်းဖြင့် သတ်ဖြတ်ခဲ့ရသည့်အကြောင်းအရင်းကို သူ မည်သို့နားမလည်ဘဲနေမည်နည်း။ သူတို့အတွက် အားသာနိုင်သည့် အနေအထားကို ဖန်တီးနေသည်မှာ အထင်အရှားပင်။ ဟင်း.. ဒီကောင်လေးက ငယ်သေးပေမဲ့ သူကိုယ်တိုင်တံခါးဝမှာ လာကြိုအောင်လုပ်နိုင်ခဲ့တယ်။ မာ့သည် သံမဏိသွေးနှင့် အပေးအယူလုပ်ရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

“ဟားဟား သခင်ကြီးဟွမ်ကျို့ မင်းက အရည်အချင်းရှိတဲ့လူငယ်ပဲ… မင်းအကြောင်း အများကြီးကြားဖူးတယ်.. တကယ် တွေ့ဖို့တောင် မစောင့်နိုင် လောက်အောင်ပါပဲ” မာ့သည် ကွင်းထဲတွင် လူများတစစများလာသည်ကို ကြည့်လိုက်သည်။ အကြည့်များသည် ပေထင်းဟွမ်အပေါ်ကျရောက်နေကာ သေဆုံးခြင်းနတ်ဘုရားကို ကြည့်နေသည့်အလား ကြည့်နေကြသည်။ သူသည် မတတ်သာတော့ဘဲ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဒါဘယ်လို မကောင်းဆိုးဝါးမျိုးလဲ။

ညအရှင်ရဲ့ နာမည်ဆိုးနဲ့တောင် ယှဉ်နိုင်နေပြီ။

သူသည် ပေထင်းဟွမ်တို့ကို စိတ်အားထက်သန်စွာ ကြိုဆိုခဲ့သည်။ ထိုကဲ့သို့ ကြေးစားအစည်းအရုံးသို့ စာရင်းလာပေးသည့် ကြေးစားအဖွဲ့သစ်လေး ကို ဥက္ကဌကိုယ်တိုင် ကြိုဆိုသည့်ဖြစ်ရပ်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ တိုက်ကြီးတွင် ပေါ်ပေါက်လာဖူးသည့် အက်စ်အဆင့်ကြေးစားအဖွဲ့များပင် ယခုလို ဆက်ဆံမှုမျိုး မရဖူးပေ။

ကွင်းပြင်ထဲမှလူများသည် ထိုအဖြစ်ကို ဖြစ်သင့်သည်ဟု တွေးကြသည်။ တိုက်ကြီးတစ်ခုလုံးတွင် သံမဏိသွေးတစ်ခုတည်းသာ ထိုကဲ့သို့ဆက်ဆံမှုမျိုးရ ရန် အရည်အချင်းရှိသည်။

“သံမဏိသွေးက လူခေါ်လား မခေါ်ဘူးလား.. ငါလည်း သံမဏိသွေးကို ဝင်ချင်လိုက်တာ”

“ငါ ဘယ်သူ့ကိုသွားမေးရမလဲ.. ငါလည်း သံမဏိသွေးဂိုဏ်းကိုဝင်ချင် လိုက်တာ.. ကောင်စုတ်လေး မင်း ငါ့ဆီကလုဖို့ ခွင့်မပြုဘူး”

“ငါသာ ဒီဘဝမှာ သံမဏိသွေးကြေးစားအဖွဲ့ဝင်ဖြစ်လာမယ်ဆိုရင် မနက်ဖြန်တောင် သေဖို့ဆန္ဒရှိတယ်.. ယောက်ျားတစ်ယောက်အနေနဲ့ ငါ့နာမည်ကို မချန်ထားခဲ့ဘဲ မသေနိုင်ဘူး”

“သံမဏိသွေးအဖွဲ့ဝင်တွေက ဟိုမှာပဲ.. သွားမေးရအောင်”

၁၀၀ ကျော်ရှိသော သံမဏိသွေးညီအစ်ကိုများသည် စုဝေးကာ သူတို့ ခေါင်းဆောင်ထွက်လာလျှင် တည်းခိုဆောင်ငှားရမ်းရန် ဆွေးနွေးနေကြသည်။ ရုတ်တရက်ဆိုသလိုပင် ကွင်းထဲမှလူများအားလုံး သူတို့ကိုဝိုင်းလာသည်ကို မြင်လိုက်ရသည်။ မေရှို့နှင့် မေလော့တို့သည် ခုခံရန်အတွက် မှော်သားရဲများကို ဆင့်ခေါ်ရန် ပြောမည်အပြုတွင် ထိုလူများပြောလိုက်သည်ကို ကြားလိုက်ရ သည် “သံမဏိသွေးက ညီအစ်ကိုတွေ စိတ်မလှုပ်ရှားကြပါနဲ့.. မင်းတို့ဂိုဏ်းက လူစုဆောင်းဖို့ အစီအစဉ်လေးများမရှိဘူးလားလို့ မေးချင်လို့ပါ”

