ဟွမ်ကျို့ရဲ့ လာဘ်ထိုးမှု
Vol. 21 Ch. 412
ဘာ.. အများကြီးပဲဟုတ်လား။ သူတို့ ဘာကြားလိုက်တာလဲ။ ကောင်းကင် သစ်သီးသည် အတွေ့များရသည့် သစ်သီးရိုင်းမျိုးမဟုတ်ပေ။ သူ့တွင် အများအပြားရှိသည်ဟု သခင်ကြီးဟွမ်ကျို့ ပြောခဲ့သည်။
မာ့သည် အသက်အရွယ်ကြီရင့်ပြီဖြစ်သော်လည်း ပေထင်းဟွမ်ကြောင့် ထိတ်လန့်ကာ အဖြစ်အပျက်များကို နားမလည်တော့ပေ။ ပေါများသော ဝိညာဉ်အမွှေးနံ့သည် သူ့နှာခေါင်းထဲသို့ လွင့်ပျံ့လာသည်။ မာ့သည် ခေတ္တမျှ မှင်တက်မိသည်။ သူသည် မမြင်ဖူးလျှင်တော့မပြောတတ်ပေ.. သို့သော် ထိုအရာကို မြင်လိုက်ရချိန်တွင် ကြက်သေသေမိသည်။ သူ ဘာမြင်လိုက်တာ လဲ။ ကောင်းကင်သစ်သီးအတွဲလိုက်လေ။ စာအုပ်ထဲတွင်သာ မြင်ဖူးသည့် ဒဏ္ဍာရီလာ ကောင်းကင်သစ်သီးဖြစ်သည်။ ယခု ထိုသစ်သီးကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်နေရသည်။
မဟုတ်သေးဘူး.. ဘာတွေဖြစ်နေတာလဲ။ တစ်လုံးတည်းမဟုတ်ဘူး တစ်တွဲပဲ.. အတွဲလိုက်ကြီး။ မာ့သည် အကြမ်းဖျင်းရေတွက်ရာ အားလုံးပေါင်း ၁၀ လုံးကျော်သည်။
မာ့သည် အသိစိတ်ပြန်မဝင်လာသေးပေ။ ဤသည် ထင်ယောင်ထင်မှား ဖြစ်သည်။ ထင်ယောင်ထင်မှားပင်ဖြစ်လိမ့်မည်။ ၎င်းသည် အလိမ်အညာတစ်ခု ပင်ဖြစ်လိမ့်မည်။ သူအမြင်မှားခြင်းဖြစ်မည်။ အထွတ်အမြတ်သားရဲ ကာကွယ် သည့်အရာတစ်ခုကို မြင်နေရသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
မာ့သည် ပေထင်းဟွမ်တွင် အများကြီးရှိသည်ဟု ပြောသည့်စကားကို ကြားပြီးနောက် ခြေထောက်မြှောက်ကာ ရှေ့သို့တိုးသွားလေသည်။ ဂုဏ်ရှိ သည့် ကောင်းကင်အဆင့် မာ့သည် သနားစဖွယ်ပင်။ သူ၏ခြေထောက်များ သည် အားနည်းသွားပြီး မြေပေါ်သို့ကျသွားလေသည်။
“သခင်ကြီးမာ့ သတိထားပါ”
အပြာနုရောင်ဒြပ်စင်စွမ်းအင်သည် ရောက်လာပြီး မာ့၏ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားသည်။ မာ့သည် ခန္ဓာကိုယ်ကို ငြိမ်အောင်ပြုတ်လုပ်ပြီး ကြည့်လိုက်သည်။ သူသည် ပေထင်းဟွမ်၏ စိတ်မပါလက်မပါအပြုံးကိုမြင် သောအခါ အလွန်ပင် ပျာပျာသလဲဖြစ်သွားသည် “ဟွမ်ကျို့.. မင်း ဒီလိုလုပ်နိုင် တာအရမ်းကောင်းတာပဲ.. ကျုပ်က မငယ်တော့ဘူး ငါ့အတွက်မလွယ်တော့ဘူး.. နေ့တစ်ဝက်တည်းနဲ့တင် ငါ့ကိုဘယ်လောက်တောင် ခြောက်လှန့်ပြီးပြီလဲ.. ပြောပါဦး ဒီကောင်းကင်သစ်သီးကအစစ်လား”
မာ့သည် ချူဖုန်းလက်ထဲမှ ကောင်းကင်သစ်သီးကို ညွှန်ပြရင်းနှင့် ဒေါသ ထွက်သဖြင့် သူ၏မျက်နှာအိုကြီးသည် နီရဲလာသည်။ ဤကွင်းထဲတွင် ကြေးစား များဖြင့် ပြည့်နှက်နေသည်။ သူ မည်မျှ အရှက်ရစရာကောင်းလိုက်သနည်း။
