← Chapters

သခင် နှင်းမုန်တိုင်းက ပြဿနာရှာနေပြီ

Vol. 21 Ch. 407

သခင် နှင်းမုန်တိုင်းက ပြဿနာရှာနေပြီ

Vol. 21 Ch. 407

ပေထင်းဟွမ်သည် ထိုလူကို စိတ်မဝင်စားသလိုကြည့်ပြီး ဝိညာည်နက် အသီးနှစ်လုံးနှင့် ကြယ် ၁ ပွင့် မွန်မြတ်သောသားရဲထည့်ထားသည့် အသက် လှောင်အိမ်တစ်ခုထုတ်လိုက်သည်။ သူမသည် လက်ကိုဝှေ့ယမ်းကာ သူတို့ကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည် “ဥက္ကဌမာ့.. ကျွန်တော် ခုနကလာတုန်းက အေအဆင့် ရှာဖွေရေးသုံးခုကိုတွေ့ခဲ့တယ်.. ဒီရှာဖွေမှုကို တင်သွင်းခဲ့တဲ့လူရှိ လားလို့ စစ်ဆေးပေးပါ.. မရှိရင် ဒီရှာဖွေရေးသုံးခုကို ကျွန်တော်တို့ သံမဏိသွေး က ယူလို့ရမလား”

ဝုန်း..

သနားစရာကောင်းသော ကောင်းကင်အဆင့်မာ့သည် ထိတ်လန့်လွန်း သဖြင့် ခွေးခြေခုံပေါ်မှ မြေပေါ်သို့လဲကျလေသည်။ သူသည် အားတုံ့အားနာ အနေအထားဖြင့် ပြန်ထကာ လေးလံစွာ သက်ပြင်းချလိုက်သည်။ သူသည် ချင်းယွိကို ခက်ထန်စွာကြည့်ကာ ဒေါသတကြီးပြောလိုက်သည် “ချင်းယွိ မင်း အဖေနဲ့ ငါက နှစ်တွေအများကြီး မိတ်ဆွေဖြစ်လာခဲ့တာကြောင့်သာမဟုတ်ရင် မင်းကို ငါ ရိုက်ပြီးနေပြီ.. ပြောပါဦး.. ငါ့ကိုခြောက်ဖို့ ဘာလို့ ဒီလိုမျိုးဟာတွေ သွားရှာလာတာလဲ”

ချင်းယွိသည် နှာခေါင်းပွတ်ကာ ရှက်ကိုးရှက်ကန်းပြုံးလေသည်။ သူ ဘယ်လိုလုပ်ပြောမှာလဲ။ သူလည်း ဒီကောင်လေးကြောင့် ထိတ်လန့်ရတာပဲ။ အခုအခါ သူ တည်ငြိမ်နေရသည်မှာ ကြောက်လန့်ခဲ့ရပြီးနောက် ထုံသွားခြင်း ကြောင့်ပင်။ ယခုအခါ သူ ကျင့်သားရနေလေပြီ။

“ဥက္ကဌမာ့ ရှောင်ကျို့က တမင်လုပ်တာမဟုတ်ပါဘူး”

“ဟုတ်တယ်.. သူက မစဉ်းစားဘဲမလုပ်ဘူး.. သေချာပေါက်ကို တမင်လုပ် တာပဲ” မာ့သည် အခန်းအလယ်တွင်ရပ်ကာ လက်ဖဝါးပေါ်မှမရှိသည့်ဖုန်ကို ခါနေသည်။ သူသည် လက်မြှောက်ကာ အခန်းအလယ်တွင် အရူးတစ်ယောက် လို မှင်တက်နေသည့် အလုပ်သမားကို ပြောလေသည် “ဟုတ်ပြီ ဟုတ်ပြီ သွား သွား သခင်ကြီးဟွမ်ကျို့ ပြောသလိုလုပ်လိုက်”

အဆုံးတွင် သူ ထပ်ပေါင်းပြောလေသည် “သခင်ကြီးဟွမ်ကျို့.. ကျုပ်ကို ထပ်မစပါနဲ့တော့… မင်း အက်စ်အဆင့်ရှာဖွေမှုကိုလည်း ပြိုင်ချင်လား တစ်ခါ တည်းထုတ်လာလိုက်ပါ”

“မလိုပါဘူး” ပေထင်းဟွမ်သည် လက်ကိုခါကာ မတ်တတ်ထလိုက်သည်။ သူမသည် အင်္ကျီပေါ်မှမရှိသည့် ဖုန်များကို ခါလိုက်သည် “ရှိရင်တောင် ခင်ဗျား ကို မပေးဘူး.. ခင်ဗျားက အက်စ်အဆင့်ရှာဖွေမှုကို စစ်ဖို့အရည်အချင်းရှိလို့လား”

