← Chapters

ညကြင်ယာတော်မင်းသမီး၊ အလိုလိုက်ထားခြင်းကြောင့် ထောင်လွှားခြင်း

Vol. 21 Ch. 408

ညကြင်ယာတော်မင်းသမီး၊ အလိုလိုက်ထားခြင်းကြောင့် ထောင်လွှားခြင်း

Vol. 21 Ch. 408

“သူမ ဘယ်မှာလဲ မကြာခင် ပြန်လာတော့မှာလား”

သူ့အသံပေါ့ပါးနေသည်မှာ မေ့ပျောက်ခြင်းမြစ်ကို ဖြတ်တိုက်သွားသည် လေသဖွယ်ပင်။ ထိုအသံသည် အေးစက်မှု တစ်စိုးတစိမျှ သယ်ဆောင်လာ သော်လည်း ရှားပါးသည့်နွေးထွေးမှု အရိပ်အယောင်နှင့် လူသားလောက၏ အရိပ်အယောင်ပါဝင်လေသည်။

ချုုံချီသည် မေးရန်မလိုပေ။ ‘သူမ’ ဆိုသည်မှာ မည်သူနည်း။

“သခင် သူတို့တွေ မဟာမိတ်မြို့တော်ကို ရောက်နေပါပြီ.. ထျန်းယင်း မျိုးနွယ်က သခင်လေးက သခင်လေး ၉ ဆီကို ပူးပေါင်းသွားပါပြီ.. သံမဏိသွေး ကြေးစားအဖွဲ့က အေအဆင့်ကြေးစားအဖွဲ့ဖြစ်သွားပြီ.. ဒါပေမဲ့…” ယန်ယဲ့ စာအုပ်ကို ချလိုက်သည်ကို ကြည့်ပြီး ချုံချီသည် လက်မြှောက်ကာ နဖူးပေါ်တင် လိုက်သည်။ သူသည် ကြက်သေသေနေကာ စကားဆက်မပြောပေ။

“ဟူး” ယန်ယဲ့သည် သက်ပြင်းရှည်ကြီးချကာ ခုံတန်းရှည်ပေါ်မှ ထလိုက် သည်။ သူသည် ခြေထောက်ကွေးကာ လက်ဖြင့်ပိုက်လိုက်သည်။ သူသည် အဝေးရှိကောင်းကင်ကို အဆုံးမရှိသော အချစ်မျက်လုံးများဖြင့် ကြည့်နေသည် “သူမ ဘယ်တော့များမှ အကျင့်ပြောင်းပြီး ပျားနဲ့လိပ်ပြာတွေကို ဆွဲဆောင်တာ ရပ်တော့မှာလဲ”

ချုံချီသည် မှင်တက်သွားသည်။ ဒီစကားတွေက ဘာလို့ ဒီလောက် ထူးဆန်းတောလဲ။ သူတို့ တွေးသလိုများ တကယ်ဖြစ်နေပြီလား။ သူ့သခင်က အဲဒီလူငယ်ကို ချစ်နေပြီလား။

ထိုသို့ဖြစ်နိုင်သည်။ ချုံချီသည် တွေးပြီးနောက် ဆက်ပြောလေသည် “ဒါပေမဲ့ ကြင်ယာတော်မင်းသမီးက နှင်းမုန်တိုင်းကြေးစားအဖွဲ့က လူ ၂၀ ကျော် ကိုသတ်ခဲ့တယ်.. အဲဒီငတုံးအန်းပိုစီက လူခေါ်ပြီး ကြင်ယာတော်မင်းသမီးရဲ့ သံမဏိသွေးကိုဝိုင်းထားတယ်.. ကြေးစားအဖွဲ့နှစ်ဖွဲ့က အခု ရင်ဆိုင်နေကြပြီ”

“ကြင်ယာတော်မင်းသမီးဟုတ်လား” ယန်ယဲ့သည် ထိုစကားနှစ်လုံးကို ဂရုတစိုက်ရေရွတ်နေသည်။

ချုံချီသည် ထိတ်လန့်သွားသဖြင့် ချွေးအေးများပင်ပြန်လာသည်။ သူသည် ခေါင်းပိုငုံ့သွားကာ ခြေထောက်များလည်း တုန်ယင်လာသည်။ ပြီးသွားပြီ.. ပြီးသွားပြီ.. သခင်က သူ့စိတ်ထဲက စိတ်ကူးယဉ်တာတွေကို ကြားသွားပြီ။ မဟုတ်လျှင်တောင် သူသည် သခင်လေး ၉ ကို ကြင်ယာတော်မင်းသမီးဟု ခေါ်ပြီးသွားလေပြီ။ သခင်လည်း အာရုံခံမိလောက်ပြီ။ သူဘာလို့ အဲလောက် တောင် လက်လွတ်စပယ်ဖြစ်ရတာလဲ။ သူ မတော်တဆ စကားထွက်သွားတာ လေ။

