← Chapters

ကြင်ယာတော်မင်းသမီးကို ကိုယ်တိုင်တောင်းပန်မယ်

Vol. 21 Ch. 409

ကြင်ယာတော်မင်းသမီးကို ကိုယ်တိုင်တောင်းပန်မယ်

Vol. 21 Ch. 409

သူမဝိညာဉ်လွင့်သွားသည်ကို မြင်လိုက်ရသည့်အခိုက်အတန့်၌ သူ့မျက်လုံးထဲတွင် ခိုင်မာမှုများကို သူမမြင်ခဲ့ရသည်။ ထို့ကြောင့်ပင် သူ အသက်ဆက်ရှင်ရန်အတွက် ထိုစကားများနှင့် လှည့်စားခဲ့ခြင်းပင်။

သူမ သူ့ကိုလိမ်ခဲ့သည်ဟု သူအမြဲတမ်းတွေးခဲ့သည်။

သူမ ပြန်ပေါ်လာသည်ကို တွေ့လိုက်သည့်အချိန်မှပင်၊ ကစဥ့်ကလျား နတ်အရင်းအမြစ်သည် သူမကိုသခင်အဖြစ်သတ်မှတ်သည့်အချိန်၊ နဂါးဇာမဏီသည် သူမကို သခင်အဖြစ်သတ်မှတ်သည့်အချိန်နှင့် ကိုးရောင် မီးတောက်သည် သူမ၏အမျိုးသမီးပုံရိပ်ကို ထုတ်ဖော်လိုက်သည့်အချိန်မှပင် သူမ ပြန်လသည်ကို သူ အပြည့်အဝနားလည်ခဲ့သည်။

သူမသည် သူ့ကိုလိမ်ညာခြင်းမရှိခဲ့ပေ။ သူမ ပြန်လာမည်ဟု ပြောခဲ့ရာ သူမသည် အမှန်တကယ် ပြန်လာခဲ့သည်။

“ငါ့အမိန့်ပြောလိုက်.. မဟာမိတ်မြို့တော်က ငှက်မွေးနက်တပ်ဖွဲ့ကို နှင်းမုန်တိုင်းအဖွဲ့ကအဖွဲ့ဝင်အကုန်လုံးကို သတ်ခိုင်းလိုက်.. ကြင်ယာတော် မင်းသမီးကို ရှန်းယန်းမြို့ကို ဖြစ်နိုင်သလောက် မြန်မြန်ခေါ်လာဖို့ ပြောလိုက်.. သူမ ရှန်းယန်းမြို့ကိုရောက်ရင် ငါကိုယ်တိုင် ကြင်ယာတော်မင်းသမီးကို တောင်းပန်မယ်” ယန်ယဲ့သည် အင်္ကျီလက်ပေါ်မှ ရွှေရောင်ပန်းထိုးကို နူးညံ့စွာ ပွတ်သပ်နေသည် “အခု သူမနာမည်ကဘာတဲ့လဲ”

“ဟင်” ထိုမေးခွန်းသည် အလွန်ထူးဆန်းနေသည်။ သို့သော် သခင်လေး ၉ သည် ဖန်သားထဲတွင် သူ့ကိုယ်သူ ဟွမ်ကျို့ဟု သုံးနှုန်းသည်ကို ပြန်တွေးမိ သောအခါ သခင်လေး ၉ သည် အစွမ်းအစရှိသူဟု သိလိုက်ရပြန်သည်။ သူသည် ပေထင်းဟွမ်၊ ပေယဲ့နှင့် ယခုအခါ ဟွမ်ကျို့ဟု ခေါ်နေပြန်သည်။ ၎င်းသည် ခေါင်းငုံ့ကာ ပြောလိုက်သည် “သခင်ကြီးဟွမ်ကျို့ပါ”

“အင်း ဟွမ်ကျို့” ယန်ယဲ့ ခေါင်းညိတ်လိုက်သည် “မင်း ညအရှင်အိမ်တော် က ထွက်တာနဲ့ ကြင်ယာတော်မင်းသမီးလို့ ထပ်မခေါ်တော့နဲ့”

ပေထင်းဟွမ်၏ သရုပ်မှန်သည် ပေါ်ပေါက်၍မဖြစ်ပေ။ ကမ္ဘာကြီး သိလာ မည့်နေ့ရောက်လာမည်မှာ မှန်သော်လည်း ဤကိစ္စသည် ပေထင်းဟွမ်၏ လက်ထဲတွင်ရှိမည်ဟု ယန်ယဲ့မျှော်လင့်သည်။ ကစဥ့်ကလျားနတ်အရင်းအမြစ် ကို မိန်းကလေးတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင်သာ သိုလှောင်နိုင်သည်။ ထို့ကြောင့် ညအရှင်၏ ကြင်ယာတော်သည် ယောက်ျားလေး မဖြစ်နိုင်ပေ။

သို့သော် ယန်ယဲ့မသိသည်မှာ ညအရှင်၏ ဂုဏ်သတင်းသည် ပင်မတိုက် ကြီးတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။ တိုက်ကြီးပေါ်မှ မိန်းကလေးတစ်ဝက် သည် ညအရှင်ကို အပိုင်းပိုင်းစုတ်ဖြဲချင်နေပြီး ကျန်တစ်ဝက်သည် သခင်ကြီး ဟွမ်ကျို့ကို အူထဲအသည်းထဲမှ မုန်းတီးကြသည်။