လူသုံးယောက်အထက်ရှိလျှင် အဖွဲ့ဖွဲ့ပြီး ကြေးစားအဖွဲ့အဖြစ် စာရင်း သွင်းနိုင်သည်။ ထို့အပြင် စာရင်းသွင်းအခကြေးငွေမှာ အခမဲ့ဖြစ်သည်။ ပထမ သုံးလအတွင်းတွင် သူတို့သည် ကြေးစားအစည်းအရုံးမှ အခြေခံလစာအဖြစ် ရွှေဒင်္ဂါးသုံးပြားရရန်အတွက် သူတို့၏အဆင့်နှင့်ကိုက်ညီသည့် တာတန်တစ်ခု ကို ပြီးမြောက်အောင်လုပ်ဆောင်ရန် လိုအပ်သည်။ ဤကဲ့သို့ ဆက်ဆံမှုမျိုး သည် တိုက်ကြီးမှကြေးစားအဖွဲ့များကို အထူးတလည် ကောင်းမွန်နေသည်။

သို့သော် နှင်းဝံပုလွေကဲ့သို့ ကြီးမားသည့်ကြေးစားအဖွဲ့မှာ မများလှပေ။ အများစုမှာ လူနည်းပြီး အဆင့်များကိုမလိုက်နိုင်သည့် ကြေးစားအဖွဲ့ငယ်များ ဖြစ်ကြသည်။ အများစုမှာ လူ ၃ ဦးမှ ၅ ဦးအထိပါဝင်သည့် အဖွဲ့များဖြစ်ကြ၏။

မေရှို့နှင့် မေလော့တို့ မှင်တက်သွားကြသည်။ ဘာတွေဖြစ်သွားကြတာ လဲ။

သူတို့သည် မှော်သားရဲတောထဲတွင် အချိန်ကြာမြင့်စွာနေလာခဲ့သဖြင့် အဖွဲ့တစ်ဖွဲ့ တိုးတက်လာရန်မှာ မည်မျှခက်ခဲကြောင်းကို ကောင်းစွာသိရှိထား သည်။ အဖွဲ့ထဲတွင် လက်တွေ့ကျသော အကျိုးအမြတ်များမရှိလျှင် ကျွမ်းကျင် သူများကို ပါဝင်ရန် ဆွဲဆောင်ဖို့မှာ မဖြစ်နိုင်ပေ။ မဟုတ်လျှင် ချူဖုန်း၏ အဖွဲ့ သည် ၁၄ နှစ်ကြာပြီးသည့်တိုင်အောင် အဘယ့်ကြောင့် အယောက် ၂၀ သာရှိခဲ့ သနည်း။ လှည့်လည်သွားလာသူစခန်းသည် ပေထင်းဟွမ် ပေါ်ပေါက်လာမှု ကြောင့် လူ အယောက် ၁၀၀ ခန့်တိုးပွားလာခဲ့သည်။

ယခု သံမဏိသွေးသည် ရှေ့တိုးရာတွင် မိုးပေါ်ထိရောက်သွားမည်လား။

“သံမဏိသွေးက လူစုဆောင်းဖို့ အစီအစဉ်ရှိရင်တောင် ငါတို့အဖွဲ့က ဘယ်လောက်သန်မာလဲဆိုတာ မင်းတို့မမြင်ရသေးတာတော့မဟုတ်ဘူး.. ခေါင်းဆောင်တွေအကုန်လုံးက ကောင်းကင်အဆင့်ကျွမ်းကျင်သူတွေ.. ငါတို့ အသင်းဝင်တွေက အနည်းဆုံး အဆင့်မြင့်ဝိညာဉ်သခင်ကြီးတွေပဲ.. မင်းတို့သာ အဲဒီလိုအပ်ချက်တွေနဲ့ ကိုက်ညီရင် ငါတို့ခေါင်းဆောင်ထွက်လာတာနဲ့ စာရင်း သွင်းလို့ရတယ်” မေရှို့သည် မောက်မာလွန်းသည်။ သူ စကားဆုံးသည်နှင့် ကွင်းတစ်ခုလုံးသည် သက်ပြင်းများဖြင့် ပြည့်နှက်သွားလေသည်။

လူစုဆောင်းသည့်လိုအပ်ချက်မှာ မြင့်မားလိမ့်မည်ဟု သူတို့ ခန့်မှန်းမိပြီး သားဖြစ်သော်လည်း သက်ပြင်းချရလောက်သည်အထိ ဖြစ်လိမ့်မည်ဟု ထင်မထားပေ။ အဆင့်မြင့်ကြယ် ဝိညာဉ်သခင်ကြီး.. သူတို့သာ အဆင့်မြင့် ကြယ်တိညာဉ်သခင်ကြီးဖြစ်လျှင် သူတို့သည် တိုက်ကြီးတွင် ဒုတိယအဆင့်ရှိ သည့် ကျွမ်းကျင်သူများဟု ခေါ်ရမည်.. သူတို့တွေ ဘာလို့ အဖွဲ့အစည်းတွေကို ဝင်နေတော့မှာလဲ…

All Chapters