ပေထင်းဟွမ်သည် လက်ကောက်ဝတ်လှန်လိုက်ရာ လက်ထဲတွင် အနီရောင်သစ်သီးတစ်လုံးပေါ်လာသည်။ သူမသည် မာ့အားပေးလိုက်သည် “သခင်ကြီးမာ့.. ဒီနေ့ ကျွန်တော်တို့ အေအဆင့်ကြေးစားအဖွဲ့ကိုတက်နိုင်တာ ခင်ဗျားရဲ့ ကျေးဇူးကြောင့်ပါ.. ဒီကောင်းကင်သစ်သီးကို ဘာလို့မယူရမှာလဲ”
သူမက သူ့ကိုပေးနေတာလား။
မာ့သည် ကောင်းကင်သစ်သီးကို စိုက်ကြည့်နေသည်။ တကယ်တော့ ကြည့်ရန်ပင်မလိုပေ။
ပေါများသော ဝိညာဉ်ရောင်ဝါနှင့်တင် ကောင်းကင်သစ်သီးကို အတုဟု မည်သူမှ သံသယဝင်မည်မဟုတ်ပေ။ သူသည် တုန်ယင်နေသောလက်ကို ဆန့်ထုတ်မည်အပြုတွင် တခြားတစ်ဖက်မှ စူးရှရှအသံကိုကြားလိုက်ရသည် “ဟင်း သခင်ကြီးမာ့ ဒီလောက်လူတွေအများကြီးရှေ့မှာ လာဘ်ထိုးတာကို ယူ တော့မလို့လား”
မာ့၏တစ်ကိုယ်လုံးသည် တုန်သွားကာ သတိပြန်ဝင်လာသည်။ သူသည် အန်းပိုစီအား ဒေါပွသောအကြည့်ဖြင့် စိုက်ကြည့်လေသည်။ သူသည် ဂိုဏ်းခွဲ၏ ဥက္ကဌမျှသာဖြစ်သည်။ ကောင်းကင်သစ်သီးလောက်တောင် တန်ကြေးရှိရဲ့ လား။ တိုက်ကြီးတွင် ဦးနှောက်ရှိသူတိုင်း အဆိုးအကောင်းကို ချိန်ကြည့်နိုင်ကြ လိမ့်မည်။
“ဟင်း ငါ ယူတော့ရော ဘာဖြစ်လဲ” မာ့သည် ပေထင်းဟွမ်၏လက်ဖဝါး ပေါ်မှ ကောင်းကင်သစ်သီးကို တုံ့ဆိုင်းခြင်းမရှိဘဲ ကောက်လိုက်ကာ စွမ်းအင် အပြည့်အဝပါဝင်သည့် ကောင်းကင်သစ်သီးကိုဆုပ်ကိုင်လိုက်သည်။ မာ့သည် ပေထင်းဟွမ်ကို ခက်ထန်စွာကြည့်လေသည်။ သူသည် အိုမင်းသောကြောင့် လျင်မြန်စွာမတုံ့ပြန်နိုင်သည့်အတွက် ဤလူငယ်သည် သူ့အတွက်တွင်းတူးပေး နေသည်ကို မသိသည်တော့မဟုတ်ပေ။
သံမဏိသွေးသည် အေအဆင့်ကြေးစားအဖွဲ့အဖြစ် အဆင့်တက်သည်မှာ သူ့ကျေးဇူးဟုပြောသည်။။ သံမဏိသွေးအဖွဲ့ အဆင့်တက်သွားအောင် သူ ဘာလုပ်ခဲ့လို့လဲ။ သံမဏိသွေးသာ ရှာဖွေရခဲ့သမျှကို မပေးရင် သူက ကြေးစား အစည်းအရုံးရဲ့ ဥက္ကဌဖြစ်ရင်တောင် အဆင့်တက်အောင်လုပ်ပေးလို့မရဘူး ဟုတ်ပြီလား။
“ဟင်း အခုမှစာရင်းသွင်းတဲ့ ကြေးစားအဖွဲ့သစ်လေးက ဘာလို့ ဒီလောက် မြန်မြန်အေအဆင့်ဖြစ်သွားပါလိမ့်လို့ထင်နေတာ.. ခင်ဗျားလိုအဘိုးကြီးက ပြဿနာရှာနောတပဲ.. ပင်မအစည်းအရုံးက စစ်ဆေးမှာမကြောက်ဘူးလား” အန်းပိုစီသည် မာ့အားလက်ညှိုးငေါက်ငေါက်ထိုးကာ ငေါက်ငမ်းလေသည်။
“စုံစမ်းပါစေတော့ ကျုပ်ကကြောက်မယ်ထင်နေလား” မာ့သည်လည်း အစောပိုင်းနှစ်မျးတွင် ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး တက်ကြွမှုတချို့လည်းရှိခဲ့ သည်။ သူသည် လည်ပင်းဆန့်ကာ အော်လိုက်သည် “နှင်းမုန်တိုင်းက ညအရှင် အိမ်တော်ရဲ့ ခွေးတစ်ကောင်ပဲ.. သခင်ကြီးဟွမ်ကျို့နဲ့ယှဉ်ရင် ညအရှင် အိမ်တော်က ဘယ်ဘက်ကိုလိုက်မလဲဆိုတာ ဘယ်သူသိမှာလဲ…”