“သူမက ဘယ်လိုလုပ် ကြင်ယာတော်မင်းသမီးလောက်နဲ့ ထိုက်တန်မှာ လဲ.. သူမက ကောင်းကင် ၃၃ ဘုံနဲ့ ယန်းမိုကောင်းကင်မျိုးနွယ်ရဲ့ ဘုရင်မဖြစ်ရ မှာ” ယန်ယဲ့သည် အံကြိတ်လေသည်။ ကောင်းကင်နှင့်မြေကြီးအကြားတွင် မုန်တိုင်း တစ်ခုထန်လာကာ တောင်ဝှေးပန်းများလည်း မြေဆီလွှာပေါ်သို့ ကျလေ၏။

“သခင်” ချုံချီ၏ စိတ်ထဲတွင် စိတ်ဒုက္ခရောက်ခြင်းများနှင့် ပြည့်နှက်သွား ၏။ အသက်ရှူရသည်ပင် အနည်းငယ် ခက်ခဲလာသည်။ နှစ်ပေါင်း တစ်သောင်း ကြာသွားလေပြီ။ သို့သော် သခင်သည် မေ့မရခဲ့ပေ။ ထိုသခင်လေး ၉ သည် သူမသည်…

“သူ ဘာပြောခဲ့သေးလဲ” ထိုလူအားတွေးမိသည်နှင့် ယန်ယဲ့၏ အသံသည် ပို၍နူးညံ့လာသည်။ သူသည် ဖြည်းဖြည်းပင်ထရပ်ကာ လက်ကိုနောက်ပစ်ပြီး မြေပေါ်မှ တောင်ဝှေးပန်းများကို နင်းလိုက်သည်။ သူသည် သူမကိုတွေ့ရန် မစောင့်နိုင်တော့ပေ။

“သခင် ကြင်ယာတော်မင်းသမီးပြောတာက နှင်းမုန်တိုင်းက ညအရှင် အိမ်တော်ကဆိုရင် သခင်သာ သူမရှေ့ ကို ကိုယ်တိုင်မလာရင်..” ခေါင်းဖြတ်ခံရ မည့်အရေးကို စွန့်စားပြီး ချုံချီသည် ပေထင်းဟွမ်၏ စကားများကို ပြန်ပြောပြ နေသည်။ သူသည် သူ့ဘာသာတွေးနေမိသည်။ ကောင်းကင် ၃၃ ဘုံ၏ ယန်းမို ကောင်းကင်မျိုးနွယ်၏ ဘုရင်မသာ ပြန်လည်ဝင်စားလာပါက သူမသည် အလွန်ရက်စက်လိမ့်မည်။ သခင်သည် ဤတိုက်ကြီးတွင် မင်းသားတစ်ပါးသာ ဖြစ်သော်လည်း သခင့်ကို မည်သူက ရန်စရဲသနည်း။

ကမ္ဘာတစ်ခုလုံးတွင် ကြင်ယာတော်မင်းသမီးတစ်ပါးသာ လူအများရှေ့ တွင် သူတို့၏သခင်ကို အရှက်ခွဲရဲသည်။

လွန်ခဲ့သည့် နှစ်သောင်းက ကြင်ယာတော်သမီးမသေဆုံးခင်က သခင် သည် သူမကို မြတ်နိုးကာ အလိုလိုက်ခဲ့သည်။ ကောလဟလများသည် လုပ်ကြံ ဖန်တီးထားခြင်းမဟုတ်သည်ကို မြေအောက်မှ ပိုးကောင်များပင် သိကြသည်။

ယန်ယဲ့သည် ကျယ်လောင်စွာ ရယ်မောမိသည်။ သူမသည် အလိုလိုက် ထားခြင်းကြောင့် ထောင်လွှားနေခြင်းပင်။ သူ သူမအပေါ်တွင် အလိုလိုက်ထား ခြင်းကို သူမမသိပါက အဘယ့်ကြောင့် ယခုလိုအရာများကို လုပ်မည်နည်း။ သူမ သည် အားလုံးကိုသိထားသည်။ ခေါင်းပေါ်မှ နေရောင်ကိုကြည့်ပြီး ယန်ယဲ့၏ စိတ်သည် နေကဲ့သို့ပူလောင်နေသည်။ ပေထင်းဟွမ်သည် မိုးပေါ်တွင် ပေါ်လာ သလိုပင်။ သူမသည် ပြုံးပြီး သူ့ကိုပြောနေသည် “ယဲ့ ရှင် ကျွန်မကို အရမ်းချစ် ရင် ကျွန်မကိုစောင့်နေပါ.. နှစ်တစ်ထောင်နေနေ နှစ်တစ်သောင်းနေနေ ကျွန်မ ပြန်လာမယ်”

သူမသည် သူ အသက်မရှင်မည်ကို စိုးရိမ်နေခြင်းပင်။

နှစ်ပေါင်းနှစ်ထောင်လောက်က သူသည် သူမကို ထုံရှန်းတွင် အကျဉ်း ချခဲ့သည်။ သူမ နှလုံးထားထဲမှ ချစ်ရသူသည် မသေခင်အထိ ထိုလူဖြစ်သည်ဟု သူ အမြဲတွေးခဲ့သည်။ သူမသည် ထိမ်းမြားသည့်နေ့၌ပင် သေဆုံးသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ဥပဒေကြားတွင် ဝါးမျိုခြင်းခံလိုက်ရသည်။

All Chapters