ကြောက်စရာကောင်းအောင် မလုပ်လို့မရဘူးလား
Vol. 21 Ch. 406
သံမဏိသွေးကြေးစားအဖွဲ့၏ မွန်မြတ်သောသားရဲများကို အားကျနေ သည့် အန်းပိုစီသည် သွားရည်တများများနှင့်ပင်။ နှင်းမုန်တိုင်းသည် အက်စ် အဆင့်ကြေးစာအဖွဲ့ဖြစ်သော်လည်း ၎င်းတို့၏တိုက်ခိုက်ရေးခွန်အားကို အခြေခံရလျှင် လူကြီးရှေ့၌ရောက်နေသော သုံးနှစ်အရွယ်ကလေးနှင့်တူနေ သည်။
ကံကောင်းစွာပင် သုံးနှစ်အရွယ်ကလေးနောက်တွင် သန်မာသည့် လူကြီး တစ်ယောက်ရှိနေသည်။
ထိုသံမဏိသွေးအဖွဲ့ဝင်များသည် သူ့ကိုမျက်နှာသာမပေးသည်ကို ကြည့် ပြီး အန်းပိုစီသည် ဒေါသထွက်လာပြီး မျက်နှာများဖြူဖျော့လာသည်။ အကယ်၍ သူသည် ၎င်းတို့အား သင်ခန်းစာမပေးပါက သူတို့ကိုအက်စ်မအဆင့်ကြေးစား အဖွဲ့ဟု တွေးကတော့မည်မဟုတ်ပေ။ ချက်ချင်းဆိုသလိုပင် သူ အော်ဟစ်လေ သည် “ယောင်ရှဲ အသွင်ပြောင်း”
ကောင်းကင်အဆင့်ဝိညာဉ်သခင်နှင့် နတ်သားရဲတို့၏ ပေါင်းစပ်မှုကို အသုံးပြု၍ တိုက်ခိုက်သော ကြယ်ဝိညာဉ်သိုင်းသည် မည်မျှအစွမ်းထက်သည် ကို ထိုလူများကို မြင်စေလိုသည်။
ထိုတောသားများသည် ကမ္ဘာကိုမမြင်ဖူးကြပေ။
မာ့သည် သံမဏိသွေးကြေးစားအဖွဲ့အသစ်ကို လက်ခံနေချိန်တွင် နှင်းမုန်တိုင်းသည် ကြေးစားအစည်းအရုံးခွဲ၏အရှေ့၌ အစည်းအရုံး၏မျက်နှာ ကိုဖြတ်ရိုက်ပြီး စစ်မီးစနေသည်ကို မာ့မသိပေ။
တံခါးပေါ်မှ အစောင့်အကြပ်သည် စိုးရိမ်တကြီးဖြင့် စစ်ပွဲအခြေအနေကို သွားတင်ပြသည်။
နွယ်ပင်လေးမှတစ်ဆင့် ပေထင်းဟွမ်သည် ကွင်းထဲမှ အခြေအနေကို ရှင်းလင်းစွာ နားလည်ပြီးသားဖြစ်သည်။ သူမသည် စိတ်ထဲမှ နှာမှုတ်နေသော် လည်း သူမ၏မျက်နှာသည် မပြောင်းမလဲရှိနေသေးသည်။ သူမ၏ နှင်းဖြူရောင် လက်ချောင်းများသည် နူးညံ့စွာဖြင့် စားပွဲကိုခေါက်နေသည်။
သံမဏိသွေးသည် ကြေးစားအစည်းအရုံးမှ အသိအမှတ်ပြုထားပြီးဖြစ် သည့် စီအဆင့်ကြေးစားအဖွဲ့ဖြစ်သည်။
“ဂုဏ်ပြုပါတယ် သခင်ကြီးဟွမ်ကျို့” မာ့သည် အနည်းငယ် စိုးရိမ်လျက်ရှိ သည်။ သူသည် နှင်းမုန်တိုင်းကို သံမဏိသွေးနှင့် ထပ်မံရင်မဆိုင်စေလိုပေ။ တစ်ဖက်တွင် ညအရှင်အိမ်တော်၏ စွမ်းအားရှိသည်။ နောက်တစ်ဖက်မှာ လူသတ်အကြည့်များ ရံဖန်ရံခါထုတ်တတ်သည့် အသက် ၁၄ နှစ်အရွယ် ခေါင်းဆောင်ဖြစ်နေသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် အသေးအဖွဲ့မဟုတ် သည်ကို သူ ပြောနိုင်သည်။ ထိုအချိန်တွင် မည်သို့ပင်ဖြစ်စေကာမူ ကြေးစား အစည်းအရုံးအတွက် ရှင်းလင်းရန် ခက်ခဲသွားတော့မည် “အပြင်မှာ ပဋိပက္ခ တွေ ဖြစ်နေတယ်လို့ကြားတယ်... ကျုပ်တို့ အပြင်သွားပြီး အရင်ကြည့်လိုက် တာကောင်းမဘ်ထင်တယ်.. အထင်လွဲမှုသေးသေးလေးဖြစ်သွားတယ်ထင် တယ်”