အက်စ်အဆင့်ရှာဖွေမှုသည် တိုက်ကြီးတစ်ခုလုံးကို မွှေနှောက်နိုင် လောက်သည့် အမြင့်ဆုံးရတနာများဖြစ်သည်။ ထိုရတနာများကို ထုတ်လိုက် လျှင် မရေမတွက်နိုင်သောလူများ ရူးသွပ်စွာလုကြလိမ့်မည်။ မဟာမိတ်မြို့မှ ကြေးစားအစည်းအရုံး၏ လူအင်အားအကန့်အသတ်နှင့်ဆိုလျှင် ၎င်းတို့အားလုံး ကို ကာကွယ်ရန်မဖြစ်နိုင်ပေ။ ပုံမှန်အားဖြင့် ရှာဖွေမှုများကို ရာယာအင်ပါယာ ၏ ရှန်းယန်းမြို့ရှိ ကြေးစားအစည်းအရုံးဌာနချုပ်မှ အကဲဖြတ်သည်။ ထို့ကြောင့် ပေထင်းဟွမ် ထိုသို့ပြောခြင်းပင်။

သို့သော် ထိုစကားများသည် ဒေါသထွက်စရာပင်။

မာ့သည် သွေးအန်ထွက်လုမတတ်ပင်။ သူသည် ဒေါသထွက်ကာ ဆက်တိုက်ချောင်းဆိုးနေပြီး ဘာမှပြောမထွက်ပေ။ သူသည် “သခင်ကြီးဟွမ်ကျို့ အရင်ဆုံးကွင်းထဲက ပဋိပက္ခတွေကို သွားရှင်းကြတာပေါ့” ဟုသာ ပြောနိုင်တော့သည်။

ကြေးစားအဖွဲ့နှစ်ဖွဲ့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မျက်နှာချင်းဆိုင်နေကြသည်။ အေအဆင့်ကြေးစားအဖွဲ့အဖြစ် အဆင့်တက်သွားသည့် သံမဏိသွေးနှင့် အက်စ်အဆင့်ကြေးစားအဖွဲ့ နှင်းမုန်တိုင်းတို့အကြား၌ နာမည်ကိုရင်းပြီး အချိန် မရွေးပေါက်ကွဲသွားနိုင်သည့် တင်းမာသည့်လေထုဖြစ်နေသည်။

ပေထင်းဟွမ်မသိသည်မှာ ထိုအချိန်တွင် မဟာမိတ်မြို့တော်မှ အဖွဲ့အစည်းသည် ကွင်းထဲမှမြင်ကွင်းကို ညအရှင်အိမ်တော်သို့ ဖန်သား ကာကွယ်ရေးမှတစ်ဆင့် ကူးပြောင်းပေးပြီးသားဖြစ်သည်။

နေရောင်သည် တောက်ပစွာထွန်းလင်းနေသည်။ ညအရှင်အိမ်တော်၏ အနောက်ဘက်တွင် ကြွေပန်းများသည် အပြည့်အဝပွင့်လန်းနေသည်။

ယန်ယဲ့သည် လက်ထဲတွင် စာအုပ်ကိုင်ထားပြီး တောင်ဝှေးသီးပင် အောက်ရှိ ခုံတန်းရှည်ပေါ်တွင် လှဲလျောင်းနေသည်။ သူ၏ရှည်လျားသော ငွေရောင်ဆံပင်သည် မြေပေါ်အနှံ့ ပျံ့လွင့်နေသည်။ ထိုဆံနွယ်များသည် အလွှာလိုက်ထပ်နေပြီး မေ့ပျောက်ခြင်းမြစ်၏ လှိုင်းတံပိုးများကဲ့သို့ လှိုင်းထနေ သည်။ လေတစ်ချက်အဝေ့တွင် သစ်ရွက်များကျလာပြီး သူ၏နဖူးကိုဖြတ်သွား ပြီးနောက် မြေပေါ်သို့ကျသွားလေသည်။

ချုံချီသည် အလျင်စလိုလျှောက်လသည်။ သူသည် ငြိမ်သက်သော မြင်ကွင်းကိုမြင်သောအခါ မှင်တက်သွားကာ ပါးစပ်ပင်မဟနိုင်တော့ပေ။ သူသည် ထိုလှပသောမြင်ကွင်းကို မဖြိုဖျက်ရက်ပေ။ သို့သော် ထိုနေရာမှ အခြေအနေသည် ထိုလူနှင့်ဆက်စပ်နေသဖြင့် သူတစ်ယောက်တည်း ဆုံးဖြတ် ချက်မချနိုင်ပေ။ သူသည် တွေဝေမှုမရှိ ပြောလိုက်၏ “သခင် နှင်းမုန်တိုင်းက ပြဿနာရှာနေပြီ”

All Chapters