အေအဆင့်လား၊ တန်လို့လား
Vol. 21 Ch. 410
ပေထင်းဟွမ်သည် တိတ်တိတ်လေး အံ့အားသင့်မိသည်။ ဤအဘိုးကြီး မာ့သည် ကောက်ကျစ်သည်။ သို့သော် ဤအကြောင်းပြချက်သည် ကောင်းနေ သည်။ သူမ သဘောကျသည်။
“သံမဏိသွေးကြေးစားအဖွဲ့က အရင်က စာရင်းမသွင်းရသေးဘူးဆိုတော့ သခင်ကြီး ခင်ဗျား ဝင်ပါလို့မရဘူး.. အခု ဒီကိစ္စကို ဝင်မပါတာ ကောင်းလိမ့်မယ်” အန်းပိုစီသည် ခက်ထန်စွာပြောလေသည်။
သူတို့နှစ်ယောက်အတူတကွထွက်လာကာ ရင်းနှီးပုံပေါက်နေသည်ကို ကြည့်ပြီး သံမဏိသွေးသည် ကြေးစားအစည်းအရုံးကို အကျိုးအမြတ်တချို့ပေး မည်ဟု ကတိပေးခဲ့ခြင်းဖြစ်နိုင်သည်။
သူ နှင်းမုန်တိုင်းက ကြောက်မယ်ထင်နေလား။ ညအရှင်အိမ်တော်၏ တာဝန်တစ်ခု ပြီးမြောက်အောင် ကူညီပေးရန် နှင်းမုန်တိုင်းကို ကိုယ်တိုင်ကိုယ် ကျ လာရောက်တောင်းဆိုသည်မှာ သခင်ချုံချီဖြစ်သည်ကို သူတို့သိထားရမည်။
မာ့သည် ဒေါသထွက်သဖြင့် မုတ်ဆိတ်ပင် လိပ်တတ်လုမတတ်ပင် “သခင်အန်းပိုစိ နှင်းမုန်တိုင်းက အက်စ်မအဆင့်ကြေးစားအဖွဲ့ဆိုရင်တောင် နှင်းမုန်တိုင်းက နောက်ဆိုရင် ကြေးစားအစည်းအရုံးက ရှာဖွေမှုတွေကို လက်ခံ ရဦးမှာပဲ.. မစဉ်းစားဘဲ မလုပ်တာအကောင်းဆုံးဖြစ်လိမ့်မယ်”
“မစဉ်းစားဘဲလုပ်တယ်ဟုတ်လား” အန်းပိုစီသည် သူ့အနောက်မှ ခြေနှင့် လက်ကျိုးနေသော သားဖြစ်သူကို ညွှန်ပြလေသည်။ သူ့တွင် အဆင့် ၅ ပြန် အားဖြည့်ဆေးမရှိလျှင် သားဖြစ်သူသည် ကျန်ဘဝတွင် အသုံးဝင်တော့မည် မဟုတ်ပေ။ သူသည် ရှန်းယန်းမြို့သို့အမြန်ပြန်ကာ ညအရှင်အိမ်တော်အား ဝိညာဉ်အားဖြည့်ဆေး သွားတောင်းရဦးမည်။ ဤကဲ့သို့ ကြေးစားအဖွဲ့သေး လေးတစ်ဖွဲ့အတွက် ဖြုန်းရန်အချိန်မရှိပေ။ “သခင်ကြီးမာ့ ကျုပ်တို့ နှင်းမုန်တိုင်းအဖွဲ့ကို စီအဆင့်ကြေးစားအဖွဲ့လေးအတွက်နဲ့ ခက်ခဲအောင်လုပ် နေမှာလား”
ကြေးစားအဖွဲ့များသည် ကြေးစားအစည်းအရုံးမှ မစ်ရှင်များယူရခြင်း ကြောင့် အဖွဲ့အစည်းကိုမှီခိုနေရသော်လည်း သီးသန့်ကိစ္စများကို ဖြေရှင်းရန် ကြေးစားအဖွဲ့တစ်ဖွဲ့ကို မည်သူကမှ ဆက်သွယ်မည်မဟုတ်ပေ။ မာ့သည် သူ နှင်ထုတ်ချင်သလို အဖွဲ့တစ်ဖွဲ့ကို နှင်ထုတ်၍မရပေ။
“သခင်ကြီးအန်းပိုစီ ခင်ဗျားမှားနေပြီ.. သံမဏိသွေးက အခု စီအဆင့် အဖွဲ့မဟုတ်ဘူး အေအဆင့်ကြေးစားအဖွဲ့ဖြစ်နေပြီ” ချင်းယွိသည် နွေးထွေး သောအပြုံးဖြင့် ဘေးတွင်ရပ်နေသည်။ သို့သော် သူ့မျက်လုံးထဲမှ လူသတ်နိုင် သည့်အကြည့်သည် အလွန်ပင်ထင်းနေသည်။ သူတို့သာ တိုက်ခိုက်ချင်လျှင် နှင်းဝံပုလွေသည် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေမည်မဟုတ်ပေ။
“ဘာ အေအဆင့်ဟုတ်လား ဟားဟား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. အဲဒါ မာ့လုပ်တာပဲဖြစ်ရမယ်.. စာရင်းသွင်းတာနဲ့ ဘယ်လိုလုပ် အေအဆင့်ကြေးစား အဖွဲ့ဖြစ်နိုင်မှာလဲ.. မာ့ ခင်ဗျားက ကြေးစားအဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေ ချိုးဖောက်ပြီး ကြေးစားအဖွဲ့အသစ်ကို ပေါ်တင်ကာကွယ်လိမ့်မယ်လို့ ထင် မထားဘူး” အန်းပိုစီသည် ရူးသွပ်စွာဖြင့် အော်ဟစ်လေသည်။
သူ၏အော်ဟစ်သံသည် ကြေးစားများကို ကြောင်အမ်းအမ်းဖြစ်သွားစေ သည်။ မည်သူမှ မယုံနိုင်ကြပေ။
“မိုးနတ်မင်းရေ မှားများမှားနေသလား.. သံမဏိသွေးက တကယ်ပဲ အေ အဆင့်ကြေးစားအဖွဲ့ဖြစ်နေပြီလား”
“ဟုတ်တယ်.. ဘယ်လောက်ကြာသေးလို့လဲ.. မစ်ရှင်တစ်ခုပြီးရင်တောင် မမြန်လွန်းဘူးလား..”
