ကောင်းကင်အဆင့်က အရမ်းအံ့ဩဖို့ကောင်းတာလား
Vol. 21 Ch. 405
“ဟင်း အခုမှစာရင်းသွင်းထားတဲ့ ကြေးစားအဖွဲ့သေးသေးလေးက ဘယ်လိုလုပ် ဒီမှာမဟုတ်တမ်းတရားတွေ လာပြောနေတာလဲ”
အဖွဲ့တစ်ဖွဲ့သည် အလယ်ကိုတိုးလာရာ လမ်းရှင်းသွားသည်။ လူရာချီရှိ သော ခမ်းနားသည့်အဖွဲ့တစ်ဖွဲ့သည် သံမဏိသွေးကြေးစားအဖွဲ့ကို ဝိုင်းလိုက် ကြသည်။
ခေါင်းဆောင်သည် မုတ်ဆိတ်အပြည့်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူသည် စစ်သည်ဝတ်စုံကို ဝတ်ဆင်ထား ၏။ သူ၏ ညာဘက်လက်တွင် ကြီးမားသောနှင်းမြွေတက်တူးကို ဖော်ထား၏။ သေဆုံးသွားသော နှင်းမုန်တိုင်းကြေးစားအဖွဲ့ဝင်များ၏ အင်္ကျီပေါ်မှ သင်္ကေတ နှင့် ကွာခြားခြင်းမရှိပေ။ ထိုလူ၏ သရုပ်မှန်သည် နှင်းမုန်တိုင်းကြေးစားအဖွဲ့မှ ဖြစ်သည်ကို ပြသနေသည်။
မုတ်ဆိတ်နှင့်လူ၏အနောက်တွင် လူနှစ်ယောက်သည် ထမ်းစင်တစ်ခုကို သယ်လသည်။ ထမ်းစင်ပေါ်ရှိ သေအံ့ဆဲဆဲဖြစ်နေသူသည် သံမဏိသွေးအဖွဲ့ ဝင်များကို မြင်သောအခါ ထိတ်လန့်သွားလေသည်။ ထိုလူသည် ပေထင်းဟွမ် ကန်လိုက်သည့် အန်းခိုင်မှလွဲပြီး မည်သူဖြစ်နိုင်ဦးမည်နည်း။
သူတို့သည် အလျင်အမြန်ပင်ရောက်လာခဲ့သည်။
“သူတို့ပဲ အဲကောင်တွေ.. သူတို့က သံမဏိသွေးကြေးစားအဖွဲ့ပဲ.. သူတို့ တစ်ယောက်စီမှာ မွန်မြတ်တဲ့သားရဲတစ်ကောင်စီရှိတယ်” ခိုင်သည် ထမ်းစင် ပေါ်တွင် ရုန်းကန်လေသည်။
“အရမ်းကောင်းတယ်” မုတ်ဆိတ်သည် သံမဏိသွေးအဖွဲ့ဝင်များကို လောဘတက်နေသည့်မျက်လုံးများဖြင့် ကြည့်လေသည် “မင်းတို့လက်ထဲက မွန်မြတ်တဲ့သားရဲတွေကို ဆင့်ခေါ်ပြီး စာချုပ်ဖျက်လိုက်.. အဲဒီသားရဲတွေကို ငါတို့ကိုပေးလိုက်.. အဲလိုဆို ငါ့သားကို ဒဏ်ရာရအောင်လုပ်တဲ့ကိစ္စနဲ့ ငါ့အဖွဲ့ဝင် အယောက် ၂၀ ကိုသတ်ခဲ့တဲ့ကိစ္စကို လျှော်ပေးလိုက်မယ်.. မဟုတ်ရင် ဒီနေ့ မင်းတို့အကုန်လုံးကို သတ်ပစ်မယ်”
“ကြမ်းတမ်းလိုက်တာ”
မေရှို့သည် ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် ပြူးကျယ်လာသည်။ လူငယ်တ်ယောက်၏ခန္ဓာကိုယ်သည် သူ့အနောက်မှ သံမဏိကိုကာလိုက်၏ “ဘာလို့လဲ”
“အခြေခံကဘာလဲ” မုတ်ဆိတ်သည် နှာမှုတ်လေသည် “အဓိကက ငါ့ နှင်းမုန်တိုင်းက ညအရှင်အိမ်တော်အပိုင်ပဲ.. အခြေခံအားဖြင့် ငါအန်းပိုစီက ကောင်းကင်အဆင့်ကျွမ်းကျင်သူပဲ.. တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့လက်ထဲမှာလည်း နတ်သားရဲတစ်ကောင်ရှိနေတယ်”
ကျွတ်