အထူးချွန်ဆုံးအမျိုးသားနှစ်ယောက်ကို စုံတွဲလိုက် မည်သူကမြင်ချင်မည် နည်း။

သူသည် အသည်းများစွာကို ခွဲပြီးသားဖြစ်လိမ့်မည်။

ချုံချီ နာခံသည်။

မဟာမိတ်မြို့တော်မှ ကြေးစားအစည်းအရုံး၏ ကွင်းပြင်ရှေ့အဝေးတစ် နေရာတွင် ပေထင်းဟွမ်သည် စိတ်လှုပ်ရှားနေသောသခင်ကြီးမာ့သည် အေးအေးလူလူ လမ်းလျှောက်နေသည်။ သံမဏိသွေးသည် အေအဆင့် ကြေးစားအဖွဲ့အဖြစ် အဆင့်တက်သွားပြီး သူမ၏ ယာယီပန်းတိုင်သို့ ရောက် သွားပြီဖြစ်သည်။ ပေထင်းဟွမ်သည် ခံစားချက်ကောင်းနေပုံပေါ်သည် “ဒီတစ်ခါ သခင်ကြီးမာ့ကို ကျေးဇူးတင်ရမှာပဲ”

သူမ၏ မည်းနက်သောမျက်လုံးများသည် ကွင်းထဲရှိ မျက်နှာချင်းဆိုင်နေ သော ကြေးစားအဖွဲ့နှစ်ဖွဲ့ကို စိတ်မဝင်စားသလိုကြည့်နေသည်။ ကောင်းကင် အဆင့်ဖိအားသည် ထွက်ပေါ်လာကာ နှင်းမုန်တိုင်းကို မုန်တိုင်းတစ်လုံးသဖွယ် ဖိနှိပ်နေသည်။ အန်းပိုစီ၏ နှလုံးများ တုန်ယင်လာသည်။ အးကောင်းလိုက်တဲ့ အင်အားပဲ။ နောက်ဆုံးတွင် သူ့ခွန်အားမှာ မလုံလောက်ဘဲ ထိုဖိအားသည် မည်သူ့ဆီမှလာသည်ကို မသိနိုင်ပေ။ ဥက္ကဌကြီးမာ့ဖြစ်လိမ့်မည်ဟု တွေးပြီး သူသည် ထိုဦးတည်ရာဘက်သို့ အသာဦးညွှတ်ကာ ထောင်လွှားစွာပြောလေ သည် “ဥက္ကဌမာ့ ခင်ဗျားလာတာ အတော်ပဲ.. ကျုပ်တို့နှင်းမုန်တိုင်းကြေးစား အဖွဲ့က အက်စ်အဆင့်အဖွဲ့အနေနဲ့ အဖွဲ့ဝင် အယောက် ၂၀ ကို ဘယ်ကမှန်း မသိတဲ့ ကြေးစားအဖွဲ့က သတ်သွားတယ်.. ဥက္ကဌမာ့ ဒီကိစ္စကို ခင်ဗျား ဘယ်လို ဖြေရှင်းမယ်လို့ ဆုံးဖြတ်ထားလဲ”

ကြေးစားအစည်းအရုံးသည် ကြေးစားအဖွဲ့များကြားမှ တိုက်ပွဲကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ စည်းမျဉ်းများကို ချိုးဖောက်သည်နှင့် တရားဝင်ကြေးစားအဖွဲ့ဖြစ်ရန် အရည်အချင်းမပြည့်မှီတော့ပေ။ အကယ်၍ ညှိနှိုင်းမရသော ပဋိပက္ခများရှိပါက ကြေးစားအစည်းအရုံးကို အသနားခံပြီး ကွင်းပြင်တွင် နှစ်ဖက်တိုက်ပွဲပြုလုပ်နိုင်သည်။

လူရှေ့သူရှေ့တွင် မေးခွန်းထုတ်ခံရသဖြင့် မာ့သည် ဒေါသထွက်သဖြင့် သေချင်လာသည်။ သူသည် စိတ်ထဲမှ ကျိန်ဆဲမိသည်။ မင်းတို့က အက်စ်အဆင့် ကြေးစားအဖွဲ့ဆိုရင် ဘာလို့ နာမည်မရှိတဲ့ သံမဏိသွေးအဖွဲ့က မင်းတို့လူ အယောက် ၂၀ ကိုသတ်သွားမှာလဲ။

သို့သော် ဥက္ကဌတစ်ယောက်အနေနှင့် မာ့သည် ကိစ္စများကို အေးချမ်းစွာ ဖြေရှင်းရမည်။ “ခေါင်းဆောင်အန်းပိုစီ ဒီမတိုင်ခင် သံမဏိသွေးကြေးစားအဖွဲ့ က စာရင်းမသွင်းရသေးပါဘူး.. ကျုပ်ကို ဝင်ပါခိုင်းရင်တောင် ဝင်ပါလို့မရဘူး”

ထို့အပြင် သူသည် ဂရုမစိုက်ချင်ပေ။ ဤသတ်ဖြတ်ခြင်းနတ်ဘုရား ဟွမ်ကျို့ကို သူ ထိန်းချုပ်နိုင်မည်တဲ့လား။ ညအရှင်အိမ်တော်ကို စိန်ခေါ်ရဲသူ သည် အရူးသို့မဟုတ် ကျွမ်းကျင်သူဖြစ်လိမ့်မည်။ သို့သော် ဟွမ်ကျို့သည် အရူးမဟုတ်ပေ…

All Chapters