“အလောကြီးဖို့မလိုပါဘူး” ပေထင်းဟွမ်သည် ချူဖုန်ကို ကြည့်ပြီးသား ဖြစ်သည်။ သူသည် အဖွဲ့ငယ်ငါးဖွဲ့၏ ခေါင်းဆောင်များကို ဦးဆောင်သွားပြီဖြစ် သည်။ အပြင်တွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကို ယွိရုန်းကယ်သည် အစကတည်းက မြင်ပြီးသားဖြစ်သည်။ သူသည် မတ်တတ်ရပ်ပြီး တွေဝေခြင်း မရှိဘဲ ချူဖုန်းနောက်သို့လိုက်သွားသည်။
ထိုအခြေအနေကိုကြည့်ပြိး မာ့သည် ပို၍စိတ်ပူပန်လာသည်။ သို့သော် သိသာအောင်တော့ မပြရဲပေ… သူသည် နဖူးပေါ်မှချွေးသုတ်ပြီး စိတ်ထဲမှ ကျိန်ဆဲမိသည်။ ဟူး.. ဒီအလုပ်က ပိုပိုပြီးခက်ခဲလာတာပဲ “ဒါပေမဲ့…”
“ဥက္ကဌမာ့ ကြည့်လိုက်.. ကျွန်တော်တို့က စီအဆင့်ဖြစ်နေပြီ.. တိုက်တိုက် ဆိုင်ဆိုင်ပဲ အောက်မှာ ဘီအဆင့်ရှာဖွေရေးရှိနေတယ်.. ကျွန်တော်တို့ အဖွဲ့က လည်း ဒီဘီအဆင့်ရှာဖွေရေးသုံးခုကို ပြီးမြောက်အောင်လုပ်နိုင်ပါတယ်.. ဘာလို့ ကိုယ့်ဒုက္ခကိုယ်ရှာနေတော့မှာလဲ.. အဲတော့ ကျွန်တော်တို့အဖွဲ့ ဘီအဆင့်တက် အောင်လို့ ဘာလို့မလုပ်ရမှာလဲ”
မီးပန်းပွင့်နှင့် သွားရည်ကျနေသည့် စပါးအုံးမြွေနက်တစ်ကောင် မှော်သားရဲတို့ဖြစ်သည်။ ၎င်းသည် အလွန်လွယ်ကူသည့် တာဝန်ပင်။ ဝမ်ဝေ့ မဟာမိတ်မြို့သို့ အဖွဲ့ကိုဦးဆောင်ပြီးလာစဉ်က သူသည် အခက်ခဲဆုံး ဘီအဆင့် ရှာဖွေရေး သုံးခုကို ပြီးမြောက်ခဲ့သည်။ သို့သော် ထိုစဉ်က သူတို့၏ကြေးစား အဖွဲ့မှာ စာရင်းမသွင်းရသေးသဖြင့် ရှာဖွေရေးဟု လက်မခံနိုင်ပေ။
“ဟုတ်ပြီ ဟုတ်ပြီ ဒါဆိုရင် စစ်ဦးစီးဟွမ်ကျို့ကို ပိုပြီးဂုဏ်ပြုရမှာပေါ့” ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် မာ့၏ အမေအိုကြီးကိုလိုချင်သည်ဟု ပြောလာလျှင်တောင် မာ့ သဘောတူလိမ့်မည်။ ဤပြဿနာအိုးမြန်မြန် ထွက် သွားပြီး ကွင်းထဲမှကိစ္စကို ဖြေရှင်းပြီးလျှင် ပြီးရောပင်။
ကြေးစားအစည်းအရုံး၏အစောင့်များသည် ပေထင်းဟွမ်အား လေးနက် စွာကြည့်နေသည်။ နှစ်ပေါင်းများစွာ အစည်းအရုံးအတွက် အလုပ်လုပ်လာပြီး နောက် ဤကဲ့သို့ ရဲစွမ်းသတ္တိရှိသူကို မြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ ကြေးစားအဖွဲ့သစ်သည် စီအဆင့်မှ ဘီအဆင့်သို့ ရုတ်တရက်တက်သွားခဲ့သည်။
“နေဦး”
သူသည် ပေထင်းဟွမ်၏အသံကို ကြားသည်နှင့် လှုပ်ရှားတော့သည်။ အစောင့်အကြပ်များသည် ကြောက်လွန်းသဖြင့် ခြေထောက်များအားနည်းသွား ကာ သူသည် မြေပေါ်သို့လဲကျလုမတတ်ပင်။ သူသည် အလျင်အမြန်ပင် တလေးတစားဖြင့် မေလိုက်သည်။ “သခင်ကြီး သခင်ကြီဟွမ်ကျို့ တခြား ညွှန်ကြားစရာများရှိဦးမလား”
ညွှန်ကြားချက်ကိုတစ်ခါတည်းပြောလိုက်လို့မရဘူးလား။ ပြီးတော့ အဲလောက် ကြောက်စရာကောင်းအောင် မလုပ်လို့မရဘူးလား။