ကွင်းထဲတွင် ထွက်မသွားသေးဘဲ ပွဲကြည့်နေသူများသည် မှင်တက်သွား ကြသည်။ နှင်းမုန်တိုင်းရဲ့အဖွဲ့ခေါင်းဆောင် အန်းပိုစီက ကောင်းကင်အဆင့် ရောက်နေပြီလား။ ပြီးတော့ နတ်သားရဲတစ်ကောင်လည်းရှိတယ်ပေါ့။ ဪ ဟုတ်သားပဲ.. ညအရှင်အိမ်တော်လေ.. မည်သူမှ ထိုအရာကိုမမေ့ကြပေ။ နှင်းမုန်တိုင်းသည် ညအရှင်အိမ်တော်၏ ပိုင်ဆိုင်မှုဖြစ်သည်ဟု အန်းပိုစီနှင့် သူ၏သားဖြစ်သူတို့ပြောခဲ့သည်။ ညအရှင်က မည်သူနည်း။ သူသည် တိုက်ကြီး တွင် တစ်ဦးတည်းသော နတ်မီးအဂ္ဂိရတ်ပညာရှင်ဖြစ်သည်။
သူသည် အားနည်းသည်ကိုမကြောက်သော်လည်း စွမ်းအားကြီးသူ တစ် ယောက်နှင့် အေးအေးဆေးဆေးမနေရမည်ကို ကြောက်သည်။
နှင်းမုန်တိုင်းက ဘယ်လိုတောင် ကံကောင်းနေတာလဲ။ နှင်းမုန်တိုင်း၏ မျက်နှာများပေါ်မှ ချေငံသောအမူအရာများကိုကြည့်ပြီး ‘ညအရှင်အိမ်တော်’ ဆိုသည့်စကားလုံးသည် လူအများကို ပါးစပ်မပိတ်နိုင်လောက်အောင် ရယ်မော သါားစေသည်။ ကျဉ်းမြောင်းသောမျက်လုံးအစုံသည် သံမဏိသွေးကို အမှန် တကယ် နှိပ်စက်နိုင်သကဲ့သို သံမဏိသွေးကို စောင်းစွေကြည့်လိုက်သည်။
“ဟင်း ငါတို့မွန်မြတ်တဲ့သားရဲလိုချင်ရင် မင်းတို့မှာ အစွမ်းအစရှိလားလို့ ကြည့်ရမှာပဲ.. ညီအစ်ကိုတို့ ငါတို့အခုဘာလုပ်ကြမလဲ” မေရှို့သည် အန်းပိုစိ ဆန္ဒရှိသည့်အတိုင်း မလုပ်ပေ။ သူ့ခြေထောက်များသည် ခွန်အားကြောင့် တုန်ယင်နေသည်။ ထိုအစား သူသည် ညာဘက်လက်ကိုမြှောက်လိုက်သည်။ သူသည် သွေးပူနေပြီး ကမ္ဘာပေါ်တွင် အသံပဲ့တင်ထပ်သွားကာ ထိုအသံကို ကြားရသူတိုင်း သွေးများဆူပွက်လာသည်။
“တိုက်မယ်”
စကားတစ်လုံးသည် တိမ်တိုက်များကို ဝါးမျိုသွားနိုင်သည်။
ဘာတွေကြောက်ဖို့လိုလို့လဲ။ ကောင်းကင်အဆင့်က အဲလောက်တောင် ခမ်းနားနေလို့လား။ ဟာသပဲ.. သူတို့ခေါင်းဆောင်တွေမှာ ကောင်းကင်အဆင့် ခွန်အားမရှိလို့လား။
ညအရှင်အိမ်တော်ဆိုလည်း ဘာလုပ်ရမှာလဲ။ အခု သံမဏိသွေးက ညအရှင်အိမ်တော်ကို မယှဉ်နိုင်ရင်တောင် နောက်ဆိုရင် သူတို့ခေါင်းဆောင်က ညအရှင်ကို ဖိနှိပ်နိုင်မှာမဟုတ်ဘူးလား။
ဟင်း.. အဖွဲ့ခေါင်းဆောင်ရှိရင် နတ်လောကကျွမ်းကျင်သူလာရင်တောင် ကြောက်ဖို့မလိုဘူး။
မွန်မြတ်သောသားရဲများကို ဆင့်ခေါ်သည့်အသံများဆုံးသည်နှင့် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းအလင်းတန်းသည် သံမဏိသွေးအဖွဲ့ဝင်များ ၏ ခြေထောက်အောက်တွင် ပေါ်လာသည်။ ငွေရောင်အလင်းတန်းများ လက် သွားပြီး ကြီးမားသောမွန်မြတ်သောသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ကွင်းထဲတွင်ပေါ်လာပြီး ကြီးမားသောကွင်းထဲတွင်ပေါ်လာကြသည်။ အားလုံး သည် အားကျနေကြသည်။ အမှန်တကယ် မနာလိုစရာပင်။