ကောင်းကင်သစ်သီးတွေ အများကြီးပဲ
Vol. 21 Ch. 411
ဒေါသထွက်ဖို့ကောင်းလိုက်တာ…
အေအဆင့်ရှာဖွေရေးဖြစ်သည့် ဝိညာဉ်နက်သစ်သီးသည် သံမဏိသွေး အတွက် သာမန်အဆင့်ပဲရှိနေသလား။ ကွင်းထဲတွင် သံမဏိသွေးမှ သူရဲကောင်း ဆန်ဆန်အမှန်အတိုင်းပြောနေသည်ကို ကြားသောအခါ အားလုံးသည် နာကျင် သောမျက်နှာထားများဖြစ်သွားကြသည်။ သူတို့ကို ဒီလောက်ကြီး ရိုက်ချဖို့လိုလို့ လား။ သူတို့တွေကို ဒီလိုမျိုးအနိုင်ကျင့်လို့ရကြေးလား။
သံမဏိသွေးကြေးစားအဖွဲ့သည် အမှန်တကယ် သန်မာသည်။
“ဝူး ဝူး ဝူး ငါ ဘယ်လိုလုပ်ရမလဲ.. ငါ တကယ်ပဲ သံမဏိသွေးအဖွဲ့ထဲဝင် ချင်နေပြီ.. ငါ ဘယ်တော့မှ ဝိညာဉ်သခင်ကြီးဖြစ်လာမှာလဲ”
“ပြီးတော့ အဆင့်မြင့်ဝိညာဉ်သခင်ကြီးဖြစ်ရဦးမယ်.. ငါသာဖြစ်လာမယ် ဆိုရင် သံမဏိသွေးကြေးစားအဖွဲ့ထဲကိုဝင်ချင်တယ်”
“သေချာပေါက်ပဲပေါ့.. လူချမ်းသာတွေပဲ ကောင်းကင်အဆင့်ကိုတက်တဲ့ အချိန်မှာသုံးတဲ့ ဝိညာဉ်နက်သစ်သီးကို သူတို့အဖွဲ့ထဲက ညီအစ်ကိုတွေက အဆင့်တက်တဲ့အချိန်မှာ သုံးနေတာ.. အဆင့်မြင့်ဝိညာဉ်သခင်ကြီးတွေတောင် မှ ဒီလိုကိစ္စကောင်းမျိုး တွေ့ရဖို့မဖြစ်နိုင်ဘူး”
အန်းပိုစီသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူသည် ပေထင်းဟွမ်အား လက်ညှိုးထိုးကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလေ သည် “ကောင်စုတ်လေး.. မင်းဘာတွေပြောနေလဲဆိုတာ မသိဘူးလား.. မင်း အဲလိုပြောတာနဲ့ပဲ ငါကယုံမယ်ထင်နေတာလား.. အရူးတွေပဲ မင်းကိုယုံလိမ့် မယ်”
ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးကာ အန်းပိုစီကို လျစ်လျူရှုလိုက်သည်။ ထိုအစား သူမသည် ဘေးတွင်ရှိသော ချင်းယွိကို ပြောလိုက်သည် “အစ်ကို ချင်းယွိ ကျွန်တော်အစက သင့်တော်တဲ့အခွင့်အရေးရှာပြီး မင်းကို လက်ဆောင် အဖြစ်ပေးချင်နေတာ.. အခု မင်းလိုချင်ရဲ့လားတောင် မသိတော့ဘူး”
“သေချာပေါက် လိုချင်တာပေါ့” ချင်းယွိ၏အကြည့်သည် ပေထင်းဟွမ် အပေါ်ကျရောက်နေသည်။ သူမသည် အမြဲတမ်း ယခုလိုပင်။ အကျိုးအမြတ် များအားလုံးကို သူမ၏ သူငယ်ချင်းများဆီသို့ ပေးမှ မှန်သည်ဟု ထင်သည်။ သူမ ဘေးနားကလူတွေက သူမကို ဘယ်လိုလုပ် တန်ဖိုးမထားဘဲနေတော့ မလဲ။ သူတို့တွေ သူမကို ချစ်ချင်ကြမှာပဲမလား။
ပေထင်းဟွမ် လက်ကောက်ဝတ်လှန်လိုက်သည်နှင့် ပုလဲလုံး အရွယ်အစားရှိ အနီရင့်ရင့်အသီးအတွဲလိုက်သည် မွှေးပျံ့သောရနံ့နှင့်အတူ ထွက်ပေါ်လာသည်။ အသီးများကို အဖြူရောင်မြူခိုးနှင့်တူသည့် ဝိညာဉ်စွမ်းအင်အလွှာဖြင့် ဖုံးအုပ်ထားသည်။ ဝိညာဉ်စွမ်းအင်သည် ထူထဲလွန်း သဖြင့် ၎င်းသည် အဖိုးတန်သည်ကို သံသယဝင်ဖွယ်ရာမရှိပေ။