“မဖြစ်နိုင်တာ.. အေအဆင့်ရှာဖွေရေးစာရင်းကိုကြည့်လိုက်ရင် ရှာဖွေရေး အဆင့်တိုင်းက အရမ်းခက်နေတာ.. အဲထဲကမှ ရတနာတွေ မွန်မြတ်တဲ့သားရဲ တွေ မလိုအပ်တာရှိလဲ”
“မင်း ရူးနေတာလား.. သံမဏိသွေးကိုကြည့်လိုက်ဦး.. ဘယ်ဝိညာဉ်သခင် မှာ မွန်မြတ်တဲ့သားရဲမရှိလို့လဲ.. သံမဏိသွေးအတွက် မွန်မြတ်တဲ့သားရဲတွေက ဂေါ်ဖီထုပ်လိုပဲ”
“အမေရေ ငါဘာလို့ သံမဏိသွေးထဲမဝင်မိတာလဲ.. မိုးနတ်မင်းရေ.. သံမဏိသွေးထဲကို ဝင်ခွင့်ပေးပါဦး.. သခင်ကြီးဟွမ်ကျို့အတွက် အိမ်သာ ဆေးရဆေးရပါ”
“မင်းက ဘာလုပ်ပိုင်ခွင့်နဲ့ သခင်ကြီးဟွမ်ကျို့ရဲ့ အိမ်သာကိုဆေးချင်တာ လဲ.. သခင်ကြီးဟွမ်ကျို့မှာ မင်းလိုမျိုး အလယ်အလတ် အရည်အချင်းရှိသူ မရှားဘူး”
အန်းပိုစီ၏ အကဲဖြတ်မှုကို ပေထင်းဟွမ်ကြားသောအခါ မျက်နှာမှာ မည်းနက်သွားသည်။ ဟာသပဲ.. သံမဏိသွေးက အေအဆင့်ကြေးစားအဖွဲ့ဖြစ်ဖို့ အရည်အချင်းပြည့်မှီနေတာ သံသယဝင်စရာမရှိဘူးလေ။
“အေအဆင့်ဟုတ်လား” ချူဖုန်းသည် မတ်တတ်ထကာ နှာမှုတ်လေသည် “ဘာမှမဟုတ်တဲ့ ဝိညာဉ်သစ်သီးနဲ့ မွန်မြတ်တဲ့သားရဲပဲလေ.. ရှဲကျယ်အတွက် ဒါကဘာမို့လို့လဲ ညီအစ်ကိုတို့ နှင်းမုန်တိုင်းကိုပြောလိုက် မင်းတို့ ဝိညာဉ်နက်သစ်သီးကိုစားဖူးကြလား”
“စာဖူးတယ်” သံမဏိသွေးညီအစ်ကိုများသည် ကျယ်လောင်စွာ ရယ်မော ကာ အသံကိုမြှင့်လိုက်ကြသည်။ သူတို့၏ ရောင်ခြည်ဖြာနေသော မျက်နှာများ သည် ဂုဏ်ယူစရာများဖြင့် ပြည့်နေသည် “ဝိညာဉ်နက်သစ်သီးက ဘာအရေးလဲ.. အရင်က မစားဖူးတဲ့သူရှိလို့လား.. ဟားဟား မင်းတို့လို မြို့ထဲမှာနေ့တိုင်းပုန်းနေတဲ့ ကြေးစားအဖွဲ့တွေပဲ ဝိညာဉ်နက်သစ်သီးကို အရေးတယူလုပ်နေကြတာ…”