“ကောင်းကင်သစ်သီးလား” အနီးဆုံးတွင်ရှိနေသော သခင်ကြီးမာ့သည် အနီးကပ်ကြည့်ပြီးနောက် မအော်ဘဲမနေနိုင်တော့ပေ။
“ဘာ ကောင်းကင်အသီးဟုတ်လား”
ကွင်းထဲတွင် ထိုအရာကိုမြင်လိုက်သော အားလုံးသည် ရှေ့သို့တိုးကြည့် ကြလေသည်။ သူတို့၏မျက်လုံးများသည် ကာလများစွာ ကင်းကွာနေသည့် လူကဲ့သို့ လောဘများဖြင့် လောင်ကျွမ်းနေသည်။ သူ့ရှေ့မှာ ကိုယ်လုံးတီးနဲ့ မိန်းကလေးလဲလျောင်းနေတာကိုမြင်ရဲ့သားနဲ့ ဘယ်လိုလုပ် လောဘမတက်ဘဲ နေမလဲ။
“မဟုတ်ဘူး.. ဒါမဖြစ်နိုင်ဘူး.. ဒါတကယ်ကြီး ကောင်းကင်သစ်သီးပဲ”
ကောင်းကင်သစ်သီးက ဘယ်လောက်တောင် ရှားပါးလိုက်လဲ။ အထွတ်အမြတ်သားရဲများပင် အသုံးမပြုသည့် ရတနာတစ်ပါးပင်။ ပေထင်းဟွမ်သည် ဤမျှအဖိုးတန်သောရတနာကို ဘာမှမဟုတ်သလိုထုတ်လာ သည်။
“အစ်ကိုချင်းယွိ ဒါမင်းအတွက်” ချင်းယွိ စိတ်လွင့်ပြီး မှင်တက်နေသည်ကို မြင်ပြီး ပေထင်းဟွမ်သည် ပြုံးပြီး သူ့လက်ကိုဆုပ်ကိုင်ကာ ကောင်းကင်သစ်သီး ကို ထည့်ပေးလိုက်သည်။
“ရှောင်ကျို့ မင်း..” ချင်းယွိ၏ နှလုံးသည် အကြမ်းပတမ်းတုန်ယင်သွား ၏။ သူကြည့်လိုက်ချိန်တွင် သူ၏နူးညံ့သောမျက်လုံးများကို မြူခိုးအလွှာများ ဖြင့် ဖုံးအုပ်ထားသည်။ ဒီလိုပစ္စည်းကို.. သူမ ဘာထုတ်လိုက်လဲဆိုတာကိုရော သိရဲ့လား။ အ,အလေး ကောင်းကင်သစ်သီးကို ဒီလိုမျိုးဘာမှမဟုတ်သလို ပေးပစ်ရလား။ ဒီလိုပစ္စည်းကို ဘယ်လိုလက်ခံရမှာလဲ။
“အစ်ကိုချင်းယွိ ဒါကိုငြင်းမယ်ဆိုရင် မင်းငါ့ကို သူငယ်ချင်းလို့ မသတ်မှတ် ဘူးလို့ ယူဆလိုက်မယ်.. အရင်ဆုံး ဒါကိုသိမ်းထားပါ တခြားတစ်ခုလည်းရှိသေး တယ်”
ပေထင်းဟွမ်၏မျက်လုံးထဲမှ စိတ်ရင်းသည် ချင်းယွိကို မငြင်းနိုင်အောင် လုပ်နေသည်။ သူသည် ကောင်းကင်သစ်သီးတစ်လုံးကို ဖြုတ်လိုက်သည်။ “ရှောင်ကျို့ ငါ တစ်လုံးပဲလိုတယ် ကျန်တာကိုမင်းသိမ်းထားလိုက်ပါ”
ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည် “မလိုဘူး.. ဒီလိုဟာတွေ အများ ကြီးရှိသေးတယ်.. မင်းပဲယူထားလိုက်ပါ”
ဘာ.. အများကြီးပဲ ဟုတ်လား.. ချင်းယွိ၏လက်သည် တုန်ယင်သွားကာ လက်ထဲတွင်ကိုင်ထားသော ကောင်းကင်သစ်သီးသည် မြေပေါ်သို့ကျလုမတတ် ဖြစ်သွားလေသည်။ သူသည် ပေထင်းဟွမ်အား တွန့်ဆုတ်စွာ စိုက်ကြည့်ရုံမှ တစ်ပါးမတတ်နိုင်ပေ။ ဒီလိုပစ္စည်းမျိုးကို.. သူမ လူကို တစ်မိနစ်လောက် မခြောက်ရရင် မပျော်တော့ဘူးလား။